
Zawgyi ျဖင့္ဖတ္ရန္
လြင္မိုး ဟာဆိုရင္အကယ္ဒမီေတြရထားတဲ့ တကယ့္ဝါရင့္သ႐ုပ္ေဆာင္ႀကီးျဖစ္သလို ေနတိုးဟာလည္း လက္ရွိျမန္မာႏိုင္ငံရဲ႕ထိပ္တန္းဆိုတဲ့မင္းသားေတြထဲမွာတစ္ေယာက္အပါအဝင္ျဖစ္ပါတယ္။ ေနတိုးနဲ႔လြင္မိုးဟာ နာမည္တင္အသံခပ္ဆင္ဆင္ျဖစ္ေနတာမဟုတ္ သ႐ုပ္ေဆာင္ေကာင္းတာ၊ပရိသတ္ခ်စ္တာခံရတာေတြပါတူပါတယ္။ ေနတိုး နဲ႔လြင္မိုးႏွစ္ေယာက္စလုံးရဲ႕ပရိသတ္ေတြက သူတို႔ႏွစ္ေယာက္အတူတူပါတဲ့ဇာတ္ကားေတြဆိုမလြတ္တမ္းၾကည့္ရႈ႕အားေပးၾကတာပါ။
ေနတိုးနဲ႔လြင္မိုးဟာ အခြင့္အေရးရရင္ရသလို႐ုပ္ရွင္ဇာတ္ကားေတြမွာ အတူလက္တြဲၿပီးသ႐ုပ္ေဆာင္ေနၾကျဖစ္တဲ့အတိုင္း အခုလည္း ႐ုပ္ရွင္တစ္ခုမွာအတူပါဝင္ သ႐ုပ္ေဆာင္ ထားျပန္ပါတယ္။ ေနတိုးက အဲဒီ႐ုပ္ရွင္မတိုင္ခင္ အင္တာဗ်ဴးတစ္ခုမွာ အက်ႌ ခြၽတ္ရမယ့္အခန္း႐ိုက္စရာရွိလို႔ ဝိတ္နည္းနည္းခ်ေနတယ္လို႔ ေျဖၾကားထားခဲ့ပါတယ္။ ဝိတ္ခ်တယ္ဆိုတာထက္ လက္ရွိဝိတ္ကိုထိန္းေနတာေပါ့ေနာ္လို႔လည္းေျပာျပခဲ့ပါေသးတယ္။

အခုေတာ့ ေနတိုးရဲ႕ ဝိတ္ခ်ၿပီးတဲ့ ခႏၶာကိုယ္အလွကို ပရိသတ္ႀကီးေတြ႕ျမင္ခံစားရပါၿပီ။ ေနတိုးက သူ႔ရဲ႕ Page မွာ ႐ိုက္ကြင္းတစ္ခုကဓာတ္ပုံေတြကိုတင္ထားခဲ့ပါတယ္။ တင္ထားတာကေတာ့ ေနတိုးနဲ႔လြင္မိုးနဲ႔ဟာ အက်ႌခြၽတ္ေတြနဲ႔ ေရကူးကန္ေဘးမွာသာသာယာယာထိုင္ေနၾကတဲ့ပုံေတြပါ။ ေနတိုးကလြင္မိုးကို ေနာက္ကေနဖက္ထားတဲ့ပုံေတြလည္းပါသလို ေနတိုးက ေရနစ္လို႔ လြင္မိုးက ေရွးဦးသူနာျပဳနည္းနဲ႔ သူနာျပဳေပးေနတဲ့ပုံလည္းပါပါတယ္။ ပရိသတ္ေတြကေတာ့ ဒီပုံေတြကိုၾကည့္ၿပီး ေနတိုးနဲ႔လြင္မိုးနဲ႔ ေရကန္ေဘးမွာအခ်စ္နာလန္ထေနၾကတယ္လို႔ထင္ၿပီး BL ကား႐ိုက္ေနတာလားလို႔ေတာင္ ဇေဝဇဝါျဖစ္ေနၾကပါတယ္။

ပရိသတ္ႀကီးေရာ Chubby ေနတိုးနဲ႔လြင္မိုးတို႔ႏွစ္ေယာက္ရဲ႕ ေရကူးကန္ေဘးကပုံေလးေတြကိုဘယ္လိုျမင္လဲ..။ BL ကားနဲ႔ဆင္တယ္လို႔ျမင္လား..သာမန္ဟာသကားပဲျဖစ္မယ္ထင္လား။ေျပာခဲ့ၾကဦးေနာ္။
Credit : burmese.asia
Unicode ဖြင့်ဖတ်ရန်
ONLINE ပေါ်မှာဟော့နေတဲ့ နေတိုးနဲ့ လွင်မိုး
