Snapchat ဖန်တီးသူ Evan Spiegel က ၂၀၁၇ ခုနှစ်ထဲမှာ
ဝင်ငွေအများဆုံးရရှိတဲ့ CEO ဖြစ်
Business Insider
ဆိုရှယ်မီဒီယာကုမ္ပဏီ Snap Inc ပူးတွဲတည်ထောင်သူနဲ့
CEO ဖြစ်တဲ့ Evan Spiegel ကတော့ ယမန်နှစ် ၂၀၁၇
ခုနှစ်ထဲမှာ ၀င်ငွေအကောင်းဆုံးသော အမေရိကန် စီအီးအို
ဖြစ်လာခဲ့တယ်ဆိုပြီး Bloomberg ရဲ့ Pay Index ဖော်ပြ
ချက်အရ သိရပါတယ်။
Evan Spiegel ကတော့ ယင်းနိုင်ငံက ထိပ်တန်း ပုဂ္ဂလိကလုပ်
ငန်းကုမ္ပဏီကြီးတွေက အခြားသော ၀င်ငွေမြင့် စီးအီးအိုတွေကို
ကျော်လွန်ပြီး ယခုလိုမျိုး ယမန်နှစ်တစ်နှစ်တာအတွင်း ၀င်ငွေ
အကောင်းဆုံး စီအီးအို အဖြစ် ထိပ်ဆုံးကနေ ရပ်တည်နိုင်ခဲ့
တာဖြစ်ပါတယ်။
ယမန်နှစ်အတွင်း ၎င်းဟာ တစ်နှစ်တာဝင်ငွေပမာဏအဖြစ်
ဒေါ်လာ ၅၀၄ သန်းအထိ ရရှိခဲ့တယ်လို့ Bloomberg ရဲ့
ဖော်ပြချက်အရ သိရပါတယ်။
Snap ဟာဆိုရင်လည်း ၂၀၁၇ တွင်းမှာပဲ IPO (အများပြည်
သူကို အစုရှယ်ယာ ပထမဆုံးအကြိမ် ထုတ်ရောင်းခြင်း) လုပ်
ခဲ့တာကြောင့်လည်း Spiegel အနေနဲ့ ယင်းနှစ်မှာ မြောက်မြား
စွာတဲ့ ၀င်ငွေခံစားခွင့် ရရှိခဲ့ခြင်း ဖြစ်ပါတယ်။
၎င်းအနေနဲ့ ယင်းနှစ်အတွင်း လစာနဲ့ အခြား ခံစားခွင့်ပိုင်းမှာ
ဒေါ်လာ ၁ ဒသမ ၂ သန်းသာ စုဆောင်းရရှိနိုင်ခဲ့တာဖြစ်ပေ
မယ့် ကျန် တစ်ခြားသော ၀င်ငွေအမြောက်အမြားကိုတော့
ကုမ္ပဏီမှာ ၎င်းပါဝင်ထားတဲ့ ရှယ်ယာတွေကနေတဆင့်
ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တစ်ခြားသော ထင်ရှားသူတွေဖြစ်ကြတဲ့ Tesla CEO Elon Musk
ဆိုရင် ယင်းနှစ်မှာ ဒေါ်လာ သန်း ၁၅၀ ရရှိခဲ့သလို
Google CEO Sundar Pichai ဆိုရင်လည်း ဒေါ်
လာ ၁၄၄ သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။
photo;financialexpress.com
Snapchat creator Evan Spiegel is the highest-paid CEO, and made $504 million last year
http://www.businessinsider.com/snapchat-creator-evan-spiegel-is-the-highest-paid-ceo-2018-5

Comments
Post a Comment