လက်ရှိကမ္ဘာ့အချမ်းသာဆုံးနိုင်ငံများ - ၂

 Image may contain: sky, skyscraper and outdoor
လက်ရှိကမ္ဘာ့အချမ်းသာဆုံးနိုင်ငံများ - ၂
********************************************
၈) အာရပ်စော်ဘွားများပြည်ထောင်စု
နိုင်ငံ၏ တစ်ဦးချင်း တစ်နှစ်ပျမ်းမျှဝင်ငွေ - ဒေါ်လာ ၆၈,၂၅၀
..................................................................................
လောင်စာဆီ တစ်ခေတ်ဖြစ်ချိန်တုန်းက အာရပ်စော်ဘွားများ ပြည်ထောင်စုဟာ အချမ်းသာ ဆုံးသော နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ဖူးပါတယ်။ ဆီဈေးကျဆင်းလာမှုဟာ နိုင်ငံရဲ့စီးပွားရေးကို တိုက်ရိုက် အကျိုးသက်ရောက်စေပြီး လူဦးရေ ၁၀ သန်း ကျော်ရှိတဲ့ UAE နိုင်ငံဟာ လောင်စာဆီမဟုတ်တဲ့ စီးပွားရေးလုပ်ငန်းတွေ အတွက် အထူးပြင်ဆင် နေကြပါပြီ။
၇) ကူဝိတ်
နိုင်ငံ၏ တစ်ဦးချင်း တစ်နှစ် ပျှမ်းမျှဝင်ငွေ - ဒေါ်လာ ၆၉,၆၇၀
..................................................................................
လူဦးရေ ၄ သန်းကျော်သာနေထိုင်ကြပေမဲ့ လောင်စာဆီအဓိက စီးပွားရေးနိုင်ငံ ကူဝိတ် ဟာလည်း ၂၀၁၆ ဆီဈေးကျဆင်းမှုနဲ့အတူ စီးပွားရေး တိုးတက်မှုနှေးကွေး လာခြင်းကို ကြုံတွေ့ခဲ့ရတာပါပဲ။ ဒါပေမဲ့ ကူဝိတ်နိုင်ငံဟာ ဆီနဲ့မပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အဆောတလျင် အခြေကျနေပုံပါပဲလို့ IMF က သုံးသပ်ထားပါတယ်။
၆) နော်ဝေး
နိုင်ငံ၏ တစ်ဦးချင်း တစ်နှစ်ပျမ်းမျှဝင်ငွေ - ဒေါ်လာ ၇၀,၅၉၀
.................................................................................
လူဦးရေငါးသန်းကျော် နေထိုင်နေပြီး စကင်ဒေနေဗီယန်း နိုင်ငံတစ်ခုဖြစ်တဲ့ နော်ဝေးဟာ အရှေ့အလယ်ပိုင်းနိုင်ငံတစ်ခု မဟုတ်ပေမဲ့လည်း လောင်စာဆီ ဈေးနှူန်းကျဆင်းမှုဒဏ်ကို ခံခဲ့ရတာပါပဲ။ ဒါပေမဲ့ နော်ဝေးနိုင်ငံဟာ သူတို့ရဲ့ စီးပွားရေး တိုးတက်မှုကို ထိန်းသိမ်း ထားနိုင်ဆဲဖြစ်ပြီး အလုပ်မဲ့ဦးရေ အချိုးဟာလည်း နိမ့်နေဆဲပါ။
၅) အိုင်ယာလန်
နိုင်ငံ၏ တစ်ဦးချင်း တစ်နှစ်ပျမ်းမျှဝင်ငွေ - ဒေါ်လာ ၇၂,၆၃၀
................................................................................
ဥရောပတိုက်ရဲ့ စီးပွားရေး တိုးတက်မှုနှုန်း အမြင့်ဆုံးနိုင်ငံတစ်နိုင်ငံဟာ အခုဆိုရင်ထိပ်တန်း ၅ နေရာမှာ ဝင်လို့နေပါပြီ။ ၂၀၁၆ ခုနှစ်ကစပြီး ဆောက် လုပ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း တွေဟာ အိုင်ယာလန်ရဲ့ GDP ကိုဆွဲတင်သွားတာပါလို့ IMF ကဆိုပါတယ်။
၎) ဘရူနိုင်း
နိုင်ငံ၏ တစ်ဦးချင်း တစ်နှစ် ပျမ်းမျှဝင်ငွေ - ဒေါ်လာ ၇၆,၇၄၀
....................................................................................
