က်႐ႈံးမႈေလွကားထစ္ကုိ ျဖတ္ေက်ာ္ခဲ့ၾကသူမ်ား

ေအာင္ျမင္သူတုိင္းဟာ က်႐ႈံးမႈမ်ား၊ အဆင္မေျပမႈမ်ားကုိ ေလွကားထစ္ သဖြယ္အသုံးျပဳၿပီး တုိးတက္တဲ့ရလဒ္ဆီကုိ တက္လွမ္းၾကပါတယ္။ အဆင္မေျပမႈမ်ား၊ အမွားမ်ားဟာ အသုံးခ်တတ္ပါက ေအာင္ျမင္ေစႏုိင္တဲ့ အသီးအပြင့္ျဖစ္ၿပီး၊ စိတ္ပ်က္ အားငယ္လက္ေလွ်ာ့လုိက္ပါက ပ်က္စီးဆုံး႐ႈံး ရတဲ့အေျခအေနကုိသာ ရရွိမွာျဖစ္ပါတယ္။ ကမၻာ့ထိပ္တန္းအဆင့္ ခ်မ္းသာ တဲ့ ပုဂၢဳိလ္မ်ားတြင္လည္း အဆင္မေျပမႈမ်ား၊ က်႐ႈံးမႈမ်ားရွိၿပီး ထုိအရာမ်ားဟာ အခုအေျခအေနတြင္ သူတုိ႔အတြက္ေျပာပေလာက္ စရာ အေျခအေနမ်ား မဟုတ္ေတာ့ပါဘူး။ ၂၀၁၈ ခုႏွစ္ရဲ႕ အခ်မ္းသာဆုံး အမ်ဳိးသမီးမ်ားထဲက တစ္ဦးျဖစ္တဲ့ Zhou Qunfei ဟာ အသက္ ၄၇ ႏွစ္အရြယ္ရွိၿပီး၊ Lens Technology ကုမၸဏီရဲ႕ Founder ျဖစ္ပါတယ္။ ထုိကုမၸဏီဟာ iPhone အတြက္ Glass Screen ေတြကိုထုတ္လုပ္ေပးေနတာျဖစ္ၿပီး၊ သူမရဲ႕ ပုိင္ဆုိင္မႈတန္ဖုိးဟာ ေဒၚလာ ၉.၂ ဘီလီယံ၀န္းက်င္ ျဖစ္ပါတယ္။ သူမဟာ စုိက္ပ်ဳိးေမြးျမဴေရးဆုိင္ရာ လယ္ေတာဘက္မွာ ေမြးဖြားႀကီးျပင္းလာခဲ့ တာျဖစ္ၿပီး၊ ဆယ္ေက်ာ္သက္အရြယ္မွာလည္း အထက္ တန္းေက်ာင္းကုိ ၿပီးဆုံးေအာင္မတက္ခဲ့ရပါဘူး။ Watch Lens ကုမၸဏီမွာ အလုပ္လုပ္ရင္းနဲ႔ ညေနပုိင္းသင္တန္းေက်ာင္းမ်ားကုိ တက္ေရာက္ သင္ၾကားခဲ့ပါတယ္။ “ကြၽန္မဟာ ဆုိးရြားတဲ့အေျခအေနေတြရွိေပမယ့္လည္း သင္ယူေလ့လာမႈ မ်ားကုိ လုပ္ေဆာင္ခဲ့ ပါတယ္။ တျခားလူေတြနဲ႔မတူတာကေတာ့ သူတုိ႔ေတြ ဟာ ၿမိဳ႕တြင္းဧရိယာေတြမွာ ေနထုိင္ႏုိင္ၾကၿပီး ပုိက္ဆံရွိၾကပါတယ္။ ကြၽန္မကေတာ့ ကုိယ့္အားကုိယ္ကုိးၿပီးေတာ့ ကြၽန္မရည္မွန္းခ်က္ေတြကုိ အေကာင္အထည္ေဖာ္တာပါ”ဟု Zhou Qunfei က ေျပာပါတယ္။ သူမဟာ အသက္ ၂၂ ႏွစ္အရြယ္တြင္ ေဒၚလာ ေထာင္ဂဏန္း၀န္းက်င္နဲ႔ Watch Lenses ျပဳလုပ္တဲ့ကုမၸဏီကုိ တည္ေထာင္ခဲ့ပါတယ္။ “တ႐ုတ္ရဲ႕ အလ်င္အျမန္ႀကီးထြားလာတဲ့ စီးပြားေရးအေျခအေနဟာ စြန္႔ဦးတီထြင္သူ မ်ားအတြက္ အခြင့္အေရးေတြျဖစ္လာေစပါတယ္။ ဒီအခြင့္အေရးရတဲ့ သူမ်ားထဲမွာလည္း အမ်ဳိးသမီးေတြပါ၀င္ပါတယ္”ဟု Zhou က Aus-tralian Financial Review ကို ေျပာပါတယ္။

