
Zawgyiျဖင့္ဖတ္ရန္
မူးယစ္ေဆးသံုးမွ အႏုပညာေကာင္းထြက္တယ္ဆို လံုးဝမဟုတ္ပါဘူးတဲ့။
မူးယစ္ေဆးသံုးမွ အႏုပညာေကာင္းထြက္တယ္ဆိုတာ လံုးဝမဟုတ္ပါဘူးလို႕ ေဆာင္းဦးလိႈင္က ဆိုပါတယ္။မူးယစ္ေဆး သံုးၿပီး အႏုပညာ ဖန္တီးရင္ စ်ာန္ဝင္စားမႈျမင့္မားတယ္လို႕ သံုးၾကသူေတြ ေျပာတာ ၾကားဖူးၾကမွာ ျဖစ္ေပမယ့္လည္း သူတို႕ေအာင္ျမင္ မႈ ဖန္တီးႏိုင္မႈေတြဟာ ခဏတာသာ ျဖစ္လိမ့္မယ္လို႕ သူက ေျပာထားပါတယ္။
အဆိုေတာ္ ေဆာင္းဦးလိႈင္က အႏုပညာနဲ႕ မူးယစ္ေဆးဝါးအေၾကာင္းကို သူ႕ရဲ႕ ေဖ့စ္ဘြတ္ကေန ရင္ဖြင့္လို႕လာပါၿပီ။ မူးယစ္ေဆးသံုးၿပီး စြဲေနတဲ့သူေတြမွာ အႏုပညာသမားမ်ားအပါအဝင္ ကေလးသူငယ္ေတြအထိ ျမန္မာမွာသာမက ကမၻာမွာပါ ရွိေနၾကပါတယ္တဲ့။
မူးယစ္ေဆး သံုးၿပီး အႏုပညာဖန္တီးရင္ စ်ာန္ဝင္စားမႈျမင့္မားတယ္လို႕ သံုးၾကသူေတြ ေျပာတာ ၾကားဖူးၾကမွာ ျဖစ္သလို သူတို႕ေအာင္ျမင္မႈ ဖန္တီးႏိုင္မႈေတြဟာ ခဏတာသာ ျဖစ္လိမ့္မယ္လို႕ ေဆာင္းဦးလိႈင္က ဆုိပါတယ္။
“သူတို႔ေအာင္ျမင္မႈ ဖန္တီးနိုင္မႈဟာ ခဏတာသာျဖစ္လိမ့္မယ္။ေရရွည္မွာ မူးယစ္ေဆးကသာလႊမ္းမိုးအနိုင္ယူသြားပံုရၿပီးမူးယစ္ေဆးစဲြေနတဲ့ အနုပညာသမားဟာ ၾကာေတာ့ဘာအသစ္မွ မဖန္တီးနိုင္ေတာ့ပါ။ဖန္တီးသမွ်ကလည္း မေကာင္းၾကပါ။” လို႕ သူရဲ႕ ေဖ့စ္ဘြတ္မွာ ၾသဂုတ္လ(၁၇) ရက္ေန႕က ေရးသားထားတာေတြ႕ရပါတယ္။
ဒါေၾကာင့္ မူးယစ္ေဆးသံုးမွ အႏုပညာေကာင္းထြက္တယ္ဆိုတာ လံုးဝမဟုတ္ပါဘူးတဲ့။ ေဆာင္းဦးလိႈင္အေနနဲ႕လည္း ေဘာလံုးကစား အားကစားလိုက္စားၿပီး မွ သီခ်င္းေရးတာ ျဖစ္သလို သီခ်င္းမ်ားစြာလည္း ေအာင္ျမင္မႈ ရရွိခဲ့ၿပီး ယေန႕အထိ ကိုယ္တိုင္ေရး ၊ ကိုယ္တိုင္တီးတဲ့ သီခ်င္းေကာင္းမ်ားကို ထုတ္လုပ္လ်က္ရွိတာပါတယ္လို႕သူက ဆက္လက္ေျပာျပထားပါတယ္။
ထို႕အျပင္ အႏုပညာသမားႀကီးငယ္မ်ား၊ အႏုပညာလိုက္စားၾကသူမ်ားအားလံုး မူးယစ္ေဆးမ်ား မသံုးၾကဖို႕နဲ႕ သံုးစြဲဖို႕လည္း မလိုအပ္ေၾကာင္း သူ႕ရဲ႕ ေဖ့စ္ဘြတ္ကေန တိုက္တြန္းေရးသားထားပါေသးတယ္။ မူးယစ္ေဆးမ်ား ေရာင္းဝယ္သံုးစဲြၾကသူမ်ားကိုလည္း ဖမ္းဆီးအေရးယူရာမွာ ေက်ာသားရင္သားမခြဲျခားပဲ ေဆာင္ရြက္ႏိုင္ၾကပါေစဆိုၿပီး ဆက္လက္ေျပာထားပါေသးတယ္။
