(Passive Income)
#မာသင်
ကျနော် က လခစား ဝန်ထမ်းပါ ။
ဆရာပြောသလို စိတ်ကူးရမိတာ မကြာသေးပါဘူး..။
ပထမ ဆုံးလုပ်မှာက ငွေတိုးချေးမယ်..။
ဒုတိယ လုပ်မှာက တက္ကစီ ထောင်မယ်။
တတိယက နယ်က မြေကွက်ဝယ်မယ်၊ ဒါမှမဟုတ် တိုက်ခန်းဝယ်မယ်..။
လူတွေ အငှါးချမယ်..။
ကျနော် အဲ့ဒီ သုံးချက်ပဲ
စိတ်ကူးရပါသေးတယ်..။
ဒီထက်ကောင်းတာရှိရင်လည်း
အကြံပြုပါအုန်း..။
(ဆရာ့ vdo file တွေ အတွက်
ဆရာကို ကျေးဇူးအရမ်းတင်ပါတယ်..၊ နောက်ထပ်လည်း မကြာမကြာ တင်ပေးပါအုန်း..)
Ko Thet Wai
-တက္ကစီ အုံနာ (အနည်းဆုံးကားတစီးဝယ်နိုင်တဲ့ အရင်းအနှီးရှိရမယ်)
-စားသောက်ဆိုင်၊ ဟိုတယ်များသို့  ဟင်းသီးဟင်းရွက်၊ အသားငါး ပေးသွင်းရောင်းချခြင်း (ဝန်ထမ်း ၂-၃ ယောက်ခန့်ပီး လည်ပတ်ထားနိုင်၊ delivery အတွက် ယာဉ်လို၊ start up ကောင်းကောင်း လုပ်ထားဖို့လို)
-တည်းခိုခန်းဖွင့် (အရင်းအနှီး ကြီးကြီးလို)
Htet Wai Soe
ကျတော်လည်း မျှဝေချင်ပါတယ် ကျတော်လည်း ကျတော့ ပတ်ဝန်းကျင်က လူတိုင်း နေ့စဉ် ငွေတခုနဲ့ ဖြတ်သန်းနေရတာကို စာဖတ်တယ် ကိုယ့်ရဲ့ ပတ်ဝန်ကျင်းက လူတိုင်းကို ကြည့်တယ် စဉ်းစားမိလာတယ် ကိုမာသင်ရဲ့ စာတွေကို ဖတ်တယ် ကြိုက်တာဆို ယူလိုက်တယ် မကြိုက်တာဆို ပယ်လိုက်တယ် တော်တော်များများဖတ်တယ် ဖတ်တုန်း ခန ခေါင်းထဲရောက်တယ် ပီးရင် ထုတ်ပစ်လိုက်တယ် ကျတော့ရဲ့ အားနည်းချက်က အထင်မကြီးဘူး အားကျတယ် ကြိုးစားတယ် ကိုမာသင် ရေးတဲ့ အပေါ်က စားသားကို ကြိုက်လို့ ကျတော် မျှဝေ ချင်တာလေး ပေါ်လာတယ် အခု ကျတော် service တခုလုပ်နေတယ် Delivery service ပါ နေ့စဉ် ဝင်ငွေရနိုင်တယ် order 60 လောက် ပုံမှန်ပိုဖြစ်တယ် အခုဆို လုပ်တာ 1 နှစ်ကျော်ခဲ့ပီ ကျတော် ဝန်ထမ်း 5 ယောက်နဲ့ အလုပ်လုပ်ပာတယ် ကျတော်က ဝန်ထမ်းတွေကို ပို့လို့ ရတဲ့ငွေ သူတဝက် ကိုယ်တဝက် ယူတဲ့ စနစ်လုပ်ထားတယ် order 60 ဆို နေ့စဉ် 60000 ဝင်ငွေရတယ် ကျတော်ပြောပြပေးပာ့မယ် ကျတော့ကားတော့ လုပ်ငန်း ထပ်ချဲ့နိုင်ရင် နေ့စဉ် 1 သိန်းလည်း ရနိုင်တယ် 2 သိန်း 3 သိန်း 4သိန်း ရှာရင် ရှာနိုင်သလောက် ရနိုင်ပါတယ် ကျတော် လုပ်တဲ့ service က 1.ရုံးတွင်း စီမံခန့်ခွဲမှု အရမ်းအရေးကြီးပါတယ် 2.ဈေးကွက်ပါ ကျတော့ အတွက်က ရုံးတွင်း စီမံ ခန့်ခွဲမှု ဖြစ်နေပါတယ် အခု လောလောဆယ်ပေါ့ ကျတော် ပြောချင်တာက လာလှည့် ကြည့်လှည့် လုပ်ကြည့်လှည့်ပါ စေတနာ အပြည့်နဲ့ ပြောပြပါ့မယ် ဘာလို့လဲ ဆိုရင် အရင်းနှီးက တခြား တခြား အလုပ်တွေလို မများလို့ပါ ကျတော်တို့ အလုပ်က ယုံကြည်ထိုက်တဲ့ လူ, ယုံကြည်ထိုက်တဲ့ team ဖြစ်ဖို့ပဲ လိုပါတယ် ကိုမာသင် ရေးတဲ့ စာသားနဲ့ ကျတော် ပြောပြတာနဲ့ လွဲနေရင် နားလည်ပေးပါလို့ ကိုမာသင် comment ထဲမှာ ဝင်ရေးခွင့် ရလို့ ကျေးဇူး အရမ်း အရမ်း တင်ပါတယ်….ဒီစာကို ရေးတဲ့သူကို သိချင်လို့ ကျတော့ acc ထဲ ဝင်ကြည့်မိတဲ့သူ ရှီရင် ကျတော် acc ကို ကြည့်တာက လွဲလို့ မသုံး တာ 1 နှစ်ကျော်ခဲ့ပါပီ ကျေးဇူးတင်ပါတယ်…..
