
မြန်မာကျောင်းထားရမလား
အင်္ဂလိပ်ကျောင်းထားရမလား လာလာမေးကြတယ်
ကျွန်မက ပြန်မေးချင်တယ်
ပိုက်ဆံဘယ်လောက်သုံးနိုင်သလဲ ???
international school ဆိုပေမဲ့
အစားစားရှိတယ်
တလကို ကျောင်းလခ ဆယ်သိန်းအထက်ကျောင်းမျိုးလဲရှိတယ် သူကနိုင်ငံခြားသားဆရာတွေနဲ့ပဲသာသင်တယ်
မြန်မာလူမျိုးဆရာဆို လက်ထောက်ဆရာပဲခန့်တယ်
ILBC တို့လို ကျောင်းမျိုးလည်းရှိတယ်
ဒါ့အပြင်
တလ ကျောင်းလခတသိန်းကျော်ကျော် တန်လေးတွေလည်းရှိတယ်
လခက တတ်နိုင်ပါပြီတဲ့
သင်ရိုးကိုကြည့်ရဦးမယ်
တချို့က စင်ကာပူကျောင်းတွေနဲ့ချိတ်ဆက်ပြီးဟိုက သင်ရိုးအတိုင်းသင်တယ်
တချို့နိုင်ငံခြားကျောင်းတွေကသင်ရိုးအတိုင်းသင်တယ်
တချို့က သင်ရိုးကိုယ်တိုင်ဆွဲတယ်
စာသင်ခန်းအနေအထား
စာသင်ခန်းတခန်းမှာ
ဆရာမဘယ်နှစ်ယောက်ထားသလဲ
ကျောင်းသားဘယ်နှစ်ယောက်ထားသလဲ
ဒါ့အပြင် အားကစားလှုပ်ရှားမှု
ဂစ်တာတို့ ပီယာနိုတို့ Dance တွေပါသင်ပေးသလား ဆိုတာကလည်းရှိတယ်
ကျူရှင်ယူဖို့လိုမလိုက ကလေးပေါ်မူတည်သေးတယ်
စာတွေမလိုက်နိုင်ရင်တော့ ယူမှပဲရမယ်
ကျောင်းက ဘာသာစုံအင်္ဂလိပ်လိုသင်လိုက်တဲ့စာတွေကို ကလေးအနေနဲ့နားလည်တာ
နားမလည်တာရှိတယ်
အိမ်စာပေးလိုက်ရင် မိဘကိုသူမေးလိမ့်မယ်
မိဘက မအားတာဖြစ်စေ
ပညာတတ်သော်လည်း international school တွေမှာသင်တဲ့ပုံစံမျိုးမပြောပြတတ်ရင် ကလေးကအခက်အခဲတွေ့တတ်တာကြောင့် ကျူရှင်ကိုအားလုံလိုလိုယူကြပါတယ်
ကျူရှင်ခကလည်း အတန်းငယ်လေးတောင် အနည်းဆုံး တသိန်းဝန်းကျင် လတိုင်းအကုန်ခံရမယ်
ကျောင်းက ဘာပွဲ ညာပွဲတွေလုပ်ရင်လည်းကုန်မယ်
Excursion လေ့လာရေးခရီးတွေထွက်ရင်လည်းကုန်ဦးမယ်
်ဒါ့အပြင်မြန်မာစာ အင်မတန်မှအားနည်းတဲ့အတွက်
မြန်မာစာဆရာကိုသပ်သပ်ခေါ်သင်ပေးမှ အဆင်ပြေပါလိမ့်မယ်
နောက်တချက်က အရေးကြီးပါတယ်
international school မှာပဲထားရင်
တက္ကသိုလ်ဝင်စာမေးပွဲ IGCSE အောင်ရင် နိုင်ငံခြားတက္ကသိုလ်မှာဆက်ထားနိုင်မလား ??????
