ဝါတြင္းကာလ အိမ္ေထာင္ျပဳလို႔ရလား မရဘူးလား။




Zawgyiျဖင့္ဖတ္ရန္

ျမန္မာဗုဒၶဘာသာ အမ်ားစုမွာ ဗုဒၶဘာသာနဲ႔ မသက္ဆိုင္တဲ့ ဘုရားေဟာ မဟုတ္တဲ့ အလြန္အ႐ိုးစြဲေနတဲ့ယုံၾကည္ခ်က္တစ္ခ်ိဳ႕ ရွိပါတယ္။
ဥပမာေျပာရရင္ ….
♦ ေသသူကို သရဏဂုံတင္ေပးရမယ္ ဆိုတဲ့အခ်က္၊
♦ ဘုရားေတာင္မွ မိဘေက်းဇူးကို ႏို႔တစ္လုံးဘိုးပဲ ေက်ေအာင္ဆပ္ႏိုင္တယ္ဆိုတဲ့ အခ်က္၊
♦ သာသနာ့ေဘာင္ဝင္မယ့္ ေမာင္ရွင္ေလာင္းကို နတ္ျပေပးရတယ္ဆိုတဲ့အခ်က္၊
♦ အလႉပြဲေတြမွာ မိုးတားဖို႔အတြက္ ရွင္ဥပဂုတ္ပြဲထိုးၿပီး မ႑ပ္ေရွ႕မွာ ခ်ထားေပးေလ့ရွိတဲ့အခ်က္ စတာေတြပါ။
ဒါေတြက အလြန္လြဲမွားၿပီး ယေန႔အထိ အမ်ားလက္ခံ ယုံၾကည္ေနၾကတဲ့ အရာေတြထဲက ထင္ရွားတဲ့အခ်က္ေလးေတြပါ။
ဒီအလြဲေတြထဲက ေနာက္တစ္ခုက ဝါတြင္းကာလ အိမ္ေထာင္မျပဳရ ဆိုတဲ့အခ်က္ကလည္း တစ္ခုအပါအဝင္ ျဖစ္ေနျပန္ပါၿပီ။ဝါမဝင္ခင္ အိမ္ေထာင္ျပဳမွ ျဖစ္မယ္၊ ဝါကြၽတ္မွ အိမ္ေထာင္ျပဳၾကမယ္ဆိုတဲ့ အ႐ိုးစြဲေနတဲ့ ဒီအခ်က္အေပၚမွာ မ်က္ေမွာက္ေခတ္လူငယ္ အေတာ္မ်ားမ်ား ဘဝင္မက် ျဖစ္လာၾကတာကို ေတြ႕ရပါတယ္။ဝါတြင္းကာလ အိမ္ ေထာင္မျပဳရ ဆိုတဲ့ ဒီအယူအဆဟာ ဘုရားရွင္ေဟာၾကားေတာ္မူ၊ သတ္မွတ္ေတာ္မူခဲ့တာ လားလို႔ ေမးလာ သူေတြလည္း ရွိပါတယ္။ ဒါေၾကာင့္ ဝါတြင္းကာလနဲ႔ အိမ္ေထာင္ျပဳျခင္းလို႔ ေခါင္းစဥ္တပ္ကာ ပို႔စ္တစ္ပုဒ္ ေရးျဖစ္ခဲ့ ရျပန္ပါတယ္။
တကယ္ေတာ့ ဝါတြင္းဆိုတဲ့ အေခၚအေဝၚဟာ ရဟန္းေတာ္မ်ား ဝါဆိုဝါကပ္ျပဳရမယ္ ဆိုတဲ့ ဝိနည္းဥပေဒ ပညတ္သတ္မွတ္ၿပီး ခ်ိန္မွသာ ထိုရဟန္းေတာ္မ်ား ဝါဆိုဝါကပ္ျပဳေနတဲ့ သုံးလတာကာလကို ရည္႐ြယ္ၿပီး ေခ ၚေဝၚ သုံးစြဲၾကတဲ့ ေဝါဟာရျဖစ္ပါတယ္။ဒီဝါတြင္းဟာ လူေတြအတြက္ေတာ့ မိုးတြင္းကာလပါပဲ။ ရဟန္းေတာ္မ်ား ဝါတြင္းသုံးလကာလပတ္လုံး တစ္ျခားတစ္ေနရာသို႔ ႂကြေရာက္ေတာ္မမူဘဲ ကိုယ္ဝါဆိုရာ ေက်ာင္းတိုက္ အရာမ္တြင္းမွာပဲ ေနထိုင္သီတင္းသုံးၾကဖို႔ သတ္မွတ္ထားတဲ့ ဝိနည္းဥပေဒဟာ ဝါတြင္းကာလမွာ အိမ္ေထာင္ မျပဳရဘူးဆိုတဲ့ လူေတြၾကားမွာ ျဖစ္ေနတဲ့ အခ်က္နဲ႔ ဘာမွမသက္ဆိုင္ပါဘူး။ဘယ္သူကဘယ္လို စတင္ခဲ့တယ္၊ ဘယ္တုန္းကစၿပီး ေပၚေပါက္ခဲ့တယ္ဆိုတာကို အတိအက် ေျပာလို႔မရတဲ့ ဝါတြင္းကာလ အိမ္ေထာင္မျပဳရ ဆိုတဲ့ ဒီယုံၾကည္ခ်က္ဟာ ဘုရားေဟာ မဟုတ္တာကေတာ့ ေသခ်ာပါတယ္။
ပိဋကတ္မွာ ပါတဲ့အခ်က္လည္း မဟုတ္ပါဘူး။ ဝါတြင္းကာလမွာ အိမ္ေထာင္မျပဳရဘူးဆိုတဲ့ သတ္မွတ္ခ်က္ေတြ ရွိတယ္ဆိုရင္ ဝါဆိုဖို႔ ပညတ္ခ်က္ေတြ မသတ္မွတ္ခ်ိန္တုန္းက ဘယ္လိုသတ္မွတ္ၾကသလဲဆိုတာ စဥ္းစားစရာပါ။ဘုရားရွင္ဝါဆိုဖို႔ ဝိနည္းဥပေဒ သတ္မွတ္ခ်ိန္ဟာ ဘုရားျဖစ္ေတာ္ မူၿပီး ႏွစ္ေပါင္းႏွစ္ဆယ္ေက်ာ္ေနာက္ပိုင္း မွ ေပၚေပါက္ခဲ့တာပါ။ ဝါတြင္းကာလနဲ႔ ပတ္သက္ၿပီး ဘုရားရွင္ဟာ ရဟန္းေတာ္မ်ားအတြက္သာ သီးသန႔္ဝိနည္း ဥပေဒထားကာ ပညတ္ခ်က္ပဲရွိပါတယ္။လူေတြအတြက္ ဝါတြင္းကာလမွာ ဘာမလုပ္ရဘူး၊ ဘယ္မသြားရဘူး စတဲ့ ဥပေဒ သတ္မွတ္ခ်က္ မရွိပါဘူး။ တစ္ခုေတာ့ရွိတယ္ ဥပုသ္ေန႔ေတြမွာ ဥပုသ္သီလေစာင့္ ေစလို တဲ့ ေဟာၾကားခ်က္အခ်ိဳ႕ရွိပါတယ္။ ဒါကလည္း ဝါတြင္းကာလမွ မဟုတ္ပါဘူး။ ဝါတြင္းမဟုတ္တဲ့ အခ်ိန္ေတြမွာ လည္း ဥပုသ္ေန႔မ်ားမွာ ဥပုသ္သီလေစာင့္လို႔ ရပါတယ္။
