နားကိုက္ျခင္းကို ခ်က္ခ်င္း သက္သာေပ်ာက္ကင္းေစတဲ့ ဂ်င္းအစက္ခ်ေဆးရည္



Zawgyiျဖင့္ဖတ္ရန္

အခ်ိန္မေတာ္နားကိုက္၍႐ုတ္တရပ္ေဆးဝယ္ရန္ ခက္ခဲကာ ဘာလုပ္ရမည္မသိ လူအေတာ္မ်ားမ်ားႏွင့္ မိသားစုဝင္မ်ားထဲတြင္ ျဖစ္ဖူးတတ္ၾကပါလိမ့္မည္။
ထိုသို႔ျဖစ္ပါလွ်င္ ေဆးဖက္ဝင္အာနိသင္ျဖင့္ ျပည့္ဝေနေသာ အိမ္တိုင္းမီးဖိုေဆာင္တြင္ေဆာင္ ထားတတ္သည့္သဘာဝခ်င္းကို သတိရၾကပါ။
မခံမရႏိုင္ေအာင္ နားကိုက္ျခင္း အတြက္ လတ္ဆတ္ေသာ ခ်င္းကို ေရျဖင့္သန႔္စင္ေအာင္ ေဆးေၾကာၿပီး ထုေထာင္း၍ အရည္ထုတ္ယူပါ။ တိုင္းရင္းေဆးပညာအေခၚအရ သတၱဳရည္ဟု ေခၚပါသည္။ ရရွိေသာဂ်င္းသတၱဳရည္ကို သန႔္စင္ေသာစတီးဇြန္းထဲသို႔ထည့္ၿပီး ဖေယာင္း မီးေလးျဖင့္ ပူ႐ုံမွ် အပူေပးပါ။ ေႏြးေႏြးေလးဆိုရပါၿပီ။ ကိုက္ေနေသာနားအတြင္းသို႔(၅) စက္မွ်ခ်ေပးလိုက္ပါ။ နားကိုက္ျခင္းေရာဂါ သက္သာေပ်ာက္ကင္းသြားပါမည္။
ထိုနည္းမွာ #ခ်င္း နားအစက္ခ်ေဆးနည္းျဖစ္ပါသည္။
မိမိကိုယ္တိုင္လည္းခံစားဖူးသလို၊မိသားစုဝင္လူႀကီး/ကေလးမ်ား နားကိုက္ျခင္းေဝဒနာခံစားရပါက တင္ျပပါ ခ်င္းနားအစက္ခ်ေဆးရည္နည္းျဖင့္သာ ကုသေပးခဲ့ၿပီး သက္သာေပ်ာက္ကင္းျခင္း မ်ိဳးရွိခဲ့ပါသည္။
သင့္မိသားစုတြင္နားကိုက္ပါက ထူးထူးေထြေထြ မလိုဘဲ အိမ္တိုင္း ၏မီးဖိုေဆာင္တြင္ အၿမဲ အသင့္ရွိေနတတ္ေသာ ခ်င္းတစ္မ်ိဳးသာ လိုပါေၾကာင္း သိမီသမွ်တင္ျပလိုက္ပါသည္။
အကိုးအကား
တိုင္းရင္းေဆးပညာဦးစီးဌာန သုေတသနႏွင့္ဖြံ႕ၿဖိဳးေရးမွထုတ္ေဝေသာ လက္ေတြ႕အသုံးခ် ေဆးဖက္ဝင္အပင္မ်ား အတြဲ(၁)
Credit:ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

Unicodeဖြင့်ဖတ်ရန်

နားကိုက်ခြင်းကို ချက်ချင်း သက်သာပျောက်ကင်းစေတဲ့ ဂျင်းအစက်ချဆေးရည်

အချိန်မတော်နားကိုက်၍ရုတ်တရပ်ဆေးဝယ်ရန် ခက်ခဲကာ ဘာလုပ်ရမည်မသိ လူအတော်များများနှင့် မိသားစုဝင်များထဲတွင် ဖြစ်ဖူးတတ်ကြပါလိမ့်မည်။
ထိုသို့ဖြစ်ပါလျှင် ဆေးဖက်ဝင်အာနိသင်ဖြင့် ပြည့်ဝနေသော အိမ်တိုင်းမီးဖိုဆောင်တွင်ဆောင် ထားတတ်သည့်သဘာဝချင်းကို သတိရကြပါ။
မခံမရနိုင်အောင် နားကိုက်ခြင်း အတွက် လတ်ဆတ်သော ချင်းကို ရေဖြင့်သန့်စင်အောင် ဆေးကြောပြီး ထုထောင်း၍ အရည်ထုတ်ယူပါ။ တိုင်းရင်းဆေးပညာအခေါ်အရ သတ္တုရည်ဟု ခေါ်ပါသည်။ ရရှိသောဂျင်းသတ္တုရည်ကို သန့်စင်သောစတီးဇွန်းထဲသို့ထည့်ပြီး ဖယောင်း မီးလေးဖြင့် ပူရုံမျှ အပူပေးပါ။ နွေးနွေးလေးဆိုရပါပြီ။ ကိုက်နေသောနားအတွင်းသို့(၅) စက်မျှချပေးလိုက်ပါ။ နားကိုက်ခြင်းရောဂါ သက်သာပျောက်ကင်းသွားပါမည်။
ထိုနည်းမှာ #ချင်း နားအစက်ချဆေးနည်းဖြစ်ပါသည်။
မိမိကိုယ်တိုင်လည်းခံစားဖူးသလို၊မိသားစုဝင်လူကြီး/ကလေးများ နားကိုက်ခြင်းဝေဒနာခံစားရပါက တင်ပြပါ ချင်းနားအစက်ချဆေးရည်နည်းဖြင့်သာ ကုသပေးခဲ့ပြီး သက်သာပျောက်ကင်းခြင်း မျိုးရှိခဲ့ပါသည်။
သင့်မိသားစုတွင်နားကိုက်ပါက ထူးထူးထွေထွေ မလိုဘဲ အိမ်တိုင်း ၏မီးဖိုဆောင်တွင် အမြဲ အသင့်ရှိနေတတ်သော ချင်းတစ်မျိုးသာ လိုပါကြောင်း သိမီသမျှတင်ပြလိုက်ပါသည်။
အကိုးအကား
တိုင်းရင်းဆေးပညာဦးစီးဌာန သုတေသနနှင့်ဖွံ့ဖြိုးရေးမှထုတ်ဝေသော လက်တွေ့အသုံးချ ဆေးဖက်ဝင်အပင်များ အတွဲ(၁)
Credit:ရဲမျိုးသူ(ဗောဓိမြိုင်)

Comments