ခ်က္ခ်င္းဆိုသလို သိသိသာသာ ေစ်းေရာင္းေကာင္းေစေသာ ယၾတာနည္း

တစ္ေန႕ ကြ်ႏု္ပ္ေဗဒင္ေဟာခန္းတြင္ရွိေနစဥ္ စာတစ္ေစာင္ေရာက္လာသည္။
သို႕ ဆရာ..
ကြ်န္ေတာ္ ေလးစားစြာျဖင့္ ဆရာထံမွ စာေရးသား အကူအညီ ေတာင္းခံလိုက္ရပါတယ္။ ကြ်န္ေတာ္ကေတာ့ အခုေလာေလာဆယ္ ဌာနတစ္ခုရဲ့ ၀န္ထမ္းအလုပ္ လုပ္ပါတယ္။
အရင္တစ္ခါတုန္းက ၀န္ထမ္းအလုပ္ ရာထူးတိုးေစတဲ့ ယၾတာလုပ္လိုက္တာ အဆင္ေျပသြားပါတယ္ဆရာ။ အခုေတာ့ ကြ်န္ေတာ္ အကူအညီ ေတာင္းခ်င္တာက ကြ်န္ေတာ့္အတြက္ မဟုတ္ပါဘူး။ ကြ်န္ေတာ့္ရဲ့ အမအတြက္ ျဖစ္ပါတယ္။
ကြ်န္ေတာ့္အမက ေစ်းသည္တစ္ဦးပါ။ အခုတေလာ သူ ေစ်းေရာင္း မေကာင္းဘူးလို႔ ေျပာပါတယ္။ ဒါေၾကာင့္ ဆရာ့အေနနဲ႔ ေစ်းေရာင္းေကာင္းေစမယ့္ ယၾတာနည္းေလး တစ္ခုေလာက္ ညြန္ၾကားေပးေစလိုပါတယ္။
ဆရာ့ဆီမွာ တင္ထားတဲ့ တစ္ခ်ိဳ႕ေစ်းေရာင္းေကာင္းေစတဲ့ ယၾတာနည္းေတြေတာ့ ရွိပါတယ္ဆရာ။
ဒါေပမယ့္ တစ္ခ်ိဳ႕ယၾတာေတြက နည္းနည္းမ်ားလုပ္ရတာ ခက္ေနမလားလို႔ပါ။ ဒါေၾကာင့္ လြယ္လည္းလြယ္ကူမယ္။ ကုန္က်စရိပ္လည္း သက္သာေစမယ့္ ယၾတာနည္းေလးမ်ားရွိရင္ ညြန္ျပေပးေစလိုပါတယ္။
အထက္ပါအတိုင္း ကြ်ႏ္ုပ္ထံသို႔ စာေရးသားေပးပို႔ အကူအညီ ေတာင္းခံလာပါတယ္။ ဒါေၾကာင့္ ေစ်းေရာင္းေကာင္းေစေသာ ယၾတာနည္းတစ္ခုကို ျပန္လည္ တင္ျပေပးလိုက္ပါတယ္။
အခုေျပာျပမယ့္ ယၾတာက ေတာ္ေတာ္လည္း လြယ္ကူပါတယ္။ အလြန္အင္မတန္မွလည္း လြယ္ကူသေလာက္ ထိေရာက္မႈ႔ ရွိပါတယ္။
ထင္မွတ္မထား ေလာက္ေအာင္ကို ထူးျခားမႈ႔ရွိပါတယ္။ ဒါေၾကာင့္ ေစ်းသည္မ်ားအေနနွင့္ (မည့္သည့္ေစ်းသည္မဆို) ဤယၾတာကို လုပ္ေစခ်င္ပါတယ္။ ခ်က္ခ်င္းကို ထူးထူးျခားျခား သိသိသာသာ လာဘ္ပြင့္ၿပီး ေရာင္ပန္း၀ယ္ပန္း ပြင့္လန္းေစပါတယ္။
ကြ်ႏ္ုပ္ကိုယ္တိုင္ အႀကိမ္းႀကိမ္ စမ္းသတ္ထားတဲ့ ယၾတာနည္းျဖစ္ပါတယ္။ ကြ်ႏ္ုပ္၏ ေဗဒင္ေဟာခန္း အတြင္းသို႔ ေရာက္ရွိလာၾကေသာ ေစ်းသည္အေပါင္းတို႔အား ေပးအပ္၍ လုပ္ခိုင္းခဲ့ေသာ ယၾတာနည္း ျဖစ္ပါသည္။
