ပရိသတ္ေတြ သေဘာက်ေနတဲ့ ထြန္းထြန္းနဲ႔ အိစိေကြးရဲ႕ ပုံေလးေတြ………



Zawgyiျဖင့္ဖတ္ရန္

အိစိေကြးေလးကေတ့ာ ဟိုးအရင္ကေလးသ႐ုပ္ေဆာင္ဘဝတည္းက ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈကို ရလာခဲ့သူပါ။ အခုဆိုရင္ အိစိေကြးဟာ လူပ်ိဳႀကီးဖားဖား ျဖစ္ေနပါၿပီ။ ပရိသတ္ေတြက မင္းသားငယ္ေလးတစ္ေယာက္ အျဖစ္ အိစိ ေကြး ကို ပရိသတ္ေတြက တျဖည္းျဖည္း လက္ခံလာၾကပါၿပီ။

သ႐ုပ္ေဆာင္မင္းသားငယ္ေလး အိစိေကြးကေတာ့ အခုဆိုရင္ ႏႈတ္ခမ္းနီမေလးေတြရဲ႕ သဲသဲလႈပ္ခ်စ္ခင္အားေပးမႈ ကို အခိုင္အမာ ရထားပါၿပီ။အိစိေကြးေလးက သူ႔ရဲ႕ ကေလးဘဝက ပုံေလးေတြကို တင္ခဲ့ပါတယ္။ မင္းသား ထြန္းထြန္း နဲ႔ အတူ တြဲ႐ိုက္ထားတဲ့ ပုံေလးေတြပါ။ အိစိေကြးေလးကေတာ့ အႏုပညာအစ္ကိုႀကီး ကိုကိုထြန္းထြန္းရဲ႕ ႏုပ်ိဳမႈကိုလဲ ခ်ီးက်ဴးထားပါတယ္။ အခုထိ ကေလးသ႐ုပ္ေဆာင္ေလးလို႔ပဲ ျမင္ေနတဲ့ ပရိသတ္ အမ်ားစုကို ကေလးေလး မဟုတ္ေတာ့ တဲ့ အေၾကာင္း တစ္ဖက္လွည့္နဲ႔ မ်ားသက္ေသျပလိုက္ေလသလားလို႔ ထင္ရပါတယ္။

လက္ရွိကြၽန္ေတာ္နဲ႔ကိုႀကီးထြန္းထြန္း
ဟိုအရင္က ကြၽန္ေတာ္နဲ႔ ကိုႀကီးထြန္းထြန္း
ကိုႀကီးထြန္းထြန္းကေတာ့အခုထိႏုတုန္းေပါ့ဗ်ာ……………” ဆိုၿပီးထြန္းထြန္းနဲ႔ ငယ္ငယ္က ႐ိုက္ထားတဲ့ ပုံေလးေတြ ကို တင္ခဲ့ပါတယ္။

တေလာတုန္းက FB မွာ အိစိေကြးရဲ႕ ေကာင္မေလးဆိုၿပီး သတင္းေတြထြက္လာခဲ့ပါေသးတယ္။အိစိေကြး က ဒီေကာလာဟလေတြနဲ႔ပတ္သက္ၿပီး အိစိေကြးက မဟုတ္ေၾကာင္းျပန္ရွင္းရင္း မီဒီယာတစ္ခုနဲ႔ အင္တာဗ်ဴး မွာေတာ့ သူ႔မွာ ရည္းစားမရွိေသးပါဘူးဆိုၿပီး အတိအလင္းေၾကညာခဲ့တာကိုလဲ ေတြ႕ရပါတယ္။
from အိစိေကြး
Credit:Burmese Asia

Unicodeဖြင့်ဖတ်ရန်

ပရိသတ်တွေ သဘောကျနေတဲ့ ထွန်းထွန်းနဲ့ အိစိကွေးရဲ့ ပုံလေးတွေ………

အိစိကွေးလေးကတေ့ာ ဟိုးအရင်ကလေးသရုပ်ဆောင်ဘဝတည်းက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရလာခဲ့သူပါ။ အခုဆိုရင် အိစိကွေးဟာ လူပျိုကြီးဖားဖား ဖြစ်နေပါပြီ။ ပရိသတ်တွေက မင်းသားငယ်လေးတစ်ယောက် အဖြစ် အိစိ ကွေး ကို ပရိသတ်တွေက တဖြည်းဖြည်း လက်ခံလာကြပါပြီ။
သရုပ်ဆောင်မင်းသားငယ်လေး အိစိကွေးကတော့ အခုဆိုရင် နှုတ်ခမ်းနီမလေးတွေရဲ့ သဲသဲလှုပ်ချစ်ခင်အားပေးမှု ကို အခိုင်အမာ ရထားပါပြီ။အိစိကွေးလေးက သူ့ရဲ့ ကလေးဘဝက ပုံလေးတွေကို တင်ခဲ့ပါတယ်။ မင်းသား ထွန်းထွန်း နဲ့ အတူ တွဲရိုက်ထားတဲ့ ပုံလေးတွေပါ။ အိစိကွေးလေးကတော့ အနုပညာအစ်ကိုကြီး ကိုကိုထွန်းထွန်းရဲ့ နုပျိုမှုကိုလဲ ချီးကျူးထားပါတယ်။ အခုထိ ကလေးသရုပ်ဆောင်လေးလို့ပဲ မြင်နေတဲ့ ပရိသတ် အများစုကို ကလေးလေး မဟုတ်တော့ တဲ့ အကြောင်း တစ်ဖက်လှည့်နဲ့ များသက်သေပြလိုက်လေသလားလို့ ထင်ရပါတယ်။
လက်ရှိကျွန်တော်နဲ့ကိုကြီးထွန်းထွန်း
ဟိုအရင်က ကျွန်တော်နဲ့ ကိုကြီးထွန်းထွန်း
ကိုကြီးထွန်းထွန်းကတော့အခုထိနုတုန်းပေါ့ဗျာ……………” ဆိုပြီးထွန်းထွန်းနဲ့ ငယ်ငယ်က ရိုက်ထားတဲ့ ပုံလေးတွေ ကို တင်ခဲ့ပါတယ်။
တလောတုန်းက FB မှာ အိစိကွေးရဲ့ ကောင်မလေးဆိုပြီး သတင်းတွေထွက်လာခဲ့ပါသေးတယ်။အိစိကွေး က ဒီကောလာဟလတွေနဲ့ပတ်သက်ပြီး အိစိကွေးက မဟုတ်ကြောင်းပြန်ရှင်းရင်း မီဒီယာတစ်ခုနဲ့ အင်တာဗျူး မှာတော့ သူ့မှာ ရည်းစားမရှိသေးပါဘူးဆိုပြီး အတိအလင်းကြေညာခဲ့တာကိုလဲ တွေ့ရပါတယ်။
from အိစိကွေး
Credit:Burmese Asia

Comments