လွင်မိုးဟာဆိုရင်အကယ်ဒမီတွေရထားတဲ့ တကယ့်ဝါရင့်သရုပ်ဆောင်ကြီးဖြစ်သလို နေတိုးဟာလည်း လက်ရှိမြန်မာနိုင်ငံရဲ့ထိပ်တန်းဆိုတဲ့မင်းသားတွေထဲမှာတစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ နေတိုးနဲ့လွင်မိုးဟာ နာမည်တင်အသံခပ်ဆင်ဆင်ဖြစ်နေတာမဟုတ် သရုပ်ဆောင်ကောင်းတာ၊ပရိသတ်ချစ်တာခံရတာတွေပါတူပါတယ်။ နေတိုးနဲ့လွင်မိုးနှစ်ယောက်စလုံးရဲ့ပရိသတ်တွေက သူတို့နှစ်ယောက်အတူတူပါတဲ့ဇာတ်ကားတွေဆိုမလွတ်တမ်းကြည့်ရှု့အားပေးကြတာပါ။
နေတိုးနဲ့လွင်မိုးဟာ အခွင့်အရေးရရင်ရသလိုရုပ်ရှင်ဇာတ်ကားတွေမှာ အတူလက်တွဲပြီးသရုပ်ဆောင်နေကြဖြစ်တဲ့အတိုင်း အခုလည်း ရုပ်ရှင်တစ်ခုမှာအတူပါဝင်သရုပ်ဆောင်ထားပြန်ပါတယ်။ နေတိုးက အဲဒီရုပ်ရှင်မတိုင်ခင် အင်တာဗျူးတစ်ခုမှာ အင်္ကျီချွတ်ရမယ့်အခန်းရိုက်စရာရှိလို့ ဝိတ်နည်းနည်းချနေတယ်လို့ ဖြေကြားထားခဲ့ပါတယ်။ ဝိတ်ချတယ်ဆိုတာထက် လက်ရှိဝိတ်ကိုထိန်းနေတာပေါ့နော်လို့လည်းပြောပြခဲ့ပါသေးတယ်။
အခုတော့ နေတိုးရဲ့ ဝိတ်ချပြီးတဲ့ ခန္ဓာကိုယ်အလှကို ပရိသတ်ကြီးတွေ့မြင်ခံစားရပါပြီ။ နေတိုးက သူ့ရဲ့ Page မှာ ရိုက်ကွင်းတစ်ခုကဓာတ်ပုံတွေကိုတင်ထားခဲ့ပါတယ်။ တင်ထားတာကတော့ နေတိုးနဲ့လွင်မိုးနဲ့ဟာ အင်္ကျီချွတ်တွေနဲ့ ရေကူးကန်ဘေးမှာသာသာယာယာထိုင်နေကြတဲ့ပုံတွေပါ။ နေတိုးကလွင်မိုးကို နောက်ကနေဖက်ထားတဲ့ပုံတွေလည်းပါသလို နေတိုးက ရေနစ်လို့ လွင်မိုးက ရှေးဦးသူနာပြုနည်းနဲ့ သူနာပြုပေးနေတဲ့ပုံလည်းပါပါတယ်။ ပရိသတ်တွေကတော့ ဒီပုံတွေကိုကြည့်ပြီး နေတိုးနဲ့လွင်မိုးနဲ့ ရေကန်ဘေးမှာအချစ်နာလန်ထနေကြတယ်လို့ထင်ပြီး BL ကားရိုက်နေတာလားလို့တောင် ဇဝေဇဝါဖြစ်နေကြပါတယ်။
ပရိသတ်ကြီးရော Chubby နေတိုးနဲ့လွင်မိုးတို့နှစ်ယောက်ရဲ့ ရေကူးကန်ဘေးကပုံလေးတွေကိုဘယ်လိုမြင်လဲ..။ BL ကားနဲ့ဆင်တယ်လို့မြင်လား..သာမန်ဟာသကားပဲဖြစ်မယ်ထင်လား။ပြောခဲ့ကြဦးနော်။
Credit : burmese.asia
Comments
Post a Comment