
လူမွဳဘ၀/ ေဆာင္းပါး
————————-
ေမတၱာနဲ႔အုပ္ခ်ဳပ္သူ
Original-
ေဇာ္ေနာင္လင္း
ဇြန္(၁၃)၊၂၀၁၈
တကယ္ေတာ့ သူက လူပ်ိဳႀကီး။ ဒါေပမဲ့ တစ္ကိုယ္တည္းေတာ့ မဟုတ္၊ အိမ္ေထာင္ရွင္ထက္ သားသမီး ပိုမ်ား တယ္။ သူ႔မွာ စုစုေပါင္း ၀န္ထမ္း (၂၀၀၀) ေက်ာ္ရွိတယ္။ အားလံုးက သူ႔ကို “အေဖ” လို႔ ေခၚၾကတယ္။ သူကလည္း “သား” ၊“သမီး” လို႔ပဲ ေခၚတယ္။
၀န္ထမ္းဆိုေပမယ့္ “မိဘ” နဲ႔ “သားသမီး”ဆက္ဆံေရးကိုပဲ အေလးေပး တည္ေဆာက္ထား တယ္။ သူလက္ကိုင္ထားတဲ့ စီမံခန္႔ခြဲမႈက Love Management ဆိုတဲ့ “ေမတၱာကို အေျခခံတဲ့စီမံခန္႔ခြဲမႈ”ပါ။
လြန္ခဲ့တဲ့ ကိုးႏွစ္ေလာက္က က်င္းပခဲ့တဲ့ သူ႔အသက္(၅၀) ျပည့္ေမြးေန႔ ပြဲမွာ ပိုင္ရွင္အျဖစ္က အၿပီးျပတ္ စြန္႔လႊတ္ေၾကာင္း ေၾကညာတယ္။
၀န္ထမ္းေတြကို လုပ္သက္အလိုက္ အစုရွယ္ယာေတြ သတ္မွတ္ေပးၿပီး လုပ္ငန္းကရတဲ့ အက်ိဳးအျမတ္ေတြ အားလံုးကို ခြဲေပးတယ္။ သူကေတာ့ ဖခင္တစ္ေယာက္ အျဖစ္ပဲ ဦးေဆာင္တယ္။ ေမတၱာကို အေျခခံတဲ့ စီမံခန္႔ခြဲမႈနဲ႔ အုပ္ခ်ဳပ္တယ္။ ေခါင္းေဆာင္မႈေပးတယ္။
“မယူဘူးလုပ္လိုက္တဲ့ အခ်ိန္မွာ ပိုေအာင္ျမင္တယ္။ ပိုေတာင္ ေငြရလာေသးတယ္။ေျပာရမယ္ ဆိုရင္ ကိုယ့္အတြက္ လုပ္တာ ထက္ေတာင္ ေငြရေသးတယ္။
အကို႔အျမင္ေတာ့အမ်ားအတြက္ ဆိုၿပီး ရွာလိုက္တဲ့ အခ်ိန္မွာအမ်ားအတြက္ လုပ္တယ္ဆိုတဲ့ စိတ္ေၾကာင့္ ပိုေအာင္ျမင္တယ္လို႔ ယူဆတယ္”
Feel စားေသာက္ဆိုင္မ်ား အုပ္စုရဲ႕ ဦးေဆာင္သူ ဦးစိုးညီညီက သူ႔လုပ္ငန္းေတြ ေအာင္ျမင္ရတဲ့ အေၾကာင္းရင္းကို ေျပာတယ္။
ပိုင္ဆိုင္မႈေတြကိုလႊဲေျပာင္းေပးလိုက္တဲ့ အတြက္ အလုပ္ စလုပ္ ကတည္း က ၀ယ္ထားတဲ့ ေျမကြက္ တခ်ိဳ႕ကလြဲရင္ သူ႔မွာ တျခား ဘာစီးပြားေရး လုပ္ငန္းမွ မရွိေတာ့ဘူး။
ဒါေပမဲ့ သူကေတာ့ သားသမီး(၂၀၀၀) ေက်ာ္ရဲ႕႔ ေမတၱာတံု႔ျပန္မႈကို ယံုၾကည္တယ္။ သူ အိုမင္း လာတဲ့ အခါ သားသမီး (၂၀၀၀) ေက်ာ္ထဲက အနည္းဆံုး တစ္ေယာက္ကေတာ့ သူ႔ကို ျပန္ၾကည့္ မွာပဲလို႔ ယံုၾကည္ထားတယ္။
Feel Group မွာ လက္ရွိ ဆိုင္ေပါင္း (၂၈) ဆိုင္ရွိတယ္။ မႏၱေလး၊ က်ိဳက္ထို၊ ပန္းတေနာ္ၿမိဳ႕ေတြ မွာ Feel Myanmar ဆိုင္ေတြ ထပ္ဖြင့္ဖို႔လည္းစီစဥ္ေနတယ္။ ၿပီးေတာ့ Taste 1, Taste 2, Relax, Doreen,
Feel Garden, Enjoy Garden ဆိုတဲ့ ဆိုင္ေတြရွိတယ္။ အေမရိကန္နဲ႔ Franchise ယူထားတဲ့ Miami Grill, ထိုင္းနဲ႔ Franchise ယူထားတဲ့ Mix ဆိုတဲ့ ဆိုင္ေတြကို လည္း ဖြင့္ထားတယ္။
“အကိုကေတာ့ Employee First, Customer Second ကို သံုးပါတယ္။ ဒါက အေမရိကမွာ အရမ္းေအာင္ျမင္ေနတဲ့ ျမန္မာလုပ္ငန္းရွင္ ဖိလစ္ေမာင္လည္း ဒီဥစၥာကိုပဲ သံုးပါတယ္။ Employee ကို First ထားတယ္။
Customer ကို Second ထားပါတယ္။ အကို႔ Customer ကို ပထမေနရာမွာ မထားပါဘူး။ ပထမေနရာမွာ အကို႔ ကေလးေတြ ကိုပဲ ထားပါတယ္။
သူတို႔ ၀လင္ေနမွ၊ သူတို႔ေပ်ာ္ရႊင္ေနမွ၊ သူတို႔က်န္းမာေနမွ၊ သူတို႔စိတ္ၾကည္ေနမွာ Customer ကို Service ေပးႏိုင္မွာ” လို႔ ဦးစိုးညီညီက ဆိုတယ္။
ဦးစိုးညီညီရဲ႕ ဖခင္က ၿမိတ္သား။ မိခင္က ထား၀ယ္သူ။ သူ႔ကို ၁၉၅၈ ခုႏွစ္က ေမၿမိဳ႕မွာ ေမြးတယ္။ ေမြးခ်င္း ေျခာက္ေယာက္ ရွိတယ္။
သူ ေလးႏွစ္သားေလာက္မွာ ရန္ကုန္ကို ေရာက္လာတယ္။ ဒဂံု အ ထ က (၁) (Methodist English High School) မွာ (၁၀)တန္း ေအာင္တဲ့ အထိ ပညာသင္ၾကားတယ္။ ၁၉၈၁ ခုႏွစ္မွာ ဘူမိေဗဒ ဘာသာရပ္နဲ႔ ဘြဲ႔ရ တယ္။
DSA First Batch ဆင္း ဖခင္ျဖစ္သူက ဒုတိယဗိုလ္မွဴးႀကီး ရာထူးနဲ႔ အၿငိမ္းစားယူခဲ့ေပမယ့္ သူတို႔ မိသားစုကေတာ့ ေခ်ာင္ေခ်ာင္လည္လည္ မရွိခဲ့ၾကပါဘူး။
