MyTel က အင်တာနက်အခမဲ့ တပ်ဆင်ပေးထား

 Image result for MY TEL
ရဲလင်းလင်းသန်း
https://www.facebook.com/officialmobileguidejournal
No automatic alt text available.
*****************************************************************
*****************************************************************
(Unicode Version)
“MyTel က ကျောင်းပေါင်း ၁၃ ကျောင်းတွင် အင်တာနက်အခမဲ့ တပ်ဆင်ပေးထားဟုဆို”
MyTel မှ ကျောင်းပေါင်း ၁၃ကျောင်းတွင် အင်တာနက်အခမဲ့ တပ်ဆင်ပေး ထားပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ပါသည်။ MyTel အနေဖြင့် ကရင်ပြည်နယ်၊ နေပြည်တော်၊ ပဲခူး၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ဧရာဝတီတိုင်းတို့ရှိ ကျောင်းပေါင်း ၁၃ ကျောင်းတွင် အင်တာနက်အခမဲ့တပ်ဆင် ပေးခဲ့ခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ်အတွင်း ကျောင်းပေါင်း ၅၀အထိ အင်တာနက်အခမဲ့ပေးသွားရန် ရှိကြောင်း သိရသည်။ အဆိုပါကျောင်းများတွင် ပညာရေးအထောက်အကူပြု ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ IT စာသင်ခန်းများကိုလည်း ထောက်ပံ့ပေးထားပြီး ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်အရ ပြည်တွင်းရှိ ကျောင်းပေါင်း ၁၀၀၀ ကျော်တွင် ဖိုင်ဘာနည်းပညာဖြင့် အခမဲ့အင်တာနက် ဝန်ဆောင်မှု ပေးအပ်သွားရန်လည်း စီစဉ်ထားပါသည်။ အင်တာနက် မြန်နှုန်းမှာမူ အနည်းဆုံး 2MB ဖြစ်ပြီး အကန့်အသတ်မဲ့သုံးနိုင်မည်ဖြစ် သည်။ MyTel အနေဖြင့် လာမည့် ၁၅ နှစ်အတွင်း လူမှုအကျိုးပြုလုပ်ငန်းများ အတွက် ဒေါ်လာ သန်း ၈၀ အသုံးပြုရန် လျာထား ထားပြီး ၈၀% အား ပညာရေးကဏ္ဍအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejourn

Comments