
တစ္ခ်ိန္က American Dream ဆိုတဲ့ စကားတစ္ခြန္းဟာ စီးပြားေရးအသိုက္အျမံဳေကာင္းတစ္ခုကို ေရႊတြင္းတူးသလို တူးခ်င္တဲ့ လူေတြအတြက္ ေမွ်ာ္လင့္ခ်က္တစ္ခု ျဖစ္ခဲ့ပါတယ္။ သန္းနဲ ့ခ်ီတဲ့ အေမရိကန္ေတြ ခ်မ္းသာၾကြယ္ဝျခင္းဟာ ေရႊြတြင္း၊ ေငြတြင္းေတြ တူးမိလို ့ခ်မ္းသာခဲ့တာ မဟုတ္ပါဘူး။သင္လည္း ခ်မ္းသာတဲ့သူ ျဖစ္ႏိုင္ပါတယ္။ တကယ္လို ့သူ ့ဦးေႏွာက္ထဲက ရတနာသိုက္ကို ေဖာက္ႏိုင္ျပီ ဆိုရင္ေပါ့။ သင့္ ဦးေႏွာက္ထဲမွာ ဘယ္လိုရတနာတြင္းရိွသလဲဆိုတာကို ဒီလုပ္ငန္း (၆) ခုနဲ ့ႏိႈင္းယွဥ္သံုးသပ္ ႏိုင္ပါတယ္။

- (၁) အိမ္တြင္းလက္မႈ ဖန္တီးခ်က္ေလးမ်ား
တကယ္ေတာ့ ဒါဟာ သင့္ရဲ့ မူပိုင္ေရာင္းကုန္ျဖစ္ပါတယ္။ အင္တာနက္ ထြန္းကားေနတဲ့ ဒီေခတ္ၾကီးမွာ ဖုန္းတစ္လံုး ရိွရံုနဲ ့ကုမၸဏီေထာင္ႏိုင္ပါတယ္။ သင့္ရဲ့ ဖန္တီးမႈကို အြန္လိုင္း Shopping platforms ေတြကေန ေရာင္းႏိုင္သလို ေနာက္ဆံုး Facebook မွာ Page ေထာင္ျပီးေတာ့ေတာင္ ေရာင္းခ်ႏုိင္ပါတယ္။.
- (၂) အိမ္အကူ ဝန္ေဆာင္မႈ

ႏိုင္ငံရပ္ျခားမွာ သိပ္ေခတ္စားတဲ့ အလုပ္တစ္မ်ိဳးျဖစ္ပါတယ္။ ဒီမွာေတာ့ သိပ္ျပီး လူသိနည္းသလို အထင္လည္း ေသးတဲ့ အလုပ္မ်ိဳးပါ။ တကယ္ေတာ့ ဒီအလုပ္မ်ိဳးက တကယ္လည္း လက္ေတြ႔က်သလို ဝင္ေငြေကာင္းရႏိုင္တဲ့ အလုပ္လည္း ျဖစ္ပါတယ္။ကိုယ့္အနီးနားက အိမ္နီးခ်င္းရဲ႕ကေလး ထိန္းေပးတာ၊ ေခြးေက်ာင္းေပးတာတို ့အျပင္ ေနာက္ဆံုး အိမ္နီးခ်င္း ကေလးေတြ ကို အခ်ိန္ပိုင္း စာျပေပးတာကအစ လုပ္လို ့ရပါတယ္။ ဒီအတြက္ ပိုက္ဆံတစ္က်ပ္မွ ကုန္စရာ မလိုပါဘူး။
- (၃) ဟုိဟာ ဒီဟာ ျပင္တယ္
- (၄) အတိုင္ပင္ခံလုပ္ငန္း

