အြန္လိုင္းေပၚမွာ ပ်ံ႕ႏွံ႔ေနတဲ့ ဓာတ္ပုံေတြနဲ႔ပတ္သက္ၿပီး ျပန္လည္ေျဖရွင္းေျပာဆိုလာတဲ့ စူးရွထက္



Zawgyiျဖင့္ဖတ္ရန္

ေမာ္ဒယ္တစ္ဦးျဖစ္တဲ့အျပင္ ေဖ့စ္ဘုတ္ေပၚမွာ နာမည္ေက်ာ္တဲ့ ဆယ္လီတစ္ဦးျဖစ္တဲ့ စူးရွထက္ကေတာ့ လက္ရွိမွာ အဆိုေတာ္ အစၥဏီကို တရားစြဲဆိုထားတာျဖစ္ၿပီး အမႈရင္ဆိုင္ေနရတာျဖစ္ပါတယ္။ စူးရွထက္ကေတာ့ အဲဒီအမႈကိစၥေၾကာင့္ ေဝဖန္မႈေတြ၊ တိုက္ခိုက္မႈေတြကိုလည္း ေတာ္ေတာ္ေလး ႀကဳံေတြ႕ေနရတာျဖစ္ပါတယ္

ၿပီးခဲ့တဲ့ ရက္ပိုင္းမွာေတာ့ ေယာက်ာ္းတစ္ေယာက္နဲ႔အတူ ကလပ္မွာ ရင္းရင္းႏွီးႏွီး ဓါတ္ပုံ႐ိုက္ထားတဲ့ စူးရွထက္ရဲ႕ ပုံေတြဟာ အင္တာနက္ေပၚမွာ ေတာ္ေတာ္ေလးပ်ံ႕ႏွံ႔ခဲ့ပါတယ္။ ပရိသတ္ေတြၾကားမွာလည္း ဓါတ္ပုံေတြက ေတာ္ေတာ္ေလး ပ်ံ႕ႏွံ႔ခဲ့ၿပီး ေဝဖန္မႈေတြလည္း ခံေနရဆဲပါပဲ။ ေဝဖန္မႈေတြကို ၿငိမ္ခံမေနတတ္တဲ့ စူးရွထက္ကေတာ့ သူ႔ရဲ႕ မေကာင္းေၾကာင္းေရးၿပီး ဓါတ္ပုံေတြ တင္ထားတဲ့ ကိစၥနဲ႔ ပတ္သက္လို႔ ေဖ့စ္ဘုတ္ေပၚမွာ အခုလိုပဲ ဖြင့္ဟေျပာဆိုလာပါတယ္။

စူးရွထက္ကေတာ့ “က်မအလုပ္က ဒီလိုဓာတ္ပုံ႐ိုက္ရ ေမာ္ဒယ္အလုပ္ပါ ဒါကိုပဲ အဲ့လို လိုက္ေျပာေနၾကရင္ က်မက ဘယ္လိုေနၿပီး ဘာလုပ္စားရဦးမွာလဲ” ေရးသားၿပီး ေဝဖန္မႈေတြကို ျပန္လည္ တုံ႔ျပန္လိုက္တာျဖစ္ပါတယ္။
Source: Naung Shin, Sue Sha Htet
Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ဓာတ်ပုံတွေနဲ့ပတ်သက်ပြီး ပြန်လည်ဖြေရှင်းပြောဆိုလာတဲ့ စူးရှထက်

မော်ဒယ်တစ်ဦးဖြစ်တဲ့အပြင် ဖေ့စ်ဘုတ်ပေါ်မှာ နာမည်ကျော်တဲ့ ဆယ်လီတစ်ဦးဖြစ်တဲ့ စူးရှထက်ကတော့ လက်ရှိမှာ အဆိုတော် အစ္စဏီကို တရားစွဲဆိုထားတာဖြစ်ပြီး အမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။ စူးရှထက်ကတော့ အဲဒီအမှုကိစ္စကြောင့် ဝေဖန်မှုတွေ၊ တိုက်ခိုက်မှုတွေကိုလည်း တော်တော်လေး ကြုံတွေ့နေရတာဖြစ်ပါတယ်
ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ ယောကျာ်းတစ်ယောက်နဲ့အတူ ကလပ်မှာ ရင်းရင်းနှီးနှီး ဓါတ်ပုံရိုက်ထားတဲ့ စူးရှထက်ရဲ့ ပုံတွေဟာ အင်တာနက်ပေါ်မှာ တော်တော်လေးပျံ့နှံ့ခဲ့ပါတယ်။ ပရိသတ်တွေကြားမှာလည်း ဓါတ်ပုံတွေက တော်တော်လေး ပျံ့နှံ့ခဲ့ပြီး ဝေဖန်မှုတွေလည်း ခံနေရဆဲပါပဲ။ ဝေဖန်မှုတွေကို ငြိမ်ခံမနေတတ်တဲ့ စူးရှထက်ကတော့ သူ့ရဲ့ မကောင်းကြောင်းရေးပြီး ဓါတ်ပုံတွေ တင်ထားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဖေ့စ်ဘုတ်ပေါ်မှာ အခုလိုပဲ ဖွင့်ဟပြောဆိုလာပါတယ်။
စူးရှထက်ကတော့ “ကျမအလုပ်က ဒီလိုဓာတ်ပုံရိုက်ရ မော်ဒယ်အလုပ်ပါ ဒါကိုပဲ အဲ့လို လိုက်ပြောနေကြရင် ကျမက ဘယ်လိုနေပြီး ဘာလုပ်စားရဦးမှာလဲ” ရေးသားပြီး ဝေဖန်မှုတွေကို ပြန်လည် တုံ့ပြန်လိုက်တာဖြစ်ပါတယ်။
Source: Naung Shin, Sue Sha Htet
Credit:Shwemom

Comments