လဲကျတိုင်းသာ ကြောက်စိတ်ဝင်ရမယ်ဆိုရင် ဘယ်ကလေးမှ လမ်းလျှောက်တတ်မှာမဟုတ်ဘူး

" လဲကျတိုင်းသာ ကြောက်စိတ်ဝင်ရမယ်ဆိုရင်
ဘယ်ကလေးမှ လမ်းလျှောက်တတ်မှာမဟုတ်ဘူး "
****(ဦးအောင်သင်း)
.
လူတော်တော်များများက ပြောတတ်ကြတယ်..
လူတစ်ယောက်အောင်မြင်ပြီဆိုရင်
"သြော် သူကတော့ ကံကောင်းလိုက်တာနော်"တဲ့
သွားပြီ အဲ့စကားထဲမှာ အကုန်ပါသွားပြီ..
'ကံကောင်းလိုက်တာနော်'လို့ ပြောတဲ့သူမှန်သမျှဟာ
သူဘာလို့အောင်မြင်ရသလဲဆိုတဲ့ အဓိကအချက်ကို မကြည့်တော့ဘူး..
သူဘယ်လိုကြိုးစားခဲ့သလဲဆိုတာကို စိတ်မဝင်စားတော့ဘူး..
အဲဒီတော့ ဘာတွေအတုခိုးမလဲ
ဘာပညာ ဘာနည်းလမ်းမှ မရတော့ဘူး..
.
တို့ဂေါတမဘုရား ကံကောင်းလို့ဘုရားဖြစ်တာမဟုတ်ဘူး..
လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့ရတာ ကြိုးစားခဲ့ရတာ..
.
အောင်မြင်သူတွေကို အားကျရင်
နောက်ကြောင်းကို ကြည့်ပါ..
သူဘာတွေလုပ်ခဲ့သလဲ
သူဘယ်လောက်ကြိုးစားခဲ့လဲ ကြည့်ပါ..
ဒါမှ ကိုယ့်အတွက် ပညာဗဟုသုတရမှာပေါ့..
'ကံကောင်းလိုက်တာနော်'ဆိုတော့ လမ်းကဆုံးပြီ..
.
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေကို ကြည့်..
ကံကောင်းလို့ချမ်းသာလာတာ ငါမတွေ့ဖူးဘူး..
ဗေဒင်တွေ ယတြာတွေနဲ့ ချမ်းသာလာတာလည်း ငါမတွေ့ဖူးဘူး..
ဘယ်တန်ခိုးရှင်ကမှ မစတာ မဟုတ်ဘူး..
ကြိုးစားပါ
ကိုယ့်ကိုကိုယ်ယုံကြည်ပါ
အဲ့ဒါ တန်ခိုးပဲ..
.
' ငါတော့ကံဆိုးလိုက်တာ'ဆိုရင်
အဲ့ဒီကောင် ကံဆိုးပြီသာမှတ်တော့
'ငါမဖြစ်နိုင်ပါဘူး'ဆိုရင်
အဲ့ဒီကောင် ဖြစ်ကိုမဖြစ်တော့ဘူး..
လုပ်ကြည့်ချင်စိတ်မှ မရှိတာ..
.
' ငါ ဖြစ်လောက်ပါတယ်'ဆိုရင်
အဲ့ဒီကောင် တစ်ခါတော့ကြိုးစားကြည့်လိမ့်မယ်
ဖြစ်ဖို့အလားအလာရှိတယ်..
.
' ငါမဖြစ်သေးတာပါ'ဆိုရင်
အဲ့ဒီကောင် ၂ကြိမ်၃ကြိမ်ကြိုးစားကြည့်လိမ့်မယ်..
ဖြစ်ဖို့နီးစပ်တယ်..
.
' ငါဖြစ်ကိုဖြစ်ရမယ်'ဆိုရင်
အဲ့ဒီကောင် ဖြစ်ကိုဖြစ်မှာ..
သူ့မှာ ထပ်တလဲလဲကြိုးစားလိုစိတ် ရှိတယ်
သူ့မှာ အောင်မြင်လိုစိတ်ပြင်းထန်တယ်..
.
အောင်မြင်ချင်ရင် ဇွဲရှိရမယ်..
ဇွဲဆိုတာ ကြာရှည်ခံနိုင်တဲ့သတ္တိ
လဲကျတိုင်းသာကြောက်စိတ်ဝင်ရမယ်ဆိုရင်
ဘယ်ကလေးမှ လမ်းလျှောက်တတ်မှာမဟုတ်ဘူး..
.
စိတ်ဓာတ်ယိမ်းယိုင်သွားတဲ့အခါတိုင်း
"ငါ ငယ်ငယ်က လဲဖူးပါလား ငါပြန်ထလို့ အခုလိုလမ်းလျှောက်တတ်လာတာပါလား" ဆိုပြီး ကိုယ့်ခွန်အား ကိုယ်ပြန်မွေး..
.
ထိုင်နေရင်းနဲ့တော့ မျှော်လင့်ချက်မထားနဲ့..
ဘာမှမလုပ်ရင် ဘာမှမရဘူး..
လှိုင်းကြောက်ရင် လှေမစီးနဲ့ ကမ်းစပ်မှာပဲထိုင်နေ..
.
လုပ်ချင်စိတ်ရှိရင် အလုပ်ပေါတယ်..
အလုပ်မရှိရင် စာဖတ်..
ဘဝအတွက် အထောက်အကူအများကြီးရတယ်..
.
အခွင့်အလမ်းမရှိခင်မှာ
အသိပညာပိုင်းဆိုင်ရာ အတတ်ပညာပိုင်းဆိုင်ရာတွေကို
ကိုယ့်ဘက်က အသင့်ပြင်ထား readyလုပ်ထား မောင်းတင်ထား ဒါအလုပ်ပဲ..
.
(ဆရာကြီးဦးအောင်သင်း)
.
စေတနာမေတ္တာအရင်းခံဖြင့်မျှဝေပါသည်..
ohmarshin
.


Comments