အခုလူသုံးမ်ားေနတဲ့ Go Pro ကင္မရာမ်ားကုိထုတ္လုပ္တဲ့ ကုမၸဏီ ပုိင္ရွင္ျဖစ္သူ Nick Woodman ဟာလည္း ေကာလိပ္ေက်ာင္းမွာ ထူးခြၽန္ထက္ျမက္တဲ့ ေက်ာင္းသားတစ္ဦးမဟုတ္ခဲ့သလုိ သူေဌးသား တစ္ဦးအျဖစ္ ေမြးဖြားလာခဲ့သူလည္း မဟုတ္ပါဘူး။ Nick ဟာ EmpowerAll.com ကုိ ဖန္တီးခဲ့ၿပီး ေစ်းသက္သာတဲ့ electronic ပစၥည္း မ်ားေရာင္းခ်ေပးခဲ့ေပမယ့္ ေရရွည္မွာ ပိတ္သိမ္းခဲ့ရပါတယ္။ ဒါေၾကာင့္ ၁၉၉၉ ခုႏွစ္မွာ FunBug ဆုိတဲ့ Online Marketing ကုမၸဏီကုိ တည္ေထာင္ ခဲ့ပါတယ္။ ထုိလုပ္ငန္းကေန ေဒၚလာမ်ားစြာရရွိခဲ့ေပမယ့္ အ႐ႈံးမ်ားရွိခဲ့ပါတယ္။ “ဘယ္သူမွေတာ့ အ႐ႈံးနဲ႔ ရင္မဆုိင္ခ်င္ၾကပါဘူး။ အထူးသျဖင့္ လူေတြရဲ႕ယုံၾကည္မႈကုိ ဆုံး႐ႈံးသြားပါက ပုိဆုိးပါတယ္။ ဒါေၾကာင့္ ေမးခြန္းေတြအဆက္မျပတ္ေမးေနဖို႔ေတာ့ လုိပါတယ္။ ကုိယ့္ရဲ႕ အႀကံဥာဏ္ေကာင္း၊ မေကာင္းဆုိတာကုိေပါ့”ဟု Nick က ေျပာပါတယ္။ ဒုတိယကုမၸဏီကုိဆုံး႐ႈံးၿပီးေနာက္ မွာေတာ့ သူဟာ ခရီးတစ္ခုထြက္ခဲ့ၿပီး၊ အႀကံဥာဏ္သစ္ေတြရရွိေအာင္ အားေမြးခဲ့ပါတယ္။ ထုိအႀကံဥာဏ္ကေတာ့ အခုျမင္ေတြ႕ ေနရတဲ့ Go Pro ကင္မရာမ်ားျဖစ္ပါတယ္။ “Go Pro ကုိ ဖန္တီးတဲ့အခါမွာလည္း ကြၽန္ေတာ့္မွာ ေၾကာက္ရြံ႕မႈေတြရွိခဲ့ပါတယ္။ ေရွ႕ပုိင္းကလုိ နစ္နာဆုံး႐ႈံးမႈေတြထပ္ႀကဳံေတြ႕ ရမလားဆုိၿပီးေတာ့ပါ”ဟု သူက ေျပာပါေသးတယ္။ ဒါေပမယ့္ ဒီတစ္ႀကိမ္မွာေတာ့ Nick ကံေကာင္း ပါတယ္။ Go Pro ဟာ သူ႔ကုိ၀င္ေငြမ်ားစြာ ဖန္တီးေပးေနၿပီး ကမၻာ့ အခ်မ္းသာဆုံးလူတစ္ဦးအဆင့္ကုိ ေရာက္ရွိေအာင္ ပုိ႔ေဆာင္ေပးႏုိင္ခဲ့ပါ တယ္။

နာမည္ေက်ာ္ Virgin ကုမၸဏီရဲ႕ ပဲ့ကုိင္ရွင္ Richard Branson ဟာလည္း က်႐ႈံးမႈမ်ားရွိခဲ့ပါတယ္။ Richard ဟာ စာဖတ္အားနည္းၿပီး သခ်ၤာဘာသာရပ္ မွာလည္း ညံ့ကာ ပညာေရးပုိင္းမွာလည္း အားနည္းခ်က္ရွိခဲ့ပါတယ္။ ငယ္ရြယ္စဥ္လုပ္ခဲ့တဲ့ အလုပ္မ်ားဟာ အခက္အခဲမ်ားရွိခဲ့ၿပီး၊ အခ်ဳိ႕အလုပ္ မ်ားဟာ ဥပေဒနဲ႔ရင္ဆုိင္ရႏုိင္တဲ့ အေနအထားမ်ားရွိပါတယ္။ “က်႐ႈံးမႈကေန သင္ယူပါ။ ကုိယ္က စြန္႔ဦးတီထြင္သမားဆုိရင္ ပထမဦးဆုံးလွမ္းတဲ့ေျခလွမ္း