အစိုးရက ေပးေနခြင့္ျပဳထားတဲ့ အခု Summit Park View Hotel ေနရာက ၿခံက်ယ္ႀကီးထဲမွာ ႏွင္းဆီပန္းပင္ေတြ စိုက္ၿပီး ပန္းေရာင္း စားရင္း သူ႔ရဲ႕ အထက္တန္းေက်ာင္းသား ဘ၀ကို ျဖတ္ေက်ာ္ခဲ့ ရတယ္။
သူတကၠသိုလ္ တက္ေရာက္ခ်ိန္မွာ ျခံထဲက ဖယ္ေပးရေတာ့ ႏွင္းဆီၿခံ လည္း ျပဳတ္သြားတယ္။ တစ္ဖက္တစ္လမ္းကလက္ဖက္ေျခာက္ ေရာင္းရင္း ေက်ာင္းၿပီးဆံုးေအာင္ ဆက္တက္ခဲ့တယ္။
သူ႔ရဲ႕ လူငယ္ဘ၀မွာ လမ္းေဘးမွာ ဂစ္တာတီးတယ္။ ကရာေတး ကစားတယ္။ အလွေမြး ငါးေတြ၊ ငွက္ေတြ၊ ေခြးေတြေမြးၿပီး ေရာင္းတယ္။ ေရခဲထုပ္ ေရာင္းတယ္။ တကၠစီေမာင္းတယ္။ ငယ္ငယ္က သူ႔ရဲ႕ အျမင့္မားဆံုး ရည္မွန္းခ်က္ဆိုတာ ကားေလးတစ္စီး
စီးႏိုင္ဖို႔၊ အဲကြန္း တပ္ထားတဲ့ အိမ္ေလးထဲမွာ ေရခဲေသတၱာထဲက ကိုကာကိုလာဗူး ဖြင့္ေသာက္ႏိုင္ဖို႔၊ လက္ဖက္ရည္ ဆိုင္ေလး တစ္ဆိုင္ ဖြင့္ႏိုင္ဖို႔။ ဒီေလာက္ပဲ ရွိခဲ့ပါတယ္။ အခုေလာက္အထိ ေအာင္ျမင္လာဖို႔သူရည္မွန္း မထားခဲ့ဘူး။
“ငယ္ငယ္က ရည္မွန္းခ်က္နဲ႔ တူခဲ့တာဆိုလို႔ ငါခ်မ္းသာလာရင္ လမ္းေဘးမွာ ေနပူစပ္ခါးမွာ သြားေနတဲ့ အထမ္းသည္ေတြ၊ ပင္ပင္ပန္းပန္း လုပ္ေနတဲ့ ဆင္းရဲသားေတြဆီက အျပတ္၀ယ္ လိုက္ ၿပီးေတာ့
သူ႔ အစားအေသာက္ေတြကို အနားမွာ ရွိေနတဲ့ သူေတြ ေကၽြးၿပီး သူ႔ကို အိမ္ျမန္ျမန္ျပန္ခိုင္းမယ္ ဆိုတဲ့ ရည္မွန္းခ်က္။ ငယ္ငယ္က ရည္မွန္းခ်က္ကို အခုထိ လုပ္ျဖစ္ ပါတယ္။ အဲဒါေတာ့ ငယ္ငယ္က ရည္မွန္းခ်က္နဲ႔ အခုရည္မွန္းခ်က္ တူတယ္။
အေမကို ရွာေကၽြး ခ်င္တာ လည္း တူတယ္။ လူေတြကို လွဴခ်င္တာ၊ ေဆး၀ါးကုေပးခ်င္တာလည္း တူပါတယ္” လို႔ ဦးစိုးညီညီက ဆိုတယ္။
၁၉၉၂ ခုႏွစ္မွာ Dream ဆိုတဲ့ ဟမ္ဘာဂါဆိုင္ကို စဖြင့္တယ္။ ဖြင့္ျဖစ္တဲ့ အေၾကာင္းက လမ္းေဘးမွာ ဂစ္တာတီးေနရင္း သူငယ္ခ်င္းေတြကိုေျပာလိုက္တဲ့ ‘ငါ့မွာအရင္းအႏွီးသာရိွလို႔ ဘာဂါဆိုင္ ဖြင့္ႏိုင္ရင္ ေအာင္ျမင္ရမယ္’ ဆိုတဲ့စကားကို အနားမွာရွိတဲ့
တိုက္ခန္းပိုင္ရွင္ တစ္ဦးက ျကားသြားၿပီး တိုက္ခန္းေပး၊ အရင္းအႏွီးေငြ တစ္၀က္စိုက္လုပ္ကိုင္ေစခဲ့ တာေၾကာင့္ ပါ။ ဒီလိုနဲ႔ အဲဒီတိုက္ခန္းပိုင္ရွင္နဲ႔ တြဲၿပီးDream ကို သူစ ဖြင့္ျဖစ္ခဲ့တယ္။
ေနာက္ေတာ့ သူ႔ရဲ႕ ေျခလွမ္းေတြကုိ တျဖည္းျဖည္း ခ်ဲ႕ထြင္ခဲ့တယ္။ ယုဇနဦးေဌးျမင့္နဲ႔ေပါင္းၿပီး ေျမနီကုန္းမွာ Yuzana Buger and Snackဆိုင္ကို ဖြင့္တယ္။
တတိယ ေျမာက္ဆိုင္ အေရာက္မွာေတာ့ သူ႔ရဲ႕ကိုယ္ပိုင္ နာမည္ျဖစ္တဲ့ Feel ကို စတင္ အသက္သြင္းႏိုင္ခဲ့ၿပီး ေအာင္ျမင္မႈ လမ္းေၾကာင္းေပၚ ေရာက္လာခဲ့တယ္။
“ေအာင္ျမင္တဲ့ စီးပြားေရးလုပ္ငန္းရွင္ ျဖစ္ဖို႔ဆိုရင္ နံပါတ္(၁) ကေတာ့ ကိုယ့္နာမည္ကို ကိုယ္တည္ေဆာက္ရပါမယ္။ Trust ေပါ့။ Customer ကလည္း Trust ျဖစ္ေအာင္၊ ကိုယ္နဲ႔ တြဲလုပ္ခ်င္တဲ့ ကိုယ့္ထက္ ခ်မ္းသာတဲ့ ကိုယ့္ကိုလာေခၚမယ့္ သူေဌး၊
ႏိုင္ငံျခားကုမၸဏီေတြက ကိုယ့္ကို Trust ျဖစ္ေအာင္ ယံုၾကည္မႈ တည္ေဆာက္ရပါမယ္”ဦးစိုးညီညီက သူ႔ရဲ႕ ေအာင္ျမင္ေရးနည္းလမ္း တစ္ခုကို ေျပာျပတယ္။
ဒီနည္းလမ္းက ဘ၀မွာ သူကိုယ္တိုင္ က်င့္သံုးျဖတ္သန္းလာခဲ့တဲ့ နည္းလမ္းပါ။ Feel Myanmar စားေသာက္ဆိုင္ေတြက အစားအစာေတြဟာက်န္းမာေရးနဲ႔ ညီညြတ္တယ္ ဆိုတဲ့ စားသုံးသူေတြရဲ႕ ယံုၾကည္မႈရေအာင္၊
ငါတို႔ အေဖက ငါတို႔အတြက္ ဦးေဆာင္ လုပ္ကိုင္ ေနတယ္ ဆိုတဲ့ ၀န္ထမ္းေတြရဲ႕ ယံုၾကည္မႈ ရေအာင္၊ စိုးညီညီဆိုတဲ့ သူဟာ လိမ္ညာလွည့္ျဖား မတရား စီးပြားရွာသူ မဟုတ္ဘူး ဆိုတဲ့ လက္တြဲ လုပ္ကိုင္ခ်င္တဲ့ ပါတနာေတြရဲ႕ ယံုၾကည္မႈ ရေအာင္ သူ တည္ေဆာက္ခဲ့တယ္။
