ေမြးကာစညီမေလးကုိ တုန္ေနေအာင္ခ်စ္တဲ့ Justin Bieber




Zawgyiျဖင့္ဖတ္ရန္

ကမၻာေက်ာ္ အဆိုေတာ္ Justin Bieber ဟာ သူ႔ရဲ႕ နွစ္ဆယ့္ေလးနွစ္တာသက္တမ္းမွာ ေကာင္မေလးေတြထည္လဲတြဲျပီးအခ်ိန္ျဖဳန္းတာကခပ္မ်ားမ်ား၊ Selena Gomez နဲ႔ ျပတ္လုိက္တြဲလိုက္လုပ္ျပီး ပရိသတ္ေတြကို မ်က္လွည့္ျပေနတာကလည္းနွစ္ေတာ္ေတာ္မ်ားမ်ား၊တဲြလုိက္သမွ်ေကာင္မေလးတိုင္းကိုလည္း အသည္းေတြခဲြဲခဲ့ျပီး အခုမွ သူ႔ ဒဏ္ ကိုနွစ္အေတာ္ၾကာခံခဲ့ရတဲ့ Hailey နဲ႔ လက္ထပ္ေတာ့မလိုလိုလုပ္ေနတာပါ။

အဲဒီလုိေတြလုပ္ေနလို႔ ကမၻာတစ္ဝွမ္းက ပရိသတ္ေတြထဲမွာ Justin ဟာ နွလံုးသားမရွိတဲ့လူ၊ Selena နဲ႔ ျပတ္ျပီးကတည္းက ထင္ရာစိုင္းေနတဲ့လူလို႔ထင္ျမင္ေနၾကသူေတြလည္းရွိပါတယ္။ ဒါေပမယ့္ Justin မွာ ခ်စ္တတ္တဲ့နွလံုးသားေတာ့ရွိပါေသးတယ္။

Justin က အစ္ကုိၾကီးျဖစ္တဲ့အေလ်ာက္သူ႔ ညီမေလး Jazzy Bieber ကုိ အလြန္ခ်စ္တာေတာ္ေတာ္မ်ားမ်ားကသိၾကမွာပါ။ Jazzy ေလးငယ္ငယ္တုန္းက Justin က သူ႔ညီမကုိသြားေလရာေခၚခဲ့ေပမယ့္ အခုေတာ့ Jazzy ကလည္းဆယ္ေက်ာ္သက္ျဖစ္လာတာေၾကာင့္ေရာ Justin ကလည္း သူ႔နွလံုးသားေရးရာကိစၥေတြနဲ႔ ရႈပ္ေထြးေနခဲ့တာေၾကာင့္ပါ သိပ္ျပီးမရင္းနွီးၾကေတာ့သလိုျဖစ္ေနခဲ့တာပါ။ ဒါေပမယ့္ အခုေတာ့ Justin အတြက္ Jazzy ေလးငယ္ငယ္တုန္းကလို ခ်စ္လို႔ရမယ့္ ညီမေသးေသးေလးတစ္ေယာက္အသစ္ေကာက္ရလိုက္ပါျပီ။ အဲဒီညီမေလးရဲ႕နာမည္ကေတာ့ Bay Bieber ပါတဲ့။ ဟုိတစ္ေလာကမွလက္ထပ္လိုက္တဲ့ Justin ရဲ႕ အေဖ Jeremy Bieber နဲ႔ သူ႔အမ်ိဳးသမီး Chelsey က ေမြးတာပါ။ အဲဒီလက္ထပ္ပြဲကုိ Justin က Selena ကုိ ေခၚသြားခဲ့ျပီးနွစ္ေယာက္သား ခ်စ္ၾကည္နူးတစ္တီတူးခဲ့ၾကတာကုိ ပရိသတ္ေတြမွတ္မိၾကဦးမွာပါ။ သိပ္ကိုေပ်ာ္ရႊင္စရာေကာင္းတဲ့အခ်ိန္ကာလသမယျဖစ္ခဲ့တာေပါ့။