ဘုရားရွင္ဟာ လူေတြအတြက္ ကာမဂုဏ္အာ႐ုံမ်ား နည္းေအာင္၊ ကိေလသာမ်ားပါးေအာင္ က်င့္ႀကံေန ထိုင္ၾကဖို႔သာ ေဟာၾကားေလ့ရွိပါတယ္။ဘယ္အခ်ိန္မွာ အိမ္ေထာင္မျပဳရ၊ ျပဳရင္ဘာျဖစ္မယ္ဆိုတဲ့ အထူး တလည္ ေဟာၾကားသတ္မွတ္ခ်က္ မရွိပါဘူး။ သာသနာ့ဝန္ထမ္းမ်ားကိုေတာ့ အိမ္ေထာင္မျပဳရ၊ ကာမဂုဏ္ေမ ထုန္ မမွီဝဲရဆိုတာကိုေတာ့ အထူးသတ္မွတ္ ပညတ္ေတာ္မူပါတယ္။ဒါ့အျပင္ အိမ္ေထာင္ေရးနဲ႔ ပတ္သက္ၿပီး ဘုရားရွင္ အထူးေဟာေတာ္မူတဲ့အခ်က္က အိမ္ေထာင္ျပဳၿပီး ေနာက္ပိုင္း အိမ္ေထာင္ေရးကို ဘယ္လို အဆင္ေျပေအာင္ ေနထိုင္ရမယ့္အခ်က္နဲ႔ အိမ္ေထာင္ျပဳသူ လင္ေယာက်္ား ဇနီးမယားတို႔ လိုက္နာက်င့္ႀကံရမယ့္ တာဝန္မ်ား၊ အိမ္ေထာင္ေရးကို ထိခိုက္ပ်က္ျပားေစမယ့္အျပင္ သံသရာပါ ဒုေကၡေရာက္ေစမယ့္ အိမ္ေထာင္ေရး ေဖာက္ျပန္မႈမ်ားကို မျပဳလုပ္ၾကဖို႔ ပညတ္သတ္မွတ္ေတာ္ မူေပးတဲ့ အခ်က္ပဲျဖစ္ပါတယ္။
ဘယ္ အခ်ိန္မွာ အိမ္ေထာင္ျပဳရမယ္၊ ဘယ္အခ်ိန္မွာ အိမ္ေထာင္မျပဳရဘူး ဆိုတဲ့အခ်က္ မဟုတ္ပါဘူး။အိမ္ေထာင္ျပဳမႈဟာ ေရွးပေဝသဏီတည္းက လုပ္ခဲ့ၾကတဲ့အလုပ္ပါ။ ဘုရားရွင္လက္ထက္မွာလည္း အိမ္ေထာင္ျပဳၾကပါတယ္။ အရိယာ ပုဂၢိဳလ္မ်ားျဖစ္တဲ့ ေသာတာပန္မွစၿပီး အနာဂါမ္အထိ သူေတာ္စင္ေတြလည္း အိမ္ေထာင္ျပဳၾကပါတယ္။ဘုရားလက္ထက္က လူသန္းေပါင္း ၇၀ေလာက္ရွိတဲ့ သာဝတၳိၿမိဳ႕ႀကီးဟာ အရိယာပုဂၢိဳလ္ခ်ည္းပဲ သန္းေပါင္း ၅၀ခန႔္ ရွိတယ္လို႔ ဆိုပါတယ္။ ဒီသာဝတၱိၿမိဳ႕သူ ၿမိဳ႕သားေတြဟာလည္း အိမ္ေထာင္ျပဳၾကပါတယ္။ဒါေပမယ့္ သူတို႔ အိမ္ေထာင္ျပဳမႈဟာ ဝါတြင္းကိုေရွာင္ၿပီး ျပဳတယ္ဆိုတာကို ဗုဒၶစာေပမွာ အထူးေဖာ္ျပတာ မရွိၾကပါဘူး။ သူတို႔အဆင္ေျပ သင့္ေလ်ာ္ခ်ိန္မွာ ျပဳၾကမွာပါ။
ဘုရားရွင္ကိုယ္ေတာ္တိုင္လည္း ၄၅ႏွစ္ပတ္လုံး အိႏၵိယႏိုင္ငံတစ္ဝွန္း လွည့္လည္သီတင္းသုံးတဲ့ အခ်ိန္ဟာ သာဝတၳိၿမိဳ႕မွာ သီတင္းသုံးခ်ိန္က ပိုမ်ားပါတယ္။ ဒီလို ဘုရားရွင္ သီတင္းသုံးခ်ိန္မ်ားၿပီး အရိယာသူေတာ္စင္ အမ်ားဆုံးရွိတဲ့ သာဝတၳိၿမိဳ႕မွာ သတ္မွတ္ပညတ္ ေဟာၾကားေတာ္မူခဲ့တဲ့ တရားေတာ္ေတြဟာလည္း အ မ်ားႀကီးပါ။အိမ္ေထာင္ျပဳမႈနဲ႔ ပတ္သက္လို႔ ကာလသတ္မွတ္ ေဟာၾကားခ်က္ရွိခဲ့မယ္ဆိုရင္ သာဝတၳိၿမိဳ႕သား တို႔ရဲ႕ အိမ္ေထာင္ျပဳျခင္း အေၾကာင္းေတြလည္း စာေပမွာ အမ်ားႀကီးေတြ႕ေနရမွာပါ။ ဒါေပမယ့္ မရွိခဲ့ပါဘူး။
