တစ္ကိုယ္လုံးေဖါေရာင္ေနပါလွ်င္ အသုံးတည့္ေသာေဆးနည္း




Zawgyiျဖင့္ဖတ္ရန္

အေဖာေရာဂါမွာ အသားအေရ ပြေရာင္းေရာင္းရွိၿပီး၊အေရာင္မွာ အသားအေရ လိုသည္ထက္ပိုတင္းေနျခင္းျဖစ္ပါသည္။အေဖာတြင္ အရက္ေဖာ၊ေသြးေဖာ၊ေလေဖာစသည္ျဖင့္အမ်ိဳးမ်ိဳးရွိေလရာသည္။
အေရာင္မွာ ထိခိုက္ ဒဏ္ရာ ေၾကာင့္ေရာင္ျခင္း၊ဓာတ္ပ်က္၍ ေရာင္ျခင္း၊ဥတုအဟာရဓာတ္ေၾကာင့္ေရာင္ျခင္းဟူ၍ အမ်ိဳးမ်ိဳးရွိျပန္သည္။
တင္ျပလိုသည္မွာ အခ်ိဳအေဖါအေရာင္သမားမ်ားသည္ ေရာဂါျဖစ္သည္ကိုသိလွ်က္ မိသားစုအခက္အခဲ၊ေငြေၾကးအခက္အခဲ၊ အမ်ိဳးမ်ိဳးေသာအခက္အခဲအရ အိပ္ရာထက္ပက္လက္လဲရင္း ေသဆုံးရျခင္းမ်ိဳးမၾကာခဏေတြ႕ဖူးပါ၍ ေငြေၾကးလည္းမကုန္ လမ္းေဘးၿခံစည္း႐ိုးမ်ားေပၚတြင္ အေလ့က်ေပါက္ေနတတ္ေသာ #ေတာသပြတ္ခါးသီးအား သတိရေစရန္ ရည္႐ြယ္ေရးသားပါသည္။
သပြတ္ခါးသီးကို သုံးပိုင္းပိုင္း၍ ေရျဖင့္(၃)ခြက္(၁)ခြက္တင္က်ိဳပါ။
(၁)ခြက္စာတင္က်န္ခဲ့ေသာ သပြတ္ခါးသီးျပဳတ္ရည္ကို (၁)ရက္ခန႔္အေအးခံရပါမည္။
ထိုအေအးခံထားေသာ ေဆးရည္ႏွင့္ ပ်ားရည္ ကို ထမင္းစားဇြန္း(၁)ဇြန္းစာပမာဏျဖစ္ေအာင္ ဆတူစပ္ၿပီး နံနက္တစ္ဇြန္းညေနတစ္ဇြန္းေသာက္ေပးရန္ျဖစ္သည္။ ဝမ္းသြားပါလိမ့္မည္။
ဝမ္းသုံးႀကိမ္ေလာက္သြားၿပီးပါလွ်င္ ေရကိုဝေအာင္ခ်ိဳးၿပီး ထမင္းျဖဴကို ဆီး႐ႊဲ႐ြဲဆမ္း၍ စားေပးျခင္းျဖင့္ ဝမ္းလည္းရပ္သြားၿပီး အေဖာအေရာင္လည္း သက္သာေပ်ာက္ကင္းသြားမည္ျဖစ္ပါသည္။
ဝမ္းတြင္းသားဟူသမွ်ေရွာင္ၾကဥ္ရမည္ျဖစ္ပါသည္။
ဤေဆးၿမီးတိုကို နကၡတၱေရာင္ျခည္မဂၢဇင္းမွ ေဆာင္းပါးရွင္ေမာင္ခင္သက္လႈိင္ ကေရးထားၿပိး ေဖာသလားေရာင္သလား မွေကာက္ႏုတ္ေဖၚျပျခင္းျဖစ္ပါသည္။
ေဖာေရာင္ေသာေဝဒနာျဖင့္ အေၾကာင္းေၾကာင္းေၾကာင့္ေဆးဝါးမကုသဘဲ ရွိေနသူမ်ား အလြယ္တကူရရွိႏိုင္ေသာ သပြတ္ခါးသီးေဆးနည္းေလးျဖင့္ စမ္းသပ္ကုသၾကည့္ပါက အရႈံးမရွိႏိုင္ပါ၍ျပန္လည္ေရးသားေဝငွမိပါသည္။
လိုသူယူသုံးေစတနာအၿပဳံၚျဖင့္ စိတ္႐ႊင္လန္းၾကပါေစ…။
Credit:ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

