အရွည္ ၅ မီတာရွိ ဧရာမေႁမြေဟာက္ႀကီးကို လက္ဗလာျဖင့္ ဖမ္းဆီး

အရွည္ ၅ မီတာရွိ ဧရာမေႁမြေဟာက္ႀကီးကို လက္ဗလာျဖင့္ ဖမ္းဆီး (႐ုပ္သံ)
Zawgyiျဖင့္ဖတ္ရန္

ထိုင္းႏိုင္ငံေတာင္ပိုင္းက စားေသာက္ဆိုင္တဆိုင္ထဲမွာ ၿပီးခဲ့တဲ့ ၾသဂုတ္ ၁၃ ရက္ေန႔က အရွည္ ၅ မီတာရွိတဲ့ ဧရာမ ေႁမြေဟာက္ႀကီးတေကာင္ကို ဖမ္းမိခဲ့ပါတယ္။
ဒါဟာ တျခားသူေတြအဖို႔ေတာ့ ထိတ္လန႔္စရာ ျဖစ္ေကာင္းျဖစ္ေပမယ့္ ဆိုင္ပိုင္ရွင္ကေတာ့ မိခင္မ်ားေန႔မွာ မိခဲ့တာမို႔ မဂၤလာရွိတယ္လို႔ ယုံၾကည္ေနပါတယ္။
ဖမ္းဆီးခဲ့တဲ့ ေႁမြဖမ္းသမားက ေႁမြႀကီးကို လက္ဗလာအေျခအေနနဲ႔ ကိုင္ေျမႇာက္ထားတဲ့ ပုံေတြကို ဆိုင္ပိုင္ရွင္ ကန္ခ်နာ ေဆတန္က ေဖ့စ္ဘြတ္ခ္ေပၚ တင္ထားခဲ့တာကို ေတြ႕ရပါတယ္။
အဲဒီေန႔ကေတာ့ ဆိုင္ထဲကိုလာတဲ့ စားသုံးသူေတြရဲ႕ ကေလးေတြက ေႁမြႀကီးကို စေတြ႕ၿပီး ေၾကာက္လန႔္ကာ သူ႔ဆီေျပးလာခဲ့ၾကတာလို႔ ကန္ခ်နာက ေျပာပါတယ္။
အဲဒီေနာက္မွာေတာ့ စားေသာက္ဆိုင္ အိမ္သာအနီးက ေႁမြႀကီးပုန္းခိုေနခဲ့တဲ့ ေနရာကေန ေႁမြဖမ္းသမားက ဆြဲထုတ္ခဲ့ရတာပါ။
ထိုင္းႏိုင္ငံသားေတြဟာ ေႁမြေတြကို ဒ႑ာရီလာ ဝိညာဥ္ဆိုင္ရာ သတၱဝါေတြလို႔ ယုံၾကည္ၾကၿပီး ေဖ့စ္ဘြတ္ခ္ေပၚက ပုံေတြေအာက္မွာေတာ့ ေျမႀကီးကို ေစာင့္ေရွာက္တဲ့ အရွင္သခင္အျဖစ္ မွတ္ခ်က္ေတြ ေရးေနခဲ့ၾကတာ ျဖစ္ပါတယ္။
ကန္ခ်နာက “ၿပီးခဲ့တဲ့ ၁၀ ႏွစ္ေလာက္ကတည္းက က်မ ဒီစားေသာက္ဆိုင္ကို ဖြင့္ခဲ့တာပါ။ က်မ ဒီေႁမြကို ပထမဆုံး ျမင္ဖူးတာပဲ။ က်မ သူ႔အေၾကာင္းေတာင္ အိပ္မက္ မက္ခဲ့တာပါ” လို႔ ေျပာပါတယ္။
ဒါေပမယ့္ တခ်ိဳ႕ကလည္း လက္ခ်ည္းဗလာသက္သက္နဲ႔ ဖမ္းဆီးႏိုင္တဲ့ ေႁမြဖမ္းသမားကို သိခ်င္ေနၾကတာပါ။
ဆိုင္ပိုင္ရွင္ကေတာ့ ေႁမြဖမ္းသမား ဘယ္သူဘယ္ဝါျဖစ္တယ္ ဆိုတာကို ထုတ္ေဖာ္ေျပာၾကားတာ မရွိခဲ့ပါဘူး။
Credit:DVB

