လက်ရှိကမ္ဘာ့အချမ်းသာဆုံးနိုင်ငံများ

 Image may contain: sky, twilight, outdoor and water

လက်ရှိကမ္ဘာ့အချမ်းသာဆုံးနိုင်ငံများ - ၁
*********************************************
လက်ရှိကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေကို စစ်တမ်းကောက်ယူ ရွေးထုတ်ပေး တာကတော့ ဒီလိုမျိုးငွေကြေးစစ်တမ်းတွေ တင်ပြရမှာ နာမည်ကျော်တဲ့ Fortune ကဖြစ်ပါတယ်။ အခုလို ရွေးချယ်ရာမှာ အဓိကထား စဉ်းစားတွက်ချက်တာက နိုင်ငံတွေမှာနေကြတဲ့ လူတစ်ဦးချင်း စီရဲ့ဝင်ငွေ (Per Capital) ကိုပါ။ လက်ရှိ ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံ၊ ဒါမှမဟုတ် တစ်ဦး ချင်း ဝင်ငွေ အကောင်းဆုံးက ဘယ်နိုင်ငံတွေ ဖြစ်မလဲ။
၁၅) အိုက်စလန်
နိုင်ငံ၏တစ်ဦးချင်း တစ်နှစ်ပျမ်းမျှဝင်ငွေ - ဒေါ်လာ ၅၂,၁၅၀
............................................................................
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ကြီး (IMF) ထံကနေ သိရသမျှဆိုရင် တိုးရစ် လုပ်ငန်း၊ ကုန်တင်ပို့မှုတွေနဲ့ ရင်နှီးမြှုပ်နှံမှုတွေဟာ အိုက်စလန်နိုင်ငံရဲ့ စုစုပေါင်းပြည်တွင်း ထုတ်ကုန်တန်ဖိုး (GDP) ကိုမြင့်တက်စေတာပါ။ ဆက်လက် မျှော်မှန်းချက်အရလည်း အိုက်စလန်နိုင်ငံရဲ့ တိုးရစ်လုပ်ငန်းဟာ ဆက်လက် တိုးတက်ဖို့ပဲ ရှိနေတာပါလို့ ဆိုပါတယ်။
၁၄) နယ်သာလန်
နိုင်ငံ၏ တစ်ဦးချင်း တစ်နှစ် ပျမ်းမျှဝင်ငွေ - ဒေါ်လာ ၅၃,၅၈၀
...................................................................................
Brexit နောက်ပိုင်းနိုင်ငံရဲ့ စီးပွားရေးဟာ အနုတ်လက္ခဏာ ဆောင်ခဲ့ပေမဲ့ လက်ရှိနိုင်ငံသားတွေရဲ့ ပျမ်းမျှတစ်ဦးချင်းဝင်ငွေကို ကြည့်မယ်ဆိုရင် ကောင်း ကောင်းကုစားပြီးပုံပါပဲ။ ဘုရင်စနစ်ကျန်ရှိ နေသေးတဲ့ နယ်သာလန်နိုင်ငံအတွက် လူဦးရေ ၁၇ သန်းကျော်ပဲ ရှိတာဟာလည်း စီပွားရေးတိုးတက်မှုမှာ မြန်ဆန်စေ တဲ့ အချက်တစ်ခု ဖြစ်နိုင်ပါတယ်။

