

ပြည်တွင်းအနုပညာရှင်ပေါင်းများစွာထဲက ကျရာဇာတ်ရုပ်ကို အပီပြင်ဆုံးသရုပ်ဆောင်နိုင်တဲ့ ပရိသတ်အားပေးမှုအမြင့်ဆုံး အမျိုးသမီးအနုပညာရှင်သုံးဦးနဲ့ အမျိုးသားအနုပညာရှင် သုံးဦးအကြောင်း ရေးသားဖော်ပြလိုက်ပါတယ်
၁။ အိန္ဒြာကျော်ဇင်
မြန်မာ့ရုပ်ရှင်လောကမှာ ထိပ်တန်းမင်းသမီးနေရာကို ဆယ်စုနှစ်နှစ်ခုနီးပါးထိန်းသိမ်းနိုင်ရုံမက အိမ်ထောင်သည်ဘဝ မိခင်ဘဝတိုင်အောင် နောင်တက်မင်းသမီးငယ်များနဲ့အပြိုင် ရုပ်ရှင်ပိတ်ကားထက်မှာ နေရာယူနိုင်သူတဲ့ ဝါရင့်မင်းသမီးတစ်ဦးလည်းဖြစ်ပါတယ်

၂၀၀၄ ခုနှစ်ပထမဆုံးအကယ်ဒမီဆွတ်ခူးပြီးချိန်မှစတင်၍ ခေတ်တစ်ခေတ်ထူထောင်နိုင်ခဲ့တဲ့ အိန္ဒြာကျော်ဇင်ဟာ ပြေတီဦးနဲ့လက်ထပ်ပီး ၂၀၁၁ ခုနှစ်နောက်ပိုင်းမှာ အနုပညာလုပ်ငန်းများသိသိသာသာလျှော့ချလိုက်ပါတယ်။
၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း သူမရဲ့အထင်ရှားဆုံးဇာတ်ကားကတော့ ပြေတီဦး၊ နေတိုးတို့နဲ့ သရုပ်ဆောင်ခဲ့တဲ့ ‘အဖြူရောင်ရဲတိုက်’ ဇာတ်ကားဖြစ်ပါတယ်
အဆိုပါဇာတ်ကားမှာ အကယ်ဒမီဆုခန့်မှန်းခံခဲ့ရပြီး ဝင်ငွေနဲ့အောင်မြင်မှုပါ အတော်အသင့်ရရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်နောက်ပိုင်းမှာတော့ အိန္ဒြာကျော်ဇင်ရဲ့အောင်မြင်မှုဟာ တစ်ကျော့ပြန်မြင့်တက်လာပြီး ၂၀၁၇ ခုနှစ်မှာရုံတင်ပြသတဲ့ ‘ရင်ဘတ်ထဲကဓား’ ရုပ်ရှင်ဟာလည်း ရှေ့ကဇာတ်ကားများရဲ့ ဝင်ငွေစံချိန်အားလုံးကိုကျော်ဖြတ်ပြီး မြန်မာ့ရုပ်ရှင်ရဲ့ဝင်ငွေအကောင်းဆုံးဇာတ်ကားဖြစ်လာခဲ့ပါတယ်
ထိုဇာတ်ကားနဲ့ဘဲ ဒုတိယအကြိမ်အကယ်ဒမီရရှိခဲ့ပြီး အောင်မြင်မှုအထွဋ်အထိပ်ရောက်ရှိခဲ့တဲ့ သူမဟာ မကြာသေးမှီက သူမကိုယ်တိုင်ထုတ်လုပ်ရိုက်ကူးပြီး မင်းသမီးအဖြစ်သရုပ်ဆောင်တဲ့ ‘Reflection’ ဇာတ်ကားဟာလည်း လက်ရှိမှာအကြီးအကျယ်အောင်ပွဲခံနေတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်
၂။ မိုးဟေကို
မိုးဟေကိုဟာ မြန်မာ့ရုပ်ရှင်ပရိသတ်ရှေ့ကို တခါတခါမှသာ ထွက်ပေါ်လာတတ်သူတစ်ယောက်ဖြစ်ပေမယ့် ၂၀၁၀ ခုနှစ်မှ ၂၀၁၄ ခုနှစ်တုန်းက သူမဟာ မြန်မာ့အနုပညာလောကရဲ့လွှမ်းမိုးမှုအရှိဆုံးမင်းသမီးများအနက် တစ်ဦးအပါအဝင်ဖြစ်ခဲ့ပါတယ်။သူမရဲ့ အစောပိုင်းဇာတ်ကားတစ်ကားဖြစ်တဲ့ ‘သူငယ်ချင်းယောက္ခမ’ ဇာတ်ကားဟာ ၂၀၁၀ ခုနှစ်ရဲ့ဝင်ငွေအကောင်းဆုံးဇာတ်ကားတစ်ကားဖြစ်သလို ၂၀၁၄ ခုနှစ်မှာ ဒါရိုက်တာမောင်မျိုးမင်းရိုက်ကူးတဲ့ ‘တိုက်ဆိုင်မှုရှိလျှင်’ အိမ်ထောင်ရေးဇာတ်ကားဟာ ထိုနှစ်ရဲ့ဝင်ငွေအကောင်းဆုံးဇာတ်ကားဖြစ်တဲ့အပြင် သူမရဲ့အနုပညာသက်တမ်းတစ်လျှောက်မှာ အအောင်မြင်ဆုံးဇာတ်ကားလည်းဖြစ်ပါတယ်

