Easy Backup & Restore


“Easy Backup & Restore”
စမတ္ဖုန္း အပါအ၀င္ အီလက္ထေရာနစ္ကိရိယာအားလံုးဟာ အခ်ိန္မေရြးပ်က္ဆီးတတ္တဲ့အတြက္ စမတ္ဖုန္း အတြင္းမွ သင့္ရဲ႕ အေရးႀကီးေဒတာအားလံုးကိုအၿမဲတစ္ေစ Backup လုပ္ထားဖို႔ အေရးႀကီးပါတယ္။ ဒီလို Backup လုပ္ေပးႏိုင္တဲ့ Android Apps မ်ားစြာရွိတဲ့ အထဲမွ နာမည္ႀကီးတဲ့ တစ္ခုမွာ Easy Backup & Restore ျဖစ္ပါတယ္။ သူကသင့္ဖုန္းမွ Contacts, SMS, MMS, Call Log, Calendar, Bookmarks, Dictionary, Apps, App Data မ်ားကို SD Card မွာသိမ္းဆည္းေပးႏုိင္သလို Gmail, Dropbox, Google Drive, OneDrive, Box တို႔လို Cloud Services မ်ားမွာလည္းသိမ္းဆည္း ေပးႏုိင္ပါတယ္။ Apps နဲ႔ Apps Data မ်ားကိုသိမ္းဆည္းထားခ်င္ရင္ေတာ့ သင့္ဖုန္းကို Root လုပ္ထားဖို႔ လိုအပ္ပါတယ္။ Cloud မွာသိမ္းဆည္းထား ရင္ေတာ့ သင့္ဖုန္းေပ်ာက္သြားတဲ့အခါမွာ ဖုန္းအသစ္တစ္လံုး ကေန ေဒတာမ်ားကို ျပန္လည္ရယူႏုိင္မွာ ျဖစ္ပါ တယ္။ အဲဒီအတြက္ SD Card မွာသာမက Cloud မွာပါ သိမ္းဆည္းထားဖို႔ အၾကံေပးပါတယ္။
ပံု (၁)
Easy Backup &Restore ကို Phone ရဲ႕ Storage တစ္ခုခုထဲကို ထည့္ၿပီးတစ္ခ်က္ႏွိပ္လိုက္ပါမယ္။ ၿပီးရင္ Install ကိုဆက္ႏွိပ္ပါ။
ပံု (၂)
အနည္းငယ္ၾကာလာတာနဲ႔ Application Install လုပ္ၿပီးေၾကာင္း Box ေပၚလာပါမယ္။ Done ကို ႏွိပ္ပါ။ ၿပီးရင္ All Application ထဲက Easy Backup & Restore ကိုဖြင့္ပါ။
ပံု (၃)
App ကိုပထမဆံုးအႀကိမ္ဖြင့္ရင္ Backup လုပ္မလားေမးမွာပါ။ No ကိုႏွိပ္ပါ။ ေနာက္အဆင့္မွာ စြမ္းေဆာင္ ခ်က္မ်ားကို ျပသမွာပါ။ Ok, Got it ! ကိုႏွိပ္ပါ။ Home Screen မွာ Tools မ်ားကို ျပသေပးထားပါတယ္။ Backup ကို ႏွိပ္ပါ။
ပံု (၄)
ေနာက္အဆင့္မွာ Backup လုပ္မယ့္ အရာမ်ားကိုေရြးခ်ယ္ေပးပါ။ အိုေကကို ႏွိပ္ပါ။
ပံု (၅)
ေနာက္အဆင့္မွာသိမ္းဆည္းမယ့္ ေနရာကိုေရြးခ်ယ္ေပးပါ။ ဥပမာအေနနဲ႔ SD Card မွာသိမ္းျပပါမယ္။ SD Card ကို ႏွိပ္ပါ။
ပံု (၆)
ေနာက္အဆင့္မွာ SD Card ကိုေရြးခ်ယ္ေပးၿပီး အိုေကႏွိပ္ပါ။
ပံု (၇)
ဖိုင္အမည္အတြက္ ေန႔ရက္နဲ႔ အခ်ိန္တို႔ကိုသတ္မွတ္ထားၿပီးသားျဖစ္ ပါတယ္။ အိုိေကကို ႏွိပ္ပါ။
ပံု (၈)