သူ႔ရဲ႕ စီးပြားေရးမူ၀ါဒက “အရင္ေပးပါ” ။ စားသံုးသူကို အရင္ေပးပါ၊ ၀န္ထမ္းကို အရင္ေပးပါ၊ ၿပီးမွ ကိုယ့္အတြက္ ယူပါ ဆိုတဲ့ မူ၀ါဒ။ သူ႔ရဲ႕၀န္ထမ္း စီမံခန္႔ခြဲေရး မူ၀ါဒက
“Love Management” ။ ေမတၱာနဲ႔ အုပ္ခ်ဳပ္ပါ၊ ခ်စ္ေပးပါ၊
ၾကင္နာပါ၊ စာနာပါ၊ နားလည္ပါ၊ ေႏြးေထြးပါ ဆိုတဲ့ မူ၀ါဒ။ ဒီမူ၀ါဒေတြကို Synergy ဆိုတဲ့ စုေပါင္း၊ ညိွႏိႈင္း၊ တိုင္ပင္ လုပ္ေဆာင္တဲ့ အေလ့အက်င့္နဲ႔ ယွဥ္တြဲက်င့္သံုးခဲ့တယ္။
ဒါေၾကာင့္လည္း ဦးစိုးညီညီက “၀န္ထမ္းအုပ္ခ်ဳပ္ရတာ အကို႔အတြက္ အရမ္း လြယ္ပါတယ္။ သူတို႔ကို ေမတၱာနဲ႔အုပ္ခ်ဳပ္တဲ့အတြက္ သူတို႔ကလည္း တံု႔ျပန္တဲ့အတြက္ ၀န္ထမ္းနဲ႔ ပတ္သက္ၿပီး ႀကီးႀကီးမားမား အခက္အခဲ မရွိပါဘူး။
ဒါက တျခားသူေတြနဲ႔ ေျပာင္းျပန္ပါ။ အိမ္မွာ အိမ္ေဖာ္ တစ္ေယာက္ကိုေတာင္ မနည္း ရွာရခက္တယ္လို႔ ဆိုၾကတယ္။
၀န္ထမ္း ဒုကၡေပးတယ္၊ ၀န္ထမ္းခိုးတယ္၊ ၀န္ထမ္းႏွိပ္စက္တယ္ပဲ ၾကားဖူးပါတယ္။ အကို႔ကိုေတာ့ ၀န္ထမ္းက မႏွိပ္စက္ပါဘူး” လို႔ ဂုဏ္ယူစြာေျပာဆိုႏိုင္တာ ထင္ပါတယ္။
ကမၻာ႔က်န္းမာေရးအဖြဲ႔ရဲ႕ ၂၀၁၅ ခုႏွစ္ ထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံရဲ႕ပ်မ္းမွ် လူ႔သက္တမ္းက (၆၆) ႏွစ္ပါ။ အတိအက်ေျပာရရင္ အမ်ိဳးသားေတြရဲ႕ ပ်မ္းမွ်သက္တမ္းက (၆၄.၆) ႏွစ္၊ အမ်ိဳးသမီးေတြရဲ႕ ပ်မ္းမွ်သက္တမ္းက (၆၈.၅) ႏွစ္ ျဖစ္ပါတယ္။
ထုတ္ျပန္တဲ့ အဖြဲ႕အစည္း ကို လိုက္ၿပီး ကိန္းဂဏန္းအခ်က္အလက္ေတြ အနည္းငယ္ ကြာျခားမႈ ရွိေပမယ့္ ျမန္မာႏိုင္ငံ အားကစားနဲ႔ က်န္းမာေရး ၀န္ႀကီးဌာနကေတာ့ လာမယ့္
၂၀၃၀ ျပည့္ႏွစ္မွာ ျမန္မာ့ လူ႔သက္တမ္းကို (၇၅) ႏွစ္ကေန အႏွစ္(၈၀) အထိ ျမင့္တက္လာေစဖို႔ရည္ရြယ္ လုပ္ေဆာင္ ေနတယ္လို႔ ဆိုတယ္။
ဘယ္လိုပဲျဖစ္ျဖစ္ ဦးစိုးညီညီကေတာ့ လူ႔သက္တမ္းတစ္ခုမွာ သူ႔ဘ၀ရဲ႕ ျဖစ္ႏိုင္ဖြယ္ လက္က်န္ ေန႔ရက္ေတြကို ႀကိဳတင္တြက္ဆ ထားတယ္။
ဘ၀မွာ အခ်ိန္ရဲ႕တန္ဖိုးရွိပံုကိုလည္း နားလည္ထားတယ္။ တစ္ရက္မွာ (၂၄) နာရီရွိတဲ့အထဲက အိပ္ခ်ိန္ရွစ္နာရီ၊ အလုပ္လုပ္ခ်ိန္ ရွစ္နာရီ၊ ကိုယ္ပိုင္အခ်ိန္ ရွစ္နာရီ ဆိုၿပီး အပိုင္း သံုးပိုင္းခြဲထားတယ္။
အမ်ားအားျဖင့္ သူ႔ရဲ႕ ကိုယ္ပိုင္ အခ်ိန္ ရွစ္နာရီကို အလုပ္လုပ္ခ်ိန္ ရွစ္နာရီထဲ ထပ္ေပါင္းထည့္ၿပီး အလုပ္လုပ္တယ္။ သူ႔ကိုယ္သူ နားရက္ သတ္မွတ္ မထားခဲ့ဘူး။
“အကို႔ဘ၀မွာ နားရက္ဆိုတာကို မရွိဘူး။ စေန မရွိဘူး။ တနဂၤေႏြ မရွိဘူး။ အဲဒီလို အလုပ္လုပ္တယ္”
ရန္ကုန္ၿမိဳ႕၊ ျပည္ေထာင္စုရိပ္သာလမ္းက Taste 1 ဆိုတဲ့ သူ႔ရဲ့ ဆိုင္ေလးမွာ ထိုင္ရင္းဦးစိုးညီညီနဲ႔ စကားေျပာျဖစ္ၾကတာပါ။
သူ႔ဆိုင္ေတြအထဲက တခ်ိဳ႕ဆိုင္ေတြကမ်ားမ်ားျမတ္တယ္၊ တခ်ိဳ႕ဆိုင္ေတြက ပါးပါးပဲျမတ္တယ္၊ တခ်ိဳ႕ဆိုင္ေတြက မ်ားမ်ားရံွဳးတယ္၊ တခ်ိဳ႕ဆိုင္ေတြကေတာ့ ပါးပါးပဲ ရံွဳးတယ္။ စီးပြားေရး လုပ္ငန္းရွင္ေတြ အတြက္ လုပ္သာကိုင္သာ မရွိတဲ့ ဥပေဒေတြ၊
စည္းမ်ဥ္းေတြ၊ တိုးျမင့္လာတဲ့ ကုန္က် စရိတ္ေတြ၊ ၀န္ထမ္းလစာေတြ၊ေနရာ ငွားရမ္းခေတြ၊ အခြန္အခေတြက တျခားေသာ စီးပြားေရး လုပ္ငန္းရွင္ေတြလိုပဲဦးစိုးညီညီလည္း ရင္ဆိုင္ၾကံဳေတြ႕ေနရတယ္။
သူကေတာ့ ျမတ္တဲ့ဆိုင္က ရတဲ့ေငြကို ရံႈးတဲ့ဆိုင္ေတြအတြက္ ဖာေထးသံုးစြဲတယ္။ အရံႈးေပၚလာတဲ့ စားေသာက္ဆိုင္ေတြကို ကာမိေအာင္ ညေစ်း ထပ္ဖြင့္တယ္၊ လူအစားနည္းတဲ့ အေနာက္တိုင္း အစားအစာေတြကေန
ျမန္မာ အစားအစာေတြကို ေျပာင္းလဲ ေရာင္းခ်တယ္၊ လူအမ်ား စားတတ္တဲ့ အစားအစာေတြ၊ တည္ခင္းမႈ ပံုစံေတြ ထပ္တိုး တီထြင္ ေရာင္းခ်တယ္၊ ဘဏ္ေခ်းေငြ ရယူၿပီး ပံုမွန္လည္ပတ္ႏိုင္ေအာင္ ႀကိဳးစားတယ္။