၎တို႔၏အဆိုအရ ခ်က္ခ်င္းဆိုသလို သိသိသာသာ ေအာင္ျမင္ၾကတယ္လို႔ ဆိုပါတယ္။ တစ္ခု ေျပာၾကားလိုတာက ဒီယၾတာနည္းကို လုပ္ၿပီးရင္ ေစာင့္ေနစရာမလိုပါဘူး။
ခ်က္ခ်င္း အက်ိဳးအျမတ္ကို သိသိသာသာ လက္ေတြ႕ ခံစားရတာပါ။ ဒါေၾကာင့္ တစ္ခုပဲ ေျပာၾကားလိုပါတယ္။ လုပ္ၾကည့္လိုက္ပါ။ မုခ် ေအာင္ျမင္ပါလိမ့္မယ္
ေစ်းဆိုင္ႏွင့္အထိုင္ခ်ၿပီး ေစ်းေရာင္းတာပဲ ျဖစ္ျဖစ္ လွည့္သြားလွည့္လာ အေရာင္းအ၀ယ္ လုပ္သူပဲျဖစ္ျဖစ္ တန္ဖိုးနည္း ပစၥည္းကိုပဲ ေရာင္းေရာင္း၊ တန္ဖိုးႀကီး ပစၥည္းမ်ားကိုပဲ ေရာင္းေရာင္း၊ အစားအေသာက္ပဲ ေရာင္းေရာင္း၊ အ၀တ္အထည္ပဲ ေရာင္းေရာင္း၊ ဤယၾတာကို ေဆာင္ရြက္ႏိုင္ပါသည္။
တနဂၤေႏြေန႔တြင္ အေရာင္းအ၀ယ္ ေဆာင္ရြက္ေသာအခါ ေစ်းဦးမေပါက္ အေရာင္းအ၀ယ္ ပါးေနသည္။ အခါတိုင္းေလာက္ အေရာင္းအ၀ယ္မျဖစ္ဟု ထင္ပါက ငွက္ေပ်ာသီး တစ္လံုးကို သၾကားျဖဴး၍ စားလိုက္ပါ။
ခ်က္ခ်င္းလက္ငင္း ၀ယ္သူမ်ား တရုန္းရုန္းႏွင့္ စည္ကား၍ ေရာင္းအားေကာင္းလာမည္။
တနလၤာေန႔တြင္ အေရာင္အ၀ယ္ ျပဳေသာအခါတြင္ ေရာင္းပန္း၀ယ္ပန္းမပြင့္ ၀ယ္သူက်ဲ၍ ငိုက္မ်ဥ္းေနရၿပီး ေစ်းဦးမေပါက္ပါက ပန္းကန္ျပား တစ္ခ်ပ္အတြင္း ဆီးယိုထည့္၍ စားလိုက္ပါ။ ဇီးသီလည္း စားႏိုင္ပါသည္။
ခ်က္ခ်င္းလက္ငင္း ၀ယ္သူမ်ား တရုန္းရုန္းႏွင့္ စည္ကား၍ ေရာင္းအား ေကာင္းလာမည္။
အဂၤါေန႔တြင္ ေစ်းေရာင္းေသာအခါ ဓာတ္ပြင္ေစရန္ ဆိုင္တြင္ ေရွာက္သီးသုပ္စားျခင္း ျဖစ္သည္။ အိမ္မွ ႀကိဳတင္ျပင္ဆင္ ယူလာျခင္း သို႔မဟုတ္ ေစ်းမွ၀ယ္ယူ စားသံုးျခင္း ျပဳႏိုင္ပါသည္။ ခ်က္ခ်င္းလက္ငင္း ၀ယ္သူမ်ား တရုန္းရုန္းႏွင့္ စည္ကား၍ ေရာင္းအားေကာင္းလာမည္။
ဗုဒၶဟူးေန႔တြင္ ေစ်းအေရာင္း အ၀ယ္ေကာင္းေသာ လာဘ္ဖြင့္နည္းကား ပဲပင္ေပါက္ ပဲျပားေၾကာ္ စားျခင္းျဖစ္သည္။