မေန႔က (16.8.2018) က Justin Bieber က သူ႔ရဲ႕ Instagram မွာ အသစ္စက္စက္အေဖတူအေမကြဲညီမေလးရဲ႕ မ်က္နွာအနီးကပ္ပံုေလးကို တင္ထားျပီး “ဒါေလးကေတာ့ အသစ္စက္စက္ဘီဘာေလးပါ။ ကြ်န္ေတာ့္ရဲ႕ညီမေလး Bay Bieber” လုိ႔အဓိပၸါယ္ရတဲ့ စာသားေလးနဲ႔ သူ႔ညီမေလးကုိ တစ္ကမၻာလံုးနဲ႔မိတ္ဆက္ေပးခဲ့ပါတယ္။ ၾကည့္ရတာ သိပ္မၾကာခင္မွာ Jazzy ငယ္ငယ္တုန္းကလိုပဲ Justin ကုိ ကေလးခ်ီလို႔ဟုိဟုိဒီဒီေလွ်ာက္သြားေနတာေတြ႕ရေတာ့မယ္ထင္ပါရဲ႕။ ဒီတစ္ခါ Bay Bieber ေလးကိုခ်ီရမွာထိန္းရမွာကေတာ့ Hailey Baldwin ျဖစ္မွာေပါ့ေလ။ Justin ရဲ႕ အေဖမဂၤလာပြဲတုန္းက Bay Bieber ေလးက ဗိုက္ထဲမွာရွိေနခဲ့တာပါ။ Bay Bieber ကေတာ့ ဗုိက္ထဲမွာေနတုန္းက Selena နဲ႔ေတြ႕ခဲ့ရျပီးေမြးလာျပီးမွ Selena နဲ႔ မေတြ႕နုိင္ေတာ့တာဝမ္းနည္းစရာပါပဲ။