Unicodeဖြင့်ဖတ်ရန်

အရှည် ၅ မီတာရှိ ဧရာမမြွေဟောက်ကြီးကို လက်ဗလာဖြင့် ဖမ်းဆီး (ရုပ်သံ)

ထိုင်းနိုင်ငံတောင်ပိုင်းက စားသောက်ဆိုင်တဆိုင်ထဲမှာ ပြီးခဲ့တဲ့ သြဂုတ် ၁၃ ရက်နေ့က အရှည် ၅ မီတာရှိတဲ့ ဧရာမ မြွေဟောက်ကြီးတကောင်ကို ဖမ်းမိခဲ့ပါတယ်။
ဒါဟာ တခြားသူတွေအဖို့တော့ ထိတ်လန့်စရာ ဖြစ်ကောင်းဖြစ်ပေမယ့် ဆိုင်ပိုင်ရှင်ကတော့ မိခင်များနေ့မှာ မိခဲ့တာမို့ မင်္ဂလာရှိတယ်လို့ ယုံကြည်နေပါတယ်။
ဖမ်းဆီးခဲ့တဲ့ မြွေဖမ်းသမားက မြွေကြီးကို လက်ဗလာအခြေအနေနဲ့ ကိုင်မြှောက်ထားတဲ့ ပုံတွေကို ဆိုင်ပိုင်ရှင် ကန်ချနာ ဆေတန်က ဖေ့စ်ဘွတ်ခ်ပေါ် တင်ထားခဲ့တာကို တွေ့ရပါတယ်။
အဲဒီနေ့ကတော့ ဆိုင်ထဲကိုလာတဲ့ စားသုံးသူတွေရဲ့ ကလေးတွေက မြွေကြီးကို စတွေ့ပြီး ကြောက်လန့်ကာ သူ့ဆီပြေးလာခဲ့ကြတာလို့ ကန်ချနာက ပြောပါတယ်။
အဲဒီနောက်မှာတော့ စားသောက်ဆိုင် အိမ်သာအနီးက မြွေကြီးပုန်းခိုနေခဲ့တဲ့ နေရာကနေ မြွေဖမ်းသမားက ဆွဲထုတ်ခဲ့ရတာပါ။
ထိုင်းနိုင်ငံသားတွေဟာ မြွေတွေကို ဒဏ္ဍာရီလာ ဝိညာဉ်ဆိုင်ရာ သတ္တဝါတွေလို့ ယုံကြည်ကြပြီး ဖေ့စ်ဘွတ်ခ်ပေါ်က ပုံတွေအောက်မှာတော့ မြေကြီးကို စောင့်ရှောက်တဲ့ အရှင်သခင်အဖြစ် မှတ်ချက်တွေ ရေးနေခဲ့ကြတာ ဖြစ်ပါတယ်။
ကန်ချနာက “ပြီးခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ကျမ ဒီစားသောက်ဆိုင်ကို ဖွင့်ခဲ့တာပါ။ ကျမ ဒီမြွေကို ပထမဆုံး မြင်ဖူးတာပဲ။ ကျမ သူ့အကြောင်းတောင် အိပ်မက် မက်ခဲ့တာပါ” လို့ ပြောပါတယ်။
ဒါပေမယ့် တချို့ကလည်း လက်ချည်းဗလာသက်သက်နဲ့ ဖမ်းဆီးနိုင်တဲ့ မြွေဖမ်းသမားကို သိချင်နေကြတာပါ။
ဆိုင်ပိုင်ရှင်ကတော့ မြွေဖမ်းသမား ဘယ်သူဘယ်ဝါဖြစ်တယ် ဆိုတာကို ထုတ်ဖော်ပြောကြားတာ မရှိခဲ့ပါဘူး။
Credit:DVB

Comments