အခုဆိုရင္ အႏုပညာေလာကထဲက သူေတြ ေတာ္ေတာ္မ်ားမ်ားကို မူးယစ္ေဆးဝါးမႈေတြနဲ႕ ဖမ္းဆီးခံေနရတာေတြရွိလို႕လာပါၿပီ။ ၂၀၁၈ခုႏွစ္ ၾသဂုတ္လထဲမွာဆိုရင္ ေရႊထိုက္၊ ရသ၊ ဒါရိုက္တာမိုက္တီးတို႕ကို မူးယစ္ေဆးမႈနဲ႕ ဖမ္းဆီး အေရးယူခံထားရပါတယ္။
ေဆာင္းဦးလိႈင္က လက္ရွိမွာ ေဘာ္နီယိုကၽြန္းတြင္ ေနထိုင္လ်က္ ရွိတယ္လို႕ သိရပါတယ္။ ျမန္မာႏိုင္ငံကေန ထြက္သြားတာ ေလးႏွစ္ေလာက္ ရွိၿပီ ျဖစ္တဲ့ ေဆာင္းဦးလိႈင္က ဇြန္လ(၂၂)ရက္ေန႕က ကမၻာ့စံခ်ိန္ဆိုတဲ့ ေတးစီးရီးေခြကို ထြက္ရွိထား ပါေသးတယ္။
Photo : ေဆာင္းဦးလိႈင္ ေဖ့စ္ဘြတ္
Credit:Duwun
Unicodeဖြင့်ဖတ်ရန်
ဆောင်းဦးလှိုင် ပြောပြတဲ့ အနုပညာနဲ့ မူးယစ်ဆေးအကြောင်း
မူးယစ်ဆေးသုံးမှ အနုပညာကောင်းထွက်တယ်ဆို လုံးဝမဟုတ်ပါဘူးတဲ့။
မူးယစ်ဆေးသုံးမှ အနုပညာကောင်းထွက်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူးလို့ ဆောင်းဦးလှိုင်က ဆိုပါတယ်။မူးယစ်ဆေး သုံးပြီး အနုပညာ ဖန်တီးရင် ဈာန်ဝင်စားမှုမြင့်မားတယ်လို့ သုံးကြသူတွေ ပြောတာ ကြားဖူးကြမှာ ဖြစ်ပေမယ့်လည်း သူတို့အောင်မြင် မှု ဖန်တီးနိုင်မှုတွေဟာ ခဏတာသာ ဖြစ်လိမ့်မယ်လို့ သူက ပြောထားပါတယ်။
အဆိုတော် ဆောင်းဦးလှိုင်က အနုပညာနဲ့ မူးယစ်ဆေးဝါးအကြောင်းကို သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ ရင်ဖွင့်လို့လာပါပြီ။ မူးယစ်ဆေးသုံးပြီး စွဲနေတဲ့သူတွေမှာ အနုပညာသမားများအပါအဝင် ကလေးသူငယ်တွေအထိ မြန်မာမှာသာမက ကမ္ဘာမှာပါ ရှိနေကြပါတယ်တဲ့။
မူးယစ်ဆေး သုံးပြီး အနုပညာဖန်တီးရင် ဈာန်ဝင်စားမှုမြင့်မားတယ်လို့ သုံးကြသူတွေ ပြောတာ ကြားဖူးကြမှာ ဖြစ်သလို သူတို့အောင်မြင်မှု ဖန်တီးနိုင်မှုတွေဟာ ခဏတာသာ ဖြစ်လိမ့်မယ်လို့ ဆောင်းဦးလှိုင်က ဆိုပါတယ်။
