
ZawGyiျဖင့္ဖတ္ရန္
ဘိလပ္ေျမ အုတ္သဲေက်ာက္ ဘယ္ေလာက္ကုန္မလဲ ေမးတတ္လို႔ အၾကမ္းတြက္လို႔ရေအာင္ပါ။
ျမန္မာျပည္ ေဆာက္လုပ္ေရးမွာ က်င္းနဲ႔ ေျပာၾကပါတယ္။
ကုဗက်င္းနဲ စကြဲယားက်င္း ဆိုၿပီးရွိပါတယ္။
ကုဗက်င္းက အလ်ား အနံ အျမင့္ ၃ ခု ေျမႇာက္တာပါ။၃ ခုေျမႇာက္လို႔ ၁၀၀ ရရင္ ၁ က်င္းပါ။
၅၀ ဆို က်င္းဝက္ ၂၅ ဆို က်င္းတစ္မတ္ စသျဖင့္ပါ။
ကုဗက်င္းကို ၉ လက္မနဲ႔အထက္ အုတ္စီျခင္းတို႔ ကြန္ကရစ္ေလာင္းျခင္းတို႔ ေျမႀကီးတူးျခင္းတို႔မွာ အမ်ားဆုံးသုံးပါတယ္။
ရွိသမွ ် အလ်ားအနံအျမင့္ေတြ လိုက္ေျမႇာက္ ေပါင္းလိုက္ရင္ ကုဗက်င္းထြက္လာပါၿပီ။
ေျမႀကီး၁ က်င္းဆို ၁၀ေပပတ္လည္ ၁ ေပ အနက္ ရွိရပါမယ္။
1:3:6 အခ်ိဳး ကြန္ကရစ္ ဘိလပ္ေျမ ၁၃ အိတ္ခန္႔ သဲက်င္းဝက္ ေက်ာက္ ၁ က်င္း
1:2:4 အခ်ိဳး ကြန္ကရစ္ ဘိလပ္ေျမ ၁၈ အိတ္ေက်ာ္ခန္႔ သဲက်င္းဝက္ ေက်ာက္ ၁ က်င္း
1: 1-1/2 အခ်ိဳး ကြန္ကရစ္ ဘိလပ္ေျမ ၂၅ အိတ္ခန္႔ သဲက်င္းဝက္ ေက်ာက္၁
က်င္းအုတ္ဖိနပ္ေတြမွာ အသုံးမ်ားတဲ့ ၉ လက္မအထက္ အုတ္စီျခင္း ကုဗတစ္က်င္းဆို ၁၃၅၀ လုံးဘိလပ္ေျမကေတာ့ သုံးတဲ့အခ်ိဳးမွာမူတည္ပါတယ္။
အမ်ားသုံးတဲ့ 1:4 အခ်ိဳးဆို ဘိလပ္ေျမ ၆ အိတ္နီးပါး။သဲ ၂၈ က်င္းတစ္မတ္ သာသာေလာက္။စကြဲယားက်င္း အလ်ားနဲ႔ အနံ ပဲေျမႇာက္ၿပီး ၁၀၀ ဆို ၁ က်င္း။
၄လက္မခြဲ အုတ္စီျခင္း ေဆးသုတ္ျခင္းတို႔ အမိူးမိုးျခင္းတို႔ ေႂကြျပားကပ္ျခင္းတို႔မွာ သုံးပါတယ္။
နံရံေတြမွာ အသုံးမ်ားတဲ့ ၄.၅ လက္မ အုတ္စီျခင္း မွာ
အုတ္ ၅၅၀ လုံး1:4 အခ်ိဳး ဘိလပ္ေျမ 2.7 အိတ္ သဲ .11 က်င္းသံေခ်ာင္းတစ္ေခ်ာင္းဟာ ဆိုက္မွန္ပါက ေပ ၄၀ ၁၂ မီတာရွိရပါတယ္။
သို႔ေပမယ့္ ၃၉ေပ ၆ လက္မေလာက္ဆို မွန္တယ္ေျပာရပါမယ္။
ဘာမားျဖစ္ကေတာ့ အတိအက်ေျပာလို႔ မရပါဘူး။တစ္တန္မွာရွိရမယ့္ အေခ်ာင္းေရက 10 မီလီ ၃မူး ( ၃/၈) မွာ ေပ၄၀ အရွည္ ၁၃၅ ေခ်ာင္း