ထမင္းခ်ိဳင့္ ၊ထမင္းဗူးအတြင္း ထည့္ယူလာျခင္းျဖစ္ေစ ေစ်းေရာက္မွ အျခားဆိုင္မွ ၀ယ္ယူျခင္းျဖစ္ေစ စားသံုးႏိုင္ပါသည္။ ခ်က္ခ်င္းလက္ငင္း ၀ယ္သူမ်ား တရုန္းရုန္းႏွင့္ စည္ကား၍ ေရာင္းအားေကာင္းလာမည္။
ၾကာသပေတးေန႔တြင္ ေစ်းေရာင္းအ၀ယ္ျပဳစဥ္ ေစ်းေရာင္းမေကာင္းျခင္း ၊ မိမိေစ်းဆိုင္ လူ၀င္ပါးျခင္းျဖစ္ပါက သရက္သီးႏွင့္ လာဘ္ဖြင့္ရမည္။
သရက္သီးခ်ိန္ သရက္သီး ၊ သရက္ကင္းခ်ိန္ သရက္ကင္း၊ သရက္သီး မရွိပါက သရက္သီး ကုလားတည္ျဖင့္ ထမင္းစားလိုက္ပါ။ ခ်က္ခ်င္းလက္ငင္း ၀ယ္သူမ်ား တရုန္းရုန္းႏွင့္ စည္ကား၍ ေရာင္းအားေကာင္းလာမည္။
ေသာၾကာေန႔တြင္ ေစ်းေရာင္းေကာင္းလိုပါက ႏို႔ႏွင့္ျပဳလုပ္ထားေသာ ႏို႔မလိုင္ကို စားသံုးလိုက္ပါ။ ႏို႔ႏွင့္ျပဳလုပ္ထားေသာ မည္သည့္ အစားအေသာက္ကို မဆို စားေသာက္ႏိုင္ပါသည္။ ခ်က္ခ်င္းလက္ငင္း ၀ယ္သူမ်ား တရုန္းရုန္းႏွင့္ စည္ကား၍ ေရာင္းအားေကာင္းလာမည္။
စေနေန႔တြင္ အေရာင္းအ၀ယ္ေကာင္းေအာင္ လာဘ္ရႊင္ေအာင္ လူစည္ကားေအာင္ အေရာင္းအ၀ယ္ ျဖစ္ေအာင္ အုန္းသီးႏွင့္ ျပဳလုပ္ထားေသာ အစားအေသာက္ တစ္ခုခုျဖစ္ေစ ၊ အုန္းႏို႔ေခါက္ဆြဲျဖစ္ေစ ေစ်းေရာင္းေသာ ေနရာတြင္ စားေသာက္လုိက္ပါ။
ခ်က္ခ်င္းလက္ငင္း ၀ယ္သူမ်ား တရုန္းရုန္းႏွင့္ စည္ကား၍ ေရာင္းအားေကာင္းလာမည္။
အထက္ပါ ေစ်းေရာင္းေကာင္းေစေသာ ယၾတာကို အပတ္စဥ္လုပ္၍ ရသည္။ ေန႔စဥ္ ေဆာင္ရြက္လို႔ ရသည္။ ကံေကာင္း ကံမေကာင္း သိစရာမလို၊ ေမြးေန႔ ေမြးရက္ သိစရာမလို၊ မည္သည့္ ေန႔သားသမီးမ်ားမဆို ေဆာင္ရြက္ႏိုင္ပါသည္။
ခ်က္ခ်င္းဆိုသလို သိသာေစသည္။ ေအာင္ျမင္ေစသည္။ ပြင့္လန္းေစသည္။
ထို႔ေၾကာင့္ အေရာင္းအ၀ယ္ သမားမ်ားအေနႏွင့္ အထက္ပါယၾတာကို သင္တို႔၏ မွတ္စုစာအုပ္ထဲတြင္ ေန႔စဥ္ အဆင္သင့္ ေဆာင္ရြက္ရေစရန္အတြက္ ဇယားဆြဲၿပီး ကူးထားလိုက္ၾက ေပေတာ့ဟူ၍သာ ေလးနက္ေသာစိတ္ျဖင့္ တိုက္တြန္း လိုက္ရပါေတာ့သည္။
Credit ျမန္မာ့႐ိုးရာေဗဒင္ပညာရပ္
Unicode
တစ်နေ့ ကျွနု်ပ်ဗေဒင်ဟောခန်းတွင်ရှိနေစဉ် စာတစ်စောင်ရောက်လာသည်။
သို့ ဆရာ..
