အိပ္မက္ေတြကို လက္ေတြ႕ အေကာင္အထည္ေဖာ္ႏုိင္သူ အီလြန္မတ္ခ္စ္

 Image may contain: 1 person, standing and outdoor
အိပ္မက္ေတြကို လက္ေတြ႕ အေကာင္အထည္ေဖာ္ႏုိင္သူ အီလြန္မတ္ခ္စ္
********************************************************
ေကာင္းေကာင္းၾကီးကို စိတ္ကူးယဥ္တတ္ျပီး စိတ္ကူးယဥ္မႈေတြကို လက္ေတြ႕ အေကာင္းဆုံး အေကာင္အထည္ေဖၚေဆာင္ႏုိင္ သူကေတာ့ အီလြန္ မတ္ခ္စ္ (Elon Musk) ျဖစ္ပါတယ္။ ၁၉၇၁ ခုႏွစ္ ဇြန္လ ၂၈ ရက္ေန႕မွာ ေမြးဖြားခဲ့သူ ျဖစ္လို႕ အသက္ကေတာ့ ၄၇ ႏွစ္ ရွိလို႕ေနပါျပီ။ ေတာင္အာဖရိက ႏုိင္ငံမွာ ေမြးဖြားခဲ့တဲ့ မတ္စ္ခ္ ဟာ သူငယ္စဥ္က မက္ခဲ့တဲ့ အိပ္မက္ေတြကို အေကာင္ အထည္ေဖာ္္ဖုိ႕အတြက္ ကေနဒါ ၊ အဲဒီကမွ တစ္ဆင့္ အေမရိကကို ေျပာင္းေရႊ႕ အေျခခ် အလုပ္လုပ္ကိုင္ခဲ့သူ တစ္ဦးလည္းျဖစ္ပါတယ္။ Queen’s တကၠသိုလ္ ၊ Pennsylvania တကၠသိုလ္နဲ႕ Stanford တကၠသိုလ္တို႕မွာ တက္ေရာက္ခဲ့ဖူးတဲ့ မတ္စ္ခ္ဟာ မ်ားျပားလွတဲ့ စြန္႕ဦးလုပ္ငန္းေတြနဲ႕ အထူးေက်ာ္ၾကားပါတယ္။
မတ္စ္ခ္ လက္ရွိလုပ္ကုိင္ေနတဲ့ လုပ္ငန္းေတြကေတာ့ အာကာသဒုံးပ်ံ ယဥ္ တည္ ေဆာက္မႈ လုပ္ငန္းျဖစ္တဲ့ SpaceX ၊ လွ်ပ္စစ္ေမာ္ေတာ္ကား ထုတ္လုပ္ေရး လုပ္ငန္းမွာ ကမၻာကို ဦးေဆာင္ေနတဲ့ Tesla ၊ ေနေရာင္ျခည္သုံး လွ်ပ္စစ္စြမ္း အားကို ကမၻာ့အေကာင္းဆုံး အေနအထားရွိတဲ့ ထုတ္ကုန္ေတြ ထုတ္လုပ္ ေပးႏုိင္တဲ့ SolarCity အျပင္ လက္ရွိနည္းပညာ နယ္ပယ္မွာ အျပိဳင္အဆုိင္ အေကာင္အထည္ေဖာ္ေနၾကတဲ့ အသိဥာဏ္ ပညာတုတည္ေဆာက္ေရး OpenAI ၊ ယဥ္ေၾကာပိတ္ဆို႕မွုေတြအတြက္ အေကာင္းဆုံး အေျဖျဖစ္ႏုိင္တဲ့ Hyperloop စီမံကိန္း စတာေတြပါဝင္ပါတယ္။
အသက္ ဆယ္ႏွစ္မျပည့္ခင္တုန္းက တစ္ေန႕ကို စာ ရွစ္နာရီထက္မနည္း ဖတ္ခဲ့သူ မတ္စ္ခ္ဟာ သူအမ်ားဆုံးဖတ္ခဲ့တဲ့ စာေပ အမ်ိဳးအစားကေတာ့ စိတ္ ကူးယဥ္သိပၸံဝတၳဳေတြျဖစ္ခဲ့ပါတယ္လို႕ ဆိုပါတယ္။ မတ္စ္ခ္ရဲ႕ ပထမဆုံးနဲ႕ ေနာက္ဆုံးလုပ္ကိုင္ခဲ့တဲ့ ကုမၸဏီဝန္ထမ္းဘဝက Netspace မွာပါ။ အျခားသူရဲ႕ လက္ေအာက္မွာ ဝန္ထမ္းဘဝနဲ႕ လုပ္ကိုင္ႏုိင္စြမ္းမရွိတဲ့ မတ္စ္ခ္ဟာ Netspace