ရေပြာတယ် မပြာဘူးကို အထူးအဆန်းဖြစ်ပြီး ငြင်းခုန်နေကြတဲ့ လူတချို့ရှိတယ်။ ရေပြာရင် တန်ခိုးရှိတယ်လို့ထင်မှတ်နေကြတဲ့ လူတချို့လည်းရှိတယ်။ ခုမျှဝေချင်တာက Yellowstone လို့ခေါ်တဲ့ အမေရိကန်အနောက်မြောက်အရပ်မှာရှိတဲ့ ကမ္ဘာ့အကြီးဆုံးအမျိုးသားဥယျာဉ်အကြောင်းလေးပါ။ ပုံမှာမြင်တဲ့အတိုင်း သဘာဝရေရောင်စုံတွေနဲ့ လှနေပါတယ်။
အခုအချိန်မှာ အမေရိကန်တွေစိုးရိမ်နေတာက ရရှားရန်၊ တရုတ်ရန်တွေမဟုတ်ဘူး.. သူတို့စိုးရိမ်တာက yellowstoneမီးတောင်ကိုပဲဖြစ်တယ်။ ဟာဝိုင်ရီမီးတောင်ပေါက်ကွဲပြီးနောက် မီးတောင်သုတေသနပညာရှင်တွေက yellowstoneဥယျာဉ်ကို ပိုအာရုံစိုက်လာကြတယ်။ ဒီဥယျာဉ်က မီးတောင်အရှင်မို့ပါ။ သူကတော့ ပေါက်ကွဲရင် ဟာဝိုင်ရီမီးတောင်ပေါက်ကွဲသလို ချော်ရည်တွေစိမ့်ထွက်စီးဆင်းနေမှာ မဟုတ်ဘူးတဲ့။ ဗုံးပေါက်သလိုပေါက်ကွဲမှာတဲ့။ သူပေါက်ကွဲရင် မြောက်အမေရိကားတစ်ခုလုံး ပြာတွေဖုံးသွားနိုင်တယ်လို့ဆိုတယ်။ နယူးယောက်အပါအဝင်ဖြစ်တယ်။ သူသာပေါက်ကွဲရင် ကမ္ဘာ့ရာသီဥတု အထူးသဖြင့်မြောက်ဝင်ရိုးစွန်းရဲ့ရာသီဥတုတွေ အကြီးအကျယ်ပြောင်းလဲနိုင်တယ်တဲ့။
၁၉၈ဝ ခုနှစ် ဝါရှင်တန်ပြည်နယ်(D.C မဟုတ်ပါ) က St. Helens
မီးတောင်ပေါက်ကွဲတုန်းက လူပေါင်း ၅၇ ယောက်သေဆုံးခဲ့တယ်။ လွန်ခဲ့တဲ့
နှစ်ပေါင်း ၂သန်းကျော်က Yellowstone မီးတောင် ပေါက်ကွဲတော့ St.
Helensမီးတောင်ရဲ့ပေါက်ကွဲမှုထက် အဆနှစ်သောင်းခွဲရှိခဲ့သတဲ့။ ဒီမီးတောင်ကို
အသက်ရှုတတ်တဲ့ မကောင်းဆိုးဝါးလို့ သုတေသနပညာရှင်တွေက တင်စားပါတယ်။
yellowstone ဟာ ၂ဝဝ၄ ခုနှစ်ကစ သူ့မြေပြင်ဟာတစ်နှစ်မှာ ၇ စင်တီမီတာမြင့်မြင့်တက်လာတာ ၂ဝ၁ဝ အထိလို့ဆိုတယ်။ လေ့လာဆန်းစစ်သူတွေ သူအသက်ရှုနေတယ်လို့ ဆိုကြတယ်။ သူသာပေါက်ကွဲရင် အမေရိကန်တစ်နိုင်ငံလုံး ဒုက္ခရောက်နိုင်ပါတယ်တဲ့။ ဒါပေမယ့် မစိုးရိမ်ပါနဲ့.. လေ့လာချက်အရ နှစ်ပေါင်း၂သန်းကျော်အတွင်းမှာ သူ ၃ ခေါက်ပဲ ပေါက်ကွဲခဲ့ဖူးတယ်တဲ့။ ပျှမ်းမျှ နှစ် ၆သိန်းမှာ တစ်ခါကြီးကြီးကျယ်ကျယ်ပေါက်ကွဲတယ်ပေါ့။ အခု သူကြီးကြီးကျယ်ကျယ်မပေါက်ကွဲတာ နှစ် ၆သိန်း ၄သောင်းရှိပြီတဲ့။ သုတေသီတွေတော့ သတိထားလေ့လာနေပါတယ်။ အသက်ရှုတတ်တဲ့မကောင်းဆိုးဝါးကြီးတစ်ကောင် ကမ္ဘာ့ထောင့်တစ်နေရာမှာ နိုးနေလို့ပါတဲ့။
ဒီကနေ့ဖတ်မိတဲ့သတင်းပါ... မျှဝေပါတယ်..
အရောက်သွားလည်မယ်လို့ စိတ်ကူးဖူးပါတယ်.. မီးတောင်အရှင်ပေါ် လမ်းလျှောက်ရတဲ့အရသာလေးခံဖူးချင် ရေရောင်စုံကိုဖူးချင်လို့လေ..
😅
ပိုစိတ်ဝင်စားရင် youtube မှာရှာကြည့်နိုင်ပါတယ်နော်..
.

Comments
Post a Comment