
Zawgyiဖြင့်ဖတ်ရန်
ရရှိသည်။
Credit: Bago Weekly
Unicodeဖြင့်ဖတ်ရန်
ယနေ့နံနက် ၂ နာရီကျော်အချိန်ခန့်က ဒုရဲအုပ်တစ်ဦးနှင့် ရဲတပ်သားနှစ်ဦး ဓားဖြင့် ခုတ်ခံရ
ယနေ့နံနက် ၂ နာရီကျော်အချိန်ခန့်က ဒုရဲအုပ်တစ်ဦးနှင့် ရဲတပ်သားနှစ်ဦးတို့အား လူတစ်စုမှ ဓားဖြင့်ခုတ်သတ်ခဲ့ကြောင်း ကနဦးသတင်း
ရရှိသည်။
အဆိုပါဖြစ်စဉ်မှ ဓားဒဏ်ရာရရှိသူများတွင် အမှတ်(၁)စခန်းမှ ဒုရဲအုပ်
ဝင်းမင်းသန့်၊ ခရိုင်ရဲတပ်ဖွဲ့မှ ရဲတပ်သား ပြည့်ဖြိုးအောင်နှင့် ထွန်းထွန်း
ဝင်းတို့ ဖြစ်ကြောင်း သက်ဆိုင်ရာနယ်မြေစခန်းထံမှ သိရသည်။
အခင်းဖြစ်ပွားရာ၌ အထက်ပါရဲဝန်ထမ်းသုံးဦးတို့မှာ အမှတ်(၃)နယ်
မြေစခန်းအပိုင်တွင်ရှိနေပြီး လူတစ်စုမှ ဓားဖြင့်ဝိုင်းဝန်းခုတ်သတ်သဖြင့်
ဒုရဲအုပ်ဝင်းမင်းသန့်နှင့် ရဲတပ်သား ပြည့်ဖြိုးအောင်တို့မှာ ထိခိုက်ဒဏ်
ရာများရရှိကာ ပဲခူးဆေးရုံကြီးသို့ အတွင်းလူနာများအဖြစ် တင်ပို့ကုသထားရပြီး ရဲတပ်သား ထွန်းထွန်းဝင်းအား ပြင်ပလူနာအဖြစ်ဆေးကုသမှုခံယူနေရကြောင်း ကနဦးသတင်းများအရ သိရသည်။
Credit: Bago Weekly
Comments
Post a Comment