အလုပ္တစ္ခုမွာ ႏွစ္ေပါင္းမ်ားစြာ လုပ္ကိုင္လာျပီး ကြ်မ္းက်င္တဲ့ ဝန္ထမ္းေကာင္းတစ္ဦးအတြက္ ဒီအလုပ္ကေန နားတဲ့ တစ္ေန ့ေတာင္ ျဖတ္သန္းခဲ့တဲ့ အေတြ ့အၾကံဳမ်ား အသံုးခ်ျပီး အလားတူ အလုပ္မ်ိဳးမွာ ျပင္ပအတိုင္ပင္ခံအျဖစ္ ဝန္ေဆာင္မႈ ေပးႏိုင္မွာ ျဖစ္ပါတယ္။အလြတ္တန္း အတိုင္ပင္ခံအျဖစ္လည္း လုပ္ႏိုုင္သလို ကိုယ္ပိုင္ လုပ္ငန္းေထာင္ျပီးေတာ့လည္း ကုမၸဏီေတြရဲ႕ လုပ္ငန္းဆိုင္ ရာ အၾကံေပး ဝန္ေဆာင္မႈလုပ္ျပီး ဝင္ေငြေကာင္းနဲ ့ရပ္တည္ႏိုင္မွာပါ။
- (၅) ျပန္ေရာင္းမယ္
(၆) အေသးစားစီးပြားေရး လုပ္ငန္း
ဒီလုပ္ငန္းမ်ိဳးက က်ယ္ျပန္ ့ပါတယ္။ အရပ္ေဒသအလိုက္ အေသးစား စီးပြားေရး လုပ္စရာေပါပါတယ္။ ေနာက္ဆံုး ကိုယ္က ကားေမာင္းတတ္တယ္ဆိုရင္ အခု အက္ပလီေကးရွင္းနဲ ့ကားေခၚလို ့ရတဲ့ Grab တို ့Uber တို ့မွာ သြားျပီး ယာဥ္ေမာင္း ဝန္ေဆာင္မႈ လုပ္ႏိုင္ပါတယ္။ ဒီကေနမွ ရတဲ့ ေငြေၾကးကို စုေဆာင္းျပီး ကားနဲ ့ဆက္စပ္တဲ့ ခရီးသြားလုပ္ငန္းေသးေသးေလးေတြ ေထာင္လို ့ရပါတယ္။ တစ္ခုရိွတာက ဒီလုပ္ငနး္မ်ိဳးက startup ျဖစ္တဲ့အတိုင္း အရင္းအႏွီးနဲ ့နည္းပညာလိုပါတယ္။ ဒီအတြက္ေတာ့ အခ်ိန္ေပး ေလ့လာျပီး စနစ္တက် စီးပြားရွာရမွာ ျဖစ္ပါတယ္။ မွတ္ခ်က္-မူရင္းေရးသားသူကို ခရက္ဒစ္ေပးပါသည္။
- Unicode

တစ်ချိန်က American Dream ဆိုတဲ့ စကားတစ်ခွန်းဟာ စီးပွားရေးအသိုက်အမြုံကောင်းတစ်ခုကို ရွှေတွင်းတူးသလို တူးချင်တဲ့ လူတွေအတွက် မျှော်လင့်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်။ သန်းနဲ ့ချီတဲ့ အမေရိကန်တွေ ချမ်းသာကြွယ်ဝခြင်းဟာ ရွွှေတွင်း၊ ငွေတွင်းတွေ တူးမိလို ့ချမ်းသာခဲ့တာ မဟုတ်ပါဘူး။သင်လည်း ချမ်းသာတဲ့သူ ဖြစ်နိုင်ပါတယ်။ တကယ်လို ့သူ ့ဦးနှောက်ထဲက ရတနာသိုက်ကို ဖောက်နိုင်ပြီ ဆိုရင်ပေါ့။ သင့် ဦးနှောက်ထဲမှာ ဘယ်လိုရတနာတွင်းရှိသလဲဆိုတာကို ဒီလုပ်ငန်း (၆) ခုနဲ ့နှိုင်းယှဉ်သုံးသပ် နိုင်ပါတယ်။

- (၁) အိမ်တွင်းလက်မှု ဖန်တီးချက်လေးများ
တကယ်တော့ ဒါဟာ သင့်ရဲ့ မူပိုင်ရောင်းကုန်ဖြစ်ပါတယ်။ အင်တာနက် ထွန်းကားနေတဲ့ ဒီခေတ်ကြီးမှာ ဖုန်းတစ်လုံး ရှိရုံနဲ ့ကုမ္ပဏီထောင်နိုင်ပါတယ်။ သင့်ရဲ့ ဖန်တီးမှုကို အွန်လိုင်း Shopping platforms တွေကနေ ရောင်းနိုင်သလို နောက်ဆုံး Facebook မှာ Page ထောင်ပြီးတော့တောင် ရောင်းချနိုင်ပါတယ်။.
- (၂) အိမ်အကူ ဝန်ဆောင်မှု