မွာ ခဏတာ သာဝင္ေရာက္ လုပ္ကိုင္ခဲ့ျပီး ထြက္လာခဲ့သူလည္းျဖစ္ပါတယ္။ အဲဒီေနာက္ အင္တာနက္လုပ္ငန္း ေပါက္ကြဲလာမႈနဲ႕အတူ မတ္စ္ခ္ နဲ႕ သူ႕အစ္ကို ျဖစ္သူတည္ေထာင္လုိက္တဲ့ Zip2 ကုမၸဏီဟာ ေအာင္ျမင္မွုရရွိလာခဲ့ပါတယ္။ Zip2 ကို အျခားသူလက္ထဲ ေရာင္းလိုက္ျပီးခ်ိန္မွာေတာ့ မတ္စ္ခ္ဟာ ပိုမိုေအာင္ ျမင္တဲ့ ယေန႕အတိုင္ အထင္အရွားရွိေနဆဲ PayPal ကို ပူးတြဲတည္ေထာင္ႏို္င္ ခဲ့ျပန္ပါတယ္။ PayPal ရဲ႕ေနာက္ပိုင္းမွာမွ SpaceX ၊ Tesla ၊ Neuralink ၊ SolarCity ၊ OpenAI လုပ္ငန္းေတြ ေထာက္ေလ်ာက္ လုပ္ကိုင္လာခဲ့ျခင္း လည္း ျဖစ္ပါတယ္။ သူ႕ရဲ႕ လက္ရွိၾကြယ္၀မႈကေတာ့ ၂၀ ဒသမ ၉ ဘီလီယံျဖစ္ပါတယ္။
စိတ္ကူးယဥ္မႈေတြကို အေကာင္ဆုံး အေကာင္အထည္ေဖာ္ ေဆာင္ႏုိ္င္သူၾကီး အီလြန္မတ္စ္ခ္ရဲ႕ မွတ္မွတ္သားသား စကားတစ္ခုကို ေရြးႏုတ္တင္ျပရရင္ေတာ့ “ပထမဆုံးေျခလွမ္းဟာ တစ္စုံတစ္ရာ ျဖစ္ႏုိင္ေျခရွိေသာအရာကို တည္ေဆာက္ ျခင္းပါပဲ။ အဲဒီေနာက္ကမွ အလားအလာ ဆိုတာ ေပၚေပါက္လာရတာပါ” ဆိုတာ ကို အၾကိဳက္ဆုံးပါပဲ။
စည္သူ
#Profile
Image may contain: 1 person, standing and outdoor 
  အိပ်မက်တွေကို လက်တွေ့ အကောင်အထည်ဖော်နိုင်သူ အီလွန်မတ်ခ်စ်
******************************************************ကောင်းကောင်းကြီးကို စိတ်ကူးယဉ်တတ်ပြီး စိတ်ကူးယဉ်မှုတွေကို လက်တွေ့ အကောင်းဆုံး အကောင်အထည်ဖေါ်ဆောင်နိုင် သူကတော့ အီလွန် မတ်ခ်စ် (Elon Musk) ဖြစ်ပါတယ်။ ၁၉၇၁ ခုနှစ် ဇွန်လ ၂၈ ရက်နေ့မှာ မွေးဖွားခဲ့သူ ဖြစ်လို့ အသက်ကတော့ ၄၇ နှစ် ရှိလို့နေပါပြီ။ တောင်အာဖရိက နိုင်ငံမှာ မွေးဖွားခဲ့တဲ့ မတ်စ်ခ် ဟာ သူငယ်စဉ်က မက်ခဲ့တဲ့ အိပ်မက်တွေကို အကောင် အထည်ဖော်ဖို့အတွက် ကနေဒါ ၊ အဲဒီကမှ တစ်ဆင့် အမေရိကကို ပြောင်းရွှေ့ အခြေချ အလုပ်လုပ်ကိုင်ခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။ Queen’s တက္ကသိုလ် ၊ Pennsylvania တက္ကသိုလ်နဲ့ Stanford တက္ကသိုလ်တို့မှာ တက်ရောက်ခဲ့ဖူးတဲ့ မတ်စ်ခ်ဟာ များပြားလှတဲ့ စွန့်ဦးလုပ်ငန်းတွေနဲ့ အထူးကျော်ကြားပါတယ်။

