
Zawgyiျဖင့္ဖတ္ရန္
ၿပီးခဲ့တဲ့ ရက္သတၱပတ္(၃)ပတ္ေလာက္က ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးတစ္ဦးဟာ ေရခဲေသတၱာထဲက မသန႔္ရွင္းတဲ့ သစ္သီးကို စားမိခဲ့ပါတယ္။ ရလဒ္အေနနဲ႔ သူမကိုယ္ဝန္ဟာ သားအိမ္ထဲမွာပဲ စိတ္မေကာင္းဖြယ္ရာ ေသဆုံးသြားခဲ့ေၾကာင္း သိရပါတယ္။ တ႐ုတ္ႏိုင္ငံ ဇီက်န္းျပည္နယ္မွာ ျဖစ္ပြားခဲ့တဲ့ ယင္းျဖစ္ရပ္မွာ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးဟာ (၅)လသား ကိုယ္ဝန္ကို လြယ္ထားရတာပါ။
China Press သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ကိုယ္ဝန္ပ်က္စီးခဲ့တဲ့ အမ်ိဳးသမီးဟာ အသက္(၂၀) ဝန္းက်င္ပဲ ရွိပါေသးတယ္။ ေရခဲေသတၱာထဲက သစ္သီးကို စားၿပီးေနာက္ သူမက မၾကာခင္မွာ အဖ်ားေတြႀကီးၿပီး ေခါင္းကိုက္လာခဲ့တာပါ။ အဖ်ားႀကီးလာတာေၾကာင့္ မိသားစုက သူမကို ခ်က္ျခင္းပဲ ေဆး႐ုံတင္ေပးခဲ့ပါတယ္။ ဒါေပမယ့္ သိပ္ေနာက္က်သြားခဲ့ပါၿပီ။ ဆရာဝန္ေတြက အာထရာေဆာင္း ႐ိုက္ၾကည့္တဲ့အခါမွာေတာ့ သားအိမ္ထဲက ကေလးဟာ ေသဆုံးေနခဲ့ပါၿပီ။
မီးယပ္ပါရဂူတစ္ဦးျဖစ္တဲ့ ေဒါက္တာေလ်ာင္းက “ကိုယ္ဝန္သည္အမ်ိဳးသမီးက Listeria monocytogenes လို႔ေခၚတဲ့ ဘက္တီးရီးယား အကူးစက္ခံရတာပါ။ ေရခဲေသတၱာထဲမွာက အသားစိမ္းေတြလည္း ရွိေတာ့ ဘက္တီးရီးယားေတြ ေပါက္ဖြားဖို႔ အရမ္းေကာင္းတာေပါ့။ သစ္သီးေတြကို သီးသန႔္ခြဲမထားပဲ အသားစိမ္းေတြနဲ႔ အတူေရာထားရာကေန အသီးေတြထဲကို ဘက္တီးရီးယားေတြ ကူးသြားတာပါ။” လို႔ဆိုပါတယ္။
ဒါ့အျပင္ ေဒါက္တာေလ်ာင္းက Listeria monocytogenes ေတြဟာ အပူခ်ိန္နိမ့္တဲ့ ေရခဲေသတၱာလို ေနရာမ်ိဳးေတြမွာ ရွင္သန္ႏို္င္တယ္လို႔ ဆိုပါေသးတယ္။ ၎ဘက္တီးရီးယားေတြဟာ အႏုတ္(၂၀)ဒီဂရီရွိတဲ့ အပူခ်ိန္မွာေတာင္ သက္တမ္းတစ္ႏွစ္အထက္ အသက္ရွင္ႏိုင္ပါတယ္။ သာမန္ဆိုရင္ အ႐ြယ္ေရာက္ၿပီး က်န္းမာတဲ့ လူတစ္ေယာက္အတြက္ ယင္းဘက္တီးရီးယားေတြက အန ၱရာယ္မျပဳႏိုင္ေပမယ့္ ႏုနယ္ၿပီး ကိုယ္ခံအားမျပည့္စုံေသးတဲ့ သေႏၶသားေတြကိုေတာ့ အန ၱရာယ္ျဖစ္ေစႏိုင္ပါတယ္။ အခုျဖစ္ရပ္မွာေတာ့ ဘက္တီးရီးယားေတြဟာ မိခင္အခ်င္းကေန တဆင့္ အမိုင္ႏို ေရၾကည္ေတြဆီကေန ကေလးေတြကို ကူးစက္သြားတာျဖစ္ပါတယ္။