၁၂ မီလီ ၅မူး ( 1/2) မွာ ၈၈ ေခ်ာင္း ၁၆ မီလီ ၆မူး ( 5/8) မွာ ၅၃ ေခ်ာင္း ၂၀ မီလီ ၃မတ္ (3/4) မွာ ၃၃ ေခ်ာင္း
၂၅ မီလီ က်ပ္လုံးမွာ (1) မွာ ၂၁ ေခ်ာင္းရွိပါတယ္။
ဘိလပ္ေျမ ၁ အိတ္ဟာ ၅၀ ကီလိုေလးၿပီး အိတ္၂၀ ဟာ ၁
တန္ပါ။သံေခ်ာင္းေတြဆက္ဖို႔လိုရင္ တိုင္ေတြမွာ အနည္းဆုံး အဆ ၄၀ ထပ္မိေနေစ ရပါမယ္။
ထုပ္ေတြ ယက္မေတြမွာေတာ့ အဆ ၆၂ ေလာက္ထိသုံးတတ္ပါတယ္။ခိုခ်င္ရင္ေတာ့ ၅၀ဆေလာက္ ဆို ရေလာက္ပါတယ္။
အခုေနာက္ပိုင္း မီတာနဲ႔သုံးလာပါတယ္။
ဆက္သြယ္ခ်က္က၁မီတာ 1M မွာ ၃ ေပ ၃ လက္မ ၃ မူးရွိပါတယ္။လက္သမားနဲ႔ ယွဥ္ေျပာလို႔ရတဲ့အေခၚပါ။
1 M မီတာ= 3.281 ေပ 1 လက္မ= 25.4 mm မီလီမီတာ1 ( 1m X 1m) မီတာ စကြဲယား= 10.78 ေပစကြဲယား
ကြန္ကရစ္ 1 (1mX 1mX 1m) မီတာက်ဳ = 35.32 ကုဗေပ Cuftေရကန္တစ္ခု ေရဂါလံ ဘယ္ေလာက္ရွိလဲတြက္ခ်င္ရင္၁ကုဗေပမွာ ၆.၂၄ ဂါလံရွိပါတယ္။
အလ်ား အနံ အျမင့္ တစ္ေပစီရွိတဲ့ ပုံးတစ္လုံးဟာ ေရ ၆.၂၄ ဂါလံဆန္႔ပါတယ္။
ဒါေၾကာင့္ ၆ေပအလ်ား ၄ ေပအနံ ၃ ေပ အျမင့္ရွိတဲ့ေရကန္ဟာ6 X 4 X 3 X
6.24=449.28ေရ ၄၅၀ ဂါလံဆန္႔ပါတယ္။ေရတစ္ဂါလံ ၁၀ ေပါင္ေလးလို႔ ၄၅၀၀ ေပါင္ေလးပါတယ္။
၂၂၄၀ ေပါင္ ၁ တန္ေလးလို႔ ၂ တန္ေလာက္ အေလးခ်ိန္ရွိပါမယ္။
ေရကန္ကို အေပၚမွာ ထားရင္ dead load ဝန္ေသ ၂ တန္ကို ခံႏိုင္ေအာင္
သံေခ်ာင္း ေကာ္လံတိုင္ ဆိုဒ္ ကို သုံးရပါမယ္။တြက္တတ္လားေမးရင္ေတာ့မသိပါဘူး။
1 ဂါလံမွာ ၄.၅၄၆ လီတာရွိပါတယ္။ အခုေနာက္ပိုင္း စတီးေရတိုင္ကီေတြက
လီတာနဲ႔ ျပထားတတ္လို႔ ျပန္တြက္ၾကည့္လို႔ရပါလိမ့္မယ္။
သစ္တစ္တန္ဟာ၁လက္မပတ္လည္ မွာ( 1 X 1) မွာ ၇၂၀၀ ေပ အရွည္ရွိရပါမယ္။
၂X၁ ႏွစ္တစ္ တစ္တန္ဟာ ( 7200÷2= 3600 ေပအရွည္)3 X 2 တစ္တန္ ( 7200÷6=1200 ေပအရွည္)စသျဖင့္ တြက္ယူၾကည့္ပါ။
Credit:pwintsan
Unicodeဖြင့်ဖတ်ရန်
ဘာပဲဆောက်ဆောက် ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက်၊ သံ။ ဘယ်လောက်ကုန်မလဲဆိုတာ ကိုယ်တိုင် တွက်ကြည့်နိုင်ဖို့