IMF ရဲ့ အဆိုအရဆိုရင် ၂၀၁၆ နောက်ပိုင်း ဘရူနိုင်းနိုင်ငံရဲ့ GDP ဟာ ကျဆင်း သွားခဲ့ပေ မဲ့ မျှော်လင့်ထားကြတာထက်ပိုပြီး ထိန်းသိမ်းထားနိုင်ပါတယ်။ လောင်စာဆီဟာ ဘရူနိုင်း နိုင်ငံရဲ့ အဓိကပို့ကုန်ဖြစ်နေတာတောင်မှ လူဦးရေ ၄ သိန်းကျော် နေထိုင်လျက်ရှိတဲ့ နိုင်ငံလေးဟာ ဆီဈေးကျဆင်းသွားချိန်မှာ နိုင်ငံရဲ့ စီးပွားရေးကို အကောင်းဆုံး ထိန်းညှိ သွားနိုင်တာ တွေ့ရပါတယ်။
၃) စင်ကာပူ
နိုင်ငံ၏ တစ်ဦးချင်း တစ်နှစ် ပျမ်းမျှဝင်ငွေ - ဒေါ်လာ ၉၀,၅၃၀
......................................................................................
သေးငယ်ပေမဲ့ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံစာရင်းမှာ ထိပ်တန်းနေရာ ရရှိနေတဲ့ စင်ကာပူရဲ့ GDP တိုးတက်မှုနှူန်းဟာ ၂ ဒသမ ၇ ရာခိုင်နှုန်း အထိရှိနေတာပါ။ ပို့ကုန်၊ သွင်းကုန်နှူန်းဟာ လူဦးရေ ၅ ဒသမ ၆ သန်းရှိတဲ့ စင်ကာပူရဲ့ အဓိက စီးပွားရေးမောင်းနှင်မှု ဖြစ်ပါတယ်။
၂) လူဇင်ဘတ်
နိုင်ငံ၏ တစ်ဦးချင်း တစ်နှစ် ပျမ်းမျှဝင်ငွေ - ဒေါ်လာ ၁၀၉,၁၉၀
....................................................................................
လူဦးရေ ၆ သိန်းနီးပါးနေထိုင်လျက်ရှိတဲ့ လူဇင်ဘတ်ဟာ လက်ရှိအချိန်မှာတော့ ကမ္ဘ့ာ့ ဒုတိယ အချမ်းသာဆုံးနိုင်ငံပါ။ IMF ရဲ့သုံးသပ်ချက်အရ Brexit နဲ့ အမေရိကရဲ့ မူဝါဒ အပြောင်းအလဲတွေဟာ လူဇင်ဘတ်နိုင်ငံရဲ့ စီးပွားရေးကို မတည်မငြိမ်ဖြစ်စေခဲ့ တာတောင်မှ အလုပ်လုပ်နိုင်စွမ်းအားမှာ ထိပ်ဆုံးရောက်နေတဲ့ လူဇင်ဘတ်အတွက် သူတို့ရဲ့ စီးပွားရေး တိုးတက်မှုနှုန်းကို ကောင်းစွာ ထိန်းထားနိုင်တာ တွေ့ရပါတယ်။
၁) ကာတာ
နိုင်ငံ၏ တစ်ဦးချင်း တစ်နှစ် ပျမ်းမျှဝင်ငွေ - ဒေါ်လာ ၁၂၄,၉၃၀
...................................................................................
အရှေ့အလယ်ပိုင်း နိုင်ငံငယ်လေးဟာ တစ်ဦးချင်းပျမ်းမျှဝင်ငွေအရ ဆိုရင်တော့ ကမ္ဘာ့ အချမ်းသာဆုံးနိုင်ငံပါပဲ။ IMF စစ်တမ်းအရဆိုရင် လူဦးရေ ၂ ဒသမ ၂၇ သန်းခန့်ရှိတဲ့ ကာတာနိုင်ငံရဲ့ တစ်ဦးချင်းပျမ်းမျှဝင်ငွေဟာ ဒေါ်လာ ၁၂၄,၉၃၀ အထိရှိနေတာပါ။ တစ်လ ကို ဒေါ်လာ တစ်သောင်းကျော်လောက် ဝင်ငွေရှိသူ တွေနေတဲ့ နိုင်ငံလို့ပြောလို့ ရပါတယ်။ တိုင်းပြည်ရဲ့ အဓိက ဝင်ငွေဖြစ်တဲ့ လောင်စာအဖြစ် အသုံးပြုသော ဟိုက်ဒရိုကာဘွန် ဈေးတွေ ကျသွားတာတောင်မှ ကာတာနိုင်ငံရဲ့ စီးပွားရေးဟာ တိုးတက်နေဆဲပါပဲ။ ဆက်လက်လည်း တိုးတက်သွားမယ့်ပုံရှိတယ်လို့ IMF ကခန့်မှန်းထားပါတယ်။
စည်သူ
#List
Ref: https://www.google.com/…/2017/11/17/richest-country-in-the-…
Image may contain: skyscraper, sky, outdoor and water

Comments