နိုင်ငံရပ်ခြားမှာ သိပ်ခေတ်စားတဲ့ အလုပ်တစ်မျိုးဖြစ်ပါတယ်။ ဒီမှာတော့ သိပ်ပြီး လူသိနည်းသလို အထင်လည်း သေးတဲ့ အလုပ်မျိုးပါ။ တကယ်တော့ ဒီအလုပ်မျိုးက တကယ်လည်း လက်တွေ့ကျသလို ဝင်ငွေကောင်းရနိုင်တဲ့ အလုပ်လည်း ဖြစ်ပါတယ်။ကိုယ့်အနီးနားက အိမ်နီးချင်းရဲ့ကလေး ထိန်းပေးတာ၊ ခွေးကျောင်းပေးတာတို ့အပြင် နောက်ဆုံး အိမ်နီးချင်း ကလေးတွေ ကို အချိန်ပိုင်း စာပြပေးတာကအစ လုပ်လို ့ရပါတယ်။ ဒီအတွက် ပိုက်ဆံတစ်ကျပ်မှ ကုန်စရာ မလိုပါဘူး။
- (၃) ဟိုဟာ ဒီဟာ ပြင်တယ်
- (၄) အတိုင်ပင်ခံလုပ်ငန်း

အလုပ်တစ်ခုမှာ နှစ်ပေါင်းများစွာ လုပ်ကိုင်လာပြီး ကျွမ်းကျင်တဲ့ ဝန်ထမ်းကောင်းတစ်ဦးအတွက် ဒီအလုပ်ကနေ နားတဲ့ တစ်နေ ့တောင် ဖြတ်သန်းခဲ့တဲ့ အတွေ ့အကြံုများ အသုံးချပြီး အလားတူ အလုပ်မျိုးမှာ ပြင်ပအတိုင်ပင်ခံအဖြစ် ဝန်ဆောင်မှု ပေးနိုင်မှာ ဖြစ်ပါတယ်။အလွတ်တန်း အတိုင်ပင်ခံအဖြစ်လည်း လုပ်နိုုင်သလို ကိုယ်ပိုင် လုပ်ငန်းထောင်ပြီးတော့လည်း ကုမ္ပဏီတွေရဲ့ လုပ်ငန်းဆိုင် ရာ အကြံပေး ဝန်ဆောင်မှုလုပ်ပြီး ဝင်ငွေကောင်းနဲ ့ရပ်တည်နိုင်မှာပါ။
- (၅) ပြန်ရောင်းမယ်
(၆) အသေးစားစီးပွားရေး လုပ်ငန်း
ဒီလုပ်ငန်းမျိုးက ကျယ်ပြန် ့ပါတယ်။ အရပ်ဒေသအလိုက် အသေးစား စီးပွားရေး လုပ်စရာပေါပါတယ်။ နောက်ဆုံး ကိုယ်က ကားမောင်းတတ်တယ်ဆိုရင် အခု အက်ပလီကေးရှင်းနဲ ့ကားခေါ်လို ့ရတဲ့ Grab တို ့Uber တို ့မှာ သွားပြီး ယာဉ်မောင်း ဝန်ဆောင်မှု လုပ်နိုင်ပါတယ်။ ဒီကနေမှ ရတဲ့ ငွေကြေးကို စုဆောင်းပြီး ကားနဲ ့ဆက်စပ်တဲ့ ခရီးသွားလုပ်ငန်းသေးသေးလေးတွေ ထောင်လို ့ရပါတယ်။ တစ်ခုရှိတာက ဒီလုပ်ငနး်မျိုးက startup ဖြစ်တဲ့အတိုင်း အရင်းအနှီးနဲ ့နည်းပညာလိုပါတယ်။ ဒီအတွက်တော့ အချိန်ပေး လေ့လာပြီး စနစ်တကျ စီးပွားရှာရမှာ ဖြစ်ပါတယ်။ မှတ်ချက်-မူရင်းရေးသားသူကို ခရက်ဒစ်ပေးပါသည်။
Comments
Post a Comment