ဒါဆိုရင္ Backup စတင္ ျပဳလုပ္ပါၿပီ။ ၿပီးသြားရင္ အသိေပးစာေပၚလာ မွာျဖစ္ပါတယ္။ SD Card အျပင္ Cloud မွာပါ သိမ္းဆည္းခ်င္ရင္ အေပၚကအဆင့္အတိုင္း ျပဳလုပ္ၿပီးသိမ္းဆည္းမယ့္ေနရာမွာ Cloud ကိုေရြးခ်ယ္ေပးပါ။ ေနာက္အဆင့္မွာသင့္ Cloud အေကာင့္ရဲ႕ Username, Password ထည့္ေပးပါ။
ပံု (၉)
Root လုပ္ထားတဲ့ ဖုန္းမ်ားမွာေတာ့ Apps နဲ႔ App Data မ်ားကိုပါ သိမ္းဆည္းႏုိင္ပါတယ္။ Home Screen ကို ျပန္သြားၿပီး Apps Tools ထဲသြားပါ။ Installed က႑မွာသင့္ဖုန္းမွာအင္စေတာလုပ္ထားတဲ့ Apps အားလံုးကို ျမင္ေတြ႔ႏုိင္ပါတယ္။ Apps မ်ားကိုေရြးခ်ယ္ၿပီးေအာက္ေျခမွ Backup ခလုတ္ကို ႏွိပ္ပါ။ Root လုပ္ထားျခင္း မရွိတဲ့ ဖုန္းမ်ားမွာလည္း Apk ဖိုင္မ်ားကိုသိမ္းဆည္းႏုိင္ပါတယ္။
စမ္းသပ္္အသံုးျပဳခ်င္ရင္ေတာ့ File Size 3.6MB ရွိၿပီး Android 2.3.3 နဲ႔ သူ႔အထက္မွာအသံုးျပဳႏုိင္ပါတယ္။ https://goo.gl/5Wh809 ရယူနိုင္
သူရေနာင္
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
*****************************************************************
*****************************************************************
(Unicode Version)
“Easy Backup & Restore”
စမတ်ဖုန်း အပါအဝင် အီလက်ထရောနစ်ကိရိယာအားလုံးဟာ အချိန်မရွေးပျက်ဆီးတတ်တဲ့အတွက် စမတ်ဖုန်း အတွင်းမှ သင့်ရဲ့ အရေးကြီးဒေတာအားလုံးကိုအမြဲတစ်စေ Backup လုပ်ထားဖို့ အရေးကြီးပါတယ်။ ဒီလို Backup လုပ်ပေးနိုင်တဲ့ Android Apps များစွာရှိတဲ့ အထဲမှ နာမည်ကြီးတဲ့ တစ်ခုမှာ Easy Backup & Restore ဖြစ်ပါတယ်။ သူကသင့်ဖုန်းမှ Contacts, SMS, MMS, Call Log, Calendar, Bookmarks, Dictionary, Apps, App Data များကို SD Card မှာသိမ်းဆည်းပေးနိုင်သလို Gmail, Dropbox, Google Drive, OneDrive, Box တို့လို Cloud Services များမှာလည်းသိမ်းဆည်း ပေးနိုင်ပါတယ်။ Apps နဲ့ Apps Data များကိုသိမ်းဆည်းထားချင်ရင်တော့ သင့်ဖုန်းကို Root လုပ်ထားဖို့ လိုအပ်ပါတယ်။ Cloud မှာသိမ်းဆည်းထား ရင်တော့ သင့်ဖုန်းပျောက်သွားတဲ့အခါမှာ ဖုန်းအသစ်တစ်လုံး ကနေ ဒေတာများကို ပြန်လည်ရယူနိုင်မှာ ဖြစ်ပါ တယ်။ အဲဒီအတွက် SD Card မှာသာမက Cloud မှာပါ သိမ်းဆည်းထားဖို့ အကြံပေးပါတယ်။