“Feel မွာဆိုရင္ မုန္႔ဟင္းခါး မရႏိုင္ေတာ့ဘူး။မုန္႔လံုးေရေပၚ မရႏိုင္ေတာ့ဘူး။ ၁၀၀၀ ေအာက္ အစားအေသာက္ေတြ မရႏိုင္ေတာ့ဘူး။လက္ဖက္ရည္၊ ေကာ္ဖီ မေရာင္းႏိုင္ေတာ့ဘူး။ အဲဒါေတြ ေရာင္းရေငြေလးေတြနဲ႔ လူေတြျပည့္ေနျပန္ေတာ့လည္း
ေရာင္းရတယ္ ဆုိၿပီး အျမတ္ခြန္ကလည္း ထပ္တက္လာတာကိုး၊ ေျမပိုင္ရွင္ကလည္း ငွားခေတြ တိုးေကာက္ တာကိုး၊ အကိုစိတ္ပူတာက အကိုတို႔ ရတဲ့ေငြနဲ႔ ကုန္ေနတဲ့ ကုန္က်စရိတ္ေတြ မကာမိလာတဲ့ အခါမွာေတာ့ အကိုမခံႏိုင္တဲ့
အဆံုး အသက္ႀကီးလာလို႔အနားယူခ်င္တယ္ ဆိုရင္ေတာ့ Feel ေတြမ်ားေပ်ာက္သြားမလားလို႔ပါ” လို႔ဦးစိုးညီညီက ဆိုတယ္။
သူက အနာဂတ္မွာ Feel Myanmar စားေသာက္ဆိုင္ေတြ ထပ္ၿပီး တိုးပြားလာသည္ျဖစ္ေစ၊ ကြယ္ေပ်ာက္သြားသည္ျဖစ္ေစ က်န္းမာေရးနဲ႔ ညီညြတ္တဲ့ ျမန္မာအစားအစာေတြ ကို အဆင့္အတန္းရွိရွိ ေရာင္းခ်ႏိုင္တဲ့ ျပည္တြင္း လုပ္ငန္းရွင္ေတြ မ်ားမ်ားေပၚေပါက္ေစခ်င္တယ္။
အေျခခံ လူတန္းစားေတြ အတြက္ အလုပ္အကိုင္ အခြင့္အလမ္းေတြ မ်ားမ်ား ေပးႏိုင္တဲ့ သူေတြ ရွိေစခ်င္တယ္။ ဒီအတြက္ ႏိုင္ငံေတာ္ကလည္း ျပည္တြင္း ပုဂၢလိကလုပ္ငန္းေတြ ဖြံ႔ၿဖိဳးရွင္သန္လာဖို႔ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးေစခ်င္တယ္။
လက္ရွိမွာေတာ့ Feel Myanmar ဆိုင္ေတြဟာ တျခားေသာ အဆင့္ျမင့္ ျမန္မာ စားေသာက္ဆိုင္ေတြ လိုပါပဲ၊ အေျခခံလူတန္းစားေတြေန႔စဥ္ စားေသာက္ဖို႔ အတြက္ေတာ့ လက္လွမ္းမီတဲ့ ေစ်းႏႈန္းနဲ႔ ေရာင္းခ်ႏိုင္ျခင္း မရွိေသးပါဘူး။
တန္ဖိုးသင့္ အစားအစာေတြ အျဖစ္ ေစ်းႏႈန္းျမင့္မားေနမႈက ဆိုင္ဖြင့္ဖို႔ေနရာေရြးခ်ယ္တာက အစ အရာရာမွာ အကန္႔အသတ္တစ္ခု အျဖစ္ ရွိေနေစပါတယ္။
ဦးစိုးညီညီကိုယ္တိုင္ အေျခခံလူတန္းစားေတြ အတြက္ အလုပ္လုပ္ေပးခ်င္စိတ္ ရွိေပမယ့္ Feel Myanmar ဆိုင္ေတြကေတာ့ အေျခခံလူတန္းစားေတြ ေနထိုင္ရာအရပ္မွာ ဖြင့္လွစ္ေရာင္းခ်ဖို႔ ဘယ္လိုမွ
အဆင္မေျပႏိုင္တာကို လက္ေတြ႕ႀကံဳေနရတယ္။ဒါေၾကာင့္ ဒီအေျခအေနမွာဦးစိုးညီညီက အစိုးရရဲ႕အကူအညီကို လိုလားေန ပါတယ္။
သူက “တကယ္လို႔မ်ား အစိုးရကူညီမယ္ဆိုရင္ အကို ကတိေပးႏိုင္တာက ဒီေန႔ေရာင္းေနတဲ့ ေစ်းႏႈန္းထက္ ျပည္သူကို ေစ်းခ်ၿပီး ေရာင္းေပးႏိုင္ ပါတယ္။
အကို ေရာင္းေပးႏိုင္ပါတယ္။ အခုလို ေစ်းႀကီးမွာ မဟုတ္ပါဘူး” လို႔ အာမခံစကား ဆိုတယ္။
ဦးစိုးညီညီက ကိုယ္တိုင္လည္း စားဖိုမွဴး တစ္ေယာက္ျဖစ္ပါတယ္။ သူ႔ရဲ႕ဆိုင္ေတြကလည္း ႏိုင္ငံတကာ အသိအမွတ္ျပဳ လက္မွတ္ေတြ ရထားတယ္။ ဆုေတြရထားတယ္။ ဒါေပမဲ့ ငယ္စဥ္ကေတာ့ စားဖိုမွဴး တစ္ေယာက္ျဖစ္လာဖို႔ရည္ရြယ္ခဲ့ျခင္း
မရွိသလို ၀ါသနာလည္း မပါခဲ့ဘူး။ စီးပြားေရးေအာင္ျမင္ဖို ႔အတြက္ ၀ါသနာမပါတဲ့ အလုပ္ကို ၀ါသနာပါတဲ့ သူအျဖစ္ သူ႔ကိုယ္သူ ေျပာင္းလဲခဲ့တာပါပဲ။ ဒီအခ်က္ကလည္း ဘ၀ ေအာင္ျမင္ေရးမွာ အေျခခံက်တဲ့ အခ်က္တစ္ခ်က္အျဖစ္ သူလက္ခံ ထားပါတယ္။
ဒါေၾကာင့္လည္း သူက “အဲဒီ မက္ေဆ့လည္း လူငယ္ေတြကို ေပးခ်င္တယ္။ ကိုယ္၀ါသနာပါမွ မဟုတ္ပါဘူး။ ၀ါသနာ မပါတဲ့ လိုင္းကိုလည္း တစ္စိုက္ မတ္မတ္လုပ္သြားမယ္ ဆိုရင္ တစ္ေန႔
ေနရာတစ္ခုကို ရပါတယ္” လို႔ ဆိုပါတယ္။
#feel #ဦးစိုးညီညီ #thenyangnewsarticle #လူမွဳဘ၀ #၀န္ထမ္း #FeelMyanmar #စီမံခန္႔႔ခြဲမွဳ #Taste1 #MiamiGrill #FeelGarden
#Doreen #thenyangnews #nyangnews
ဓာတ္ပံု – ျငမ္း
Feel စားေသာက္ဆိုင္မ်ား အုပ္စုရဲ႕ ဦးေဆာင္သူ ဦးစိုးညီညီ
..
