


Zawgyiဖြင့်ဖတ်ရန်






ချိုမာရဲ့ အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ ဗီဒီိယိုဖိုင်များ

Credit:Cele Now

Unicodeဖြင့်ဖတ်ရန်
အနော်လေး (ခ) မချိုမာကို ချီးကျူးလိုက်တဲ့ အိမ့်ချစ်နဲ့ မေပန်းချီ
လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နာမည်ကြီးနေတဲ့ စကားသံဝဲ၀ဲလေးနဲ့ ချစ်စရာကောင်မလေး တစ်ယောက် ရှိပါတယ်။သူ မကိုယ်သူ ” အနော်” လို့ ပြောသလို ပရိသတ်တွေကလဲ သူမကို ချစ်စနိုးနဲ့ အနော်လေး ဆိုပြီး ခေါ် ကြ ပါတယ်။ သူမရဲ့ နာမည်ကတော့ ချိုမာ ပါ။ သူမရဲ့ ဇာတိကတော့ မွန်ပြည်နယ်၊သထုံကပါ။ အွန်လိုင်းပေါ်မှာ live လွှင့်ရင်း ပရိသတ်အားပေးမှုကို ရလာခဲ့ပါတယ်။
အွန်လိုင်းပေါ်မှာ Product တွေကို ကြော်ငြာပေးနေသူပါ။ကြော်ငြာရုံသက်သက်တင်မဟုတ်ပဲ ပရိသတ် စိတ်ဝင် စား အောင် Live လွှင့်ရင်း ရယ်စရာတွေပြောပြ၊သီချင်းနဲ့အတူ ကပြတာတွေ ရှိပါတယ်။သူမရဲ့ Live မှာ ဝင်ပြီး ဆဲဆို ကြသူတွေ၊Sex ကိစ္စတွေကို စကားလုံးရိုင်းရိုင်းတွေနဲ့ Comment ရေးပြီး ဝင်ပြောကြသူတွေ ရှိပါတယ်။
သူမကလဲ ဆဲ တဲ့ Comment တွေ၊မိုက်ရိုင်းတဲ့ စကားလုံးတွေကို အပြုံးမျက်နှာလေးနဲ့ ပြန်လည်ချေပခဲ့ပါတယ်။ပရိသတ် တွေကလဲ သူမရဲ့ အဲ့ဒီလို ချေပတဲ့ စကားလေးတွေကို နှစ်သက်နေကြတာပါ
မိုက်မိုက်ရိုင်းရိုင်းမန့်လာတဲ့ စကားတွေအပေါ် သူမရဲ့ တုံ့ပြန်မှုကို သဘောကျတဲ့သူတွေရှိသလို တစ်ချို့ကလဲ ဒီလို တွေ ပြန်တုံ့ပြန်တဲ့အပေါ် ဝေဖန်တာတွေလဲ ရှိပါတယ်။ပြည်သူ့အချစ်တော် အဆိုတော် အိမ့်ချစ်ကတော့ ချိုမာရဲ့ ဗီဒီယိုဖိုင်ကို ရှယ်ထားပြီး ချိုမာ့ ကိုချီးကျူးစကားဆိုထားပါတယ်။
“သူ့စိတ်ကို ကိုယ်တောင်အတုယူရတယ် ပြောတတ်လိုက်တာတကယ် သဘောကျတယ် အနော်ရေ………” ဆိုပြီး ရှယ်ထားပါတယ်။အနော်လေးရဲ့ မဟုတ်ခံ ပွင့်လင်းတဲ့ ပုံစံလေးကို သဘောကျနေပါတယ်။
မေပန်းချီကလည်း…”ချစ်တယ်တော့ ဒီခေတ်ကသူနဲ့အကိုက်ပဲ ပြုံးပြုံးလေးနဲ့ရွှဲ့ ပေးတာ..” ဆိုပြီး အနော့် ကို ချီးကျူး ထားပါတယ်။
ချိုမာရဲ့ အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ ဗီဒီယိုဖိုင်များ
Credit:Cele Now

Comments