Zawgyi ဖြင့်ဖတ်ရန်
ဘလိုဖြစ်ဖြစ်ဖြေနိုင်ပါတယ် ဆိုက်ကိုစစ်ဆေးမူအတွက်ကတော့ ကျက်ထားဖို့မလိုပါဖူး ဖြေရင်ကိုအအောင်ပေးပါတယ်
ခဲခြစ်တဲ့နည်းနဲ့ဖြေဆိုရမှာဖြစ်ပြီး အမှတ်၅၀ဖိုးမေး ၄၀ရရင်အောင်မြင်မှာဖြစ်ပါတယ်။
စိတ်မပူပါနဲ့ အဲယားကွန်းခန်းထဲ ခေါင်းအေးအေးနဲ့ ဖြေဆိုရမှာပါ စာဖတ်ထားတယ်ဆိုရင် ရေးဖြေကအောင်ပါတယ်။
၉။ခက်ခဲမူကတော့ပါကင်ထိုးရတာပါပဲ မလွယ်ပါဖူး ၁၀ယောက်ဖြေ၇ယောက်ကျပါတယ် အပြင်မှာဘလိုပဲကျွမ်းကျင်နေပါစေ
Unicode >>>
Zawgyi ဖြင့်ဖတ်ရန်
ယာဉ်မောင်းလိုင်စင်သွားရောက်ဖြေဖို့လိုအပ်ချက်တွေကိုအသေးစိတ်ရှင်းပြထားပေးပါတယ်။
အလုပ်တဖက် ကျောင်းတဖက် ကားကပိတ်နေပူဖုန်ထူကြား နှစ်ခါပြန်မဖြစ်ရအောင် ဒီစာလေးကိုဖတ်ပြီး အောင်မြင်နိုင်ကြပါစေ
၁။ ရေးဖြေ ဖြေဆိုရန် online booking www.rtad.gov.mm မှာ စာရင်းပေးသွင်းပြီးရက်ချိန်းယူရမှာဖြစ်ပါတယ်။
၂။ ရက်ချိန်းပေးတဲ့နေ့ မှာ မိမိဖြေရမဲ့အချိန်ထက် မြင်သာလိုင်စင်ရုံး လေးထပ်အဆောင်အစိမ်းဆီကို တစ်နာရီလောက်စောရောက်နေဖို့လိုပါတယ်။
၃။ ဘာတွေယူသွားရမလဲဆိုရင် online booking ကပြန်ကျလာတဲ့စာကို print ထုတ်ပါ(သို့) ရက်ချိန်းပြန်ကျတဲ့ ဖုန်းထဲမှအထောက်ထားကို ပြပါ၊
သက်တမ်းရှိသင်မောင်းလိုင်စင်မူရင်း၊ သင်တန်းဆင်းလက်မှတ်မူရင်း မိတ္တူ၊ မှတ်ပုံတင်မူရင်း မိတ္တူ ၊ ခဲတံ တစ်ချောင်းပါယူသွားပါ။
၄။ ဘာစာတွေကျက်မှတ်ထားရမလဲဆိုရင် ကညန ကတရားဝင်ပေးထားတဲ့ ယာဉ်မောင်းရေးဖြေ စာအုပ်ကိုသာ အသေချာလေ့လာဖတ်ရူထားပါ
ဘလိုုဖြစ်ဖြစ်ဖြေနိုင်ပါတယ် ဆိုက်ကိုစစ်ဆေးမူအတွက်ကတော့ ကျက်ထားဖို့မလိုပါဖူး ဖြေရင်ကိုအအောင်ပေးပါတယ်
ယာဉ်စည်းကမ်း လမ်းစည်းကမ်းကိုသာ အသေချာဖတ်ရူလေ့လာထားပါ။
၅။ ရေးဖြေ ဖြေဆိုဖို့ အခန်းထဲရောက်ပြီဆိုလျှင် ဓာတ်ပုံရိုက်ခ ငါးရာပေးသွင်းပြီးဓာတ်ပုံရိုက်ပါ့မယ် မျက်စိ စစ်ဆေးပြီး အောင်ရင်
အခန်းထဲဝင်ပြီးရေးဖြေ ဖြေဆိုရမှာပါ မဖြေခင် တာဝန်ရှိသူတွေက သေချာဖြေဆိုရမဲ့ပုံစံကို အသေချာ ပြောပြပေးမှာပါ