ဘုရားရွင္ဟာ လူေတြအတြက္ အိမ္ေထာင္ျပဳမႈ၊ မျပဳမႈ၊ အိမ္ေထာင္ျပဳသင့္တဲ့ ကာလ၊ မျပဳသင့္တဲ့ ကာ လေတြထက္ အိမ္ေထာင္တစ္ခုရဲ႕ အဆင္ေျပမႈ မေျပမႈေတြကို ပိုၿပီးဦးစားေပးပါတယ္။ အိမ္ေထာင္ရွင္ ႏွစ္ဦးတို႔ရဲ႕ အိမ္ေထာင္ေရးခိုင္ၿမဲဖို႔ လိုက္နာသင့္တဲ့ က်င့္ဝတ္မ်ားကိုသာ ဦးစားေပးေဟာေတာ္မူပါတယ္။ ဒီလိုဆိုရင္ ဘုရားေဟာမဟုတ္တဲ့ ဒီဝါတြင္းကာလ အိမ္ေထာင္မျပဳရဆိုတဲ့ သတ္မွတ္ခ်က္ဟာ ျမန္မာျပည္မွာ ဘာေၾကာင့္ ေလးေလးနက္နက္ ရွိေနၾကတာလဲလို႔ ေမးစရာ ရွိပါတယ္။ ဒီအခ်က္ ကေတာ့ ေရွးအစဥ္လာ ကတည္းက အ႐ိုးစြဲလာခဲ့တဲ့ အခ်က္ေတြျဖစ္ႏိုင္ ပါတယ္။
ေရွးကလူႀကီးသူမ မ်ားဟာ ဘုရားသာသနာကို အလြန္သတ္ဝင္ ယုံၾကည္ၾကၿပီး ဘာသာေရးကို အထူးအေလးထားတဲ့ သူမ်ားျဖစ္ၾကပါတယ္။ရဟန္းေတာ္မ်ား ဝါတြင္းကာလ ဝါဆိုဝါကပ္ျပဳၾကတဲ့ အခ်ိန္မွာ ဗုဒၶဘာသာဝင္ေတြ ျဖစ္တဲ့ လူေတြအေနနဲ႔လည္း ကာမဂုဏ္ အာ႐ုံမ်ားနဲ႔ ဆက္စပ္ေနတဲ့ ဒီအိမ္ေထာင္ျပဳ သားေမြးျခင္း ကိစၥမ်ားကို မလုပ္ၾကဘဲ တစ္ႏွစ္ပတ္လုံး အလုပ္မ်ား နဲ႔သာ အခ်ိန္ကုန္ေနၿပီး မိုးတြင္းကာလမွာသာ အနားရၾကတဲ့ အခ်ိန္ေလးမွာ ကုသိုလ္ေကာင္းမႈမ်ား မ်ားမ်ားလုပ္ျဖစ္ၾကဖို႔ ႀကိဳးစားအားထုတ္ရင္း ဝါတြင္းကာလမွာ အိမ္ေထာင္ျပဳျခင္းကို အထူးတလည္ မျပဳလုပ္ ၾကျခင္း ျဖစ္ႏိုင္ပါတယ္။
ေနာက္တစ္ခ်က္ စဥ္းစားမိတာက ဝါတြင္းကာလဟာ မိုးရာသီကာလ ျဖစ္တဲ့အတြက္ မဂၤလာအခမ္းအနားမ်ား က်င္းပျပဳလုပ္ဖို႔အတြက္ မိုးအဆက္မျပတ္႐ြာမႈက အခက္အခဲျဖစ္ေစႏိုင္တဲ့ အေၾကာင္းတစ္ခုျဖစ္ေစသလို မိုးရာသီကာလ သီးႏွံစပါး စိုက္ပ်ိဳးထားခ်ိန္မ်ားျဖစ္လို႔ စားဝတ္ေနေရးအရလည္း အခက္အခဲ ျဖစ္ႏိုင္တဲ့ အခ်က္ေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ဒါေၾကာင့္ မိုးတြင္ကာလ အိမ္ေထာင္ျပဳျခင္းကို မျပဳလုပ္ၾက ဘဲ ေရွာင္ ၾကဥ္ၾကတာျဖစ္ႏိုင္ပါတယ္။ ဒီအစဥ္အလာမ်ားဟာ အခုေခတ္ေရာက္လာတဲ့ အခါ မွာေတာ့ ေဗဒင္ယၾတာ ဓာတ္႐ိုက္ဓာတ္ဆင္ ဆရာမ်ားရဲ႕ လက္ခ်က္ေၾကာင့္ ဝါတြင္းကာလ အိမ္ေထာင္ျပဳရင္ပဲ တစ္ခုခုျဖစ္ႏိုင္သလို၊ အိမ္ေထာင္ေရးပဲ မတည္ၿမဲေတာ့သလို၊ တစ္ခုခုပဲ ထျဖစ္ေတာ့မလို ေျပာဆိုေဟာေျပာလာၾကရာက ဝါတြင္းကာလ အိမ္ေထာင္မျပဳရဆိုတဲ့ အစဥ္အလာ ယုံၾကည္မႈႀကီးက လႊမ္းမိုးသက္ေရာက္ လာခဲ့ၾကတာလည္း ျဖစ္ႏိုင္ပါတယ္။
တကယ္ေတာ့ ဘယ္အခ်ိန္ အိမ္ေထာင္ျပဳျပဳ အိမ္ေထာင္ျပဳသူ ႏွစ္ဦးရဲ႕ အေနအထားကိုလိုက္ၿပီး အိမ္ေထာင္ေရး အဆင္ေျပမႈ မေျပမႈဆိုတာ ျဖစ္ၾကတာပါ။ ဝါတြင္းကာလ အိမ္ေထာင္ျပဳမိလို႔ အိမ္ေထာင္ေရး အဆင္ေျပမႈ မေျပမႈ ျဖစ္ရတယ္ဆိုတာမ်ိဳး မရွိပါဘူး။ဝါပမွာ အိမ္ေထာင္ျပဳသူေတြလည္း အိမ္ေထာင္ေရး ျပႆနာေတြ အမ်ားႀကီး ရွိေနၾကပါတယ္။ အဓိကကေတာ့ တာဝန္ကိုယ္စီေက်ပြန္ၿပီး အက်င့္သီလ ေကာင္းမြန္ေနမႈကသာ အဓိကျဖစ္ပါတယ္။ ဘယ္အခ်ိန္ အိမ္ေထာင္ျပဳမႈက အဓိကမက်ပါဘူး။ ဒါေပမယ့္ အ႐ိုးစြဲေနတဲ့ ယုံၾကည္မႈဟာ အလြန္အမတန္ ေဖ်ာက္ဖို႔ခက္လွပါတယ္။