ကျွန်တော် လေးစားစွာဖြင့် ဆရာထံမှ စာရေးသား အကူအညီ တောင်းခံလိုက်ရပါတယ်။ ကျွန်တော်ကတော့ အခုလောလောဆယ် ဌာနတစ်ခုရဲ့ ၀န်ထမ်းအလုပ် လုပ်ပါတယ်။
အရင်တစ်ခါတုန်းက ၀န်ထမ်းအလုပ် ရာထူးတိုးစေတဲ့ ယတြာလုပ်လိုက်တာ အဆင်ပြေသွားပါတယ်ဆရာ။ အခုတော့ ကျွန်တော် အကူအညီ တောင်းချင်တာက ကျွန်တော့်အတွက် မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ အမအတွက် ဖြစ်ပါတယ်။
ကျွန်တော့်အမက စျေးသည်တစ်ဦးပါ။ အခုတလော သူ စျေးရောင်း မကောင်းဘူးလို့ ပြောပါတယ်။ ဒါကြောင့် ဆရာ့အနေနဲ့ စျေးရောင်းကောင်းစေမယ့် ယတြာနည်းလေး တစ်ခုလောက် ညွန်ကြားပေးစေလိုပါတယ်။
ဆရာ့ဆီမှာ တင်ထားတဲ့ တစ်ချို့စျေးရောင်းကောင်းစေတဲ့ ယတြာနည်းတွေတော့ ရှိပါတယ်ဆရာ။ ဒါပေမယ့် တစ်ချို့ယတြာတွေက နည်းနည်းများလုပ်ရတာ ခက်နေမလားလို့ပါ။ ဒါကြောင့် လွယ်လည်းလွယ်ကူမယ်။
ကုန်ကျစရိပ်လည်း သက်သာစေမယ့် ယတြာနည်းလေးများရှိရင် ညွန်ပြပေးစေလိုပါတယ်။
အထက်ပါအတိုင်း ကျွန်ုပ်ထံသို့ စာရေးသားပေးပို့ အကူအညီ တောင်းခံလာပါတယ်။ ဒါကြောင့် စျေးရောင်းကောင်းစေသော ယတြာနည်းတစ်ခုကို ပြန်လည် တင်ပြပေးလိုက်ပါတယ်။ အခုပြောပြမယ့် ယတြာက တော်တော်လည်း လွယ်ကူပါတယ်။
အလွန်အင်မတန်မှလည်း လွယ်ကူသလောက် ထိရောက်မှု့ ရှိပါတယ်။
ထင်မှတ်မထား လောက်အောင်ကို ထူးခြားမှု့ရှိပါတယ်။ ဒါကြောင့် စျေးသည်များအနေနှင့် (မည့်သည့်စျေးသည်မဆို) ဤယတြာကို လုပ်စေချင်ပါတယ်။ ချက်ချင်းကို ထူးထူးခြားခြား သိသိသာသာ လာဘ်ပွင့်ပြီး ရောင်ပန်းဝယ်ပန်း ပွင့်လန်းစေပါတယ်။
ကျွန်ုပ်ကိုယ်တိုင် အကြိမ်းကြိမ် စမ်းသတ်ထားတဲ့ ယတြာနည်းဖြစ်ပါတယ်။ ကျွန်ုပ်၏ ဗေဒင်ဟောခန်း အတွင်းသို့ ရောက်ရှိလာကြသော စျေးသည်အပေါင်းတို့အား ပေးအပ်၍ လုပ်ခိုင်းခဲ့သော ယတြာနည်း ဖြစ်ပါသည်။
