Zawgyiဖြင့်ဖတ်ရန်
Credit:Buzzy
Unicodeဖြင့်ဖတ်ရန်
ဘောလိဝုဒ်မင်းသမီးချောအလား ထင်မှတ်မှားရလောက်တဲ့ မန္တလေးသူလေး အိအိန္ဒြေကျော်
အနုပညာလောကထဲကိုစတင်ဝင်ရောက်နေပြီဖြစ်သလို ပရိသတ်တွေကလည်း သူမကိုတော်တော်လေးချစ်ကြတာတွေ့ရပါတယ်
အခုလတ်တလောအနုပညာလောကမှာရေပန်းစားလာသူလေးကတော့ ဘောလိဝုဒ်မင်းသမီးလေးနဲ့တူတဲ့ Ashwarya Kumar ဆိုသူလေးပါပဲ။မန္တလေးမှာမွေးဖွားခဲ့သူဖြစ်ပြီး အိအိန္ဒြေကျော် ဆိုတဲ့မြန်မာနာမည်လေးလည်းပိုင်ဆိုင်ထားသူပါ။
ဘောလိဝုဒ်မင်းသမီးတွေလို မျက်လုံး၊မျက်ခုံးလှလှလေးနဲ့ချောမောလှပသူလေး Ashwarya Kumar ဟာ သြဂုတ်လ ၁၆ရက်နေ့ကတော့ အသက် ၂၀ပြည့်သွားခဲ့ပါပြီတဲ့။သူမရဲ့ မေမေနဲ့ ရွှေတိဂုံဘုရားကိုသွားရောက်ဖူးမျှော်ခဲ့တဲ့ပုံလေးတွေလည်း ဖေ့ဘွတ်ခ်အကောင့်မှာတင်ပေးထားပါတယ်။
သြဂုတ်လ ၁၅ရက်နေ့ကတော့ သရုပ်ဆောင်နေဒွေးနဲ့ပထဆုံး MTV ရိုက်ကူးဖြစ်ခဲ့တဲ့အကြောင်းကိုလည်းသူမကိုချစ်ကြတဲ့ပရိသတ်တွေကို ပြောပြထားပါသေးတယ်။Bo Bo အင်တာတိန်းမန့်ကစီစဉ်တဲ့သီချင်းဗီဒီယိုလေးမှာပါဝင်ထားတာပါ။သူမရဲ့ ပုံလေးတွေထဲမှာ ပရိသတ်တွေအချစ်ဆုံးလို့ပြောလို့ရမယ့်ပုံလေးတွေလည်းရှိပါသေးတယ်။
ဟောလိဝုဒ်မှာ ပထမဆုံးရုပ်ရှင်ရိုက်ကူးခဲ့တဲ့ မြန်မာရုပ်ရှင်မင်းသမီးကြီး ဒေါ်ဝင်းမင်းသန်းရဲ့ပုံစံလေးတိုင်း ပုံဖော်ရိုက်ကူးထားတဲ့ပုံရိပ်လေးတွေပါပဲ။ဘောလိဝုဒ်အနုပညာရှင်တစ်ယောက်ဖြစ်ချင်တယ်ဆိုတဲ့ Ashwarya Kumar ရဲ့ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက်ပြန်ပြီးမျှဝေပေးလိုက်ပါတယ်နော်။
Credit:Buzzy
Comments
Post a Comment