


Zawgyi ဖြင့်ဖတ်ရန်





Credit : burmese.asia

Unicode ဖြင့်ဖတ်ရန်
အဖမ်းခံလိုက်ရတာကြောင့် ပရိသတ်တွေစိတ်ပူနေကြတဲ့ နေဒွေး
နာမည်ရသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ နေဒွေးတစ်ယောက် အဖမ်းခံရတဲ့ကိစ္စနဲ့ပက်သက်ပြီး ပရိသတ်တွေက ဝိုင်းဝန်းပြီးစိတ်ပူနေကြတာဖြစ်ပါတယ်။ တကယ်တော့မူးယစ်ဆေးဝါး အမှု ကြောင့်မဟုတ်ပဲ ကညနနံပါတ်ပြားမတပ်မိလို့ ဖမ်းခံရတာဖြစ်တယ်လို့ နေဒွေးကဆိုပါတယ်။ အားပေးသူပရိသတ်အများအပြားနဲ့ အောင်မြင်နေပြီ ဖြစ်တဲ့ နာမည်ရမင်းသား တစ်ဦးလည်း ဖြစ်ပြီး သူ့ရဲ့ ယောကျာ်းပီသတဲ့ပုံရိပ် တွေက နှုတ်ခမ်းနီမလေးတွေကို အပြတ်အသတ်ဆွဲ ဆောင်နိုင်ခဲ့ပါတယ်။


ဒီလိုဖြစ်တဲ့အပေါ်မှာလည်း ပို့ဆောင်ရေးဌာနကလူကြီးတွေနဲ့တူ ရဲဝန်ထမ်းတွေနဲ့ အုပ်ချုပ် ရေးမှုးတွေပါ ပါလာတာကြောင့် အားလုံးက အထင်မှား စရာဖြစ်ကုန်တာပါလို့ ဆိုပါတယ်။ လက်ရှိမှာတော့ နေဒွေးတစ်ယောက် အနုပညာလှုပ်ရှားမှုတွေ လည်းဆက်တိုက်လုပ် နေပြီး ပရိသတ်အားပေးမှုကိုလည်း ဆက်လက်ရရှိပိုင်ဆိုင်နေဆဲ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပက်သက်ပြီး နေဒွေးက ” ဖမ်းတော့ဖမ်းခံရတယ် ကညနနံပါတ်ပြားမတတ်မိလို့တဲ့ ပီးတော့ကားကိုမှန်မမှန်စစ်တာ ပို့ဆောင်ရေး ဌာနကလူကြီးတွေရော ရဲတွေရော အုပ်ချုပ် ရေးမှုးတွေရော ဆိုတော့အထင်မှားစရာဖြစ်ကုန်တာပါခင်ဗျ။ မူးယစ်ဆေးဝါးမပြောနဲ့ အရက်တောင် ရာသက်ပန်ဘုရားကိုလှုထားပါတယ်ခင်ဗျ Ph ပိတ်ထားတာကလဲ Gym ဆော့နေ လို့ပါ ချစ်ပရိသတ်တွေစိတ်မပူပါနဲ့နော် အားလုံးကိုအရမ်းချစ်တယ် ” ဆိုပြီး သူ့ရဲ့ လူမှုကွန် ယက်မှာ မျှဝေလိုက်တာဖြစ်ပါတယ်။ စိတ်ပူနေတဲ့ပရိသတ်ကြီးလည်း စိတ်မပူ နဲ့တော့နော်။

Credit : burmese.asia

Comments