


Zawgyiဖြင့်ဖတ်ရန်






Credit:Kay Kay


Unicodeဖြင့်ဖတ်ရန်
လူစုမကွဲခင်လေး မနက်စောစောရွှေတိဂုံဘုရားသွားဖူးခဲ့ကြတဲ့ မြန်မာအိုင်ဒေါ Season 3 အဖွဲ့သားများ
မြန်မာအိုင်ဒေါ Season 3 ဟာဆိုရင် အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားခဲ့ပြီး ပွဲပြီးသွားတဲ့အချိန်ထိတိုင် မြန်မာအိုင်ဒေါမှအဖွဲ့သားများကလည်း စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ မောင်နှမအရင်းခြာတွေလို ချစ်ချစ်ခင်ခင်နဲ့တည်ရှိနေကြတာပဲဖြစ်ပါတယ်။ ချစ်ချစ်ခင်ခင်နဲ့ နေခဲ့ကြပေမယ့်လည်း ပွဲပြီးလို့အိမ်ပြန်ကြရတော့မယ့် အဖွဲ့သားများအားလုံးဟာ အလွမ်းတွေကိုယ်စီနဲ့ ကိုယ့်ဌာနေကိုကိုယ်ပြန်ပြီး ကိုယ့်ခရီးကိုယ်ဆက်လျှောက်ရတော့မှာမို့ နောက်ဆုံးအဖွဲ့လေးဆုံနေတုန်းအမှတ်တရလေးအနေနဲ့ မနက်စောစောဘုရားတက်ပြီး အဖွဲ့လိုက်ကုသိုလ်ယူခဲ့ကြတာပဲဖြစ်ပါတယ်။
” ကုသိုလ် 🙏🙏 လူစုမကွဲခင်လေး ရွှေတိဂုံဘုရားမဖူးဖူးသေးတဲ့ ဇော်ကြီးတွက် လိုက်ပို့ ☺️☺️ !!! ပြိုင်ပွဲကြီးလဲ ပီးပီ အိမ်ပြန်ပီး လုပ်ငန်းခွင်ဝင်ရတော့မယ် တို့မောင်နှမတွေ အရင်လိုပဲ ဖေးမကူညီရင်းဖြတ်သန်းရအောင် 💪💪💪!!! ” ဆိုတဲ့စာသားလေးကို ငွေဇင်လှိုင်းရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားတာပဲဖြစ်ပါတယ်။ မနက်စောစောဘုရားတက်ဖူးခဲ့ကြတဲ့ Myanmar Idol Season 3 မှအဖွဲ့သားများရဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးများအတွက်ဖော်ပြပေးလိုက်ပါတယ်။
တစ်ယောက်နဲ့တစ်ယောက် အိမ်ပြန်အလွမ်းတွေနဲ့ နှုတ်ဆက်ထွက်ခွာကြရတော့မယ့် Myanmar Idol Season 3 မှအဖွဲ့သားများရဲ့ နောက်ဆုံးအနေနဲ့ ဘုရားတက်ဖူးခဲ့ကြတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးများက Share ပြီးမျှဝေအားပေးကြပါဦးနော်။ ကြည့်ရှု့အားပေးကြပါသော ပရိသတ်များအပေါင်းကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Credit:Kay Kay

Comments