Fridaystar love
ကြံတဲ့သူတွေလည်း မန့်ခဲ့ကြပါဦး။ ကိုယ့်အကြံဉာဏ်လေး မျှဝေခဲ့ပါဦး။
Unicode Version
လစဉ် ပုံမှန်ဝင်ငွေ စီးကြောင်း တစ်ခု ဖန်တီးခြင်း အိုင်ဒီယာများ
(Passive Income)
မေးခွန်း။ ။ အကယ်၍ ကျန်းမာရေးကြောင့်ဖြစ်စေ၊ အစီးဒင့် တစ်ခု ကြောင့် ဖြစ်စေ ဒီနေ့ကစပြီး အလုပ်မသွားနိုင်တော့ဘူးဆိုရင် လက်ရှိဝင်နေတဲ့ဝင်ငွေ ဆက်ဝင်နေမှာလား၊ ရပ်သွားမလား ?
အဖြေ(၁) ။ ။ ရပ်သွားမယ်။ ကိုယ်က လခစား၊ အလုပ်မသွားနိုင်မှ တော့ ဝင်ငွေတွေ တစ်ပြားမှ မဝင်တော့ဘူး လို့ဖြေရင်တော့ …
(မိတ်ဆွေ .. လစဉ်ပုံမှန်ဝင်ငွေစီးကြောင်းတစ်ခု ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ အထူးသဖြင့် မိသားစု ရှိရင် ပိုလို့တောင် အရေးကြီးပါသေးတယ်။)
အဖြေ (၂)။ ။ မဖြစ်ပါဘူး။ ဘာအစီးဒင့်မှ မဖြစ်ဘူး၊ ကျန်းမာရေးလဲ ဒေါင်ဒေါင်မီ နောင်လဲဘာမှ ဖြစ်မှာမဟုတ်ဘူး လို့ဖြေရင်…
( မိတ်ဆွေ .. ဆက်မဖတ်ပါနဲ့။ အချိန်ကုန်မှာ စိုးလို့ပါ။)
အဖြေ (၃) ။ ။ ကိုယ်ကအလုပ် လုပ်စရာမလိုပဲ လစဉ် ပုံမှန်ဝင်ငွေ စီးဝင်နေတယ် ဆိုရင် ….
( မိတ်ဆွေ . . . အခြားသူများလဲ အတုယူလို့ရအောင် နည်းလမ်းလေး ကျေးဇူးပြု၍ မျှဝေခဲ့ပါ။)
ကျွန်တော်တို့အားလုံး လက်ရှိလုပ်နေတဲ့အလုပ်ရဲ့ဝင်ငွေအပြင်၊ ပုံမှန်ဝင်ငွေစီးကြောင်းလေးတစ်ခု ကို ဖန်တီးဖို့အင်မတန်မှ လိုအပ်ပါတယ်။ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ပေါ့။ အဓိက က ကိုယ့်ရဲ့အချိန်ကို နေ့စဉ် နဲ့အမျှ မလိုအပ်ပဲ ဝင်ငွေ တစ်ခု ဖြစ်နေဖို့ပါ။
ဥပမာ.. တိုက်ခန်းဌားမှ ရတဲ့ဝင်ငွေ မျိုးပေါ့။
ဒီလို ပုံမှန်ဝင်ငွေစီးကြောင်းလေးတစ်ခု ကိုဖန်တီးဖို့နည်းလမ်းများစွာရှိပါတယ်။ စီးဝင်တဲ့ဝင်ငွေ နည်းတာများတာ အဓိကမဟုတ်ပါဘူး။ စမ်းချောင်းတွေ ပေါင်းလိုက်ရင် “မြစ်” ဖြစ် လာမှာပါပဲ။ အဓိက က ကိုယ့်ရဲ့နေ့စဉ် အချိန်တွေကို မလိုအပ်ပဲ ပုံမှန်ဝင်ငွေ စီးကြောင်းအဖြစ် တသွင်သွင် စီးဝင်နေဖို့ပါ။ ( အလွယ်တကူတော့ မဟုတ်ဘူးပေါ့။ အခက်အခဲ နဲ့စိန်ခေါ်မှု ဆိုတာ အလုပ်တိုင်းမှာ ရှိတာပါပဲ။)
ဘယ်လို လုပ်ငန်းမျိုး၊ ဘယ်လို လုပ်ရတယ် ဆိုတာ….
စာဖတ်သူ မိတ်ဆွေ များ အားလုံး ဝိုင်းဝန်းအကြံပြုကြရအောင်ဗျာ။
နေ့စဉ်လခစားမဟုတ်ပဲ ..ပုံမှန်ဝင်ငွေလေးရအောင် ဘယ်လိုလုပ်မလဲဆိုတာ မိတ်ဆွေရဲ့အကြံလေးသိပါရစေ။
အားလုံးအကျိုးရှိရန် ရည်သန်လျှက်..
#မာသင်
Comments