အခုဆိုရင္ ျမန္မာႏိုင္ငံ တစ္ဝွန္းလုံးလိုလို ဝါတြင္းကာလ အိမ္ေထာင္ျပဳမႈကို ေရွာင္ၾကတာ မ်ားပါတယ္။ ဒါကို ဆန႔္က်င္ၿပီး ေဖာက္ထြက္ဖို႔က အခ်ိန္အမ်ားႀကီး ယူရမယ့္အေနအထား ရွိပါတယ္။ ေနာက္တစ္ခ်က္က ဒီလို အိမ္ေထာင္ျပဳ သားေမြးကိစၥမ်ိဳးဆိုတာဟာလည္း ဗုဒၶဘာသာရဲ႕ လြတ္ေျမာက္ေရးအရ ၾကည့္ရင္အေရးႀကီးတဲ့ အခ်က္မဟုတ္ပါဘူး။ကာမဂုဏ္အာ႐ုံကို အားေပးတဲ့ သေဘာမ်ိဳးလည္း သက္ေရာက္ပါတယ္။ ဒါေၾကာင့္လည္း ဒီလို ဝါတြင္းကာလ အိမ္ေထာင္မျပဳရဆိုတဲ့ အယူႀကီး ရွိေနၾကေပမယ့္ ရဟန္းေတာ္မ်ားဘက္ကေရာ လူႀကီးသူမမ်ားဘက္ကပါ အထူးတလည္ အေရးေပးၿပီး ေျပာဆိုတြန္းလွန္ျခင္း မျပဳၾကျခင္း ျဖစ္ႏိုင္ပါတယ္။
ဝါတြင္းကာလ အိမ္ေထာင္မျပဳရတဲ့ အတြက္ သံသရာဒုကၡျဖစ္ေစတဲ့ အလုပ္မဟုတ္ႏိုင္လို႔ ဒီအေပၚမွာ အထူးအေလးထားျခင္း မရွိၾကျခင္း ျဖစ္ပါတယ္။ တစ္ဘက္ကလည္း ဗုဒၶဘာသာ ယုံၾကည္မႈ အားေကာင္း လွတဲ့ ျမန္မာႏိုင္ငံဟာ သံဃာေတာ္မ်ား အေလးအနက္ထားရာ ဝါတြင္းကာလမွာ သာသနာ့ဝန္ထမ္းေတြေတာင္ ဒီလိုေနၾကတာမဟုတ္ ဗုဒၶဘာသာဝင္မ်ားလည္း အိမ္ေထာင္ျပဳ သားေမြးျခင္းမ်ားကို ေရွာင္ၾကဥ္ၾကတယ္ဆိုတဲ့ အခ်က္ဟာ အေကာင္းဘက္ကၾကည့္ရင္ ဂုဏ္ယူစရာ ေကာင္းလွတဲ့အခ်က္ပါ။♦ ဒါေပမယ့္ ဒီအခ်က္က ဘုရားေဟာလို႔၊ေဗဒင္ယၾတာဆရာေတြက ေျပာလို႔ အိမ္ေထာင္မျပဳၾကဘူးလို႔ နားလည္သတ္မွတ္ ေျပာဆိုၾကတယ္ဆိုရင္ေတာ့ မေကာင္းပါဘူး။ ဘုရားရွင္အေနနဲ႔ ဝါတြင္းကာလ အိမ္ေထာင္ မျပဳရဘူးဆိုတဲ့ အခ်က္ကို လုံးဝေဟာၾကားေတာ္ မမူပါဘူး။ ဒီလို ဘုရားေဟာ မဟုတ္တာကို ဘုရားေဟာသလို မ်ိဳး ေျပာဆိုသတ္မွတ္ၾကရင္လည္း အျပစ္ျဖစ္ၾကပါတယ္။
♦ ဒီေနရာမွာ ဝါတြင္းကာလ အိမ္ေထာင္မျပဳျခင္းကို ဘုရားေဟာလို႔မျပဳတာလို႔ မမွတ္ၾကဘဲ ဝါတြင္းကာလအခိုက္အတန႔္ေလးမွာ ကိေလသာ အာ႐ုံကာမဂုဏ္မ်ား နည္းေနေစဖို႔နဲ႔ ကုသိုလ္ေကာင္းမႈမ်ား မ်ားမ်ားလုပ္ခြင့္ ရေစဖို႔ အိမ္ေထာင္ျပဳျခင္းကိုမျပဳၾကျခင္း ျဖစ္တယ္လို႔ လက္ခံယုံၾကည္လိုက္ၾကရင္ အလြန္ေကာင္းပါတယ္။
ေသခ်ာတာကေတာ့ ဝါတြင္းကာလမွာ လူေတြလည္း အိမ္ေထာင္မျပဳရ၊ ေမထုန္မျပဳရ၊ ရွစ္ပါးသီလ ပဲ ေဆာက္ တည္ၿပီး ေနရမယ္ဆိုတာ သတ္မွတ္ေဟာၾကားခ်က္ မရွိပါဘူးဆိုတာပါ။မိမိတို႔အေနျဖင့္ ဝါတြင္းကာလ အိမ္ေထာင္ျပဳလိုကလည္း ျပဳႏိုင္ၾကပါတယ္။ ဝါတြင္းကာလ အိမ္ေထာင္ျပဳလို႔ အပါယ္ငရဲ လားရတယ္ဆိုတာ မရွိပါဘူး။အိမ္ေထာင္က်ၿပီး အိမ္ေထာင္ေရးေဖာက္ျပန္လို႔ ကာေမသုမိစာၦစာရကံ က်ဴးလြန္လို႔ အပါယ္ငရဲ လားရတာပဲ ရွိပါတယ္။
ဒါေၾကာင့္ ဝါတြင္းကာလနဲ႔ အိမ္ေထာင္ျပဳျခင္းသည္ ဘာမွမသက္ဆိုင္တဲ့ အတြက္ ဘုန္းႀကီးေတြရဲ႕ ဝါဆိုခ်ိန္ေၾကာင့္ တို႔ေတြအိမ္ေထာင္ျပဳေရးကို ထိခိုက္တယ္ဆိုတာ မေတြးၾကဖို႔နဲ႔ဲ အိမ္ေထာင္ျပဳလိုက ဝါတြင္းဝါပ အဓိကမက်ဘဲ အိမ္ေထာင္ က်ၿပီး ေနာက္ပိုင္း အိမ္ေထာင္ရွင္ႏွစ္ဦး တို႔ရဲ႕ တာဝန္ေက်မႈနဲ႔ အိမ္ေထာင္ေရး မေဖာက္ျပန္မႈကသာ အဓိကက်ပါေၾကာင္း ထပ္ေလာင္းတင္ျပလိုက္ ရပါတယ္။
ဆရာေတာ္ မနာပဒါယီ အရွင္ဝိစိတၱ(ဒိုက္ဦး)
Credit:K.K(ကေနာင္)

Unicodeဖြင့်ဖတ်ရန်

ဝါတွင်းကာလ အိမ်ထောင်ပြုလို့ရလား မရဘူးလား။