ဘာပဲဆောက်ဆောက် ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက်၊ သံ။ ဘယ်လောက်ကုန်မလဲဆိုတာ ကိုယ်တိုင် တွက်ကြည့်နိုင်ဖို့
ဘိလပ်မြေ အုတ်သဲကျောက် ဘယ်လောက်ကုန်မလဲ မေးတတ်လို့ အကြမ်းတွက်လို့ရအောင်ပါ။
မြန်မာပြည် ဆောက်လုပ်ရေးမှာ ကျင်းနဲ့ ပြောကြပါတယ်။
ကုဗကျင်းနဲ စကွဲယားကျင်း ဆိုပြီးရှိပါတယ်။
ကုဗကျင်းက အလျား အနံ အမြင့် ၃ ခု မြှောက်တာပါ။၃ ခုမြှောက်လို့ ၁၀၀ ရရင် ၁ ကျင်းပါ။
၅၀ ဆို ကျင်းဝက် ၂၅ ဆို ကျင်းတစ်မတ် စသဖြင့်ပါ။
ကုဗကျင်းကို ၉ လက်မနဲ့အထက် အုတ်စီခြင်းတို့ ကွန်ကရစ်လောင်းခြင်းတို့ မြေကြီးတူးခြင်းတို့မှာ အများဆုံးသုံးပါတယ်။
ရှိသမှ ျ အလျားအနံအမြင့်တွေ လိုက်မြှောက် ပေါင်းလိုက်ရင် ကုဗကျင်းထွက်လာပါပြီ။
မြေကြီး၁ ကျင်းဆို ၁၀ပေပတ်လည် ၁ ပေ အနက် ရှိရပါမယ်။
1:3:6 အချိုး ကွန်ကရစ် ဘိလပ်မြေ ၁၃ အိတ်ခန့် သဲကျင်းဝက် ကျောက် ၁ ကျင်း
1:2:4 အချိုး ကွန်ကရစ် ဘိလပ်မြေ ၁၈ အိတ်ကျော်ခန့် သဲကျင်းဝက် ကျောက် ၁ ကျင်း
1: 1-1/2 အချိုး ကွန်ကရစ် ဘိလပ်မြေ ၂၅ အိတ်ခန့် သဲကျင်းဝက် ကျောက်၁
ကျင်းအုတ်ဖိနပ်တွေမှာ အသုံးများတဲ့ ၉ လက်မအထက် အုတ်စီခြင်း ကုဗတစ်ကျင်းဆို ၁၃၅၀ လုံးဘိလပ်မြေကတော့ သုံးတဲ့အချိုးမှာမူတည်ပါတယ်။
အများသုံးတဲ့ 1:4 အချိုးဆို ဘိလပ်မြေ ၆ အိတ်နီးပါး။သဲ ၂၈ ကျင်းတစ်မတ် သာသာလောက်။စကွဲယားကျင်း အလျားနဲ့ အနံ ပဲမြှောက်ပြီး ၁၀၀ ဆို ၁ ကျင်း။
၄လက်မခွဲ အုတ်စီခြင်း ဆေးသုတ်ခြင်းတို့ အမိူးမိုးခြင်းတို့ ကြွေပြားကပ်ခြင်းတို့မှာ သုံးပါတယ်။
နံရံတွေမှာ အသုံးများတဲ့ ၄.၅ လက်မ အုတ်စီခြင်း မှာ
အုတ် ၅၅၀ လုံး1:4 အချိုး ဘိလပ်မြေ 2.7 အိတ် သဲ .11 ကျင်းသံချောင်းတစ်ချောင်းဟာ ဆိုက်မှန်ပါက ပေ ၄၀ ၁၂ မီတာရှိရပါတယ်။
သို့ပေမယ့် ၃၉ပေ ၆ လက်မလောက်ဆို မှန်တယ်ပြောရပါမယ်။