Image may contain: sky, twilight and outdoor
၁၃) ဆော်ဒီအာရေဗျ
နိုင်ငံ၏ တစ်ဦးချင်း တစ်နှစ် ပျမ်းမျှဝင်ငွေ - ဒေါ်လာ ၅၅,၂၆၀
..................................................................................
လောင်စာဆီဟာ ဆော်ဒီနိုင်ငံရဲ့ GDP ကိုအဓိက မောင်းနှင်ပေးလျက် ရှိတုန်း ပါပဲ။ ဒါပေမယ့် IMF ရဲ့ အဆိုအရဆိုရင် ဆော်ဒီဟာ လောင်စာဆီမဟုတ်တဲ့ အခြားစီးပွားရေး လုပ်ငန်းတွေ မှာလည်း လူရာသူရာ ဝင်လာပါပြီ။ ဆော်ဒီနိုင်ငံရဲ့ ၂၀၃၀ ရည်မှန်းချက်က လောင်စာဆီအပေါ် မှီခိုမှုကင်းဝေးရေးဖြစ်နေပါတယ်။
Image may contain: sky, skyscraper, cloud and outdoor
၁၂) အမေရိကန်
နိုင်ငံ၏ တစ်ဦးချင်း တစ်နှစ်ပျမ်းမျှဝင်ငွေ - ဒေါ်လာ ၆၉,၅၀၀
..................................................................................
အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ရဲ့ အဆိုအရဆိုရင် လူဦးရေ ၃၂၅ သန်းခန့်မှီတင်း နေထိုင်လျက်ရှိတဲ့ အမေရိကန်နိုင်ငံဟာ ၁၈၅၀ ခုနှစ်နောက်ပိုင်း သူတို့ရဲ့စီးပွားရေး ဒီဂရီဟာ အလယ်အမှတ်ကို ရောက်လို့နေပါပြီ။ အလုပ်လက်မဲ့ အချိုးအစား နိမ့်ကျနေဆဲဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများက အမေရိကန်ရဲ့စီးပွားရေးကို အဓိက မောင်းနှင်နေဆဲပါ။
၁၁) ဆန်မာရီနို
နိုင်ငံ၏ တစ်ဦးချင်း တစ်နှစ်ပျမ်းမျှဝင်ငွေ - ဒေါ်လာ ၆၀,၃၆၀
..................................................................................
လူဦးရေ ၉ သန်းခန့်သာရှိတဲ့ ဆန်မာရီနိုနိုင်ငံရဲ့ စီပွားရေးဟာ နာလန်ပြန်ထူခါစလို့ဆိုပေမဲ့ ပြည်တွင်းပြည်ပ ထုတ်ကုန် တောင်းဆိုမှုများကြောင့် အခုလိုအနေအထားတစ်ရပ်ကို ရောက်လာ ရတာပါလို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က သုံးသပ် ပေးထား ပါတယ်။
၁၀) ဟောင်ကောင်
နိုင်ငံ၏ တစ်ဦးချင်း တစ်နှစ် ပျမ်းမျှဝင်ငွေ - ဒေါ်လာ ၆၁,၀၂၀
...................................................................................
၂၀၁၆ နောက်ပိုင်း ဟောင်ကောင်ရဲ့ စီးပွားရေးတိုးတက်မှုနှုန်း နှေးသွားတယ် ဆိုပေမဲ့ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံထဲမှာ ပါနေဆဲပါပဲလို့ IMF ကဆိုပါတယ်။ နိုင်ငံတကာကုန်သွယ်မှုနဲ့ တိုးရစ်လုပ်ငန်းမှာ တရုတ်ပြည်မကြီးရဲ့ဦးဆောင်မှုကို ခံခဲ့ရပေမဲ့ ငွေကြေးသုံးစွဲနိုင်မှု ကတော့ လူဦးရေ ၇ သန်းကျော်သာရှိတဲ့ ဟောင်ကောင်ရဲ့ စီးပွားရေးကို ကျားကန်ပေးထားနိုင်ဆဲပါပဲ။
၉) ဆွစ်ဇာလန်
နိုင်ငံ၏ တစ်ဦးချင်း တစ်နှစ်ပျမ်းမျှဝင်ငွေ - ဒေါ်လာ ၆၁,၃၆၀
.................................................................................
၂၀၁၅ ခုနှစ်အတွင်း ဗဟိုဘဏ်ရဲ့ငွေကြေးဆုံရှုံးမှု ဒေါ်လာ ၅၂ ဘီလီယံအထိ ရှိခဲ့တဲ့ လူဦးရေ ၈ သန်းခန့် မှီတင်းနေထိုင်လျက်ရှိတဲ့ နိုင်ငံဟာ အခုဆိုရင် စီးပွားရေး ပြန်လည်ဦးမော့လာပါပြီ။ IMF ရဲ့ အဆိုအရဆိုရင် ၂၀၁၆ နောက်ပိုင်း ဆွစ်ဇာလန်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ ၁ ရာခိုင်နှုန်း ကနေ ၂ ရာခိုင်နှုန်းအထိ ရှိလာတယ်လို့ ဆိုပါတယ်။
ဆက်ပါမည် >>>
စည်သူ

Ref: https://www.google.com/…/2017/11/17/richest-country-in-the-…
Image may contain: sky, outdoor and nature

Comments