
အရမ္းခင္ၾကတဲ့ bff သူငယ္ခ်င္း မိန္းကေလးႏွစ္ေယာက္ ဆုံမိၾကၿပီဆိုရင္ ဘယ္လို ေပါက္ကရႏိုင္တဲ့ အျပဳအမူေတြ ျပဳလုပ္တတ္ၾကလဲ ဆိုတာကို စဥ္းစားမိၾကလား။ မိန္းကေလးေတြ ျဖစ္လို႔ အတင္းေတြေျပာၾကမွာပဲ ဆိုတာေတာ့ မွန္ေပမယ့္ တျခားဘယ္လို လူမသိသူမသိ လွ်ိဳ႕ဝွက္စြာ ျပဳလုပ္တတ္ၾကတဲ့ ေပါက္ကရအျပဳအမူေတြ အမ်ားႀကီးရွိေနပါတယ္။ ဘာေတြလဲဆိုေတာ့…
(၁) သန႔္စင္ခန္းတူတူသြားၾကတယ္
မိန္းကေလးအမ်ားစုက သန႔္စင္ခန္းသြားရင္ တစ္ေယာက္ထဲ သြားတာခပ္ရွားရွားပါပဲ။ တစ္ေယာက္က အျပင္မွာ ရပ္ေစာင့္ေပးတာမ်ိဳး၊ သန႔္စင္ခန္းထဲက မွန္ကို တူတူၾကည့္ၿပီး မိတ္ကပ္ပ်က္ေနလား၊ ႏႈတ္ခမ္းနီပ်က္ေနသလား စသျဖင့္ အျပန္အလွန္ၾကည့္ေပး တတ္ၾကပါတယ္။ bff မိန္းကေလး ႏွစ္ေယာက္ ဆုံမိၿပီဆိုတာနဲ႔ သန႔္စင္ခန္း တူတူသြားၾကၿပီး တစ္ေယာက္နဲ႔ တစ္ေယာက္ ေစာင့္ေပးၾကပါတယ္။
(၂) ခႏၶာကိုယ္အနံ႔အသက္ ရွဴၾကည့္ခိုင္းတယ္
အရမ္းခင္ၾကတဲ့ မိန္းကေလးသူငယ္ခ်င္းႏွစ္ေယာက္က တစ္ေယာက္နဲ႔တစ္ေယာက္ မ႐ြံမရွာ ခႏၶာကိုယ္အနံ႔အသက္ နံေနလားဆိုတာကိုလည္း အျပန္အလွန္ရွဴရႈိက္ခိုင္းၾကည့္ၿပီး ေမးတတ္ၾက ပါေသးတယ္။ ခံတြင္းနံ႔ေနလားဆိုၿပီး တစ္ေယာက္မ်က္ႏွာကို ေလမႈတ္ရွဴၾကည့္ခိုင္း တာမ်ိဳး၊ ေခြၽးနံ႔ နံေနသလားဆိုၿပီး အက်ီကႋု ရွဴရႈိက္ခိုင္းၾကည့္တာမ်ိဳး အျပန္အလွန္ ျပဳလုပ္တတ္ၾကပါတယ္တဲ့။
(၃) ကိုယ္ပိုင္ပစၥည္းေတြကို sharingလုပ္ၾကတယ္
တစ္ဦးနဲ႔ တစ္ဦး Personal items ေတြကို အတူတူမွ်သုံးတတ္ၾကပါေသးတယ္။ မ်က္ႏွာသုတ္ပုဝါ၊ အဝတ္အစား၊ အလွကုန္ ေတြကိုလည္း အတူတူေဝမွ် သုံးစြဲတာကို ဝါသနာပါၾကသူေတြပါ။ ေသာက္ေရခြက္ကို တစ္ခြက္ထဲ တူတူေသာက္တာမ်ိဳး၊ အခ်ိဳရည္ပိုက္ကိုလည္း မ႐ြံမရွာ တူတူ စုပ္ေသာက္တာမ်ိဳး ေဝမွ် သုံးစြဲတတ္ၾကပါတယ္။
(၄) အလွျပင္ၾကတယ္
မိန္းကေလးႏွစ္ေယာက္ ဆုံမိၿပီး အခန္းထဲမွာ တိုးတိုးတိတ္တိတ္ဘာေတြ ႀကိတ္လုပ္ေနၾကလဲ ဆိုရင္ေတာ့ အျပန္အလွန္ အလွျပင္ေပးေနတာမ်ိဳး၊ အဝတ္ေတြကို တစ္ထည္ၿပီးတစ္ထည္လဲၿပီး လွလွပပဓာတ္ပုံေတြ ႐ိုက္ၾကတာမ်ိဳး ေပ်ာ္စရာေတြကို ဖန္တီးေနၾကတာပါ။ မ်က္ႏွာေပါင္းတင္၊ ဆံပင္ေပါင္းတင္ၾကၿပီး beauty blogger ႀကီးလို တစ္ေယာက္နဲ႔ တစ္ေယာက္ အလွအပေရးရာေတြေေဆြးေႏြးတတ္ၾကပါေသးတယ္။
(၅) တင္၊ ရင္ဆိုဒ္တိုင္းတာၾကတယ္