ခဲခြစ်ဖြေဆိုတဲ့ပုံစံနဲ့ဖြေဆိုရမှာဖြစ်ပါတယ် ဆိုက်ကိုမေးခွန်းကိုအရင်ဖြေပြီးရင် လမ်းစည်းကမ်းယာဉ်စည်းကမ်းကိုဖြေဆိုရမှာပါ
ခဲဲခြစ်တဲ့နည်းနဲ့ဖြေဆိုရမှာဖြစ်ပြီး အမှတ်၅၀ဖိုးမေး ၄၀ရရင်အောင်မြင်မှာဖြစ်ပါတယ်။
စိတ်မပူပါနဲ့ အဲယားကွန်းခန်းထဲ ခေါင်းအေးအေးနဲ့ ဖြေဆိုရမှာပါ စာဖတ်ထားတယ်ဆိူရင် ရေးဖြေကအောင်ပါတယ်။
၆။ ရေးဖြေအောင်ပြီဆိုရင် နေ့ခင်း၁၂:၀၀မှာပြီးရင် ရွာသာကြီးမှာ အမောင်းဖြေမှီပါတယ် ရောက်ပြီဆို ငွေခန်းမှာတန်းစီပြီး ရေးဖြေအောင်စာရွက်ပြပြီး
ငွေသွင်းရမှာပါ ကိုယ်ပိုင်ကားဆို၅၀၀ပဲသွင်းရပြီး ကညန ကားနဲ့ဖြေမယ်ဆို၃၅၀၀ပေးသွင်းရပါတယ်။
၇။ ချလံရပြီဆိုကညန ကားနဲ့ဖြေမဲ့သူက အမောင်းဖြေကွင်းထိပ်ကအဆောင်မှာထပ်ထားရမှာဖြစ်ပါတယ်နာမည်ခေါ်ပြီး ပတ်မောင်းနဲ့ပါကင်ထိုးတာဖြေရမှာပါ
ကိုယ်ပိုင်ကားနဲ့ဖြေသူများကတော့ ကားတန်းစီထားရမှာပါ ပိုမြန်ပါတယ်။
၈။ နာမည်ခေါ်လို့ ပတ်မောင်းစမောင်းပြီဆိုရင် ခါးပတ်ပတ်ပါ အချက်ပြဖို့မမေ့ပါနဲ့
ဟောက်စားလုပ်သူများလဲ ရှိပါသောကြောင့်သီးခံစိတ်မွေးပါ ပတ်မောင်းကမခက်လို့အောင်ပါတယ်။
၉။ခက်ခဲမူကတော့ပါကင်ထိုးရတာပါပဲ မလွယ်ပါဖူး ၁၀ယောက်ဖြေရယောက်ကျပါတယ် အပြင်မှာဘလိုပဲကျွမ်းကျင်နေပါစေ
ပါကင်ဖြေရရင် နတ်ကြီးပါတယ် အကြံပေးချင်တာကတော့ စတီယာတိုင်အဆုံးမချိုးပါနဲ့ ညာဘက်စည်းကိုသတိပြုပါ
အရှေ့စည်းကိုမကျော်ပါစေနဲ့ အော်တိုဂီယာကားတွေချည်းပါပဲ လွယ်မလိုနဲ့ခက်တိမ်မလိုနဲ့ နက်ပါတယ်
အဆိုပါအဆင့်မှာအောင်မြင်သွားရင်တော့ Congratulations ပါပဲ လိုင်စင်ရဖို့သေချာသွားပါပြီ။
အာမခံ ငွေသွင်း ပြီးထိုင်စောင့် ရင်လိုင်စင် smart card ထွက်ပါပြီ။ကျသွားရင်တော့နောက်တရက်ငွေထပ်သွင်းပြန်လာဖြေလို့ရပါတယ်။
သတိပေးချင်တာကတော့ ဘယ်ပွဲစားမှမအပ်ပဲ ကိုယ်ဘာကိုယ်လုပ်ဆောင်ပါ ပွဲစားကလဲ ဘာမှလုပ်ပေးလို့မရပါဖူး
ဘာတာဝန်မှလဲယူနိုင်မှာမဟုတ်ပါဖူး ကိုယ်ပေါ်ပဲမူတည်ပါတယ်။ကုန်ကျစရိတ်က တသောင်းကျော်ပဲကျသင့်ပါတယ်
အားလုံးအန္တရာယ်ကင်းဘေးရှင်းလို့ အောင်မြင်ကြပါစေ။
Comments
Post a Comment