ဝေါဟာရ ကြွယ်​တဲ့​​နေရာ တုနှိုင်း​မမှီတဲ့ မြန်​တိုင်းပြည်​ရယ်

Image result for human shit
====================================
တခါက ရွာတရွာကို မြန်မာစာ
မြန်မာစကားလုံး ​ဝေါဟာရ အကြောင်းများ
လေ့လာနေတဲ့ နိုင်ငံခြားသား၁ယောက် ရောက်လာတယ်။
ရွာခံသူ့မိတ်ဆွေအိမ်ကိုသွားပြီး မြန်မာစကားနဲ့ဝေါဟာရအကြောင်း သိလိုကြောင်းပြော
တော့ရွာခံမှ တညအိပ်ပြီးမိုးလင်းရင်သိရမယ်လို့ပြောပြီး တညသိပ်လိုက်တယ်။

မိုးလင်းလို့ အလင်းရောင်ထွက်ချိန်မှာ မနက်စာစားသောက်ပြီး နိုင်ငံခြားသားကိုရွာလယ်လမ်းမကြီးအတိုင်း ခေါ်သွားပြီး
ရွာထိပ်က လမ်းလယ်ခေါင်မှာ
မစင် ပုံ အကြီးကြီးကိုပြလိုက်တယ်။
ပြပြီး​သည့်​​နောက်
`` မိတ်ဆွေ​ရေ ၊ ဒါကို " မစင် "လို့ခေါ်တယ် ။
မိတ်​​ဆွေသိလိုတဲ့အကြောင်းကို ဒီသစ်ပင်အောက်ကနေ စောင့်ကြည့်ရအောင် လို့ပြောပြီး မလှမ်းမကမ်းက သစ်ပင်အောက်က စောင့်ကြည့်ကြတယ်။
တအောင့်နေတော့ အကြော်သည်တယောက်အကြော်ရောင်းရင်း မစင်ပုံနားကိုရောက်လာပြီး တွေ့သွားတော့
"ဟယ်!!! လမ်းလယ်ကြီးမှာ
ဘယ်သူ -#ျီးလာပါသွားလဲမသိဘူး"လို့ပြောသွားတယ်။
နိုင်ငံခြားသားကြီးလဲ မှတ်ထားလိုက်တယ်။
ဘုန်းကြီးကျောင်းသားလေး၂ယောက်ရောက်လာပြန်တော့
"ဟာ!!! #အီးတွေ အီးတွေ တက်နင်းမိအုံးမယ်"လို့ပြောပြီး ထွက်ပြေးသွားကြတယ်။နိုင်ငံခြားသားကြီးလဲ ပြုံးပြီးမှတ်ထားလိုက်တယ်။
၂နှစ်အရွယ်သားလေးကိုလက်ဆွဲပြီး သားအမိ၂ယောက်ဖြတ်သွားပြန်တယ်"ဟယ်!သားသားရေ
#ဘွတ်ဘွတ်တွေ ဒီဖက်ကိုလာ ဒီဖက်ကိုလာ"လို့ပြောပြီးကလေးကိုချီပြီးထွက်သွားပြန်
ရော...။ဟိုလူလဲမှတ်လိုက်ပြန်ရော....။
အဘွားအို၁ယောက်ဆွဲခြင်းလေးဆွဲပြီး ရောက်လာပြန်တယ်။
"အမလေးးး!လမ်းမကြီးမှာ ဘယ်သူအရှက်မရှိ #အခင်းသွားထားလဲမသိဘူးးး ဒုက္ခ ဒုက္ခ..."ဆိုပြီးရှောင်သွားပြန်တယ်။
ဟိုလူလဲခေါင်းလေးကုတ်ပြီး ထပ်မှတ်ရရော....
ယောင်္ကျားကြီး၁ယောက်အိတ်ကြီးလွယ်ပြီး