မြန်မာဗုဒ္ဓဘာသာ အများစုမှာ ဗုဒ္ဓဘာသာနဲ့ မသက်ဆိုင်တဲ့ ဘုရားဟော မဟုတ်တဲ့ အလွန်အရိုးစွဲနေတဲ့ယုံကြည်ချက်တစ်ချို့ ရှိပါတယ်။
ဥပမာပြောရရင် ….
♦ သေသူကို သရဏဂုံတင်ပေးရမယ် ဆိုတဲ့အချက်၊
♦ ဘုရားတောင်မှ မိဘကျေးဇူးကို နို့တစ်လုံးဘိုးပဲ ကျေအောင်ဆပ်နိုင်တယ်ဆိုတဲ့ အချက်၊
♦ သာသနာ့ဘောင်ဝင်မယ့် မောင်ရှင်လောင်းကို နတ်ပြပေးရတယ်ဆိုတဲ့အချက်၊
♦ အလှူပွဲတွေမှာ မိုးတားဖို့အတွက် ရှင်ဥပဂုတ်ပွဲထိုးပြီး မဏ္ဍပ်ရှေ့မှာ ချထားပေးလေ့ရှိတဲ့အချက် စတာတွေပါ။
ဒါတွေက အလွန်လွဲမှားပြီး ယနေ့အထိ အများလက်ခံ ယုံကြည်နေကြတဲ့ အရာတွေထဲက ထင်ရှားတဲ့အချက်လေးတွေပါ။
ဒီအလွဲတွေထဲက နောက်တစ်ခုက ဝါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတဲ့အချက်ကလည်း တစ်ခုအပါအဝင် ဖြစ်နေပြန်ပါပြီ။ဝါမဝင်ခင် အိမ်ထောင်ပြုမှ ဖြစ်မယ်၊ ဝါကျွတ်မှ အိမ်ထောင်ပြုကြမယ်ဆိုတဲ့ အရိုးစွဲနေတဲ့ ဒီအချက်အပေါ်မှာ မျက်မှောက်ခေတ်လူငယ် အတော်များများ ဘဝင်မကျ ဖြစ်လာကြတာကို တွေ့ရပါတယ်။ဝါတွင်းကာလ အိမ် ထောင်မပြုရ ဆိုတဲ့ ဒီအယူအဆဟာ ဘုရားရှင်ဟောကြားတော်မူ၊ သတ်မှတ်တော်မူခဲ့တာ လားလို့ မေးလာ သူတွေလည်း ရှိပါတယ်။ ဒါကြောင့် ဝါတွင်းကာလနဲ့ အိမ်ထောင်ပြုခြင်းလို့ ခေါင်းစဉ်တပ်ကာ ပို့စ်တစ်ပုဒ် ရေးဖြစ်ခဲ့ ရပြန်ပါတယ်။
တကယ်တော့ ဝါတွင်းဆိုတဲ့ အခေါ်အဝေါ်ဟာ ရဟန်းတော်များ ဝါဆိုဝါကပ်ပြုရမယ် ဆိုတဲ့ ဝိနည်းဥပဒေ ပညတ်သတ်မှတ်ပြီး ချိန်မှသာ ထိုရဟန်းတော်များ ဝါဆိုဝါကပ်ပြုနေတဲ့ သုံးလတာကာလကို ရည်ရွယ်ပြီး ခေ ါ်ဝေါ် သုံးစွဲကြတဲ့ ဝေါဟာရဖြစ်ပါတယ်။ဒီဝါတွင်းဟာ လူတွေအတွက်တော့ မိုးတွင်းကာလပါပဲ။ ရဟန်းတော်များ ဝါတွင်းသုံးလကာလပတ်လုံး တစ်ခြားတစ်နေရာသို့ ကြွရောက်တော်မမူဘဲ ကိုယ်ဝါဆိုရာ ကျောင်းတိုက် အရာမ်တွင်းမှာပဲ နေထိုင်သီတင်းသုံးကြဖို့ သတ်မှတ်ထားတဲ့ ဝိနည်းဥပဒေဟာ ဝါတွင်းကာလမှာ အိမ်ထောင် မပြုရဘူးဆိုတဲ့ လူတွေကြားမှာ ဖြစ်နေတဲ့ အချက်နဲ့ ဘာမှမသက်ဆိုင်ပါဘူး။ဘယ်သူကဘယ်လို စတင်ခဲ့တယ်၊ ဘယ်တုန်းကစပြီး ပေါ်ပေါက်ခဲ့တယ်ဆိုတာကို အတိအကျ ပြောလို့မရတဲ့ ဝါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတဲ့ ဒီယုံကြည်ချက်ဟာ ဘုရားဟော မဟုတ်တာကတော့ သေချာပါတယ်။
ပိဋကတ်မှာ ပါတဲ့အချက်လည်း မဟုတ်ပါဘူး။ ဝါတွင်းကာလမှာ အိမ်ထောင်မပြုရဘူးဆိုတဲ့ သတ်မှတ်ချက်တွေ ရှိတယ်ဆိုရင် ဝါဆိုဖို့ ပညတ်ချက်တွေ မသတ်မှတ်ချိန်တုန်းက ဘယ်လိုသတ်မှတ်ကြသလဲဆိုတာ စဉ်းစားစရာပါ။ဘုရားရှင်ဝါဆိုဖို့ ဝိနည်းဥပဒေ သတ်မှတ်ချိန်ဟာ ဘုရားဖြစ်တော် မူပြီး နှစ်ပေါင်းနှစ်ဆယ်ကျော်နောက်ပိုင်း မှ ပေါ်ပေါက်ခဲ့တာပါ။ ဝါတွင်းကာလနဲ့ ပတ်သက်ပြီး ဘုရားရှင်ဟာ ရဟန်းတော်များအတွက်သာ သီးသန့်ဝိနည်း ဥပဒေထားကာ ပညတ်ချက်ပဲရှိပါတယ်။လူတွေအတွက် ဝါတွင်းကာလမှာ ဘာမလုပ်ရဘူး၊ ဘယ်မသွားရဘူး စတဲ့ ဥပဒေ သတ်မှတ်ချက် မရှိပါဘူး။ တစ်ခုတော့ရှိတယ် ဥပုသ်နေ့တွေမှာ ဥပုသ်သီလစောင့် စေလို တဲ့ ဟောကြားချက်အချို့ရှိပါတယ်။ ဒါကလည်း ဝါတွင်းကာလမှ မဟုတ်ပါဘူး။ ဝါတွင်းမဟုတ်တဲ့ အချိန်တွေမှာ လည်း ဥပုသ်နေ့များမှာ ဥပုသ်သီလစောင့်လို့ ရပါတယ်။
