“ေၾကာ္ျငာ စီးပြားေရး လုပ္ငန္းကို အာရံုစုိက္ေနတဲ့ Apple”

 Related image
“ေၾကာ္ျငာ စီးပြားေရး လုပ္ငန္းကို အာရံုစုိက္ေနတဲ့ Apple”
စြမ္းရည္ျမင့္ စမတ္ဖုန္းမ်ားကို ပိုင္ရွင္မ်ားက ႏွစ္အနည္းငယ္ၾကာအထိ ကိုင္ေဆာင္ အသံုးျပဳေနၾကပါတယ္။ အဲဒီအတြက္ ႏွစ္တိုင္း စမတ္ဖုန္း အသစ္ကို ထုတ္လုပ္ေရာင္းခ်ေနတဲ့ Apple အတြက္ေတာ့ ေရာင္းအား က်ဆင္းေနတဲ့ စမတ္ဖုန္းနယ္ပယ္အျပင္ အျခား နယ္ပယ္မ်ားကို မ်က္စိက်လာပါတယ္။ Apple ဟာ ယခင္ကေတာ့ ဟာ့ဒ္၀ဲ စီးပြားေရး လုပ္ငန္းကိုသာ လုပ္ကိုင္ခဲ့တာ ျဖစ္ၿပီး အခုေတာ့ ေၾကာ္ျငာ စီးပြားေရး လုပ္ငန္းကို အာရံုစိုက္ေနတယ္လို႔ The Wall Street Journal က ေဖာ္ျပထားပါတယ္။
Apple ဟာ iOS Apps မ်ားမွာ ေၾကာ္ျငာမ်ား ထည့္သြင္းဖို႔အတြက္ Snap, Pinterest အပါအ၀င္ ကုမၸဏီမ်ားနဲ႔ ေဆြးေႏြးမႈမ်ား ျပဳလုပ္ေနတယ္လို႔ သတင္းထြက္ေနပါတယ္။ Apple က ေၾကာ္ျငာ ၀င္ေငြမ်ားကို Apps မ်ားကို ဖန္တီးသူမ်ားနဲ႔ မွ်ေ၀ ရယူမွာ ျဖစ္ပါတယ္။ မွ်ေ၀ယူမယ့္ ေငြေၾကးကေတာ့ ကြဲျပားတယ္လို႔ The Wall Street Journal က ေျပာပါတယ္။ ဥပမာ အားျဖင့္ Pinterest မွာ လူတစ္ေယာက္က တစ္စံုတစ္ခုကို ရွာေဖြတယ္ ဆိုရင္ Apple ရဲ႕ ေၾကာ္ျငာ နည္းပညာကေန သင့္ေတာ္တဲ့ ေၾကာ္ျငာမ်ားကို ျပသေပးမွာ ျဖစ္ပါတယ္။ Apple ဟာ လက္ရွိမွာ App Store မွာ ေၾကာ္ျငာ မ်ားကို ျပသေပးေနၿပီး ယခင္ႏွစ္က ၁ ဘီလီယမ္ ေဒၚလာ ၀င္ေငြရခဲ့ တယ္လို႔ သိရပါတယ္။
Apple ဟာ ယခင္ကေတာ့ ဟာ့ဒ္၀ဲ ေရာင္းခ်ျခင္းကိုသာ ျပဳလုပ္ခဲ့ၿပီး User Data မ်ားကေန အျမတ္မထုတ္ဘူးလို႔ ေၾကညာခဲ့ဖူးပါတယ္။ အခုေတာ့ သင့္ေတာ္တဲ့ ေၾကာ္ျငာမ်ားကို ျပသဖို႔အတြက္ User Data မ်ားကို ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။ သူဟာ Google , Facebook တို႔ရဲ႕ ေၾကာ္ျငာ စီးပြားေရး လုပ္ငန္းကို ယွဥ္ၿပိဳင္မွာ ျဖစ္ပါတယ္။
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
*****************************************************************
*****************************************************************
(Unicode Version)
“ကြော်ငြာ စီးပွားရေး လုပ်ငန်းကို အာရုံစိုက်နေတဲ့ Apple”
စွမ်းရည်မြင့် စမတ်ဖုန်းများကို ပိုင်ရှင်များက နှစ်အနည်းငယ်ကြာအထိ ကိုင်ဆောင် အသုံးပြုနေကြပါတယ်။ အဲဒီအတွက် နှစ်တိုင်း စမတ်ဖုန်း အသစ်ကို ထုတ်လုပ်ရောင်းချနေတဲ့ Apple အတွက်တော့ ရောင်းအား ကျဆင်းနေတဲ့ စမတ်ဖုန်းနယ်ပယ်အပြင် အခြား နယ်ပယ်များကို မျက်စိကျလာပါတယ်။ Apple ဟာ ယခင်ကတော့ ဟာ့ဒ်ဝဲ စီးပွားရေး လုပ်ငန်းကိုသာ လုပ်ကိုင်ခဲ့တာ ဖြစ်ပြီး အခုတော့ ကြော်ငြာ စီးပွားရေး လုပ်ငန်းကို အာရုံစိုက်နေတယ်လို့ The Wall Street Journal က ဖော်ပြထားပါတယ်။
Apple ဟာ iOS Apps များမှာ ကြော်ငြာများ ထည့်သွင်းဖို့အတွက် Snap, Pinterest အပါအဝင် ကုမ္ပဏီများနဲ့ ဆွေးနွေးမှုများ ပြုလုပ်နေတယ်လို့ သတင်းထွက်နေပါတယ်။ Apple က ကြော်ငြာ ဝင်ငွေများကို Apps များကို ဖန်တီးသူများနဲ့ မျှေ၀ ရယူမှာ ဖြစ်ပါတယ်။ မျှဝေယူမယ့် ငွေကြေးကတော့ ကွဲပြားတယ်လို့ The Wall Street Journal က ပြောပါတယ်။ ဥပမာ အားဖြင့် Pinterest မှာ လူတစ်ယောက်က တစ်စုံတစ်ခုကို ရှာဖွေတယ် ဆိုရင် Apple ရဲ့ ကြော်ငြာ နည်းပညာကနေ သင့်တော်တဲ့ ကြော်ငြာများကို ပြသပေးမှာ ဖြစ်ပါတယ်။ Apple ဟာ လက်ရှိမှာ App Store မှာ ကြော်ငြာ များကို ပြသပေးနေပြီး ယခင်နှစ်က ၁ ဘီလီယမ် ဒေါ်လာ ဝင်ငွေရခဲ့ တယ်လို့ သိရပါတယ်။
Apple ဟာ ယခင်ကတော့ ဟာ့ဒ်ဝဲ ရောင်းချခြင်းကိုသာ ပြုလုပ်ခဲ့ပြီး User Data များကနေ အမြတ်မထုတ်ဘူးလို့ ကြေညာခဲ့ဖူးပါတယ်။ အခုတော့ သင့်တော်တဲ့ ကြော်ငြာများကို ပြသဖို့အတွက် User Data များကို စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။ သူဟာ Google , Facebook တို့ရဲ့ ကြော်ငြာ စီးပွားရေး လုပ်ငန်းကို ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

Comments