Unicodeဖြင့်ဖတ်ရန်

တစ်ကိုယ်လုံးဖေါရောင်နေပါလျှင် အသုံးတည့်သောဆေးနည်း
အဖောရောဂါမှာ အသားအရေပွရောင်းရောင်းရှိပြီး၊အရောင်မှာ အသားအရေလိုသည်ထက်ပိုတင်းနေခြင်းဖြစ်ပါသည်။အဖောတွင် အရက်ဖော၊သွေးဖော၊လေဖောစသည်ဖြင့်အမျိုးမျိုးရှိလေရာသည်။
အရောင်မှာ ထိခိုက်ဒဏ်ရာကြောင့်ရောင်ခြင်း၊ဓာတ်ပျက်၍ ရောင်ခြင်း၊ဥတုအဟာရဓာတ်ကြောင့်ရောင်ခြင်းဟူ၍ အမျိုးမျိုးရှိပြန်သည်။
တင်ပြလိုသည်မှာ အချိုအဖေါအရောင်သမားများသည် ရောဂါဖြစ်သည်ကိုသိလျှက် မိသားစုအခက်အခဲ၊ငွေကြေးအခက်အခဲ၊ အမျိုးမျိုးသောအခက်အခဲအရ အိပ်ရာထက်ပက်လက်လဲရင်း သေဆုံးရခြင်းမျိုးမကြာခဏတွေ့ဖူးပါ၍ ငွေကြေးလည်းမကုန် လမ်းဘေးခြံစည်းရိုးများပေါ်တွင် အလေ့ကျပေါက်နေတတ်သော #တောသပွတ်ခါးသီးအား သတိရစေရန် ရည်ရွယ်ရေးသားပါသည်။
သပွတ်ခါးသီးကို သုံးပိုင်းပိုင်း၍ ရေဖြင့်(၃)ခွက်(၁)ခွက်တင်ကျိုပါ။
(၁)ခွက်စာတင်ကျန်ခဲ့သော သပွတ်ခါးသီးပြုတ်ရည်ကို (၁)ရက်ခန့်အအေးခံရပါမည်။
ထိုအအေးခံထားသော ဆေးရည်နှင့် ပျားရည်ကို ထမင်းစားဇွန်း(၁)ဇွန်းစာပမာဏဖြစ်အောင် ဆတူစပ်ပြီး နံနက်တစ်ဇွန်းညနေတစ်ဇွန်းသောက်ပေးရန်ဖြစ်သည်။ ဝမ်းသွားပါလိမ့်မည်။
ဝမ်းသုံးကြိမ်လောက်သွားပြီးပါလျှင် ရေကိုဝအောင်ချိုးပြီး ထမင်းဖြူကို ဆီးရွှဲရွဲဆမ်း၍ စားပေးခြင်းဖြင့် ဝမ်းလည်းရပ်သွားပြီး အဖောအရောင်လည်း သက်သာပျောက်ကင်းသွားမည်ဖြစ်ပါသည်။
ဝမ်းတွင်းသားဟူသမျှရှောင်ကြဉ်ရမည်ဖြစ်ပါသည်။
ဤဆေးမြီးတိုကို နက္ခတ္တရောင်ခြည်မဂ္ဂဇင်းမှ ဆောင်းပါးရှင်မောင်ခင်သက်လှိုင် ကရေးထားပြိး ဖောသလားရောင်သလား မှကောက်နုတ်ဖေါ်ပြခြင်းဖြစ်ပါသည်။
ဖောရောင်သောဝေဒနာဖြင့် အကြောင်းကြောင်းကြောင့်ဆေးဝါးမကုသဘဲ ရှိနေသူများ အလွယ်တကူရရှိနိုင်သော သပွတ်ခါးသီးဆေးနည်းလေးဖြင့် စမ်းသပ်ကုသကြည့်ပါက အရှုံးမရှိနိုင်ပါ၍ပြန်လည်ရေးသားဝေငှမိပါသည်။
လိုသူယူသုံးစေတနာအပြုံါ်ဖြင့် စိတ်ရွှင်လန်းကြပါစေ…။
Credit:ရဲမျိုးသူ(ဗောဓိမြိုင်)

Comments