ေငြလုဖို႔ ႀကိဳးစားသူရဲ႕ငယ္ပါကို မလႊတ္တမ္းဖမ္းဆုပ္ၿပီး တိုက္ခိုက္ခဲ့တဲ့ အာဂအဖြား



Zawgyiျဖင့္ဖတ္ရန္

အသက္(၇၄)ႏွစ္အ႐ြယ္ အဖြားအိုတစ္ေယာက္ဟာ သူမဆီကေန ပိုက္ဆံလုဖို႔ ႀကိဳးစားတဲ့ လူဆိုးကို ထင္မွတ္မထားတဲ့ တိုက္ကြက္နဲ႔ တန္ျပန္တိုက္ခိုက္ခဲ့ပါတယ္။ အဖြားရဲ႕နာမည္ကေတာ့ Brenda Stinson ျဖစ္ၿပီး၊ သူမက ေယာက္်ားတစ္ေယာက္ရဲ႕ အားနည္းခ်က္က ဘယ္မွာရွိတယ္ဆိုတာ ေကာင္းေကာင္းသိတယ္လို႔ ေျပာပါတယ္။
အဖြား Brenda ဟာ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က ကုန္စုံစတိုးဆိုင္တစ္ခုမွအျပန္ လူ႐ြယ္အမ်ိဳးသားတစ္ေယာက္က ခ်ဥ္းကပ္ၿပီး ေငြထုတ္ကိုလုဖို႔ ႀကိဳးစားတာ ျဖစ္ပါတယ္။ သူမဟာ ထိုစဥ္က ဘာမင္ဂမ္ၿမိဳ႕ Piggly Wiggly စူပါမားကတ္ကေန ေဈးဝယ္ၿပီးေနာက္ ကားေပၚတက္ဖို႔ ျပင္ေနခ်ိန္မွာ လူဆိုးက သူမရဲ႕ပိုက္ဆံအိတ္ကို ဝင္လုတာပါ။
သူမဟာ ေငြေတြကို ပိုက္ဆံအိတ္နဲ႔မထည့္ပဲ စာအိတ္အညိဳနဲ႔ ထည့္ယူလာတာျဖစ္ၿပီး၊ ဒါကို လုယက္မႈက်ဴးလြန္မယ့္ အမ်ိဳးသားက အစအဆုံး သတိထားမိခဲ့ပုံရပါတယ္။ ေနာက္ၿပီး အသက္အ႐ြယ္ႀကီးေနတဲ့ အမ်ိဳးသမီးႀကီးျဖစ္ေနလို႔ သူ ျပစ္မႈက်ဴးလြန္ဖို႔ အေကာင္းဆုံးဓားစာခံလို႔ မွတ္ယူလိုက္ပုံပါ။
သို႔ေသာ္လည္း အဖြား Brenda ရဲ႕ တုန႔္ျပန္မႈက အဲဒီလူ႐ြယ္ မထင္မွတ္တာ ျဖစ္ေနပါတယ္။ သူဟာ ငယ္ပါကို လက္နဲ႔အတင္းဖ်စ္ညႇစ္ခံလိုက္ရလို႔ အေတာ္ေလးကို မရွဴႏိုင္မကယ္ႏိုင္ျဖစ္ေနၿပီး အသံကုန္ေအာ္ဟစ္ ညည္းတြားေနတယ္လို႔ ဆိုပါတယ္။ အနီးအနားရွိေနတဲ့ William Daniels က အဖြားကို ဝင္ေရာက္ကူညီၿပီး လူဆိုးကို ဖမ္းခ်ဳပ္ခဲ့ပါတယ္။
အဖြား Brenda က ” ဒီလိုတိုက္ခိုက္လိုက္ရင္ ကြၽန္မလည္း ဒဏ္ရာ ရသြားႏိုင္တယ္ဆိုတာ သိပါတယ္ … ဒါေပမယ့္ ဘယ္ေယာက္်ားကမွ ဒီအားနည္းခ်က္ကို ထိထိမိမိ ကိုင္မိရင္ ေတာင့္မခံႏိုင္ပါဘူး … ဒီေနရာက တကယ့္ ေယာက္်ားေတြရဲ႕ အားနည္းခ်က္ပါ … အမ်ိဳးသားတစ္ေယာက္ေယာက္က တိုက္ခိုက္လာရင္ ကြၽန္မ ဒီလိုလုပ္မယ္လို႔ မွန္းဆထားၿပီးသားပါ … ဒါ တကယ္ျဖစ္လာခဲ့ပါတယ္ … သူ ေတာ္ေတာ္ေလး နာသြားမွာပါ “လို႔ ေျပာပါတယ္။ ျပစ္မႈက်ဴးလြန္သူကိုလည္း ရဲက ဖမ္းႏိုင္ခဲ့ပါတယ္။
Credit:နတ္စည္ေတာ္ (MyanmarNote)
source : metro.co.uk

