Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
*****************************************************************
(Unicode Version)
“အမေရိကန်က ကမ္ဘာ့ အမြန်ဆုံး စူပါ ကွန်ပျူတာကို ပြသ”
ကမ္ဘာမှာ အကောင်းဆုံး စူပါ ကွန်ပျူတာများကို တရုတ်နဲ့ အမေရိကန်တို့က အများဆုံး ပိုင်ဆိုင်ထားကြပါတယ်။ အဲဒီ နှစ်နိုင်ငံဟာ ကမ္ဘာ့ အမြန်ဆုံး စူပါ ကွန်ပျူတာများကို အပြိုင်အဆိုင် ဖန်တီးနေကြပါတယ်။ ယခုမတိုင်ခင် မှာတော့ တရုတ်ရဲ့ Sunway TaihuLight Supercomputer ဟာ ကမ္ဘာ့ အမြန်ဆုံး ကွန်ပျူတာ ဖြစ်နေပါတယ်။ အခုတော့ အမေရိကန်ရဲ့ Summit က တရုတ်ရဲ့ အမြန်ဆုံး စူပါ ကွန်ပျူတာ ဘွဲ့ကို လုယူလိုက်ပါတယ်။
Summit ဟာ တစ်စက္ကန့်လျှင် တွက်ချက်မှုပေါင်း ၂၀၀,၀၀၀ ထရီလီယမ်ကို ပြုလုပ်နိုင်ပါတယ်။ အမြန်နှုန်းအားဖြင့် 200 petaflops အထိ ရှိပါတယ်။ Summit ရဲ့ အမြန်နှုန်းဟာ Sunway ရဲ့ 93 petaflops ထက် ၂ ဆကျော် တောင် ပိုများနေပါတယ်။ Summit ကို IBM နဲ့ Nvidia တို့ ပူးပေါင်း ဖန်တီး ထားတာပါ။ စူပါ ကွန်ပျူတာများမှာ ပရော်ဆက်ဆာပေါင်း သောင်းဂဏန်း ရှိပြီး အလွန် ထုထည်ကြီးမားကြပါတယ်။
Summit မှာ 22-Core IBM Power9 Processors ၂ ခုနဲ့ Nvidia Tesla V100 Graphics Processing Unit Accelerators ၆ ခု ထည့်သွင်း ထားပါတယ်။ သူ့မှာ Compute Servers ပေါင်း ၄၆၀၈ နဲ့ Memory ပေါင်း 10 Petabytes ရှိပါတယ်။ စွမ်းအင်စားသုံးမှု အပိုင်းမှာ Summit က အလွန် နည်းပါးပါတယ်။ သူက 13 megawatts သာ စားသုံးပြီး Sunway ဟာ 15 megawatts အသုံးပြုပါတယ်။ Summit ဟာ ဒေါ်လာ သန်း ၂၀၀ တန် ကြေးရှိပါတယ်။
Comments
Post a Comment