၎င်းတို့၏အဆိုအရ ချက်ချင်းဆိုသလို သိသိသာသာ အောင်မြင်ကြတယ်လို့ ဆိုပါတယ်။ တစ်ခု ပြောကြားလိုတာက ဒီယတြာနည်းကို လုပ်ပြီးရင် စောင့်နေစရာမလိုပါဘူး။ ချက်ချင်း အကျိုးအမြတ်ကို သိသိသာသာ လက်တွေ့ ခံစားရတာပါ။
ဒါကြောင့် တစ်ခုပဲ ပြောကြားလိုပါတယ်။ လုပ်ကြည့်လိုက်ပါ။ မုချ အောင်မြင်ပါလိမ့်မယ်
စျေးဆိုင်နှင့်အထိုင်ချပြီး စျေးရောင်းတာပဲ ဖြစ်ဖြစ် လှည့်သွားလှည့်လာ အရောင်းအဝယ် လုပ်သူပဲဖြစ်ဖြစ် တန်ဖိုးနည်း ပစ္စည်းကိုပဲ ရောင်းရောင်း၊ တန်ဖိုးကြီး ပစ္စည်းများကိုပဲ
ရောင်းရောင်း၊ အစားအသောက်ပဲ ရောင်းရောင်း၊ အဝတ်အထည်ပဲ ရောင်းရောင်း၊ ဤယတြာကို ဆောင်ရွက်နိုင်ပါသည်။
တနင်္ဂနွေနေ့တွင် အရောင်းအဝယ် ဆောင်ရွက်သောအခါ စျေးဦးမပေါက် အရောင်းအဝယ် ပါးနေသည်။ အခါတိုင်းလောက် အရောင်းအဝယ်မဖြစ်ဟု ထင်ပါက ငှက်ပျောသီး တစ်လုံးကို သကြားဖြူး၍ စားလိုက်ပါ။
ချက်ချင်းလက်ငင်း ၀ယ်သူများ တရုန်းရုန်းနှင့် စည်ကား၍ ရောင်းအားကောင်းလာမည်။
တနင်္လာနေ့တွင် အရောင်အဝယ် ပြုသောအခါတွင် ရောင်းပန်းဝယ်ပန်းမပွင့် ၀ယ်သူကျဲ၍ ငိုက်မျဉ်းနေရပြီး စျေးဦးမပေါက်ပါက ပန်းကန်ပြား တစ်ချပ်အတွင်း ဆီးယိုထည့်၍ စားလိုက်ပါ။ ဇီးသီလည်း စားနိုင်ပါသည်။
ချက်ချင်းလက်ငင်း ၀ယ်သူများ တရုန်းရုန်းနှင့် စည်ကား၍ ရောင်းအား ကောင်းလာမည်။
အင်္ဂါနေ့တွင် စျေးရောင်းသောအခါ ဓာတ်ပွင်စေရန် ဆိုင်တွင် ရှောက်သီးသုပ်စားခြင်း ဖြစ်သည်။
အိမ်မှ ကြိုတင်ပြင်ဆင် ယူလာခြင်း သို့မဟုတ် စျေးမှဝယ်ယူ စားသုံးခြင်း ပြုနိုင်ပါသည်။ ချက်ချင်းလက်ငင်း ၀ယ်သူများ တရုန်းရုန်းနှင့် စည်ကား၍ ရောင်းအားကောင်းလာမည်။
ဗုဒ္ဓဟူးနေ့တွင် စျေးအရောင်း အဝယ်ကောင်းသော လာဘ်ဖွင့်နည်းကား ပဲပင်ပေါက် ပဲပြားကြော် စားခြင်းဖြစ်သည်။