ဘုရားရှင်ဟာ လူတွေအတွက် ကာမဂုဏ်အာရုံများ နည်းအောင်၊ ကိလေသာများပါးအောင် ကျင့်ကြံနေ ထိုင်ကြဖို့သာ ဟောကြားလေ့ရှိပါတယ်။ဘယ်အချိန်မှာ အိမ်ထောင်မပြုရ၊ ပြုရင်ဘာဖြစ်မယ်ဆိုတဲ့ အထူး တလည် ဟောကြားသတ်မှတ်ချက် မရှိပါဘူး။ သာသနာ့ဝန်ထမ်းများကိုတော့ အိမ်ထောင်မပြုရ၊ ကာမဂုဏ်မေ ထုန် မမှီဝဲရဆိုတာကိုတော့ အထူးသတ်မှတ် ပညတ်တော်မူပါတယ်။ဒါ့အပြင် အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ဘုရားရှင် အထူးဟောတော်မူတဲ့အချက်က အိမ်ထောင်ပြုပြီး နောက်ပိုင်း အိမ်ထောင်ရေးကို ဘယ်လို အဆင်ပြေအောင် နေထိုင်ရမယ့်အချက်နဲ့ အိမ်ထောင်ပြုသူ လင်ယောကျ်ား ဇနီးမယားတို့ လိုက်နာကျင့်ကြံရမယ့် တာဝန်များ၊ အိမ်ထောင်ရေးကို ထိခိုက်ပျက်ပြားစေမယ့်အပြင် သံသရာပါ ဒုက္ခေရောက်စေမယ့် အိမ်ထောင်ရေး ဖောက်ပြန်မှုများကို မပြုလုပ်ကြဖို့ ပညတ်သတ်မှတ်တော် မူပေးတဲ့ အချက်ပဲဖြစ်ပါတယ်။
ဘယ် အချိန်မှာ အိမ်ထောင်ပြုရမယ်၊ ဘယ်အချိန်မှာ အိမ်ထောင်မပြုရဘူး ဆိုတဲ့အချက် မဟုတ်ပါဘူး။အိမ်ထောင်ပြုမှုဟာ ရှေးပဝေသဏီတည်းက လုပ်ခဲ့ကြတဲ့အလုပ်ပါ။ ဘုရားရှင်လက်ထက်မှာလည်း အိမ်ထောင်ပြုကြပါတယ်။ အရိယာ ပုဂ္ဂိုလ်များဖြစ်တဲ့ သောတာပန်မှစပြီး အနာဂါမ်အထိ သူတော်စင်တွေလည်း အိမ်ထောင်ပြုကြပါတယ်။ဘုရားလက်ထက်က လူသန်းပေါင်း ၇၀လောက်ရှိတဲ့ သာဝတ္ထိမြို့ကြီးဟာ အရိယာပုဂ္ဂိုလ်ချည်းပဲ သန်းပေါင်း ၅၀ခန့် ရှိတယ်လို့ ဆိုပါတယ်။ ဒီသာဝတ္တိမြို့သူ မြို့သားတွေဟာလည်း အိမ်ထောင်ပြုကြပါတယ်။ဒါပေမယ့် သူတို့ အိမ်ထောင်ပြုမှုဟာ ဝါတွင်းကိုရှောင်ပြီး ပြုတယ်ဆိုတာကို ဗုဒ္ဓစာပေမှာ အထူးဖော်ပြတာ မရှိကြပါဘူး။ သူတို့အဆင်ပြေ သင့်လျော်ချိန်မှာ ပြုကြမှာပါ။
ဘုရားရှင်ကိုယ်တော်တိုင်လည်း ၄၅နှစ်ပတ်လုံး အိန္ဒိယနိုင်ငံတစ်ဝှန်း လှည့်လည်သီတင်းသုံးတဲ့ အချိန်ဟာ သာဝတ္ထိမြို့မှာ သီတင်းသုံးချိန်က ပိုများပါတယ်။ ဒီလို ဘုရားရှင် သီတင်းသုံးချိန်များပြီး အရိယာသူတော်စင် အများဆုံးရှိတဲ့ သာဝတ္ထိမြို့မှာ သတ်မှတ်ပညတ် ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေဟာလည်း အ များကြီးပါ။အိမ်ထောင်ပြုမှုနဲ့ ပတ်သက်လို့ ကာလသတ်မှတ် ဟောကြားချက်ရှိခဲ့မယ်ဆိုရင် သာဝတ္ထိမြို့သား တို့ရဲ့ အိမ်ထောင်ပြုခြင်း အကြောင်းတွေလည်း စာပေမှာ အများကြီးတွေ့နေရမှာပါ။ ဒါပေမယ့် မရှိခဲ့ပါဘူး။