ခပ်သွက်သွက်လျှောက်လာပြီး မစင်ပုံနားရောက်လာပြီး မြင်​သွားပြန်​​တော့
"ဟာ!!!ဘယ်ကောင်ဒီမှာ #ကျင်ကြီးတွေစွန့်သွားလဲမသိဘူးကွာ"ဆိုပြီးဆက်လျှောက်သွားတယ်။
နိုင်ငံခြားသားကြီးလဲ သက်ပြင်းချပြီးမှတ်လိုက်ပြန်တယ်။
တခါ သစ်ခုတ်ပြီးပြန်လာတဲ့ သစ်ခုတ်သမား၂ယောက်
ဖြတ်သွားပြီးတွေ့သွားတဲ့အခါ
"ဟေ့လူ! ဟေ့လူ! အရှေ့မှာ #ဝမ်းသွား ထားတာတွေ
ရှောင်သွားအုံးဟ" ဆိုပြီး အော်ဟစ်သွားကြပြန်တယ်။
ဟိုလူလဲ မျက်နှာတွေပျက်ပြီး မှတ်လိုက်ပြန်တယ်။😂
မိန်းမရွယ်လေး၃ယောက် ဖြည်းဖြည်းလေးလျှောက်လာရင်းဖြတ်သွားတဲ့အခါ
"အမလေးတော့! လမ်းလယ်ကြီးမှာ #အလေး တွေသွားထားတာ ရွံ့စရာကြီး "ဆိုပြီး တယောက်လက်တယောက်ဆွဲပြီး သွက်သွက်လေးရှောင်ပြီးထွက်သွားကြပြန်ရော.....
နိုင်ငံခြားသားကြီးလဲ လက်၂ဖက်နဲ့ ခေါင်းကို
တဗျင်းဗျင်းကုတ်ပြီးမှတ်နေတယ်😂
ဆေးဆရာဦးတုတ်ကြီး တောထဲဆေးခူးဖို့ထွက်လာတော့
မစင်ပုံနားကဖြတ်သွားတော့ " အလိုလေးလေးး!
လမ်းမှာ #ဓာတ်တွေ သွားထားပါလား" ဆိုပြီးပြောသွားပြန်ရော....😂
ဟိုလူကြီးလဲသက်ပြင်းတွေအခါခါချရင်း
မှတ်လိုက်ပြန်ရော😂
ကျောင်းဆရာကြီးဦးမြကျောင်းသွားဖို့ထွက်လာရင်း
တွေ့သွားတဲ့အခါ " စည်းမရှိ ကမ်းမရှိ လမ်းမကြီးမှာ
#နောက်ဖေးတွေ သွားထားပါလား" လို့ပြောသွားပြန်တယ်။
နိုင်ငံခြားသားကြီးလဲ ခေါင်းတခါခါနဲ့ မှတ်ထားလိုက်ရတာပေါ့....😄
ကိုသာအေး ထန်းရည်မူးပြီး ယိုင်ထိုး ယိုင်ထိုးနဲ့ရောက်လာတော့ " ဘယ်ငတိ ရွာလယ်လမ်းမှာ
#ဗုံးကျဲ သွားလဲမသိဘူး...ထွီ"တဲ့....
ဟိုလူလဲ တောက်တခေါက်ခေါက်နဲ့မှတ်လို့....😄
ရွာထဲကငွေတိုးချေးတဲ့ ဒေါ်ဂျမ်းဘုံ ၁ယောက် အကြွေးတောင်းမရလို့ စိတ်တွေဆိုးပြီး မစင်ပုံဘေးကဖြတ်ရတဲ့အခါ လက်၂ဖက်နဲ့ ထမီကို မပြီး
သစ်ပင်အောက်က၂ယောက်ကို ကြည့်ပြီးပြောလိုက်တာကတော့
" #ဘယ်သေနာကျ #လမ်းလယ်ခေါင်မှာ #ကာလနာတိုက် ထားလဲမသိဘူး" တဲ့
😂😂😂
#Credit_TKO

Comments