ကမ္ဘာပေါ်ရှိ ကုဋေကြွယ်သူဌေးများ၏ နေ့စဉ်ပုံသေနည်းများ



၁။ ရည်ရွယ်ချက်ကိုချမှတ်ခြင်း။

၂။ သူတစ်ပါးအောင်မြင်စေရန်တတ်နိုင်သမျှကူညီပါ။

၃။ လူမှုကွန်ယက်ကို အမြဲတည်ဆောက်ပါ။

၎။ အချိန်သတ်မှတ်ကာ မိတ်ဆွေအပေါင်းအသင်းများနှင့် ဆက်သွယ်မှုပြုလုပ်ပါ။

၅။ မိမိကိုယ်ကို ယုံကြည်မှုရှိပါ။ သတ္တိရှိပါ။

၆။ သူတစ်ပါးကို လေးစားပါ။

၇။ မည်သည့်လုပ်ငန်းကိုမဆို ၁၀၀% အပြည့်ဖြစ်အောင် အာရုံစိုက်ပါ။

၈။ စာရင်းရှင်းလင်းလုပ်ဆောင်မှုကို အကျင့်ဖြစ်အောင် မွေးမြူပါ။

၉။ နေ့စဉ်နေ့တိုင်း မိနစ်(၃၀)ကြာ စာဖတ်ပါ။

၁၀။ မျှဝေမှုကို သင်ယူပါ။

၁၁။ လုပ်ငန်းအရည်အသွေးကို မြှင့်တင်ပါ။

၁၂။ မည်သည့်လုပ်ငန်းကိုမဆို အချိန်မီ ဆက်သွယ်ပါ။

၁၃။ လူပီသအောင်ကြိုးစားပါ။ ယုံကြည်မှုတည်ဆောက်ပါ။ တာဝန်ကိုခွဲယူပါ။

၁၄။ နေ့စဉ် အားကစား တစ်နာရီလုပ်ပါ။

၁၅။ နေ့စဉ်နေ့တိုင်းမိမိထက်တော်သောသူများနှင့်စကားပြောဆိုဆက်ဆံပါ။

၁၆။ တစ်နေ့တာ ကိုယ်ပြောခဲ့သော ဖောက်သည်တွေရဲ့အကြောင်းအရာကို ညစဉ် ပြန်နွေးပါ။

၁၇။ တာဝန်ကို သေသေချာချာဂရုစိုက်ရင် ထိရောက်မှု ပိုရှိမယ်။

၁၈။ လုပ်ငန်းခွင်မှာ ကိုယ်လုပ်ရမည့် တစ်နေ့တာလုပ်ငန်းပြီးမြောက်မှု ရှိ/မရှိ စစ်ဆေးပါ။

၁၉။ သူစိမ်းဖောက်သည်တွေကို နေ့တိုင်း(၁၀၀) ပြည့်အောင် ဆက်သွယ်ပါ။

၂၀။လူမသိ သူမသိ ကြိုးစားမှု မှန်သမျှအားလုံး လူရှေ့သူရှေ့ ပြန်လည်ချီးမွမ်းခံရလိမ့်မယ်။

၂၁။ အောင်မြင်မှုကို လိုချင်ရင် ကိုယ့်ရဲ့ပေးဆပ်မှုအပေါ်မှာ မူတည်တယ်။

၂၂။ ပြိုင်ဘက်ကို နိုင်ချင်ရင် သူ့ထက်(၄)ဆ ပိုလုပ်ပါ။

၂၃။ ဖောက်သည်တွေက သင့်ကို ဆက်သွယ်လာပြီဆိုရင် အောင်မြင်မှုက တစ်ဖက်သေချာနေပြီ။

၂၄။ပေါ့ပေါ့ပါးပါး သက်သောင့်သက်သာဖြစ်အောင်နေပါ။

၂၅။ ဖောက်သည်တွေအတွက် စဉ်းစားပေးမှ ဖောက်သည်တွေက သင့်အတွက် စဉ်းစားပေးလိမ့်မယ်။

၂၆။ ဖောက်သည်တွေက အရောင်းသမားတွေရဲ့ ၀န်ဆောင်မှုနဲ့စိတ်ဓာတ်ကို အမြဲဝယ်ယူတယ်။

၂၇။ ထုတ်ကုန်ကိုရောင်းမယ့်အစား ကိုယ့်ရဲ့ ယုံကြည်မှုကိုရောင်းပါ။

၂၈။ ဖောက်သည်တွေက သင့်ကို တကယ်သဘောကျမှ ယုံကြည်မှ သင့်ရဲ့ထုတ်ကုန်ကို ၀ယ်ကြလိမ့်မယ်။

၂၉။အတော်ဆုံးအရောင်းသမားတွေရဲ့အကျင့်က အချိန်တိကျတယ်။ ကြိုတင်ပြင်ဆင်မှု လုံလုံလောက်လောက်ရှိတယ်။

၃၀။ ဖောက်သည်တွေနဲ့မတွေ့ခင် ငါးမိနစ်အလို မှန်ကိုကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် အားပေးပါ။

ကမ္ဘာပေါ်ရှိ ကုဋေကြွယ်သူဌေးများ၏ နေ့စဉ်ပုံသေနည်းများစာအုပ်မှအယ်ဒီတာအဖွဲ့ မှ ရွေးချယ် တင်ပြအပ်ပါသည်။

Comments