Jazzy ေလးကုိ Selena က တစ္ခ်ိန္လံုးခ်စ္ခင္ၾကင္နာယုယစြာခ်ီပိုးထိန္းေက်ာင္းေပးခဲ့သလို အခုကေလးေလးကိုေရာ Hailey က Selena ေလာက္စိတ္ရွည္နုိင္ပါ့မလား။ညီမေတြကုိအရမ္းခ်စ္တဲ့ Justin တစ္ေယာက္ Hailey နဲ႔ Selena တို႔ရဲ႕ ကြာျခားခ်က္ကုိမၾကာခင္ေတြ႕ရေတာ့မွာပဲလို႔ ပရိသတ္ေတြကခန္႔မွန္းေနၾကပါတယ္။ ကံေကာင္းပါေစ Justin ေရ။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးထဲမွာေရာ Justin Bieber ကုိခ်စ္တဲ့သူေတြရွိၾကလား။ Justin ကုိ ခ်စ္သလိုပဲ အသစ္စက္စက္ Bieber ေလးကုိလည္းဝုိင္းခ်စ္ေပးၾကရေအာင္။
Credit:Can’t Wait To Say
Unicodeဖြင့်ဖတ်ရန်
မွေးကာစညီမလေးကို တုန်နေအောင်ချစ်တဲ့ Justin Bieber
ကမ္ဘာကျော်အဆိုတော် Justin Bieber ဟာ သူ့ရဲ့ နှစ်ဆယ့်လေးနှစ်တာသက်တမ်းမှာ ကောင်မလေးတွေထည်လဲတွဲပြီးအချိန်ဖြုန်းတာကခပ်များများ၊ Selena Gomez နဲ့ ပြတ်လိုက်တွဲလိုက်လုပ်ပြီး ပရိသတ်တွေကို မျက်လှည့်ပြနေတာကလည်းနှစ်တော်တော်များများ၊တွဲလိုက်သမျှကောင်မလေးတိုင်းကိုလည်း အသည်းတွေခွဲခဲ့ပြီး အခုမှ သူ့ဒဏ်ကိုနှစ်အတော်ကြာခံခဲ့ရတဲ့ Hailey နဲ့ လက်ထပ်တော့မလိုလိုလုပ်နေတာပါ။ အဲဒီလိုတွေလုပ်နေလို့ ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေထဲမှာ Justin ဟာ နှလုံးသားမရှိတဲ့လူ၊ Selena နဲ့ ပြတ်ပြီးကတည်းက ထင်ရာစိုင်းနေတဲ့လူလို့ထင်မြင်နေကြသူတွေလည်းရှိပါတယ်။ ဒါပေမယ့် Justin မှာ ချစ်တတ်တဲ့နှလုံးသားတော့ရှိပါသေးတယ်။
Justin က အစ်ကိုကြီးဖြစ်တဲ့အလျောက်သူ့ညီမလေး Jazzy Bieber ကို အလွန်ချစ်တာတော်တော်များများကသိကြမှာပါ။ Jazzy လေးငယ်ငယ်တုန်းက Justin က သူ့ညီမကိုသွားလေရာခေါ်ခဲ့ပေမယ့် အခုတော့ Jazzy ကလည်းဆယ်ကျော်သက်ဖြစ်လာတာကြောင့်ရော Justin ကလည်း သူ့နှလုံးသားရေးရာကိစ္စတွေနဲ့ ရှုပ်ထွေးနေခဲ့တာကြောင့်ပါ သိပ်ပြီးမရင်းနှီးကြတော့သလိုဖြစ်နေခဲ့တာပါ။ ဒါပေမယ့် အခုတော့ Justin အတွက် Jazzy လေးငယ်ငယ်တုန်းကလို ချစ်လို့ရမယ့် ညီမသေးသေးလေးတစ်ယောက်အသစ်ကောက်ရလိုက်ပါပြီ။ အဲဒီညီမလေးရဲ့နာမည်ကတော့ Bay Bieber ပါတဲ့။ ဟိုတစ်လောကမှလက်ထပ်လိုက်တဲ့ Justin ရဲ့ အဖေ Jeremy Bieber နဲ့ သူ့အမျိုးသမီး Chelsey က မွေးတာပါ။ အဲဒီလက်ထပ်ပွဲကို Justin က Selena ကို ခေါ်သွားခဲ့ပြီးနှစ်ယောက်သား ချစ်ကြည်နူးတစ်တီတူးခဲ့ကြတာကို ပရိသတ်တွေမှတ်မိကြဦးမှာပါ။ သိပ်ကိုပျော်ရွှင်စရာကောင်းတဲ့အချိန်ကာလသမယဖြစ်ခဲ့တာပေါ့။
မနေ့က (16.8.2018) က Justin Bieber က သူ့ရဲ့ Instagram မှာ အသစ်စက်စက်အဖေတူအမေကွဲညီမလေးရဲ့ မျက်နှာအနီးကပ်ပုံလေးကို တင်ထားပြီး “ဒါလေးကတော့ အသစ်စက်စက်ဘီဘာလေးပါ။ ကျွန်တော့်ရဲ့ညီမလေး Bay Bieber” လို့အဓိပ္ပါယ်ရတဲ့ စာသားလေးနဲ့ သူ့ညီမလေးကို တစ်ကမ္ဘာလုံးနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ ကြည့်ရတာ သိပ်မကြာခင်မှာ Jazzy ငယ်ငယ်တုန်းကလိုပဲ Justin ကို ကလေးချီလို့ဟိုဟိုဒီဒီလျှောက်သွားနေတာတွေ့ရတော့မယ်ထင်ပါရဲ့။ ဒီတစ်ခါ Bay Bieber လေးကိုချီရမှာထိန်းရမှာကတော့ Hailey Baldwin ဖြစ်မှာပေါ့လေ။ Justin ရဲ့ အဖေမင်္ဂလာပွဲတုန်းက Bay Bieber လေးက ဗိုက်ထဲမှာရှိနေခဲ့တာပါ။ Bay Bieber ကတော့ ဗိုက်ထဲမှာနေတုန်းက Selena နဲ့တွေ့ခဲ့ရပြီးမွေးလာပြီးမှ Selena နဲ့ မတွေ့နိုင်တော့တာဝမ်းနည်းစရာပါပဲ။
Jazzy လေးကို Selena က တစ်ချိန်လုံးချစ်ခင်ကြင်နာယုယစွာချီပိုးထိန်းကျောင်းပေးခဲ့သလို အခုကလေးလေးကိုရော Hailey က Selena လောက်စိတ်ရှည်နိုင်ပါ့မလား။ညီမတွေကိုအရမ်းချစ်တဲ့ Justin တစ်ယောက် Hailey နဲ့ Selena တို့ရဲ့ ကွာခြားချက်ကိုမကြာခင်တွေ့ရတော့မှာပဲလို့ ပရိသတ်တွေကခန့်မှန်းနေကြပါတယ်။ ကံကောင်းပါစေ Justin ရေ။
ပြောချင်လွန်းလို့ပရိသတ်ကြီးထဲမှာရော Justin Bieber ကိုချစ်တဲ့သူတွေရှိကြလား။ Justin ကို ချစ်သလိုပဲ အသစ်စက်စက် Bieber လေးကိုလည်းဝိုင်းချစ်ပေးကြရအောင်။

Credit:Can’t Wait To Say

Comments