ကိုယ့္ရဲ႕ ခႏၶာကိုယ္အခ်ိဳးအစားကို လူေတြအသိမခံေပမယ့္ အရမ္းခင္ၾကတဲ့ သူငယ္ခ်င္းႏွစ္ေယာက္ ကေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ သိၾကပါတယ္။ အတြင္းသိအဆင္းသိ သူငယ္ခ်င္းေတြ ဆိုတာမ်ိဳးေပါ့။ တင္၊ ရင္ ဆိုဒ္ကေတာ့ ဘယ္ေလာက္ရွိတယ္၊ ဘယ္လို bra က ဝတ္လို႔ ေကာင္းတယ္ ဆိုတာမ်ိဳး လူမသိ၊ သူမသိ ေပါက္ကရေတြ ေျပာဆိုတတ္ၾကပါတယ္။
(၆) ညစ္တီးညစ္ပတ္စကားေတြေျပာဆိုၾကတယ္
အျပင္မွာေတာ့ လူေရွ႕သူေရွ႕ယဥ္ေက်းသိမ္ေမြ႕တဲ့ စကားလုံးမ်ိဳးအသုံးျပဳ ေျပာဆိုတတ္ေပမယ့္ သူငယ္ခ်င္းႏွစ္ေယာက္ထဲ ရွိတဲ့အခ်ိန္မ်ိဳးမွာ ဆဲတဲ့စကားလုံေတြလည္း သုံးမိၾကမွာပါပဲ။ ေနာက္ၿပီး ဘယ္ဘဲကေတာ့ ေရလည္လည္လန္းတယ္၊ ေကာင္ေလးေတြရဲ႕ ဘယ္အစိတ္အပိုင္းကို စိတ္ဝင္စားတယ္၊ ခ်စ္သူနဲ႔ ေတြ႕တဲ့အခါမွာ ဘာေတြလုပ္ျဖစ္ၾကတယ္ စသျဖင့္ေပါ့ ပြင့္လင္းတတ္ၾကၿပီး တခါတေလဆိုရင္ ညစ္တီးညစ္ပတ္ အေၾကာင္းအရာေတြကိုလည္း ေဆြးေႏြးေျပာဆို တတ္ၾကပါတယ္တဲ့။
ဒီေတာ့… သင္တို႔ သူငယ္ခ်င္း ႏွစ္ေယာက္ကေရာ… ဆုံမိၾကၿပီဆိုတာနဲ႔ ဘာေတြလုပ္ျဖစ္ၾကလဲ ဆိုတာေျပာျပခဲ့ပါဦး…
Credit:နန္း (ေ႐ႊအင္းေလး)
UniCodeဖြင့်ဖတ်ရန်
မိန်းကလေးသူငယ်ချင်းနှစ်ယောက် ဆုံမိကြတဲ့အခါ လူမသိသူမသိ ပြုလုပ်တတ်ကြတဲ့ အရာတွေ
အရမ်းခင်ကြတဲ့ bff သူငယ်ချင်း မိန်းကလေးနှစ်ယောက် ဆုံမိကြပြီဆိုရင် ဘယ်လို ပေါက်ကရနိုင်တဲ့ အပြုအမူတွေ ပြုလုပ်တတ်ကြလဲ ဆိုတာကို စဉ်းစားမိကြလား။ မိန်းကလေးတွေ ဖြစ်လို့ အတင်းတွေပြောကြမှာပဲ ဆိုတာတော့ မှန်ပေမယ့် တခြားဘယ်လို လူမသိသူမသိ လျှို့ဝှက်စွာ ပြုလုပ်တတ်ကြတဲ့ ပေါက်ကရအပြုအမူတွေ အများကြီးရှိနေပါတယ်။ ဘာတွေလဲဆိုတော့…
(၁) သန့်စင်ခန်းတူတူသွားကြတယ်
မိန်းကလေးအများစုက သန့်စင်ခန်းသွားရင် တစ်ယောက်ထဲ သွားတာခပ်ရှားရှားပါပဲ။ တစ်ယောက်က အပြင်မှာ ရပ်စောင့်ပေးတာမျိုး၊ သန့်စင်ခန်းထဲက မှန်ကို တူတူကြည့်ပြီး မိတ်ကပ်ပျက်နေလား၊ နှုတ်ခမ်းနီပျက်နေသလား စသဖြင့် အပြန်အလှန်ကြည့်ပေး တတ်ကြပါတယ်။ bff မိန်းကလေး နှစ်ယောက် ဆုံမိပြီဆိုတာနဲ့ သန့်စင်ခန်း တူတူသွားကြပြီး တစ်ယောက်နဲ့ တစ်ယောက် စောင့်ပေးကြပါတယ်။
(၂) ခန္ဓာကိုယ်အနံ့အသက် ရှူကြည့်ခိုင်းတယ်