Listeria ဘက္တီးရီးယားေတြကို ေျမႀကီး၊ ေရနဲ႔ တိရစာၦန္မစင္ေတြမွာေတြ႕ႏိုင္ပါတယ္။ ဒါေၾကာင့္ Listeria ဘက္တီးရီးယားကူးစက္မႈကေန ကာကြယ္ႏိုင္ေအာင္ ပိုးမသတ္ထားရေသးတဲ့ ႏို႔၊ ဒိန္ခဲေတြနဲ႔ အသားစိမ္းေတြကို အသီးအႏွံေတြနဲ႔ ေရာေႏွာမထားပဲ သီးသန႔္ေသခ်ာစြာ ထုပ္ပိုးထားသင့္ပါတယ္။ ဒါတင္မကေသးပါဘူး။ အစားအေသာက္ေတြ၊ အသီးအႏွံေတြကို ျပင္ဆင္တဲ့ အခါမွာလည္း လက္ကို ေသခ်ာေဆးေၾကာေပးဖို႔ လိုအပ္ပါတယ္။ အထူးသျဖင့္ ကိုယ္ဝန္ေဆာင္ေတြအေနနဲ႔ သေႏၶသားအတြက္ အန ၱရာယ္ကင္းေအာင္ အသီးအႏွံေတြကို ေဆးေၾကာတဲ့အခါမွာ ဘရပ္ရွ္နဲ႔ တိုက္ၿပီး သန႔္စင္ေအာင္ ေဆးေၾကာၿပီးမွ စားသုံးသင့္ေၾကာင္း ေဖာ္ျပလိုက္ပါတယ္။
Credit:လင္းလင္း (ShweMom)
Ref: worldofbuzz
Unicodeဖြင့်ဖတ်ရန်
ရေခဲသေတ္တာထဲ ထည့်ထားတဲ့ သစ်သီးကို စားမိပြီး ကိုယ်ဝန်ပျက်ကျသွားခဲ့တဲ့ အမျိုးသမီး
ပြီးခဲ့တဲ့ ရက်သတ္တပတ်(၃)ပတ်လောက်က ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးဟာ ရေခဲသေတ္တာထဲက မသန့်ရှင်းတဲ့ သစ်သီးကို စားမိခဲ့ပါတယ်။ ရလဒ်အနေနဲ့ သူမကိုယ်ဝန်ဟာ သားအိမ်ထဲမှာပဲ စိတ်မကောင်းဖွယ်ရာ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ တရုတ်နိုင်ငံ ဇီကျန်းပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ယင်းဖြစ်ရပ်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ (၅)လသား ကိုယ်ဝန်ကို လွယ်ထားရတာပါ။
China Press သတင်းဌာနရဲ့ ဖော်ပြချက်အရ ကိုယ်ဝန်ပျက်စီးခဲ့တဲ့ အမျိုးသမီးဟာ အသက်(၂၀) ဝန်းကျင်ပဲ ရှိပါသေးတယ်။ ရေခဲသေတ္တာထဲက သစ်သီးကို စားပြီးနောက် သူမက မကြာခင်မှာ အဖျားတွေကြီးပြီး ခေါင်းကိုက်လာခဲ့တာပါ။ အဖျားကြီးလာတာကြောင့် မိသားစုက သူမကို ချက်ခြင်းပဲ ဆေးရုံတင်ပေးခဲ့ပါတယ်။ ဒါပေမယ့် သိပ်နောက်ကျသွားခဲ့ပါပြီ။ ဆရာဝန်တွေက အာထရာဆောင်း ရိုက်ကြည့်တဲ့အခါမှာတော့ သားအိမ်ထဲက ကလေးဟာ သေဆုံးနေခဲ့ပါပြီ။