Unicodeဖြင့်ဖတ်ရန်

ငွေလုဖို့ ကြိုးစားသူရဲ့ငယ်ပါကို မလွှတ်တမ်းဖမ်းဆုပ်ပြီး တိုက်ခိုက်ခဲ့တဲ့ အာဂအဖွား

အသက်(၇၄)နှစ်အရွယ် အဖွားအိုတစ်ယောက်ဟာ သူမဆီကနေ ပိုက်ဆံလုဖို့ ကြိုးစားတဲ့ လူဆိုးကို ထင်မှတ်မထားတဲ့ တိုက်ကွက်နဲ့ တန်ပြန်တိုက်ခိုက်ခဲ့ပါတယ်။ အဖွားရဲ့နာမည်ကတော့ Brenda Stinson ဖြစ်ပြီး၊ သူမက ယောက်ျားတစ်ယောက်ရဲ့ အားနည်းချက်က ဘယ်မှာရှိတယ်ဆိုတာ ကောင်းကောင်းသိတယ်လို့ ပြောပါတယ်။
အဖွား Brenda ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကုန်စုံစတိုးဆိုင်တစ်ခုမှအပြန် လူရွယ်အမျိုးသားတစ်ယောက်က ချဉ်းကပ်ပြီး ငွေထုတ်ကိုလုဖို့ ကြိုးစားတာ ဖြစ်ပါတယ်။ သူမဟာ ထိုစဉ်က ဘာမင်ဂမ်မြို့ Piggly Wiggly စူပါမားကတ်ကနေ ဈေးဝယ်ပြီးနောက် ကားပေါ်တက်ဖို့ ပြင်နေချိန်မှာ လူဆိုးက သူမရဲ့ပိုက်ဆံအိတ်ကို ဝင်လုတာပါ။
သူမဟာ ငွေတွေကို ပိုက်ဆံအိတ်နဲ့မထည့်ပဲ စာအိတ်အညိုနဲ့ ထည့်ယူလာတာဖြစ်ပြီး၊ ဒါကို လုယက်မှုကျူးလွန်မယ့် အမျိုးသားက အစအဆုံး သတိထားမိခဲ့ပုံရပါတယ်။ နောက်ပြီး အသက်အရွယ်ကြီးနေတဲ့ အမျိုးသမီးကြီးဖြစ်နေလို့ သူ ပြစ်မှုကျူးလွန်ဖို့ အကောင်းဆုံးဓားစာခံလို့ မှတ်ယူလိုက်ပုံပါ။
သို့သော်လည်း အဖွား Brenda ရဲ့ တုန့်ပြန်မှုက အဲဒီလူရွယ် မထင်မှတ်တာ ဖြစ်နေပါတယ်။ သူဟာ ငယ်ပါကို လက်နဲ့အတင်းဖျစ်ညှစ်ခံလိုက်ရလို့ အတော်လေးကို မရှူနိုင်မကယ်နိုင်ဖြစ်နေပြီး အသံကုန်အော်ဟစ် ညည်းတွားနေတယ်လို့ ဆိုပါတယ်။ အနီးအနားရှိနေတဲ့ William Daniels က အဖွားကို ဝင်ရောက်ကူညီပြီး လူဆိုးကို ဖမ်းချုပ်ခဲ့ပါတယ်။
အဖွား Brenda က ” ဒီလိုတိုက်ခိုက်လိုက်ရင် ကျွန်မလည်း ဒဏ်ရာ ရသွားနိုင်တယ်ဆိုတာ သိပါတယ် … ဒါပေမယ့် ဘယ်ယောက်ျားကမှ ဒီအားနည်းချက်ကို ထိထိမိမိ ကိုင်မိရင် တောင့်မခံနိုင်ပါဘူး … ဒီနေရာက တကယ့် ယောက်ျားတွေရဲ့ အားနည်းချက်ပါ … အမျိုးသားတစ်ယောက်ယောက်က တိုက်ခိုက်လာရင် ကျွန်မ ဒီလိုလုပ်မယ်လို့ မှန်းဆထားပြီးသားပါ … ဒါ တကယ်ဖြစ်လာခဲ့ပါတယ် … သူ တော်တော်လေး နာသွားမှာပါ “လို့ ပြောပါတယ်။ ပြစ်မှုကျူးလွန်သူကိုလည်း ရဲက ဖမ်းနိုင်ခဲ့ပါတယ်။
Credit:နတ်စည်တော် (MyanmarNote)
source : metro.co.uk

Comments