အခြားအောင်မြင်တဲ့ဇာတ်ကားများကတော့ ‘နှလုံးသားဖြင့်ပြုလုပ်သည်’ (၂၀၁၄) နဲ့ ‘မင်္ဂလာလှည်း’ (၂၀၁၅) တို့ဖြစ်ပါတယ်။၂၀၁၆ ခုနှစ်မှစတင်၍ မိုးဟေကိုဟာ အကြောင်းကိစ္စအမျိုးမျိုးကြောင့် ရုပ်ရှင်ကားအများစုကိုငြင်းပယ်ခဲ့ပြီး အနုပညာလုပ်ငန်းများ သိသိသာသာလျှော့ချလိုက်တဲ့အတွက် ပိတ်ကားထက်မှာတွေ့ရနည်းလာသော်လည်း သူမထုတ်လုပ်ရေးမှဇာတ်ကားအများစုကတော့ ဝင်ငွေအောင်မြင်တဲ့ဇာတ်ကားများဖြစ်လာပါတယ်။
လက်ရှိမှာ သူမပါဝင်သရုပ်ဆောင်ထားတဲ့ ‘သူငယ်ချင်းယောက္ခမ ၂’ ဇာတ်ကားကတော့ အရှုံးပေါ်ခဲ့ပြီး သူမကိုယ်တိုင်ထုတ်လုပ်ရိုက်ကူးတဲ့ တောကျီးကန်းဇာတ်ကားကတော့ ဝင်ငွေအတော်အသင့်အောင်မြင်မှုရခဲ့ပါတယ်။
၃။ ဖွေးဖွေး

မြန်မာပြည်မင်းသမီးတွေထဲမှာ ဇာတ်ကားပေါက်နှုန်းအများဆုံးမင်းသမီးကတော့ ဖွေးဖွေးဖြစ်ပါတယ်။ ဒါရိုက်တာဝိုင်းရဲ့ ပင်တိုင်မင်းသမီးဖြစ်သလို သူတို့နှစ်ဦးတွဲဖက်ရိုက်ကူးတဲ့ဇာတ်ကားအားလုံးနီးပါးဟာ ရုံပြည့်ရုံလျှံလက်မှတ်ရောင်းချနှုန်းစံချိန်တင်ခဲ့တာချည်းဘဲဖြစ်ပါတယ် ။ ၂၀၁၂ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ‘လက်ပံ’ ရုပ်ရှင်မှစတင်၍ ထိပ်တန်းအကယ်ဒမီမင်းသမီးတစ်လက်ဖြစ်လာခဲ့တဲ့ဖွေးဖွေးဟာ ၂၀၁၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်တစ်ဝိုက်မှာ သူမရဲ့ဇာတ်ကားများတရစပ်ရုံတင်ခဲ့ပြီး မြန်မာပြည်ရဲ့အထင်ရှားဆုံးမင်းသမီးတစ်လက်ဖြစ်လာခဲ့ပါတယ်
၂၀၁၄ ခုနှစ်မှာ ရုံတင်ခဲ့တဲ့ ‘သက်တံသစ်’ ဇာတ်ကားနဲ့ ၂၀၁၅ ခုနှစ်မှာရုံတင်ခဲ့တဲ့ ‘ကျွန်မကနှင်းဆီပါမောင်’ နဲ့ ‘ကျုးပစ်ရဲ့ကျေးကျွန်များ’ ဇာတ်ကားများဟာ မြန်မာ့ရုပ်ရှင်ရဲ့ box office မှာဝင်ငွေစံချိန်တင်ခဲ့သလို ဖွေးဖွေးကို ထိုနှစ်များရဲ့ နံပါတ်တစ်မင်းသမီးဖြစ်လာခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှစတင်ပြီး ဖွေးဖွေးဇာတ်ကားများဟာ အောင်မြင်မှုကျဆင်းခဲ့ပြီး ၂၀၁၇ ခုနှစ်အလယ်လောက်မှာ မြင့်မြတ်နဲ့သရုပ်ဆောင်ခဲ့တဲ့ ‘ဘုန်းကညာနှစ်ပါး’ ဇာတ်ကားဟာ နှစ်နှစ်အတွင်း ပထမဆုံးအောင်မြင်မှုပြန်လည်ရရှိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း မကြာသေးမီက ရုံတင်ခဲ့တဲ့ ဒါရိုက်တာဝိုင်းရဲ့ ‘ရွှေကြာ’ ဇာတ်ကားဟာလည်း ရုပ်ရှင်ပိတ်ကားထက်မှာ သတင်းပတ်ပေါင်းများစွာနေရာယူနိုင်ခဲ့တဲ့အတွက် ဖွေးဖွေးရဲ့ tickets sale power ကလည်း မြင့်တက်ခဲ့ပါတယ်
၁။ ပြေတီဦး

