စက္ကန့် (၄၀) ကြော်ငြာလေးအတွက် ဖြိုးမြတ်အောင်ရရှိတဲ့ အနုပညာကြေး
Credit – hlataw
—————————–
ပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့ ဖြိုးမြတ်အောင် ရရှိတဲ့ အနုပညာကြေး
ပရိသတ်ချစ်တဲ့ ဖြိုးမြတ်အောင်တစ်ယောက်ဟာ မြန်မာအိုင်ဒေါပြိုင်ပွဲကို လာရောက်မယှဉ်ပြိုင်သေးတဲ့အချိန်က မိခင်ဖြစ်သူနဲ့ ဟင်္သာတမှာ မုန့်ဟင်းခါးရောင်းပြီးအသက်မွေးဝမ်းကြောင်း ပြုခဲ့သူဖြစ်ပါတယ်
တခြားဘာအလုပ်မှကို မလုပ်ဘဲ သူဝါသနာပါရာ ဂီတအလုပ်များကိုသာ တစိုက်မတ်မတ် လုပ်ကိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီလိုဇွဲကောင်းကောင်းနဲ့ကြိုးစားနေတဲ့သူအတွက် အောင်မြင်မှုဆိုတာ တနေ့မှာ ရောက်ကိုရောက်လာတယ်ဆိုတာ ဖြိုးမြတ်အောင်ကတော့ လက်တွေ့ပြသွားခဲ့တာဖြစ်ပါတယ်
ပုသိမ်မှာ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲရဲ့ အသံစစ်ကို သူငယ်ချင်းဆီက ငွေ ၂၀၀၀၀ ချေးပြီး သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဖြိုးမြတ်အောင်ကတော့ ယခုအခါမှာ မြန်မာအိုင်ဒေါရဲ့ ဝင်းနားဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့ပါတယ်
တချိန်တုန်းက ငွေကြေးမပြည့်စုံတဲ့ ဖြိုးမြတ်အောင်ကို ပရိသတ်တွေက ရိုးဂုဏ်၊ မိဘအပေါ် သိတတ်တဲ့သားတစ်ယောက်အဖြစ် သဘောကျ နှစ်ခြိုက်ပြီးဝန်းရံခဲ့ကြတာလည်းဖြစ်ပါတယ်
ယခုလို အိုင်ဒေါဝင်းနားဆုကို ရရှိသွားတဲ့ဖြိုးမြတ်အောင်တစ်ယောက်ကတော့ လက်ရှိမှာ အနုပညာအလုပ်တချို့ကိုလက်ခံထားရှိပြီးဖြစ်ပါတယ်။
ဖြိုးမြတ်အောင်ရဲ့ အနုပညာကြေးကလည်း ပရိသတ်တွေကို အံ့သြလောက်စေပါတယ်။ ဖြိုးမြတ်အောင်ဟာ ကြော်ငြာတစ်ပုဒ်ရိုက်ကူးရင် စက္ကန့် ၄၀ စာကို သိန်း (၆၀) ရရှိတာလည်းဖြစ်ပါတယ်။ သို့သော်လည်း ဒီလိုကြော်ငြာရိုက်ကူးခြင်းတွေ၊ လက်ခံခြင်းတွေနဲ့ပတ်သက်တဲ့ အနုပညာလုပ်ငန်းအားလုံးကိုတော့ စာချုပ်ချုပ်ဆိုထားတဲ့ MNTV ကသာ ပြုလုပ်တာဖြစ်ပါတယ်။ ဖြိုးမြတ်အောင်ဟာ MNTV က ပြုလုပ်ကျင်းပတဲ့ မြန်မာအိုင်ဒေါပြိုင်ပွဲကနေပြီး အောင်မြင်မှုတွေ တခဲနက်ရရှိလာခဲ့တာလည်းဖြစ်ပါတယ်။
ရုပ်ရည်အသင့်အတင့်နဲ့ ပရိသတ်တွေကြား စန်းအရမ်းပွင့်နေတဲ့ ဖြိုးမြတ်အောင်ရဲ့ အနုပညာကြေးကို ကြားပြီး ပရိသတ်တွေအံ့သြဝမ်းသာဖြစ်ခဲ့ရပါတယ်။ ဒီစကားလေးကိုတော့ ဖြိုးမြတ်အောင်က မိုးကုတ်ကပရိသတ်တွေနဲ့ ကားပေါ်မှာ ဖြေခဲ့တာလည်းဖြစ်ပါတယ်။
ဖြိုးမြတ်အောင်ဟာ ပရိသတ်တွေမေးရင် ဘာကိုမဆို ပွင့်ပွင့်လင်းလင်းဖြေတတ်တာလေးကလည်း ပရိသတ်တွေကို သူ့ရဲ့ရိုးသားမှုကိုအတိုင်းသား ပေါ်လွင်စေတာလည်းဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ပရိသတ်တွေ တင်ပေးခဲ့တဲ့ ဖြိုးမြတ်အောင်ဟာ အနုပညာလမ်းကြောင်းပေါ်ကို ကောင်းမွန်စွာလျှောက်လှမ်းနေပြီလည်းဖြစ်ပါတယ်။
စက္ကန့် (၄၀) ကြော်ငြာကို အနုပညာကြေး သိန်း (၆၀) ရတဲ့အကြောင်း ရိုးရိုးသားသား ပြောပြထားတဲ့ ဖြိုးမြတ်အောင်
Credit – hlataw
Comments