အရမ်းခင်ကြတဲ့ မိန်းကလေးသူငယ်ချင်းနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် မရွံမရှာ ခန္ဓာကိုယ်အနံ့အသက် နံနေလားဆိုတာကိုလည်း အပြန်အလှန်ရှူရှိုက်ခိုင်းကြည့်ပြီး မေးတတ်ကြ ပါသေးတယ်။ ခံတွင်းနံ့နေလားဆိုပြီး တစ်ယောက်မျက်နှာကို လေမှုတ်ရှူကြည့်ခိုင်း တာမျိုး၊ ချွေးနံ့ နံနေသလားဆိုပြီး အကျီၤကို ရှူရှိုက်ခိုင်းကြည့်တာမျိုး အပြန်အလှန် ပြုလုပ်တတ်ကြပါတယ်တဲ့။
(၃) ကိုယ်ပိုင်ပစ္စည်းတွေကို sharingလုပ်ကြတယ်
တစ်ဦးနဲ့ တစ်ဦး Personal items တွေကို အတူတူမျှသုံးတတ်ကြပါသေးတယ်။ မျက်နှာသုတ်ပုဝါ၊ အဝတ်အစား၊ အလှကုန် တွေကိုလည်း အတူတူဝေမျှ သုံးစွဲတာကို ဝါသနာပါကြသူတွေပါ။ သောက်ရေခွက်ကို တစ်ခွက်ထဲ တူတူသောက်တာမျိုး၊ အချိုရည်ပိုက်ကိုလည်း မရွံမရှာ တူတူ စုပ်သောက်တာမျိုး ဝေမျှ သုံးစွဲတတ်ကြပါတယ်။
(၄) အလှပြင်ကြတယ်
မိန်းကလေးနှစ်ယောက် ဆုံမိပြီး အခန်းထဲမှာ တိုးတိုးတိတ်တိတ်ဘာတွေ ကြိတ်လုပ်နေကြလဲ ဆိုရင်တော့ အပြန်အလှန် အလှပြင်ပေးနေတာမျိုး၊ အဝတ်တွေကို တစ်ထည်ပြီးတစ်ထည်လဲပြီး လှလှပပဓာတ်ပုံတွေ ရိုက်ကြတာမျိုး ပျော်စရာတွေကို ဖန်တီးနေကြတာပါ။ မျက်နှာပေါင်းတင်၊ ဆံပင်ပေါင်းတင်ကြပြီး beauty blogger ကြီးလို တစ်ယောက်နဲ့ တစ်ယောက် အလှအပရေးရာတွေေဆွေးနွေးတတ်ကြပါသေးတယ်။
(၅) တင်၊ ရင်ဆိုဒ်တိုင်းတာကြတယ်
ကိုယ့်ရဲ့ ခန္ဓာကိုယ်အချိုးအစားကို လူတွေအသိမခံပေမယ့် အရမ်းခင်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ကတော့ တစ်ယောက်နဲ့ တစ်ယောက် သိကြပါတယ်။ အတွင်းသိအဆင်းသိ သူငယ်ချင်းတွေ ဆိုတာမျိုးပေါ့။ တင်၊ ရင် ဆိုဒ်ကတော့ ဘယ်လောက်ရှိတယ်၊ ဘယ်လို bra က ဝတ်လို့ ကောင်းတယ် ဆိုတာမျိုး လူမသိ၊ သူမသိ ပေါက်ကရတွေ ပြောဆိုတတ်ကြပါတယ်။
(၆) ညစ်တီးညစ်ပတ်စကားတွေပြောဆိုကြတယ်
အပြင်မှာတော့ လူရှေ့သူရှေ့ယဉ်ကျေးသိမ်မွေ့တဲ့ စကားလုံးမျိုးအသုံးပြု ပြောဆိုတတ်ပေမယ့် သူငယ်ချင်းနှစ်ယောက်ထဲ ရှိတဲ့အချိန်မျိုးမှာ ဆဲတဲ့စကားလုံတွေလည်း သုံးမိကြမှာပါပဲ။ နောက်ပြီး ဘယ်ဘဲကတော့ ရေလည်လည်လန်းတယ်၊ ကောင်လေးတွေရဲ့ ဘယ်အစိတ်အပိုင်းကို စိတ်ဝင်စားတယ်၊ ချစ်သူနဲ့ တွေ့တဲ့အခါမှာ ဘာတွေလုပ်ဖြစ်ကြတယ် စသဖြင့်ပေါ့ ပွင့်လင်းတတ်ကြပြီး တခါတလေဆိုရင် ညစ်တီးညစ်ပတ် အကြောင်းအရာတွေကိုလည်း ဆွေးနွေးပြောဆို တတ်ကြပါတယ်တဲ့။
ဒီတော့… သင်တို့ သူငယ်ချင်း နှစ်ယောက်ကရော… ဆုံမိကြပြီဆိုတာနဲ့ ဘာတွေလုပ်ဖြစ်ကြလဲ ဆိုတာပြောပြခဲ့ပါဦး…
Credit:နန်း (ရွှေအင်းလေး)
Comments
Post a Comment