ဘာမားဖြစ်ကတော့ အတိအကျပြောလို့ မရပါဘူး။တစ်တန်မှာရှိရမယ့် အချောင်းရေက 10 မီလီ ၃မူး ( ၃/၈) မှာ ပေ၄၀ အရှည် ၁၃၅ ချောင်း
၁၂ မီလီ ၅မူး ( 1/2) မှာ ၈၈ ချောင်း ၁၆ မီလီ ၆မူး ( 5/8) မှာ ၅၃ ချောင်း ၂၀ မီလီ ၃မတ် (3/4) မှာ ၃၃ ချောင်း
၂၅ မီလီ ကျပ်လုံးမှာ (1) မှာ ၂၁ ချောင်းရှိပါတယ်။
ဘိလပ်မြေ ၁ အိတ်ဟာ ၅၀ ကီလိုလေးပြီး အိတ်၂၀ ဟာ ၁
တန်ပါ။သံချောင်းတွေဆက်ဖို့လိုရင် တိုင်တွေမှာ အနည်းဆုံး အဆ ၄၀ ထပ်မိနေစေ ရပါမယ်။
ထုပ်တွေ ယက်မတွေမှာတော့ အဆ ၆၂ လောက်ထိသုံးတတ်ပါတယ်။ခိုချင်ရင်တော့ ၅၀ဆလောက် ဆို ရလောက်ပါတယ်။
အခုနောက်ပိုင်း မီတာနဲ့သုံးလာပါတယ်။
ဆက်သွယ်ချက်က၁မီတာ 1M မှာ ၃ ပေ ၃ လက်မ ၃ မူးရှိပါတယ်။လက်သမားနဲ့ ယှဉ်ပြောလို့ရတဲ့အခေါ်ပါ။
1 M မီတာ= 3.281 ပေ 1 လက်မ= 25.4 mm မီလီမီတာ1 ( 1m X 1m) မီတာ စကွဲယား= 10.78 ပေစကွဲယား
ကွန်ကရစ် 1 (1mX 1mX 1m) မီတာကျု = 35.32 ကုဗပေ Cuftရေကန်တစ်ခု ရေဂါလံ ဘယ်လောက်ရှိလဲတွက်ချင်ရင်၁ကုဗပေမှာ ၆.၂၄ ဂါလံရှိပါတယ်။
အလျား အနံ အမြင့် တစ်ပေစီရှိတဲ့ ပုံးတစ်လုံးဟာ ရေ ၆.၂၄ ဂါလံဆန့်ပါတယ်။
ဒါကြောင့် ၆ပေအလျား ၄ ပေအနံ ၃ ပေ အမြင့်ရှိတဲ့ရေကန်ဟာ6 X 4 X 3 X
6.24=449.28ရေ ၄၅၀ ဂါလံဆန့်ပါတယ်။ရေတစ်ဂါလံ ၁၀ ပေါင်လေးလို့ ၄၅၀၀ ပေါင်လေးပါတယ်။
၂၂၄၀ ပေါင် ၁ တန်လေးလို့ ၂ တန်လောက် အလေးချိန်ရှိပါမယ်။
ရေကန်ကို အပေါ်မှာ ထားရင် dead load ဝန်သေ ၂ တန်ကို ခံနိုင်အောင်
သံချောင်း ကော်လံတိုင် ဆိုဒ် ကို သုံးရပါမယ်။တွက်တတ်လားမေးရင်တော့မသိပါဘူး။
1 ဂါလံမှာ ၄.၅၄၆ လီတာရှိပါတယ်။ အခုနောက်ပိုင်း စတီးရေတိုင်ကီတွေက
လီတာနဲ့ ပြထားတတ်လို့ ပြန်တွက်ကြည့်လို့ရပါလိမ့်မယ်။
သစ်တစ်တန်ဟာ၁လက်မပတ်လည် မှာ( 1 X 1) မှာ ၇၂၀၀ ပေ အရှည်ရှိရပါမယ်။
၂X၁ နှစ်တစ် တစ်တန်ဟာ ( 7200÷2= 3600 ပေအရှည်)3 X 2 တစ်တန် ( 7200÷6=1200 ပေအရှည်)စသဖြင့် တွက်ယူကြည့်ပါ။
Credit:pwintsan
Comments
Post a Comment