ဒါရိုက်တာဝိုင်းရိုက်ကူးတဲ့ ‘အာဒမ်ရယ် ဧဝရယ် ဒသရယ်’ ဇာတ်ကားမှစတင်ပြီး တစ်ဟုန်ထိုးနာမည်ရလာတဲ့ လေးထပ်ကွမ်းအကယ်ဒမီဆုရှင်ဖြစ်ပါတယ်။ ပြေတီဦးရဲ့အိမ်ထောင်ရေးဒရာမာဇာတ်ကားအများစုဟာ ယနေ့ခေတ်ရဲ့ လူကြိုက်အများဆုံးဇာတ်ကားများဖြစ်လာပါတယ်။ ပြေတီဦးရဲ့ပြင်းထန်ပေါက်ကွဲပြီးတစ်ဖက်ကမ်းခက် ဒရာမာသရုပ်ဆောင်စွမ်းရည်ဟာ သူကိုယ်တိုင်အကယ်ဒမီဆုတွေတစ်ဆုပီးတစ်ဆုဆွတ်ခူးနိုင်ရုံမက ပရိသတ်များကိုရုံပြည့်ရုံလျှဲ ဝင်ငွေစံချိန်ချိုးအောင်ဆွဲဆောင်နိုင်တဲ့အချက်တစ်ချက်ဖြစ်ပါတယ်။
အများအားဖြင့် ဒါရိုက်တာဝိုင်းရဲ့ဇာတ်ကားတွေမှာ အများဆုံးသရုပ်ဆောင်လေ့ရှိသလို တွဲဖက်သရုပ်ဆောင်တဲ့မင်းသမီးတိုင်းနဲ့လည်း အချစ်အလွမ်းဇာတ်ဝင်ခန်းများကို လွန်စွာအပေးအယူမျှအောင်သရုပ်ဆောင်နိုင်သူဖြစ်ပါတယ်။ Drama Film Category မှာ ပြေတီဦးကပြိုင်စံရှားဖြစ်ရခြင်းဟာ သူ့ရဲ့အအောင်မြင်ဆုံးဝင်ငွေစံချိန်ချိုးအိမ်ထောင်ရေးဇာတ်ကားဖြစ်တဲ့ ‘တိုက်ဆိုင်မှုရှိလျှင်’ ဇာတ်ကားကသက်သေဘဲဖြစ်ပါတယ်။ အခြားအောင်မြင်တဲ့ဇာတ်ကားများကတော့ ‘အာဒံရယ် ဧဝရယ် ဒသရယ်’ (၂၀၁၁) ၊ ‘လက်ပံ’ (၂၀၁၂) ၊ ‘နင်စေရင်’ (၂၀၁၃) ၊ ‘ရင်ဘတ်ထဲကဓား’ (၂၀၁၇) တို့ဖြစ်ပါတယ်
၂။ နေတိုး
၂၀၀၆ ခုနှစ်နောက်ပိုင်းမှစတင်ပြီး ယနေ့အချိန်အထိ နေတိုးဟာ မြန်မာပြည်ရဲ့အအောင်မြင်ဆုံးမင်းသားတစ်လက်အဖြစ် ခေတ်တခေတ်ကို ဆယ်စုနှစ်တစ်ခုကျော်အောင်ထူထောင်ထားနိုင်သူဖြစ်ပါတယ်။နေတိုးရဲ့ဇာတ်ကားအများစုဟာ လက်မှတ်ရောင်းချမှုမှာ ဝင်ငွေစံချိန်ချိုးလောက်အောင်ဖြစ်တာရှားပါးသလို အရှုံးပေါ်တဲ့ကားလည်းအင်မတန်ရှားပါတယ်။ နေတိုးရဲ့ရုပ်ရှင်ကားများဟာ လူကြိုက်များပြီး ရုံပြည့်ပါတယ်

