
Zawgyiဖြင့်ဖတ်ရန်
ဖိုးလပြည့်ရဲ့ ဖခင်
“ ဒေါက်တာနေစိုးမောင်´´


…
Credit#Doctor Kyaw Min
Unicodeဖြင့်ဖတ်ရန်
ဖိုးလပြည့်မှ ဘဝဆက်တိုင်း မိဘတော်ရပါလို၏ ပြောသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သားမက် ဖိုးလပြည့်ရဲ့ ဖခင် ဒေါက်တာနေစိုးမောင်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သားမက်
ဖိုးလပြည့်ရဲ့ ဖခင်
“ ဒေါက်တာနေစိုးမောင်´´
လိုအပ်တဲ့ ဆေးဝါးတွေကို ကားပေါ်တင် ကိုယ်တိုင်ကားမောင်းကာ ကားဝင်လို့ မောင်းလို့ရတဲ့ နရာအထိ ကားမောင်းသွားပြီး ရန်ကုန်မြို့စွန်ချောင် ကြိုချောင်ကြားက မရှိနွမ်းပါး ဆင်းရဲသားများကိုတ ယောက်ထဲ အခမဲ့ စေတနာနဲ့ဆေးကုသမှု့ပေးနေသူပါ
သူ ဆေးကုသမှု့ပေးနေသူတွေဟာ မရှိနွမ်းပါသူဆင်းရဲသားအများစုဖြစ်တာကြောင့် ဆေးရုံဆေးခန်းကိုသွါး ရောက်ပြသဖို့ လမ်းစရိတ်တောင် ရှိသူတွေမဟုတ်ပါဘူး
သူထံမှာကုသမှု့ပေးပြီး လိုအပ်လို့ ဆေးရုံသွားမှဖြစ်မဲ့ လူနာများကိုလည်း ကိုယ်တိုင်သက်ဆိုင်ရာ ဆေးရုံ (ကလေးဆေးရုံ/အမျိုးသမီးဆေးရုံ/ရန်ကုန်ဆေးရုံကြီး) စသည်ဖြင့် လိုက်လံပို့ဆောင်လွှဲပြောင်းကုသစေခဲ့ပါတယ် …
သူဟာ သာမန်ဆရာဝန်တယောက်မဟုတ်တဲ့ အထူးကု ပါရဂူတယောက်ဖြစ်ပါတယ် …ထို့အပြင် ယခုထက်အကျယ်တင်ပြရလျင် …
သူဟာ တချိန်က တပ်မတော်မှာ ဗိုလ်မှုးကြီးအဆင့်ထိ တာဝန်ထမ်းခဲ့ဘူးတဲ့ စစ်မှု့ထမ်းတယောက်ဖြစ်ခဲ့ဘူးပါတယ် …
တပ်မတော်မှာ စစ်မှု့ထမ်းခဲ့တဲ့ ဆရာဝန်တယောက်ဆိုလို့ အထင်သေးလို့တော့မရပါဘူးး။ သူဟာ ဆရာဝန်ငယ်ဘဝမှာ ဆိုးဝါးလှတဲ့ ရှေ့တန်းစစ်
မြေပြင်တွေမှာနှစ်များစွာတာဝန်ထမ်းဆောင်ခဲ့ဘူးသလို တပ်မတော်သားတိုင်းးလုပ်ချင်ပေမဲ့ မလုပ်နိုင်တဲ့ အင်မတန် ပြင်းထန်တဲ့လေ့ကျင့်ခဏ်းတွေနဲ့လေ့ကျင့်မှတက်ရောက်ခွင့်ရတဲ့ လေထီးခုန်ခြင်းသင်တန်းကိုတက်ရောက်အောင်မြင်ခဲ့ဘူးတဲ့ လေထီးစစ်သားဆရာဝန်တဦးလည်းဖြစ်ပါတယ် …
ထို့အတူဘဲ လေထီးသင်တန်းလိုအင်မတန်ပြင်းထန် တဲ့လေ့ကျင့်ခဏ်းတွေနဲ့ လုပ်ဆောင်ရတဲ့ နောက်သင်တန်းတခုကိုလည်းတက်ရောက်အောင်မြင်ခဲ့ပါသေးတယ် … ဒီသင်တန်းကတော့ အကြမ်းဖက်နှီမ်နှင်းရေးး ( အထူးလုံခြုံရေး သင်တန်း)ကိုပထမဆုံးစတင်တက်ရောက်အောင်မြင်ခဲ့တဲ့ဆရာဝန်တဦးလည်းဖြစ်ခဲ့ပါတယ်
(ယနေ့ချိန်မှာတော့ထိုတပ်ဖွဲ့ဝင်များသည်နိုင်ငံတော်အကြီးအကဲများနှင့်ဧည့်သည်တော်ကြီးများအားအနီးကပ်လုံခြုံရေးဆောင်ရွက်နေသည့်အဖွဲ့အစီးတခုဖြစ်နေပေပြီ ) …
သူရဲ့ဂုဏ်ပုဒ်များကို ဖော်ပြလျင်ကုန်မည်မထင် !! တချိန်က မြန်မာ့တပ်မတော်တွင်(ဗိုလ်ချုပ်အဆင့်ရာထူး)ရ ရှိသူသည်ငါးဦးထက်မပိုပေ … ထိုအဆင့်ထဲတွင် သူ၏ဖခင်သည်လည်းတယောက်အပါအဝင်ဖြစ်ပေသည် … ဖခင်ရာထူးအရှိန်အဝါဖြင့် ဂုဏ်မောက်၍ပြောဆိုဆက် ဆံနေထိုင်ခြင်းမရှိ …
သာမန်လူတဦးကဲ့သို့သာ အချိန်ပြည့်ပြုံးရွှင်လျက် နေထိုင်သူတဦးဖြစ်သည်။ အထက်တွင်ပြောခဲ့သလို သူ့အကြောင်းများကချီးမွမ်း မကုန်ပြောမကုန်တော့ပါ …
အင်မတန်စိတ်ရင်းဖြူစင်သော မာန်မာနမရှိသော ပုဂ္ဂိုလ်တဦးသာဖြစ်ပေသည် … ထာဝစဉ်လေးစားလျက်ပါ အကိုကြီးခင်ဗျာ …
…
Credit#Doctor Kyaw Min
Comments
Post a Comment