Unicode
“ငယ်ငယ်က ရည်မှန်းချက်နဲ့ တူခဲ့တာဆိုလို့ ငါချမ်းသာလာရင် လမ်းဘေးမှာ နေပူစပ်ခါးမှာ သွားနေတဲ့ …”
လူမှုဘဝ/ ဆောင်းပါး
————————-
မေတ္တာနဲ့အုပ်ချုပ်သူ
Original-
ဇော်နောင်လင်း
ဇွန်(၁၃)၊၂၀၁၈
တကယ်တော့ သူက လူပျိုကြီး။ ဒါပေမဲ့ တစ်ကိုယ်တည်းတော့ မဟုတ်၊ အိမ်ထောင်ရှင်ထက် သားသမီး ပိုများ တယ်။ သူ့မှာ စုစုပေါင်း ၀န်ထမ်း (၂၀၀၀) ကျော်ရှိတယ်။ အားလုံးက သူ့ကို “အဖေ” လို့ ခေါ်ကြတယ်။ သူကလည်း “သား” ၊“သမီး” လို့ပဲ ခေါ်တယ်။
၀န်ထမ်းဆိုပေမယ့် “မိဘ” နဲ့ “သားသမီး”ဆက်ဆံရေးကိုပဲ အလေးပေး တည်ဆောက်ထား တယ်။ သူလက်ကိုင်ထားတဲ့ စီမံခန့်ခွဲမှုက Love Management ဆိုတဲ့ “မေတ္တာကို အခြေခံတဲ့စီမံခန့်ခွဲမှု”ပါ။
လွန်ခဲ့တဲ့ ကိုးနှစ်လောက်က ကျင်းပခဲ့တဲ့ သူ့အသက်(၅၀) ပြည့်မွေးနေ့ ပွဲမှာ ပိုင်ရှင်အဖြစ်က အပြီးပြတ် စွန့်လွှတ်ကြောင်း ကြေညာတယ်။
၀န်ထမ်းတွေကို လုပ်သက်အလိုက် အစုရှယ်ယာတွေ သတ်မှတ်ပေးပြီး လုပ်ငန်းကရတဲ့ အကျိုးအမြတ်တွေ အားလုံးကို ခွဲပေးတယ်။ သူကတော့ ဖခင်တစ်ယောက် အဖြစ်ပဲ ဦးဆောင်တယ်။ မေတ္တာကို အခြေခံတဲ့ စီမံခန့်ခွဲမှုနဲ့ အုပ်ချုပ်တယ်။ ခေါင်းဆောင်မှုပေးတယ်။
“မယူဘူးလုပ်လိုက်တဲ့ အချိန်မှာ ပိုအောင်မြင်တယ်။ ပိုတောင် ငွေရလာသေးတယ်။ပြောရမယ် ဆိုရင် ကိုယ့်အတွက်
လုပ်တာ ထက်တောင် ငွေရသေးတယ်။ အကို့အမြင်တော့အများအတွက် ဆိုပြီး ရှာလိုက်တဲ့ အချိန်မှာအများအတွက် လုပ်တယ်ဆိုတဲ့ စိတ်ကြောင့် ပိုအောင်မြင်တယ်လို့ ယူဆတယ်”
Feel စားသောက်ဆိုင်များ အုပ်စုရဲ့ ဦးဆောင်သူ ဦးစိုးညီညီက သူ့လုပ်ငန်းတွေ အောင်မြင်ရတဲ့ အကြောင်းရင်းကို ပြောတယ်။
ပိုင်ဆိုင်မှုတွေကိုလွှဲပြောင်းပေးလိုက်တဲ့ အတွက် အလုပ် စလုပ် ကတည်း က ၀ယ်ထားတဲ့ မြေကွက် တချို့ကလွဲရင် သူ့မှာ တခြား ဘာစီးပွားရေး လုပ်ငန်းမှ မရှိတော့ဘူး။
ဒါပေမဲ့ သူကတော့ သားသမီး(၂၀၀၀) ကျော်ရဲ့့ မေတ္တာတုံ့ပြန်မှုကို ယုံကြည်တယ်။ သူ အိုမင်း လာတဲ့ အခါ သားသမီး (၂၀၀၀) ကျော်ထဲက အနည်းဆုံး တစ်ယောက်ကတော့ သူ့ကို ပြန်ကြည့် မှာပဲလို့ ယုံကြည်ထားတယ်။
Feel Group မှာ လက်ရှိ ဆိုင်ပေါင်း (၂၈) ဆိုင်ရှိတယ်။ မန္တလေး၊ ကျိုက်ထို၊ ပန်းတနော်မြို့တွေ မှာ Feel Myanmar ဆိုင်တွေ ထပ်ဖွင့်ဖို့လည်းစီစဉ်နေတယ်။ ပြီးတော့ Taste 1, Taste 2, Relax,
Doreen, Feel Garden, Enjoy Garden ဆိုတဲ့ ဆိုင်တွေရှိတယ်။ အမေရိကန်နဲ့ Franchise ယူထားတဲ့ Miami Grill, ထိုင်းနဲ့ Franchise ယူထားတဲ့ Mix ဆိုတဲ့ ဆိုင်တွေကို လည်း ဖွင့်ထားတယ်။
“အကိုကတော့ Employee First, Customer Second ကို သုံးပါတယ်။ ဒါက အမေရိကမှာ အရမ်းအောင်မြင်နေတဲ့ မြန်မာလုပ်ငန်းရှင် ဖိလစ်မောင်လည်း ဒီဥစ္စာကိုပဲ သုံးပါတယ်။ Employee ကို First ထားတယ်။
Customer ကို Second ထားပါတယ်။ အကို့ Customer ကို ပထမနေရာမှာ မထားပါဘူး။ ပထမနေရာမှာ အကို့ ကလေးတွေ ကိုပဲ ထားပါတယ်။ သူတို့ ၀လင်နေမှ၊ သူတို့ပျော်ရွှင်နေမှ၊ သူတို့ကျန်းမာနေမှ၊ သူတို့စိတ်ကြည်နေမှာ Customer ကို Service ပေးနိုင်မှာ” လို့ ဦးစိုးညီညီက ဆိုတယ်။
ဦးစိုးညီညီရဲ့ ဖခင်က မြိတ်သား။ မိခင်က ထားဝယ်သူ။ သူ့ကို ၁၉၅၈ ခုနှစ်က မေမြို့မှာ မွေးတယ်။ မွေးချင်း ခြောက်ယောက် ရှိတယ်။ သူ လေးနှစ်သားလောက်မှာ ရန်ကုန်ကို ရောက်လာတယ်။ ဒဂုံ အ ထ က (၁)
(Methodist English High School) မှာ (၁၀)တန်း အောင်တဲ့ အထိ ပညာသင်ကြားတယ်။ ၁၉၈၁ ခုနှစ်မှာ ဘူမိဗေဒ ဘာသာရပ်နဲ့ ဘွဲ့ရ တယ်။
DSA First Batch ဆင်း ဖခင်ဖြစ်သူက ဒုတိယဗိုလ်မှူးကြီး ရာထူးနဲ့ အငြိမ်းစားယူခဲ့ပေမယ့် သူတို့ မိသားစုကတော့ ချောင်ချောင်လည်လည် မရှိခဲ့ကြပါဘူး။
