



Zawgyiဖြင့်ဖတ်ရန်






Unicodeဖြင့်ဖတ်ရန်

ဝေလငါး အစုလိုက်အပြုံလိုက်သတ်ပွဲကို တပျော်တပါးဆင်နွှဲခဲ့ကြတဲ့ အန္တလန်တိတ်ကကျွန်းငယ်လေးတစ်ခု

ပင်လယ်ပြာကနေ ပင်လယ်နီဖြစ်သွားစေတဲ့ ဝေလငါးသတ်ပွဲကြီးကတော့ မြင်ရတာ ထိတ်လန့်ဝမ်းနည်းဖွယ်ရာပါ။
အန္တလန်တိတ်ရှိ ဝေးလံခေါင်သီတဲ့ အရပ်ဒေသတစ်ခုရဲ့ ရိုးရာပွဲတစ်ခုဖြစ်ပါတယ်။ ရာသီဥတုဆိုးရွားတဲ့ ဆောင်းတွင်းကိုဖြတ်ကျော်ဖို့ သူတို့အတွက်စားစရာအဖြစ် ဝေလငါးသတ်ပွဲကို နှစ်စဉ်ကျင်းပကြပါတယ်။ လူကြီး၊ လူငယ်သာမက ကလေးတွေပါ ပျော်ပျော်ပါးပါး သတ်ပွဲကိုဆင်နွှဲကြပါတယ်။
အခုပုံရိပ်တွေကတော့ အရင်တစ်လက ကျင်းပခဲ့တဲ့ပွဲဖြစ်ပါတယ်။ ရွာသားများစွာက ဝေလငါးအကောင် ၁၈၀ ခန့်ကို သတ်ဖြတ်ပွဲပြုလုပ်ပြီး အသားနှင့်အဆီကိုရယူပါတယ်။ အဲ့ဒီအပေါ် အဆိုးဝေဖန်မှုတွေရှိနေပေမဲ့ ဆိုးရွားတဲ့ရာသီဥတုကို အံတုပြီး အသက်ဆက်ဖို့အတွက် လုံလောက်တဲ့အစားအစာကို ဝေလငါးကနေသာ ရရှိနိုင်တယ်လို့ အာဏာပိုင်အစိုးရက ပြန်လည်တုံ့ပြန်ထားပါတယ်။
Credit:ခမ်းမူး (ရွှေအင်းလေး)

Comments