Zawgyiဖြင့်ဖတ်ရန်
Credit:Myint Myat
Unicodeဖြင့်ဖတ်ရန်
ကိုယ့်ကမှန်နေရင် ဘယ်သူ့မှဂရုမစိုက်နဲ့ ဆိုပြီး စိုးသူဘက်က မားမားမတ်မတ် ရပ်တည်ပေးလိုက်တဲ့ စိုးမြတ်နန္ဒာ
တစ်ဦးအပေါ်တစ်ဦး နားလည်မှုအပြည့်အဝနဲ့ အခက်အခဲတွေကို အတူရင်ဆိုင်ပြီး လက်တွဲနေကြတဲ့ သရုပ်ဆောင်အဆိုတော် စိုးသူနဲ့ စိုးမြတ်နန္ဒာတို့ချစ်သူနှစ်ဦးကတော့ လတ်တလောမှာ အကြွေးပေးဖို့ပျက်ကွက်နေတယ်လို့ ဒီနေ့ထုတ်သတင်းစာမှာ ကြေညာခံထားရတာကြောင့် ပရိသတ်တချို့က စိတ်ပူနေကြတာပါ။ အခက်အခဲတွေကြုံလာချိန်မှာ အတူရင်ဆိုင်ကြဖိ့ုအတွက် ရင်ဘတ်ချင်းနီးတဲ့ ချစ်သူရဲ့ အားပေးစကားက အရမ်းကိုအရေးကြီးတယ်ဆိုတာကို စိုးမြတ်နန္ဒာက သက်သေပြလိုက်ပါတယ်။ စိုးမြတ်နန္ဒာကတော့ မနေ့ညကပဲ အခက်အခဲတစ်ခုကို ဖြေရှင်းနေရတဲ့ ချစ်သူကို မှန်တယ်ဆိုရင် ဘယ်သူ့မှဂရုမစိုက်ပဲ အကုန်ကန်ထုတ်ပစ်လိုက် ဆိုပြီး အားပေးစကား ဆိုခဲ့တာပါ။
မကြာသေးခင်ကမှ သြစတေးလျကနေ ပြန်ရောက်လာတဲ့ စိုးမြတ်နန္ဒာကတော့ “ရန်ကုန်ရောက်ထဲက အိပ်လိုက်တဲ့အအိပ် …အချိန် ၃ နာရီ ခွဲ ပဲ ကွာပေမဲ့ နေ့ရောညရောမှားနေတာ ဒုက္ခောပဲ … ဖေ့ဘွတ် က ချစ်သူတွေကိုတော့ အမြဲသတိရပါတယ်လို့စ် 😬😬 ဒီကြားထဲ ဘစိုး ရဲ့ အယုံလွယ်မှုတွေထဲက ပြဿနာတွေကရှိသေး … ဒီအရွယ်ထိ လူတွေအကြောင်းမသိသေးရင်လဲ .. ဟွင်းး ဟွင်းးး ဘာပဲဖြစ်ဖြစ် 💪🏼 fighting ဘစိုး …ကိုယ်ကမှန်နေရင် ဘာလာလာ kick ပြစ် … 😍ဘယ်သူ့မှ ဂရုမစိုက်နဲ့ … love u 💝” ဆိုပြီး ချစ်သူကို အားအင်ပြည့်ဝစေမယ့် အားပေးစကားလေး ဆိုခဲ့တာပါ။
စိုးသူကလည်း စိုးမြတ်နန္ဒာရဲ့စာလေးကို ပြန် share ပြီး ချစ်ရသူကို ကျေးဇူးတင်တဲ့အကြောင်း ပြန်လည်ဆိုထားပါသေးတယ်။
မိုမိုလေးချစ်ပရိသတ်တွေလည်း တစ်ယောက်အခက်အခဲနဲ့ကြုံနေချိန်မှာ တစ်ယောက်ရှေ့က မားမားမတ်မတ်ရပ်တည်ပေးကြတဲ့ စိုးသူနဲ့ စိုးမြတ်နန္ဒာတို့ချစ်သူနှစ်ဦးကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Credit:Myint Myat
Comments