ဘုရားရှင်ဟာ လူတွေအတွက် အိမ်ထောင်ပြုမှု၊ မပြုမှု၊ အိမ်ထောင်ပြုသင့်တဲ့ ကာလ၊ မပြုသင့်တဲ့ ကာ လတွေထက် အိမ်ထောင်တစ်ခုရဲ့ အဆင်ပြေမှု မပြေမှုတွေကို ပိုပြီးဦးစားပေးပါတယ်။ အိမ်ထောင်ရှင် နှစ်ဦးတို့ရဲ့ အိမ်ထောင်ရေးခိုင်မြဲဖို့ လိုက်နာသင့်တဲ့ ကျင့်ဝတ်များကိုသာ ဦးစားပေးဟောတော်မူပါတယ်။ ဒီလိုဆိုရင် ဘုရားဟောမဟုတ်တဲ့ ဒီဝါတွင်းကာလ အိမ်ထောင်မပြုရဆိုတဲ့ သတ်မှတ်ချက်ဟာ မြန်မာပြည်မှာ ဘာကြောင့် လေးလေးနက်နက် ရှိနေကြတာလဲလို့ မေးစရာ ရှိပါတယ်။ ဒီအချက် ကတော့ ရှေးအစဉ်လာ ကတည်းက အရိုးစွဲလာခဲ့တဲ့ အချက်တွေဖြစ်နိုင် ပါတယ်။
ရှေးကလူကြီးသူမ များဟာ ဘုရားသာသနာကို အလွန်သတ်ဝင် ယုံကြည်ကြပြီး ဘာသာရေးကို အထူးအလေးထားတဲ့ သူများဖြစ်ကြပါတယ်။ရဟန်းတော်များ ဝါတွင်းကာလ ဝါဆိုဝါကပ်ပြုကြတဲ့ အချိန်မှာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့ လူတွေအနေနဲ့လည်း ကာမဂုဏ် အာရုံများနဲ့ ဆက်စပ်နေတဲ့ ဒီအိမ်ထောင်ပြု သားမွေးခြင်း ကိစ္စများကို မလုပ်ကြဘဲ တစ်နှစ်ပတ်လုံး အလုပ်များ နဲ့သာ အချိန်ကုန်နေပြီး မိုးတွင်းကာလမှာသာ အနားရကြတဲ့ အချိန်လေးမှာ ကုသိုလ်ကောင်းမှုများ များများလုပ်ဖြစ်ကြဖို့ ကြိုးစားအားထုတ်ရင်း ဝါတွင်းကာလမှာ အိမ်ထောင်ပြုခြင်းကို အထူးတလည် မပြုလုပ် ကြခြင်း ဖြစ်နိုင်ပါတယ်။
နောက်တစ်ချက် စဉ်းစားမိတာက ဝါတွင်းကာလဟာ မိုးရာသီကာလ ဖြစ်တဲ့အတွက် မင်္ဂလာအခမ်းအနားများ ကျင်းပပြုလုပ်ဖို့အတွက် မိုးအဆက်မပြတ်ရွာမှုက အခက်အခဲဖြစ်စေနိုင်တဲ့ အကြောင်းတစ်ခုဖြစ်စေသလို မိုးရာသီကာလ သီးနှံစပါး စိုက်ပျိုးထားချိန်များဖြစ်လို့ စားဝတ်နေရေးအရလည်း အခက်အခဲ ဖြစ်နိုင်တဲ့ အချက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ဒါကြောင့် မိုးတွင်ကာလ အိမ်ထောင်ပြုခြင်းကို မပြုလုပ်ကြ ဘဲ ရှောင် ကြဉ်ကြတာဖြစ်နိုင်ပါတယ်။ ဒီအစဉ်အလာများဟာ အခုခေတ်ရောက်လာတဲ့ အခါ မှာတော့ ဗေဒင်ယတြာ ဓာတ်ရိုက်ဓာတ်ဆင် ဆရာများရဲ့ လက်ချက်ကြောင့် ဝါတွင်းကာလ အိမ်ထောင်ပြုရင်ပဲ တစ်ခုခုဖြစ်နိုင်သလို၊ အိမ်ထောင်ရေးပဲ မတည်မြဲတော့သလို၊ တစ်ခုခုပဲ ထဖြစ်တော့မလို ပြောဆိုဟောပြောလာကြရာက ဝါတွင်းကာလ အိမ်ထောင်မပြုရဆိုတဲ့ အစဉ်အလာ ယုံကြည်မှုကြီးက လွှမ်းမိုးသက်ရောက် လာခဲ့ကြတာလည်း ဖြစ်နိုင်ပါတယ်။
တကယ်တော့ ဘယ်အချိန် အိမ်ထောင်ပြုပြု အိမ်ထောင်ပြုသူ နှစ်ဦးရဲ့ အနေအထားကိုလိုက်ပြီး အိမ်ထောင်ရေး အဆင်ပြေမှု မပြေမှုဆိုတာ ဖြစ်ကြတာပါ။ ဝါတွင်းကာလ အိမ်ထောင်ပြုမိလို့ အိမ်ထောင်ရေး အဆင်ပြေမှု မပြေမှု ဖြစ်ရတယ်ဆိုတာမျိုး မရှိပါဘူး။ဝါပမှာ အိမ်ထောင်ပြုသူတွေလည်း အိမ်ထောင်ရေး ပြဿနာတွေ အများကြီး ရှိနေကြပါတယ်။ အဓိကကတော့ တာဝန်ကိုယ်စီကျေပွန်ပြီး အကျင့်သီလ ကောင်းမွန်နေမှုကသာ အဓိကဖြစ်ပါတယ်။ ဘယ်အချိန် အိမ်ထောင်ပြုမှုက အဓိကမကျပါဘူး။ ဒါပေမယ့် အရိုးစွဲနေတဲ့ ယုံကြည်မှုဟာ အလွန်အမတန် ဖျောက်ဖို့ခက်လှပါတယ်။
