LingoDeer : Learn Japanese, Korean, Chinese Offline & Free





NetGuide Journal (Every Wednesday)
-------------------------------------------------------------------------------------------------------
(Unicode Version)
------------------------------------
LingoDeer ကတော့ ကိုရီးယား၊ ဂျပန်နဲ့ တရုတ်ဘာသာစကားတို့ကို လွယ်ကူစွာပြောတတ်ဖို့အတွက် ကူညီ ပေးနိုင်တဲ့ ဘာသာစကား လေ့လာရေး app ဖြစ်ပါတယ်။ အာရှက မဟုတ်တဲ့ ဘာသာစကား လေ့လာသူတွေ အတွက် ဖန်တီးထားတာဖြစ်ပါတယ်။ ပညာရှင်အဆင့် ဘာသာစကား ကျွမ်းကျင်သူများအဖွဲ့က ပြုလုပ်ပေးထား တဲ့ သင်ခန်းစာတွေ၊ သုံးသပ်ချက် လေ့ကျင့်ခန်းတွေ ပါရှိပါတယ်။ တစ်နေ့ 10 မိနစ်မျှ လေ့လာရုံနဲ့ အရေး၊ အဖတ်၊ အပြောနဲ့ အကြားစွမ်းရည်တွေကို လေ့ကျင့်ပေးနိုင်ပါတယ်။ ဂျပန်၊ ကိုရီးယား၊ ဗီယက်နမ်၊ တရုတ် ဘာသာစကားတွေရဲ့ ဗျည်းသရအက္ခရာစနစ်တွေအကြောင်း စေ့စေ့စပ်စပ် မိတ်ဆက်ပေးထားတဲ့အတွက် ကိုယ့်ဘာသာ လေ့လာမယ့်သူတွေအတွက် ခိုင်မာတဲ့အခြေခံကို ရရှိနိုင်ပါတယ်။ အဲဒီဘာသာစကားတွေက ဘယ်လိုအလုပ် လုပ်တယ်ဆိုတာကို ရှင်းပြထားတဲ့ အသေးစိတ်သဒ္ဒါမှတ်စုတွေလည်း ထည့်သွင်းထားပါတယ်။ Native speaker တွေရဲ့ ကြည်လင်ပြတ်သားတဲ့အသံနဲ့ ပြောထားတဲ့အသံဖိုင်တွေကို နားဆင်ရမှာပါ။ မတူညီ တဲ့ level တွေအတွက် ဆန်းသစ်တဲ့သင်ခန်းစာတွေကြောင့် လေ့လာရတာ ပျင်းရိမှုမဖြစ်စေပါဘူး။ Android 4.2 နဲ့အထက် အသုံးပြုနိုင်ပါတယ်။

Comments