ပုံ (၁)
Easy Backup &Restore ကို Phone ရဲ့ Storage တစ်ခုခုထဲကို ထည့်ပြီးတစ်ချက်နှိပ်လိုက်ပါမယ်။ ပြီးရင် Install ကိုဆက်နှိပ်ပါ။
ပုံ (၂)
အနည်းငယ်ကြာလာတာနဲ့ Application Install လုပ်ပြီးကြောင်း Box ပေါ်လာပါမယ်။ Done ကို နှိပ်ပါ။ ပြီးရင် All Application ထဲက Easy Backup & Restore ကိုဖွင့်ပါ။
ပုံ (၃)
App ကိုပထမဆုံးအကြိမ်ဖွင့်ရင် Backup လုပ်မလားမေးမှာပါ။ No ကိုနှိပ်ပါ။ နောက်အဆင့်မှာ စွမ်းဆောင် ချက်များကို ပြသမှာပါ။ Ok, Got it ! ကိုနှိပ်ပါ။ Home Screen မှာ Tools များကို ပြသပေးထားပါတယ်။ Backup ကို နှိပ်ပါ။
ပုံ (၄)
နောက်အဆင့်မှာ Backup လုပ်မယ့် အရာများကိုရွေးချယ်ပေးပါ။ အိုကေကို နှိပ်ပါ။
ပုံ (၅)
နောက်အဆင့်မှာသိမ်းဆည်းမယ့် နေရာကိုရွေးချယ်ပေးပါ။ ဥပမာအနေနဲ့ SD Card မှာသိမ်းပြပါမယ်။ SD Card ကို နှိပ်ပါ။
ပုံ (၆)
နောက်အဆင့်မှာ SD Card ကိုရွေးချယ်ပေးပြီး အိုကေနှိပ်ပါ။
ပုံ (၇)
ဖိုင်အမည်အတွက် နေ့ရက်နဲ့ အချိန်တို့ကိုသတ်မှတ်ထားပြီးသားဖြစ် ပါတယ်။ အိုကေကို နှိပ်ပါ။
ပုံ (၈)
ဒါဆိုရင် Backup စတင် ပြုလုပ်ပါပြီ။ ပြီးသွားရင် အသိပေးစာပေါ်လာ မှာဖြစ်ပါတယ်။ SD Card အပြင် Cloud မှာပါ သိမ်းဆည်းချင်ရင် အပေါ်ကအဆင့်အတိုင်း ပြုလုပ်ပြီးသိမ်းဆည်းမယ့်နေရာမှာ Cloud ကိုရွေးချယ်ပေးပါ။ နောက်အဆင့်မှာသင့် Cloud အကောင့်ရဲ့ Username, Password ထည့်ပေးပါ။
ပုံ (၉)
Root လုပ်ထားတဲ့ ဖုန်းများမှာတော့ Apps နဲ့ App Data များကိုပါ သိမ်းဆည်းနိုင်ပါတယ်။ Home Screen ကို ပြန်သွားပြီး Apps Tools ထဲသွားပါ။ Installed ကဏ္ဍမှာသင့်ဖုန်းမှာအင်စတောလုပ်ထားတဲ့ Apps အားလုံးကို မြင်တွေ့နိုင်ပါတယ်။ Apps များကိုရွေးချယ်ပြီးအောက်ခြေမှ Backup ခလုတ်ကို နှိပ်ပါ။ Root လုပ်ထားခြင်း မရှိတဲ့ ဖုန်းများမှာလည်း Apk ဖိုင်များကိုသိမ်းဆည်းနိုင်ပါတယ်။
စမ်းသပ်အသုံးပြုချင်ရင်တော့ File Size 3.6MB ရှိပြီး Android 2.3.3 နဲ့ သူ့အထက်မှာအသုံးပြုနိုင်ပါတယ်။ https://goo.gl/5Wh809 ရယူနိုင္ ပါတယ်။
သူရနောင်
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournaL



Comments