ဒီတော့ မြန်မာကျောင်း ကိုလည်းအတန်းယူကြတယ်
မိဘတွေသတိပြုဖို့က ဦးနှောက်မှာအသက်အရွယ်အလိုက်လက်ခံနိုင်တဲ့အနေအထားဆိုတာရှိတယ်
မြန်မာကျောင်း အတန်းယူဖို့စာကျက် အင်္ဂလိပ်ကျောင်းအတွက်စာကျက် မနိုင်ဝန်ကိုထမ်းနေရတဲ့ကလေးတွေကျွန်မမြင်တိုင်းစိတ်ဆင်းရဲတယ်
မိဘများသေချာဆုံးဖြတ်ပါ
ကလေးရဲ့ပညာဆုံးခန်းတိုင်အောင် international school တွေမှာ ထားနိုင်တဲ့ငွေကြေးအပြင် တက္ကသိုလ်ကို နိုင်ငံခြားမှာပါထားနိုင်ရင်
international school ကိုရွေးပါ
သိပ်ကောင်းပါတယ်
စဉ်းစားတွေးခေါ်တတ်မယ်
ကိုယ်ပိုင်ယုံကြည်ချက် self confidence ရှိမယ်
ပြောရဲဆိုရဲမယ်
Leadership skill တွေရမယ်ပေါ့
မြန်မာပြည်မှာပဲနေမယ်
မြန်မာတက္ကသိုလ်တွေထဲက ဝါသနာပါရာတက်ခိုင်းမယ်ဆိုရင်တော့
မြန်မာကျောင်းပဲထားပါ
ပုဂ္ဂိလက ကျောင်း အစိုးရကျောင်း စသဖြင့်ငွေကြေးသုံးနိုင်တဲ့ပေါ်မူတည်ပြီးထားပါ
သူကတော့ ဘာပဲဖြစ်ဖြစ် အစိုးရက ပြဌာန်းတဲ့သင်ရိုးပဲသင်မှာပဲ
ကလေးတွေ စာမေးပွဲအမှတ်နည်းရင်
မိဘ ကွန်ပလိန်းလာမယ်
ကျောင်းအုပ်ကဖိအားပေးမယ်
ဒီတော့ မေးမဲ့မေးခွန်းတွေပဲဖြေနိုင်အောင်သင်ကြလိမ့်မယ်
ဖတ်စာအုပ်ထဲပါတာတွေ မေးခွန်းဟောင်းတွေဖြေတတ်အောင် သင်ကြလိမ့်မယ်
ကျွန်မ အတွေ့အကြုံအရ
မြန်မာကျောင်းကလေးတွေဟာ စာမေးရင်
ထပြောခိုင်းရင် ရှက်သလိုလို တွန့်ဆုတ်နေကြတယ်
ငါပြောတာမှားသွားရင် သူများရယ်မလား
ဆရာမက ဆူမလား စသဖြင့် self confidence နဲကြတယ်
မေးခွန်းတွေကို ပြန်မဆွေးနွေးရဲဘူး
မိဘများအနေနဲ့
မိမိတတ်နိုင်တဲ့အနေအထားပေါ်မူတည်ဆုံးဖြတ်ပါ
နိုင်ငံခြားတက္ကသိုလ်ထိမထားပေးနိုင်ရင်
မြန်မာကျောင်းထားပြီး စနေတနင်္ဂနွေ မှာ English ကောင်းအောင်သေချာသင်ပေးပါ
ွဲဘွဲ့ရတဲ့အချိန်မှာ English ကောင်းနေပါစေ
IELTS Band Score အနည်းဆုံး 6.5 လောက်ရမယ်ဆို
စကောလားရှစ်တွေလျှောက်လို့ရပါတယ်
အဲဒီအချိန်မှ ကျောင်းဝင်ခွင့်အင်္ဂလိပ်စာသတ်မှတ်ချက်အတွက် IELTS ဖြေပြီးနိုင်ငံခြားမှာကျောင်းသွားထားလည်းရပါတယ်
အခုက ခေတ်ပြောင်းလာတော့ စကောလားရှစ်တွေ တော်တော်များများရှိပါတယ်
ဒါဆိုရင်အကုန်အကျသိပ်မများပဲ မြန်မာတက္ကသိုလ်ကလည်းဘွဲ့ရမယ်
နိုင်ငံခြားတက္ကသိုလ်မှာလည်းဆည်းပူးခွင့်ရမယ်
ဒါတွေအားလုံးက ကျွန်မအမြင်သက်သက်ပါ
#credit
မေတ္တာဖြင့်
Khin Nang Myint
Comments
Post a Comment