အစိုးရက ပေးနေခွင့်ပြုထားတဲ့ အခု Summit Park View Hotel နေရာက ခြံကျယ်ကြီးထဲမှာ နှင်းဆီပန်းပင်တွေ စိုက်ပြီး ပန်းရောင်း စားရင်း သူ့ရဲ့ အထက်တန်းကျောင်းသား ဘဝကို ဖြတ်ကျော်ခဲ့ ရတယ်။ သူတက္ကသိုလ်
တက်ရောက်ချိန်မှာ ခြံထဲက ဖယ်ပေးရတော့ နှင်းဆီခြံ လည်း ပြုတ်သွားတယ်။ တစ်ဖက်တစ်လမ်းကလက်ဖက်ခြောက် ရောင်းရင်း ကျောင်းပြီးဆုံးအောင် ဆက်တက်ခဲ့တယ်။
သူ့ရဲ့ လူငယ်ဘဝမှာ လမ်းဘေးမှာ ဂစ်တာတီးတယ်။ ကရာတေး ကစားတယ်။ အလှမွေး ငါးတွေ၊ ငှက်တွေ၊ ခွေးတွေမွေးပြီး ရောင်းတယ်။ ရေခဲထုပ် ရောင်းတယ်။ တက္ကစီမောင်းတယ်။ ငယ်ငယ်က သူ့ရဲ့ အမြင့်မားဆုံး ရည်မှန်းချက်ဆိုတာ
ကားလေးတစ်စီး စီးနိုင်ဖို့၊ အဲကွန်း တပ်ထားတဲ့ အိမ်လေးထဲမှာ ရေခဲသေတ္တာထဲက ကိုကာကိုလာဗူး ဖွင့်သောက်နိုင်ဖို့၊ လက်ဖက်ရည် ဆိုင်လေး တစ်ဆိုင် ဖွင့်နိုင်ဖို့။ ဒီလောက်ပဲ ရှိခဲ့ပါတယ်။ အခုလောက်အထိ အောင်မြင်လာဖို့သူရည်မှန်း မထားခဲ့ဘူး။
“ငယ်ငယ်က ရည်မှန်းချက်နဲ့ တူခဲ့တာဆိုလို့ ငါချမ်းသာလာရင် လမ်းဘေးမှာ နေပူစပ်ခါးမှာ သွားနေတဲ့ အထမ်းသည်တွေ၊ ပင်ပင်ပန်းပန်း လုပ်နေတဲ့ ဆင်းရဲသားတွေဆီက အပြတ်ဝယ် လိုက် ပြီးတော့ သူ့ အစားအသောက်တွေကို အနားမှာ
ရှိနေတဲ့ သူတွေ ကျွေးပြီး သူ့ကို အိမ်မြန်မြန်ပြန်ခိုင်းမယ် ဆိုတဲ့ ရည်မှန်းချက်။ ငယ်ငယ်က ရည်မှန်းချက်ကို အခုထိ လုပ်ဖြစ် ပါတယ်။ အဲဒါတော့ ငယ်ငယ်က ရည်မှန်းချက်နဲ့ အခုရည်မှန်းချက် တူတယ်။ အမေကို ရှာကျွေး
ချင်တာ လည်း တူတယ်။ လူတွေကို လှူချင်တာ၊ ဆေးဝါးကုပေးချင်တာလည်း တူပါတယ်” လို့ ဦးစိုးညီညီက ဆိုတယ်။
၁၉၉၂ ခုနှစ်မှာ Dream ဆိုတဲ့ ဟမ်ဘာဂါဆိုင်ကို စဖွင့်တယ်။ ဖွင့်ဖြစ်တဲ့ အကြောင်းက လမ်းဘေးမှာ ဂစ်တာတီးနေရင်း သူငယ်ချင်းတွေကိုပြောလိုက်တဲ့ ‘ငါ့မှာအရင်းအနှီးသာရှိလို့ ဘာဂါဆိုင် ဖွင့်နိုင်ရင် အောင်မြင်ရမယ်’
ဆိုတဲ့စကားကို အနားမှာရှိတဲ့ တိုက်ခန်းပိုင်ရှင် တစ်ဦးက ကြားသွားပြီး တိုက်ခန်းပေး၊ အရင်းအနှီးငွေ တစ်ဝက်စိုက်လုပ်ကိုင်စေခဲ့ တာကြောင့် ပါ။ ဒီလိုနဲ့ အဲဒီတိုက်ခန်းပိုင်ရှင်နဲ့ တွဲပြီးDream ကို သူစ ဖွင့်ဖြစ်ခဲ့တယ်။
နောက်တော့ သူ့ရဲ့ ခြေလှမ်းတွေကို တဖြည်းဖြည်း ချဲ့ထွင်ခဲ့တယ်။ ယုဇနဦးဌေးမြင့်နဲ့ပေါင်းပြီး မြေနီကုန်းမှာ Yuzana Buger and Snackဆိုင်ကို ဖွင့်တယ်။ တတိယ မြောက်ဆိုင် အရောက်မှာတော့ သူ့ရဲ့ကိုယ်ပိုင်
နာမည်ဖြစ်တဲ့ Feel ကို စတင် အသက်သွင်းနိုင်ခဲ့ပြီး အောင်မြင်မှု လမ်းကြောင်းပေါ် ရောက်လာခဲ့တယ်။
“အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် ဖြစ်ဖို့ဆိုရင် နံပါတ်(၁) ကတော့ ကိုယ့်နာမည်ကို ကိုယ်တည်ဆောက်ရပါမယ်။ Trust ပေါ့။ Customer ကလည်း Trust ဖြစ်အောင်၊ ကိုယ်နဲ့ တွဲလုပ်ချင်တဲ့ ကိုယ့်ထက် ချမ်းသာတဲ့
ကိုယ့်ကိုလာခေါ်မယ့် သူဌေး၊ နိုင်ငံခြားကုမ္ပဏီတွေက ကိုယ့်ကို Trust ဖြစ်အောင် ယုံကြည်မှု တည်ဆောက်ရပါမယ်”ဦးစိုးညီညီက သူ့ရဲ့ အောင်မြင်ရေးနည်းလမ်း တစ်ခုကို ပြောပြတယ်။
ဒီနည်းလမ်းက ဘဝမှာ သူကိုယ်တိုင် ကျင့်သုံးဖြတ်သန်းလာခဲ့တဲ့ နည်းလမ်းပါ။ Feel Myanmar စားသောက်ဆိုင်တွေက အစားအစာတွေဟာကျန်းမာရေးနဲ့ ညီညွတ်တယ် ဆိုတဲ့ စားသုံးသူတွေရဲ့ ယုံကြည်မှုရအောင်၊
ငါတို့ အဖေက ငါတို့အတွက် ဦးဆောင် လုပ်ကိုင် နေတယ် ဆိုတဲ့ ၀န်ထမ်းတွေရဲ့ ယုံကြည်မှု ရအောင်၊ စိုးညီညီဆိုတဲ့ သူဟာ လိမ်ညာလှည့်ဖြား မတရား စီးပွားရှာသူ မဟုတ်ဘူး ဆိုတဲ့ လက်တွဲ လုပ်ကိုင်ချင်တဲ့ ပါတနာတွေရဲ့ ယုံကြည်မှု ရအောင် သူ တည်ဆောက်ခဲ့တယ်။
