
Zawgyiဖြင့်ဖတ်ရန်
🚫ပြည့်တန်ဆာနဲ့ အိပ်တတ်တဲ့ ယောက်ျားတွေက မယုတ်မာဘူး တန်ရာတန်ကြေးပေးပြီး သူတို့လိုအပ်တာကို ဝယ်တယ် …
🚫ချစ်ပါတယ်ဆိုပြီး အတူအိပ်ချင်ကြတဲ့ ယောက်ျားတွေကတော့ပိုပြီး ယုတ်မာတယ်
ပိုက်ဆံပေးစရာမလိုတဲ့အပြင် လူတစ်ယောက်ရဲ့
ဘဝရော နှလုံးသားရော သေအောင်သတ်သွားတာမျိုးပေါ့ …
🚫 အညှာလွယ်တာကိုး အယုံလွယ်တာကိုးလို့
ပစ်စလတ်ခတ်ပြောချင်ရင် ကိုယ်တိုင်ကရော
တကယ်ချစ်ရင် ဘဝပေးပြီး သက်သေပြပါလို့ အချစ်ကို ဗန်းပြပြီး မတောင်းဆိုဖူးပါဘူးဆိုတာ လိပ်ပြာ သန့်သန့် ဝန်ခံရဲရင်တော့ ဝေဖန်ပေါ့ …
🚫ကိုယ်လုပ်ချင်တာ လုပ်ပြီးသွားတော့မှ
အရင်လူတွေနဲ့ ပတ်သက်ခဲ့သမျှ နွားအဖြစ်မခံနိုင်ဘူးဆိုတဲ့စကားတစ်ခွန်းနဲ့ ရှောင်ထွက်မယ်ဆိုလည်း အစကတည်းက အခွင့်အရေး မယူကြပါနဲ့ …
🚫ပြောချင်တာက မိန်းကလေးတစ်ယောက်ကို တကယ် မချစ်ပဲ အသုံးမချ ချင်ပါနဲ့ မြတ်နိုးတဲ့ စိတ်နဲ့
ချစ်ပါ တန်ဖိုးထားတဲ့ စိတ်နဲ့ချစ်ပါ …
“ချစ်တယ် “ဆိုတဲ့ခေါင်းစဉ်အောက်မှာ အချစ်ကိုအသုံးချပြီး မိန်းကလေးတစ်ယောက်ရဲ့ ခန္ဓာကို ထမင်းစား.ရေသောက်လောက် သာသဘောထားပြီး ဟင်းအရသာမြှည်းစမ်း သလိုမစားသောက်ကြပါနဲ့
❌အခုဆိုရင် ယောက်ကျားတစ်ယောက်ရဲ့ “ချစ်တယ်”ဆိုတဲ့ဝေါဟာရကို မိန်းကလေးများမှ သီးသန့်အဓိပ္ပါယ်တစ်ခု အဖြစ်နားလည် သွားလာကြပါပြီ
❌မသိသေးသော မိန်းကလေးတချို့ သိရန်
1.ချစ်တယ် (ဖီးလ်တရ်)
2.အရမ်းချစ်တယ်(အရမ်းဖီးလ်တရ်)
3.အရမ်းကိုချစ်နေပြီ (အရမ်းကိုဖီးလ်နေပြီ)
4.အရမ်းကိုချစ်ချင်နေပြီကွာ(အရမ်းကို ဝှါဖြစ်ချင်နေပြီကွာ)
5.ကို့ကိုချစ်လား(ဝှါဖြစ်လား)
6.ချစ်တယ်လို့ ပြန်ဖြေကျိ
မသာတွေက (ဝှါဖြစ်ဖို့လက်ခံတယ်)လို့ အဓိပ္ပာယ်
ကောက်တယ် …
ဒါ့ကြောင့် ယနေ့ခေတ်မှာ ချစ်တယ်ဆိုတဲ့စကားရဲ့
အဓိပ္ပါယ်ဟာ ကာမ မုဆိုးတို့အတွက် အရမ်းလှတဲ့
ခေတ်သုံးစကားပါရှင့်
❌မိန်းကလေးများ ကိုယ်တိုင်က ဘဝတစ်ခုတည်ဆာက်ဖို့ အရည်အချင်း လုပ်ငန်းတစ်ခု မပိုင်ဆိုင်
သေးပဲနဲ့ ချစ်သူမရှာပါနဲ့
❌မိန်းကလေးတစ်ယောက်ကို တာဝန်ယူနိုင်လောက်တဲ့အရည်အချင်း အလုပ်အကိုင် ရေရေရာရာမရှိသေးတဲ့ ယောက်ျားတစ်ယောက်နဲ့ ချစ်သူတော်ဖို့ မစွန့်စား မရွေးချယ်ပါနဲ့
❌ချစ်စဉ်တုန်းက ဘဝတစ်ခုအတူတည်ဆောက်
မရ်လို့ သူပြောခဲ့ပေမယ့် တနေ့သူမင်းကို ရိုးအီသွားတဲ့အခါမှာ မိဘကြောင့် စီးပွားရေးကြောင့် ပြသာနာဖန်ပြီး မင်းကို သူချန်သွားလိမ့်မရ် (ခေတ်သစ် ဂျင်း)
Credit:Pwintsan
Comments
Post a Comment