“သူတို့အောင်မြင်မှု ဖန်တီးနိုင်မှုဟာ ခဏတာသာဖြစ်လိမ့်မယ်။ရေရှည်မှာ မူးယစ်ဆေးကသာလွှမ်းမိုးအနိုင်ယူသွားပုံရပြီးမူးယစ်ဆေးစွဲနေတဲ့ အနုပညာသမားဟာ ကြာတော့ဘာအသစ်မှ မဖန်တီးနိုင်တော့ပါ။ဖန်တီးသမျှကလည်း မကောင်းကြပါ။” လို့ သူရဲ့ ဖေ့စ်ဘွတ်မှာ သြဂုတ်လ(၁၇) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။
ဒါကြောင့် မူးယစ်ဆေးသုံးမှ အနုပညာကောင်းထွက်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူးတဲ့။ ဆောင်းဦးလှိုင်အနေနဲ့လည်း ဘောလုံးကစား အားကစားလိုက်စားပြီး မှ သီချင်းရေးတာ ဖြစ်သလို သီချင်းများစွာလည်း အောင်မြင်မှု ရရှိခဲ့ပြီး ယနေ့အထိ ကိုယ်တိုင်ရေး ၊ ကိုယ်တိုင်တီးတဲ့ သီချင်းကောင်းများကို ထုတ်လုပ်လျက်ရှိတာပါတယ်လို့သူက ဆက်လက်ပြောပြထားပါတယ်။
ထို့အပြင် အနုပညာသမားကြီးငယ်များ၊ အနုပညာလိုက်စားကြသူများအားလုံး မူးယစ်ဆေးများ မသုံးကြဖို့နဲ့ သုံးစွဲဖို့လည်း မလိုအပ်ကြောင်း သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ တိုက်တွန်းရေးသားထားပါသေးတယ်။ မူးယစ်ဆေးများ ရောင်းဝယ်သုံးစွဲကြသူများကိုလည်း ဖမ်းဆီးအရေးယူရာမှာ ကျောသားရင်သားမခွဲခြားပဲ ဆောင်ရွက်နိုင်ကြပါစေဆိုပြီး ဆက်လက်ပြောထားပါသေးတယ်။
အခုဆိုရင် အနုပညာလောကထဲက သူတွေ တော်တော်များများကို မူးယစ်ဆေးဝါးမှုတွေနဲ့ ဖမ်းဆီးခံနေရတာတွေရှိလို့လာပါပြီ။ ၂၀၁၈ခုနှစ် သြဂုတ်လထဲမှာဆိုရင် ရွှေထိုက်၊ ရသ၊ ဒါရိုက်တာမိုက်တီးတို့ကို မူးယစ်ဆေးမှုနဲ့ ဖမ်းဆီး အရေးယူခံထားရပါတယ်။
ဆောင်းဦးလှိုင်က လက်ရှိမှာ ဘော်နီယိုကျွန်းတွင် နေထိုင်လျက် ရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံကနေ ထွက်သွားတာ လေးနှစ်လောက် ရှိပြီ ဖြစ်တဲ့ ဆောင်းဦးလှိုင်က ဇွန်လ(၂၂)ရက်နေ့က ကမ္ဘာ့စံချိန်ဆိုတဲ့ တေးစီးရီးခွေကို ထွက်ရှိထား ပါသေးတယ်။
Photo : ဆောင်းဦးလှိုင် ဖေ့စ်ဘွတ်
Credit:Duwun
Comments
Post a Comment