သူ့ရဲ့ စီးပွားရေးမူဝါဒက “အရင်ပေးပါ” ။ စားသုံးသူကို အရင်ပေးပါ၊ ၀န်ထမ်းကို အရင်ပေးပါ၊ ပြီးမှ ကိုယ့်အတွက် ယူပါ ဆိုတဲ့ မူဝါဒ။
သူ့ရဲ့ဝန်ထမ်း စီမံခန့်ခွဲရေး မူဝါဒက
“Love Management” ။ မေတ္တာနဲ့ အုပ်ချုပ်ပါ၊ ချစ်ပေးပါ၊ ကြင်နာပါ၊ စာနာပါ၊ နားလည်ပါ၊ နွေးထွေးပါ ဆိုတဲ့ မူဝါဒ။ ဒီမူဝါဒတွေကို
Synergy ဆိုတဲ့ စုပေါင်း၊ ညှိနှိုင်း၊ တိုင်ပင် လုပ်ဆောင်တဲ့ အလေ့အကျင့်နဲ့ ယှဉ်တွဲကျင့်သုံးခဲ့တယ်။
ဒါကြောင့်လည်း ဦးစိုးညီညီက “၀န်ထမ်းအုပ်ချုပ်ရတာ အကို့အတွက် အရမ်း လွယ်ပါတယ်။ သူတို့ကို မေတ္တာနဲ့အုပ်ချုပ်တဲ့အတွက် သူတို့ကလည်း တုံ့ပြန်တဲ့အတွက် ၀န်ထမ်းနဲ့ ပတ်သက်ပြီး ကြီးကြီးမားမား အခက်အခဲ မရှိပါဘူး။
ဒါက တခြားသူတွေနဲ့ ပြောင်းပြန်ပါ။ အိမ်မှာ အိမ်ဖော် တစ်ယောက်ကိုတောင် မနည်း ရှာရခက်တယ်လို့ ဆိုကြတယ်။
၀န်ထမ်း ဒုက္ခပေးတယ်၊ ၀န်ထမ်းခိုးတယ်၊ ၀န်ထမ်းနှိပ်စက်တယ်ပဲ ကြားဖူးပါတယ်။ အကို့ကိုတော့ ၀န်ထမ်းက မနှိပ်စက်ပါဘူး” လို့ ဂုဏ်ယူစွာပြောဆိုနိုင်တာ ထင်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ၂၀၁၅ ခုနှစ် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရဲ့ပျမ်းမျှ လူ့သက်တမ်းက (၆၆) နှစ်ပါ။ အတိအကျပြောရရင် အမျိုးသားတွေရဲ့ ပျမ်းမျှသက်တမ်းက (၆၄.၆) နှစ်၊ အမျိုးသမီးတွေရဲ့ ပျမ်းမျှသက်တမ်းက
(၆၈.၅) နှစ် ဖြစ်ပါတယ်။ ထုတ်ပြန်တဲ့ အဖွဲ့အစည်း ကို လိုက်ပြီး ကိန်းဂဏန်းအချက်အလက်တွေ အနည်းငယ် ကွာခြားမှု ရှိပေမယ့် မြန်မာနိုင်ငံ အားကစားနဲ့ ကျန်းမာရေး ၀န်ကြီးဌာနကတော့ လာမယ့် ၂၀၃၀ ပြည့်နှစ်မှာ
မြန်မာ့ လူ့သက်တမ်းကို (၇၅) နှစ်ကနေ အနှစ်(၈၀) အထိ မြင့်တက်လာစေဖို့ရည်ရွယ် လုပ်ဆောင် နေတယ်လို့ ဆိုတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဦးစိုးညီညီကတော့ လူ့သက်တမ်းတစ်ခုမှာ သူ့ဘဝရဲ့ ဖြစ်နိုင်ဖွယ် လက်ကျန် နေ့ရက်တွေကို ကြိုတင်တွက်ဆ ထားတယ်။
ဘဝမှာ အချိန်ရဲ့တန်ဖိုးရှိပုံကိုလည်း နားလည်ထားတယ်။ တစ်ရက်မှာ (၂၄) နာရီရှိတဲ့အထဲက အိပ်ချိန်ရှစ်နာရီ၊ အလုပ်လုပ်ချိန် ရှစ်နာရီ၊ ကိုယ်ပိုင်အချိန် ရှစ်နာရီ ဆိုပြီး အပိုင်း သုံးပိုင်းခွဲထားတယ်။
အများအားဖြင့် သူ့ရဲ့ ကိုယ်ပိုင် အချိန် ရှစ်နာရီကို အလုပ်လုပ်ချိန် ရှစ်နာရီထဲ ထပ်ပေါင်းထည့်ပြီး အလုပ်လုပ်တယ်။ သူ့ကိုယ်သူ နားရက် သတ်မှတ် မထားခဲ့ဘူး။
“အကို့ဘဝမှာ နားရက်ဆိုတာကို မရှိဘူး။ စနေ မရှိဘူး။ တနင်္ဂနွေ မရှိဘူး။ အဲဒီလို အလုပ်လုပ်တယ်”
ရန်ကုန်မြို့၊ ပြည်ထောင်စုရိပ်သာလမ်းက Taste 1 ဆိုတဲ့ သူ့ရဲ့ ဆိုင်လေးမှာ ထိုင်ရင်းဦးစိုးညီညီနဲ့ စကားပြောဖြစ်ကြတာပါ။
သူ့ဆိုင်တွေအထဲက တချို့ဆိုင်တွေကများများမြတ်တယ်၊ တချို့ဆိုင်တွေက ပါးပါးပဲမြတ်တယ်၊ တချို့ဆိုင်တွေက များများရှုံးတယ်၊ တချို့ဆိုင်တွေကတော့ ပါးပါးပဲ ရှုံးတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေ အတွက် လုပ်သာကိုင်သာ
မရှိတဲ့ ဥပဒေတွေ၊ စည်းမျဉ်းတွေ၊ တိုးမြင့်လာတဲ့ ကုန်ကျ စရိတ်တွေ၊ ၀န်ထမ်းလစာတွေ၊နေရာ ငှားရမ်းခတွေ၊ အခွန်အခတွေက တခြားသော စီးပွားရေး လုပ်ငန်းရှင်တွေလိုပဲဦးစိုးညီညီလည်း ရင်ဆိုင်ကြုံတွေ့နေရတယ်။
သူကတော့ မြတ်တဲ့ဆိုင်က ရတဲ့ငွေကို ရှုံးတဲ့ဆိုင်တွေအတွက် ဖာထေးသုံးစွဲတယ်။ အရှုံးပေါ်လာတဲ့ စားသောက်ဆိုင်တွေကို ကာမိအောင် ညစျေး ထပ်ဖွင့်တယ်၊ လူအစားနည်းတဲ့ အနောက်တိုင်း အစားအစာတွေကနေ မြန်မာ
အစားအစာတွေကို ပြောင်းလဲ ရောင်းချတယ်၊ လူအများ စားတတ်တဲ့ အစားအစာတွေ၊ တည်ခင်းမှု ပုံစံတွေ ထပ်တိုး တီထွင် ရောင်းချတယ်၊ ဘဏ်ချေးငွေ ရယူပြီး ပုံမှန်လည်ပတ်နိုင်အောင် ကြိုးစားတယ်။