အခုဆိုရင် မြန်မာနိုင်ငံ တစ်ဝှန်းလုံးလိုလို ဝါတွင်းကာလ အိမ်ထောင်ပြုမှုကို ရှောင်ကြတာ များပါတယ်။ ဒါကို ဆန့်ကျင်ပြီး ဖောက်ထွက်ဖို့က အချိန်အများကြီး ယူရမယ့်အနေအထား ရှိပါတယ်။ နောက်တစ်ချက်က ဒီလို အိမ်ထောင်ပြု သားမွေးကိစ္စမျိုးဆိုတာဟာလည်း ဗုဒ္ဓဘာသာရဲ့ လွတ်မြောက်ရေးအရ ကြည့်ရင်အရေးကြီးတဲ့ အချက်မဟုတ်ပါဘူး။ကာမဂုဏ်အာရုံကို အားပေးတဲ့ သဘောမျိုးလည်း သက်ရောက်ပါတယ်။ ဒါကြောင့်လည်း ဒီလို ဝါတွင်းကာလ အိမ်ထောင်မပြုရဆိုတဲ့ အယူကြီး ရှိနေကြပေမယ့် ရဟန်းတော်များဘက်ကရော လူကြီးသူမများဘက်ကပါ အထူးတလည် အရေးပေးပြီး ပြောဆိုတွန်းလှန်ခြင်း မပြုကြခြင်း ဖြစ်နိုင်ပါတယ်။
ဝါတွင်းကာလ အိမ်ထောင်မပြုရတဲ့ အတွက် သံသရာဒုက္ခဖြစ်စေတဲ့ အလုပ်မဟုတ်နိုင်လို့ ဒီအပေါ်မှာ အထူးအလေးထားခြင်း မရှိကြခြင်း ဖြစ်ပါတယ်။ တစ်ဘက်ကလည်း ဗုဒ္ဓဘာသာ ယုံကြည်မှု အားကောင်း လှတဲ့ မြန်မာနိုင်ငံဟာ သံဃာတော်များ အလေးအနက်ထားရာ ဝါတွင်းကာလမှာ သာသနာ့ဝန်ထမ်းတွေတောင် ဒီလိုနေကြတာမဟုတ် ဗုဒ္ဓဘာသာဝင်များလည်း အိမ်ထောင်ပြု သားမွေးခြင်းများကို ရှောင်ကြဉ်ကြတယ်ဆိုတဲ့ အချက်ဟာ အကောင်းဘက်ကကြည့်ရင် ဂုဏ်ယူစရာ ကောင်းလှတဲ့အချက်ပါ။♦ ဒါပေမယ့် ဒီအချက်က ဘုရားဟောလို့၊ဗေဒင်ယတြာဆရာတွေက ပြောလို့ အိမ်ထောင်မပြုကြဘူးလို့ နားလည်သတ်မှတ် ပြောဆိုကြတယ်ဆိုရင်တော့ မကောင်းပါဘူး။ ဘုရားရှင်အနေနဲ့ ဝါတွင်းကာလ အိမ်ထောင် မပြုရဘူးဆိုတဲ့ အချက်ကို လုံးဝဟောကြားတော် မမူပါဘူး။ ဒီလို ဘုရားဟော မဟုတ်တာကို ဘုရားဟောသလို မျိုး ပြောဆိုသတ်မှတ်ကြရင်လည်း အပြစ်ဖြစ်ကြပါတယ်။
♦ ဒီနေရာမှာ ဝါတွင်းကာလ အိမ်ထောင်မပြုခြင်းကို ဘုရားဟောလို့မပြုတာလို့ မမှတ်ကြဘဲ ဝါတွင်းကာလအခိုက်အတန့်လေးမှာ ကိလေသာ အာရုံကာမဂုဏ်များ နည်းနေစေဖို့နဲ့ ကုသိုလ်ကောင်းမှုများ များများလုပ်ခွင့် ရစေဖို့ အိမ်ထောင်ပြုခြင်းကိုမပြုကြခြင်း ဖြစ်တယ်လို့ လက်ခံယုံကြည်လိုက်ကြရင် အလွန်ကောင်းပါတယ်။
သေချာတာကတော့ ဝါတွင်းကာလမှာ လူတွေလည်း အိမ်ထောင်မပြုရ၊ မေထုန်မပြုရ၊ ရှစ်ပါးသီလ ပဲ ဆောက် တည်ပြီး နေရမယ်ဆိုတာ သတ်မှတ်ဟောကြားချက် မရှိပါဘူးဆိုတာပါ။မိမိတို့အနေဖြင့် ဝါတွင်းကာလ အိမ်ထောင်ပြုလိုကလည်း ပြုနိုင်ကြပါတယ်။ ဝါတွင်းကာလ အိမ်ထောင်ပြုလို့ အပါယ်ငရဲ လားရတယ်ဆိုတာ မရှိပါဘူး။အိမ်ထောင်ကျပြီး အိမ်ထောင်ရေးဖောက်ပြန်လို့ ကာမေသုမိစ္ဆာစာရကံ ကျူးလွန်လို့ အပါယ်ငရဲ လားရတာပဲ ရှိပါတယ်။
ဒါကြောင့် ဝါတွင်းကာလနဲ့ အိမ်ထောင်ပြုခြင်းသည် ဘာမှမသက်ဆိုင်တဲ့ အတွက် ဘုန်းကြီးတွေရဲ့ ဝါဆိုချိန်ကြောင့် တို့တွေအိမ်ထောင်ပြုရေးကို ထိခိုက်တယ်ဆိုတာ မတွေးကြဖို့နဲ့ဲ အိမ်ထောင်ပြုလိုက ဝါတွင်းဝါပ အဓိကမကျဘဲ အိမ်ထောင် ကျပြီး နောက်ပိုင်း အိမ်ထောင်ရှင်နှစ်ဦး တို့ရဲ့ တာဝန်ကျေမှုနဲ့ အိမ်ထောင်ရေး မဖောက်ပြန်မှုကသာ အဓိကကျပါကြောင်း ထပ်လောင်းတင်ပြလိုက် ရပါတယ်။
ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)
Credit:K.K(ကနောင်)

Comments