သို့ပေမယ့် ဝင်ငွေစံချိန်ချိုးသည့်အဆင့်တော့မရောက်ခဲ့ပါဘူး။ ဒါဟာလည်း သူရဲ့ဇာတ်ကားရွေးချယ်မှုပုံစံကြောင့်ကတစ်ကြောင်း၊ သူအများဆုံးသရုပ်ဆောင်လေ့ရှိတဲ့ psychoဆန်ဆန်ဇာတ်ကားများနဲ့ Romantic Melodramas ပုံစံများကို မြန်မာ့ရုပ်ရှင်ပရိသတ်အများစုက သိပ်မနှစ်ခြိုက်ကြတာကြောင့်ဖြစ်ပါတယ်
သူဟာ ရုပ်ရှင်ကားမြောက်မြားစွာကိုသရုပ်ဆောင်ပြီးဖြစ်သလို လက်ရှိမှာလဲဇာတ်ကားများလက်မလည်အောင်ရိုက်ကူးနေရပါတယ်။ ဒါကြောင့်လည်း သရုပ်ဆောင်ကြေးအမြင့်ဆုံးမင်းသားတစ်လက်အနေနဲ့ ရုပ်ရှင်ပရိုဂျူဆာများက အပြိုင်အဆိုင်ဌားရမ်းနေကြခြင်းဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်နောက်ပိုင်းမှစပြီး အောင်မြင်တဲ့နေတိုးဇာတ်ကားများကို ရွေးထုတ်ပြရမယ်ဆိုရင်တော့ ‘လာထားအာဘွား ၁’ (၂၀၁၁) ၊ ‘စေတန်ရဲ့ကချေသည်’ (၂၀၁၃) ၊ ‘ကျွန်မကနှင်းဆီပါမောင်’ (၂၀၁၅) ၊ ‘ကျူးပစ်ရဲ့ကျေးကျွန်များ’ (၂၀၁၅)၊ ‘အုတ်ကြားမြက်ပေါက်’ (၂၀၁၆) နဲ့ ‘တာတေကြီး’ (၂၀၁၇) တို့ဖြစ်ပါတယ်

လက်ရှိ မြန်မာပြည်ရဲ့ကားပေါက်အများဆုံးမင်းသားကိုပြပါဆိုရင် မြင့်မြတ်ကိုဘဲလက်ညှိုးထိုးပြရမှာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်အကုန်လောက်မှစတင်၍ မြင့်မြတ်ရဲ့ ဇာတ်ကားများတရစပ်ရုံတင်လာခဲ့ပြီး ကားတိုင်းဟာလည်း ရုံပြည့်ရုံလျှံဖြစ်ခဲ့သလို အရှုံးပေါ်တဲ့ကားဆိုလို့ မရှိသလောက်ဘဲဖြစ်ပါတယ်။ နောက်ပိုင်းဆိုရင် producer အများစုဟာ budgetနဲနဲနဲ့ ဟာသရုပ်ရှင်ဇာတ်ကားများကို မင်းသားမြင့်မြတ်နာမည်ခံပြီး ရိုက်ကူးထုတ်လုပ်လာကြသလို ပရိသတ်အများစုကလည်း ဇာတ်ကားထက် မြင့်မြတ်ပါဝင်မှုကြောင့်သာ အသားပေးကြည့်ရှုကြတာများလာပါတယ်
ဟာသနဲ့အက်ရှင်ဇာတ်ကားများမှာသာ အများဆုံးပါဝင်သရုပ်ဆောင်လျှက်ရှိပြီး ၂၀၁၇ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်းရုံတင်ခဲ့တဲ့ ‘ဘုန်းကညာနှစ်ပါး’ နဲ့ ‘ဇွတ်ကျား’ ရုပ်ရှင်ဇာတ်ကားများဟာ ဝင်ငွေစံချိန်ချိုးသည်အထိ ကြည့်ရှုနှုန်းများပြားခဲ့သလို ပရိသတ်တွေရဲ့ အပြင်းအထန်ဝေဖန်ခံခဲ့ရတဲ့ ‘ကောလိပ်ဂျပိုး’ ဇာတ်ကားဟာလည်း ရုံပြည့်ရုံလျှံအားပေးခြင်းခံခဲ့ရပါတယ်
မှတ်ချက်-World of Films Star ပေ့ခ်ျမှကူးယူဖော်ပြထားခြင်းဖြစ်ပါသည်
#Crd-Hlataw.com
Comments
Post a Comment