Windows 10 မှာ Desktop Gadget အသုံးပြုလို့ရအောင် လုပ်နည်း



Windows 7 မှာ Desktop Gadget အသုံးပြုနည်း သင်ခန်းစာတင်တော့ Windows 10 မှာလည်းအသုံးပြုချင်တယ် ဘယ်လိုအသုံးပြုရမလဲ မေးတဲ့သူတွေ အတွက် Windows 10 မှာ Desktop Gadget အသုံးပြုလို့ရအောင် လုပ်နည်းကို တင်ပေးလိုက်ပါတယ်။
Windows 10 မှာ Desktop Gadget တွေ ပြန်သုံးလို့ရအောင် ဘယ်လိုလုပ်မလဲ?....
Windows Vista ကနေစပြီး ပါဝင်လာတဲ့ Windows Gadget လေးတွေကို Windows ကွန်ပြူတာအသုံးပြုသူတော်တော်များများ သုံးဖူးကြမှာပါ။
CPU Meter တို့ ၊ Clock တို့လို သတင်းအချက်အလက်ဖော်ပြပေးတဲ့ gadgets လေးတွေက ကွန်ပြူတာအတွက် တော်တော်အသုံးဝင်ပြီး၊ အပျင်းပြေဂိမ်းတွေဆော့ကစားနိုင်တဲ့ gadget လေးတွေလည်း ရှိပါတယ်။
ဒါပေမယ့် စိတ်မကောင်းစွာပဲ၊ Microsoft ဟာ Desktop Gadgets တွေကို Windows 8 မှာကတည်းက လုံခြုံရေးပိုင်းဆိုင်ရာအကြောင်းပြချက်နဲ့ ဖြုတ်ပစ်ခဲ့ပါတယ်။
ဒါဆိုအရင်လို Desktop Gadgets လေးတွေကို Windows 8 တို့ 10 တို့မှာ ပြန်သုံးချင်ရင် ဘယ်လိုလုပ်မလဲ။ ဒီပြဿနာအတွက် အဖြေကို developer တော်တော်များများက ပေးအပ်ထားပြီး၊ ဒီထဲကမှ အကောင်းဆုံးအခမဲ့နှစ်ခုကို ရွေးပေးလိုက်ပါတယ်။
နည်းလမ်း (၁) – Windows Desktop Gadgets
====================================
Windows Desktop Gadgets ဟာ သင့်ရဲ့ Windows 10 မှာ 7 တုန်းက gadget တွေကို ပြန်ခေါ်ပေးမယ့်ဆော့ဖ်ဝဲတစ်ခုဖြစ်ပြီး၊ ဒီနေရာကနေ ( http://gadgetsrevived.com/…/…/10/DesktopGadgetsInstaller.zip ) အခမဲ့ဒေါင်းလုဒ်ရယူနိုင်ပါတယ်။
Install လုပ်ရတာက မြန်ဆန်လွယ်ကူမှုရှိပြီး၊ စခရင်မှာပေါ်လာတဲ့ လမ်းညွှန်ချက်လေးတွေအတိုင်း လိုက်လုပ်ရုံပါပဲ။
Install လုပ်ပြီးသွားရင်တော့၊ သင့် desktop မှာ Right-Click နှိပ်လိုက်ရုံနဲ့ အရင်လို Gadgets ဆိုတာလေး တွေ့ရမှာဖြစ်ပြီး၊ Control Panel ထဲက Appearance and Personalization ကနေလည်း သွားရောက်အသုံးပြုနိုင်ပါတယ်။
အခုချိန်ကစပြီး သင့်ကွန်ပြူတာမှာ Windows အသုံးပြုသူတွေရဲ့ အသည်းစွဲ gadget လေးတွေကို ပြန်ထည့်ထားနိုင်ပါပြီ။ တကယ်လို့ ပါပြီးသား gadget တွေအပြင်၊ နောက်ထပ်ထပ်လိုချင်တယ်ဆိုရင်လည်း Get more gadges online ကို နှိပ်ပြီး ရယူနိုင်သလို၊ ( ဒီလင့်နှိပ်ပြီးလည်း http://gadgetsrevived.com/ )
ရယူနိုင်ပါတယ်။
နည်းလမ်း (၂) – 8GadgetPack
==========================
နောက်ထပ်တစ်ခုကတော့ 8GadgetPack ပါ။ သူ့ကိုတော့ Windows 8 အတွက် စတင်ပြုလုပ်ခဲ့တာဖြစ်ပေမယ့်၊ အခုထိ Windows 10 မှာ သုံးလို့ရသေးတာတွေ့ရပါတယ်။
Download 8GadgetPack for free
ဒေါင်းလုဒ်လုပ်ပြီးရင် ကွန်ပြူတာမှာ install လုပ်ပါ။ လမ်းညွှန်ချက်အတိုင်း လိုက်လုပ်ရုံပဲဖြစ်ပြီး၊ မခက်ပါဘူး။
8GadgetPack ရဲ့ အားသာချက်တစ်ခုကတော့ gadget အများအပြား တပါတည်းပါဝင်လာတာဖြစ်ပြီး၊ အခုငါးဆယ်ကျော်လောက် ပါတာတွေ့ရပါတယ်။
Desktop ပေါ်မှာ Right-Click နှိပ်ပြီး၊ Context menu ကနေလည်း ခေါ်သုံးနိုင်သလို၊ Control Panel ထဲကနေလည်း ဝင်သုံးနိုင်ပါတယ်။
နောက်ထပ်မိုက်တဲ့တစ်ချက်ကတော့၊ 8GadgetPack မှာ Configuration ပါတာဖြစ်ပါတယ်။ ဒီကနေ ကိုယ်မလိုချင်တဲ့ Gadgets တွေကို uninstall လုပ်နိုင်သလို၊ တခြား gadget တွေကိုလည်း .gadget ဖိုင်သုံးပြီး ထည့်သုံးနိုင်ပါတယ်။ ဒါပေမယ့် ဒီ custom gadget တွေ သုံးတဲ့အခါ၊ ကိုယ်ယူတဲ့ဆိုက်ကိုသတိထားဖို့လိုပြီး၊ မလိုလားအပ်တဲ့ malware တွေ မဝင်စေဖို့ ဂရုစိုက်ပါ။
Microsoft အနေနဲ့ desktop gadget တွေကို ပြန်ထည့်ပေးဖို့ဆိုတာက လုံးဝမဖြစ်နိုင်သလောက်ရှိတာကြောင့်၊ Gadget သုံးချင်တယ်ဆိုရင် ယခုနည်းလမ်းတွေအတိုင်းပဲ သုံးနိုင်မှာဖြစ်ပါတယ်။
Ref: Wonder How-To

Comments