မတ်စ်ခ် လက်ရှိလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကတော့ အာကာသဒုံးပျံ ယဉ် တည် ဆောက်မှု လုပ်ငန်းဖြစ်တဲ့ SpaceX ၊ လျှပ်စစ်မော်တော်ကား ထုတ်လုပ်ရေး လုပ်ငန်းမှာ ကမ္ဘာကို ဦးဆောင်နေတဲ့ Tesla ၊ နေရောင်ခြည်သုံး လျှပ်စစ်စွမ်း အားကို ကမ္ဘာ့အကောင်းဆုံး အနေအထားရှိတဲ့ ထုတ်ကုန်တွေ ထုတ်လုပ် ပေးနိုင်တဲ့ SolarCity အပြင် လက်ရှိနည်းပညာ နယ်ပယ်မှာ အပြိုင်အဆိုင် အကောင်အထည်ဖော်နေကြတဲ့ အသိဉာဏ် ပညာတုတည်ဆောက်ရေး OpenAI ၊ ယဉ်ကြောပိတ်ဆို့မှုတွေအတွက် အကောင်းဆုံး အဖြေဖြစ်နိုင်တဲ့ Hyperloop စီမံကိန်း စတာတွေပါဝင်ပါတယ်။

အသက် ဆယ်နှစ်မပြည့်ခင်တုန်းက တစ်နေ့ကို စာ ရှစ်နာရီထက်မနည်း ဖတ်ခဲ့သူ မတ်စ်ခ်ဟာ သူအများဆုံးဖတ်ခဲ့တဲ့ စာပေ အမျိုးအစားကတော့ စိတ် ကူးယဉ်သိပ္ပံဝတ္ထုတွေဖြစ်ခဲ့ပါတယ်လို့ ဆိုပါတယ်။ မတ်စ်ခ်ရဲ့ ပထမဆုံးနဲ့ နောက်ဆုံးလုပ်ကိုင်ခဲ့တဲ့ ကုမ္ပဏီဝန်ထမ်းဘဝက Netspace မှာပါ။ အခြားသူရဲ့ လက်အောက်မှာ ဝန်ထမ်းဘဝနဲ့ လုပ်ကိုင်နိုင်စွမ်းမရှိတဲ့ မတ်စ်ခ်ဟာ Netspace မှာ ခဏတာ သာဝင်ရောက် လုပ်ကိုင်ခဲ့ပြီး ထွက်လာခဲ့သူလည်းဖြစ်ပါတယ်။ အဲဒီနောက် အင်တာနက်လုပ်ငန်း ပေါက်ကွဲလာမှုနဲ့အတူ မတ်စ်ခ် နဲ့ သူ့အစ်ကို ဖြစ်သူတည်ထောင်လိုက်တဲ့ Zip2 ကုမ္ပဏီဟာ အောင်မြင်မှုရရှိလာခဲ့ပါတယ်။ Zip2 ကို အခြားသူလက်ထဲ ရောင်းလိုက်ပြီးချိန်မှာတော့ မတ်စ်ခ်ဟာ ပိုမိုအောင် မြင်တဲ့ ယနေ့အတိုင် အထင်အရှားရှိနေဆဲ PayPal ကို ပူးတွဲတည်ထောင်နိုင် ခဲ့ပြန်ပါတယ်။ PayPal ရဲ့နောက်ပိုင်းမှာမှ SpaceX ၊ Tesla ၊ Neuralink ၊ SolarCity ၊ OpenAI လုပ်ငန်းတွေ ထောက်လျောက် လုပ်ကိုင်လာခဲ့ခြင်း လည်း ဖြစ်ပါတယ်။ သူ့ရဲ့ လက်ရှိကြွယ်ဝမှုကတော့ ၂၀ ဒသမ ၉ ဘီလီယံဖြစ်ပါတယ်။

စိတ်ကူးယဉ်မှုတွေကို အကောင်ဆုံး အကောင်အထည်ဖော် ဆောင်နိုင်သူကြီး အီလွန်မတ်စ်ခ်ရဲ့ မှတ်မှတ်သားသား စကားတစ်ခုကို ရွေးနုတ်တင်ပြရရင်တော့ “ပထမဆုံးခြေလှမ်းဟာ တစ်စုံတစ်ရာ ဖြစ်နိုင်ခြေရှိသောအရာကို တည်ဆောက် ခြင်းပါပဲ။ အဲဒီနောက်ကမှ အလားအလာ ဆိုတာ ပေါ်ပေါက်လာရတာပါ” ဆိုတာ ကို အကြိုက်ဆုံးပါပဲ။

စည်သူ

Comments