“Feel မှာဆိုရင် မုန့်ဟင်းခါး မရနိုင်တော့ဘူး။မုန့်လုံးရေပေါ် မရနိုင်တော့ဘူး။ ၁၀၀၀ အောက် အစားအသောက်တွေ မရနိုင်တော့ဘူး။လက်ဖက်ရည်၊ ကော်ဖီ မရောင်းနိုင်တော့ဘူး။ အဲဒါတွေ ရောင်းရငွေလေးတွေနဲ့ လူတွေပြည့်နေပြန်တော့လည်း
ရောင်းရတယ် ဆိုပြီး အမြတ်ခွန်ကလည်း ထပ်တက်လာတာကိုး၊ မြေပိုင်ရှင်ကလည်း ငှားခတွေ တိုးကောက် တာကိုး၊ အကိုစိတ်ပူတာက အကိုတို့ ရတဲ့ငွေနဲ့ ကုန်နေတဲ့ ကုန်ကျစရိတ်တွေ မကာမိလာတဲ့ အခါမှာတော့ အကိုမခံနိုင်တဲ့
အဆုံး အသက်ကြီးလာလို့အနားယူချင်တယ် ဆိုရင်တော့ Feel တွေများပျောက်သွားမလားလို့ပါ” လို့ဦးစိုးညီညီက ဆိုတယ်။
သူက အနာဂတ်မှာ Feel Myanmar စားသောက်ဆိုင်တွေ ထပ်ပြီး တိုးပွားလာသည်ဖြစ်စေ၊ ကွယ်ပျောက်သွားသည်ဖြစ်စေ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မြန်မာအစားအစာတွေ ကို အဆင့်အတန်းရှိရှိ ရောင်းချနိုင်တဲ့ ပြည်တွင်း
လုပ်ငန်းရှင်တွေ များများပေါ်ပေါက်စေချင်တယ်။ အခြေခံ လူတန်းစားတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ များများ
ပေးနိုင်တဲ့ သူတွေ ရှိစေချင်တယ်။ ဒီအတွက် နိုင်ငံတော်ကလည်း ပြည်တွင်း ပုဂ္ဂလိကလုပ်ငန်းတွေ ဖွံ့ဖြိုးရှင်သန်လာဖို့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးစေချင်တယ်။
လက်ရှိမှာတော့ Feel Myanmar ဆိုင်တွေဟာ တခြားသော အဆင့်မြင့် မြန်မာ စားသောက်ဆိုင်တွေ လိုပါပဲ၊ အခြေခံလူတန်းစားတွေနေ့စဉ် စားသောက်ဖို့ အတွက်တော့ လက်လှမ်းမီတဲ့ စျေးနှုန်းနဲ့ ရောင်းချနိုင်ခြင်း မရှိသေးပါဘူး။
တန်ဖိုးသင့် အစားအစာတွေ အဖြစ် စျေးနှုန်းမြင့်မားနေမှုက ဆိုင်ဖွင့်ဖို့နေရာရွေးချယ်တာက အစ အရာရာမှာ အကန့်အသတ်တစ်ခု အဖြစ် ရှိနေစေပါတယ်။
ဦးစိုးညီညီကိုယ်တိုင် အခြေခံလူတန်းစားတွေ အတွက် အလုပ်လုပ်ပေးချင်စိတ် ရှိပေမယ့် Feel Myanmar ဆိုင်တွေကတော့ အခြေခံလူတန်းစားတွေ နေထိုင်ရာအရပ်မှာ ဖွင့်လှစ်ရောင်းချဖို့ ဘယ်လိုမှ
အဆင်မပြေနိုင်တာကို လက်တွေ့ကြံုနေရတယ်။ဒါကြောင့် ဒီအခြေအနေမှာဦးစိုးညီညီက အစိုးရရဲ့အကူအညီကို လိုလားနေ ပါတယ်။
သူက “တကယ်လို့များ အစိုးရကူညီမယ်ဆိုရင် အကို ကတိပေးနိုင်တာက ဒီနေ့ရောင်းနေတဲ့ စျေးနှုန်းထက် ပြည်သူကို စျေးချပြီး ရောင်းပေးနိုင် ပါတယ်။ အကို ရောင်းပေးနိုင်ပါတယ်။ အခုလို စျေးကြီးမှာ မဟုတ်ပါဘူး” လို့ အာမခံစကား ဆိုတယ်။
ဦးစိုးညီညီက ကိုယ်တိုင်လည်း စားဖိုမှူး တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ဆိုင်တွေကလည်း နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်တွေ ရထားတယ်။ ဆုတွေရထားတယ်။ ဒါပေမဲ့ ငယ်စဉ်ကတော့ စားဖိုမှူး တစ်ယောက်ဖြစ်လာဖို့ရည်ရွယ်ခဲ့ခြင်း မရှိသလို ၀ါသနာလည်း မပါခဲ့ဘူး။
စီးပွားရေးအောင်မြင်ဖို ့အတွက် ၀ါသနာမပါတဲ့ အလုပ်ကို ၀ါသနာပါတဲ့ သူအဖြစ် သူ့ကိုယ်သူ ပြောင်းလဲခဲ့တာပါပဲ။ ဒီအချက်ကလည်း ဘဝ အောင်မြင်ရေးမှာ အခြေခံကျတဲ့ အချက်တစ်ချက်အဖြစ် သူလက်ခံ ထားပါတယ်။
ဒါကြောင့်လည်း သူက “အဲဒီ မက်ဆေ့လည်း လူငယ်တွေကို ပေးချင်တယ်။ ကိုယ်ဝါသနာပါမှ မဟုတ်ပါဘူး။ ၀ါသနာ မပါတဲ့ လိုင်းကိုလည်း တစ်စိုက် မတ်မတ်လုပ်သွားမယ် ဆိုရင် တစ်နေ့
နေရာတစ်ခုကို ရပါတယ်” လို့ ဆိုပါတယ်။
#feel #ဦးစိုးညီညီ #thenyangnewsarticle #လူမှုဘဝ #၀န်ထမ်း #FeelMyanmar #စီမံခန့့်ခွဲမှု #Taste1 #MiamiGrill #FeelGarden
#Doreen #thenyangnews #nyangnews
ဓာတ်ပုံ – ငြမ်း
Feel စားသောက်ဆိုင်များ အုပ်စုရဲ့ ဦးဆောင်သူ ဦးစိုးညီညီ
Comments
Post a Comment