ထမင်းချိုင့် ၊ထမင်းဗူးအတွင်း ထည့်ယူလာခြင်းဖြစ်စေ စျေးရောက်မှ အခြားဆိုင်မှ ၀ယ်ယူခြင်းဖြစ်စေ စားသုံးနိုင်ပါသည်။ ချက်ချင်းလက်ငင်း ၀ယ်သူများ တရုန်းရုန်းနှင့် စည်ကား၍ ရောင်းအားကောင်းလာမည်။
ကြာသပတေးနေ့တွင် စျေးရောင်းအဝယ်ပြုစဉ် စျေးရောင်းမကောင်းခြင်း ၊ မိမိစျေးဆိုင် လူဝင်ပါးခြင်းဖြစ်ပါက သရက်သီးနှင့် လာဘ်ဖွင့်ရမည်။
သရက်သီးချိန် သရက်သီး ၊ သရက်ကင်းချိန် သရက်ကင်း၊ သရက်သီး မရှိပါက သရက်သီး ကုလားတည်ဖြင့် ထမင်းစားလိုက်ပါ။ ချက်ချင်းလက်ငင်း ၀ယ်သူများ တရုန်းရုန်းနှင့် စည်ကား၍ ရောင်းအားကောင်းလာမည်။
သောကြာနေ့တွင် စျေးရောင်းကောင်းလိုပါက နို့နှင့်ပြုလုပ်ထားသော နို့မလိုင်ကို စားသုံးလိုက်ပါ။
နို့နှင့်ပြုလုပ်ထားသော မည်သည့် အစားအသောက်ကို မဆို စားသောက်နိုင်ပါသည်။ ချက်ချင်းလက်ငင်း ၀ယ်သူများ တရုန်းရုန်းနှင့် စည်ကား၍ ရောင်းအားကောင်းလာမည်။
စနေနေ့တွင် အရောင်းအဝယ်ကောင်းအောင် လာဘ်ရွှင်အောင် လူစည်ကားအောင် အရောင်းအဝယ် ဖြစ်အောင် အုန်းသီးနှင့် ပြုလုပ်ထားသော အစားအသောက် တစ်ခုခုဖြစ်စေ ၊ အုန်းနို့ခေါက်ဆွဲဖြစ်စေ စျေးရောင်းသော နေရာတွင် စားသောက်လိုက်ပါ။
ချက်ချင်းလက်ငင်း ၀ယ်သူများ တရုန်းရုန်းနှင့် စည်ကား၍ ရောင်းအားကောင်းလာမည်။
အထက်ပါ စျေးရောင်းကောင်းစေသော ယတြာကို အပတ်စဉ်လုပ်၍ ရသည်။ နေ့စဉ် ဆောင်ရွက်လို့ ရသည်။ ကံကောင်း ကံမကောင်း သိစရာမလို၊ မွေးနေ့ မွေးရက် သိစရာမလို၊ မည်သည့် နေ့သားသမီးများမဆို ဆောင်ရွက်နိုင်ပါသည်။
ချက်ချင်းဆိုသလို သိသာစေသည်။ အောင်မြင်စေသည်။ ပွင့်လန်းစေသည်။
ထို့ကြောင့် အရောင်းအဝယ် သမားများအနေနှင့် အထက်ပါယတြာကို သင်တို့၏ မှတ်စုစာအုပ်ထဲတွင် နေ့စဉ် အဆင်သင့် ဆောင်ရွက်ရစေရန်အတွက် ဇယားဆွဲပြီး ကူးထားလိုက်ကြ ပေတော့ဟူ၍သာ လေးနက်သောစိတ်ဖြင့် တိုက်တွန်း လိုက်ရပါတော့သည်။
Credit မြန်မာ့ရိုးရာဗေဒင်ပညာရပ်

Comments