မီးယပ်ပါရဂူတစ်ဦးဖြစ်တဲ့ ဒေါက်တာလျောင်းက “ကိုယ်ဝန်သည်အမျိုးသမီးက Listeria monocytogenes လို့ခေါ်တဲ့ ဘက်တီးရီးယား အကူးစက်ခံရတာပါ။ ရေခဲသေတ္တာထဲမှာက အသားစိမ်းတွေလည်း ရှိတော့ ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့ အရမ်းကောင်းတာပေါ့။ သစ်သီးတွေကို သီးသန့်ခွဲမထားပဲ အသားစိမ်းတွေနဲ့ အတူရောထားရာကနေ အသီးတွေထဲကို ဘက်တီးရီးယားတွေ ကူးသွားတာပါ။” လို့ဆိုပါတယ်။
ဒါ့အပြင် ဒေါက်တာလျောင်းက Listeria monocytogenes တွေဟာ အပူချိန်နိမ့်တဲ့ ရေခဲသေတ္တာလို နေရာမျိုးတွေမှာ ရှင်သန်နိုင်တယ်လို့ ဆိုပါသေးတယ်။ ၎င်းဘက်တီးရီးယားတွေဟာ အနုတ်(၂၀)ဒီဂရီရှိတဲ့ အပူချိန်မှာတောင် သက်တမ်းတစ်နှစ်အထက် အသက်ရှင်နိုင်ပါတယ်။ သာမန်ဆိုရင် အရွယ်ရောက်ပြီး ကျန်းမာတဲ့ လူတစ်ယောက်အတွက် ယင်းဘက်တီးရီးယားတွေက အန ္တရာယ်မပြုနိုင်ပေမယ့် နုနယ်ပြီး ကိုယ်ခံအားမပြည့်စုံသေးတဲ့ သန္ဓေသားတွေကိုတော့ အန ္တရာယ်ဖြစ်စေနိုင်ပါတယ်။ အခုဖြစ်ရပ်မှာတော့ ဘက်တီးရီးယားတွေဟာ မိခင်အချင်းကနေ တဆင့် အမိုင်နို ရေကြည်တွေဆီကနေ ကလေးတွေကို ကူးစက်သွားတာဖြစ်ပါတယ်။
Listeria ဘက်တီးရီးယားတွေကို မြေကြီး၊ ရေနဲ့ တိရစ္ဆာန်မစင်တွေမှာတွေ့နိုင်ပါတယ်။ ဒါကြောင့် Listeria ဘက်တီးရီးယားကူးစက်မှုကနေ ကာကွယ်နိုင်အောင် ပိုးမသတ်ထားရသေးတဲ့ နို့၊ ဒိန်ခဲတွေနဲ့ အသားစိမ်းတွေကို အသီးအနှံတွေနဲ့ ရောနှောမထားပဲ သီးသန့်သေချာစွာ ထုပ်ပိုးထားသင့်ပါတယ်။ ဒါတင်မကသေးပါဘူး။ အစားအသောက်တွေ၊ အသီးအနှံတွေကို ပြင်ဆင်တဲ့ အခါမှာလည်း လက်ကို သေချာဆေးကြောပေးဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်တွေအနေနဲ့ သန္ဓေသားအတွက် အန ္တရာယ်ကင်းအောင် အသီးအနှံတွေကို ဆေးကြောတဲ့အခါမှာ ဘရပ်ရှ်နဲ့ တိုက်ပြီး သန့်စင်အောင် ဆေးကြောပြီးမှ စားသုံးသင့်ကြောင်း ဖော်ပြလိုက်ပါတယ်။
Credit:လင်းလင်း (ShweMom)
Ref: worldofbuzz
Comments
Post a Comment