မ်ားဟာ အခက္အခဲမ်ားရွိမွာျဖစ္ပါတယ္”ဟု Richard က ေျပာပါတယ္။ LinkedIn ရဲ႕ Co-founder တစ္ဦးျဖစ္သူ Reid Hoffman ဟာ စြန္႔ဦး တီထြင္လုပ္ငန္းတစ္ခုအျဖစ္ Online Dating ႏွင့္ Social Networking Site တစ္ခုကုိဖန္တီးခဲ့ေပမယ့္ အဲဒါဟာ အ႐ႈံးရလဒ္ကုိသာ ေပးစြမ္းခဲ့ပါ တယ္။ “ကြၽန္ေတာ္ရလုိက္တဲ့သင္ခန္းစာေတြထဲမွာ အခ်ဳိ႕အရာေတြက အေသးစိတ္ေသေသခ်ာခ်ာ က်က်နနေလ့လာၿပီးမွ ထုတ္ေဖာ္ ျပသဖုိ႔ လိုအပ္ေပမယ့္ အခ်ဳိ႕အရာေတြကေတာ့ မိမိရဲ႕စိတ္ကူးေပၚမူတည္ၿပီး ခ်က္ခ်င္းအေကာင္အထည္ေဖာ္ဖုိ႔လုိအပ္ပါတယ္။ ေနာက္ပုိင္းမွသာ ျပင္ဆင္မႈေတြ၊ အဆင့္ျမႇင့္တင္မႈေတြကုိ ျပဳလုပ္သင့္ပါတယ္”ဟု Hoffman က Business Insider ကုိ ေျပာပါတယ္။ Twitter ရဲ႕ Co-founder ျဖစ္သူ Evan Williams ဟာလည္း စြန္႔ဦးတီထြင္လုပ္ငန္းတစ္ခုတြင္ က်႐ႈံး ခဲ့ေၾကာင္း Small Business Trends Website က ေဖာ္ျပပါတယ္။ တရားဥပေဒနဲ႔ ရင္ဆုိင္ရတာပဲျဖစ္ျဖစ္၊ အလုပ္ကေနထုတ္ခံရ တာပဲျဖစ္ျဖစ္ စြန္႔ဦးတီထြင္လုပ္ငန္းနဲ႔ပတ္သက္ၿပီး အိပ္မက္မ်ားဟာ အဓိကက်ေၾကာင္း၊ က်႐ႈံးမႈဟာ လုပ္ငန္းတစ္ခုရဲ႕ အစိတ္အပုိင္းတစ္ခုျဖစ္ေၾကာင္း Small Business Trends Website မွ တာ၀န္ရွိသူတစ္ဦးက မွတ္ခ်က္ျပဳပါတယ္။

အြန္လုိင္းအေရာင္းအ၀ယ္လုပ္ငန္းတုိင္းဟာ နာမည္ေက်ာ္ၾကားၿပီး ေရရွည္ရပ္တည္ႏုိင္တာေတာ့ မဟုတ္ပါဘူး။ Webvan လုပ္ငန္းဟာ ၁၉၉၀-၂၀၀၀ ခုႏွစ္၀န္းက်င္မ်ားက ေအာင္ျမင္ေက်ာ္ၾကား၀င္ေငြမ်ား ခဲ့ေပမယ့္ ၂၀၀၁ ခုႏွစ္မွာေတာ့ ဆုံး႐ႈံးမႈေတြျဖစ္ေပၚခဲ့ပါတယ္။ ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ အြန္လုိင္းအေရာင္းအ၀ယ္လုပ္ငန္းတခ်ဳိ႕ဟာ ေျမျပင္ေစ်းကြက္ကိုပါ သိမ္းပုိက္ႏုိင္စြမ္းရွိေနၾကပါတယ္။ အြန္လုိင္း လုပ္ငန္းနဲ႔ပတ္သက္ၿပီး လူသုံးမ်ားတဲ့ Amazon ဟာ Webvan ကုိ အေကာင္းဆုံး ဥပမာအျဖစ္ နမူနာယူထားပါတယ္။ Amazon ရဲ႕ CEO ျဖစ္သူ Jeff Bezos က ဆုံး႐ႈံးမႈမ်ားထဲကေန ျပန္ၿပီး သင္ယူ ေလ့လာတဲ့ အပုိင္းတြင္ ကြၽမ္းက်င္တဲ့၀န္ထမ္းမ်ား ခန္႔အပ္ဖုိ႔ဟာလည္း အေရးႀကီးတဲ့ အခ်က္တစ္ခ်က္ျဖစ္ေၾကာင္း မွတ္ခ်က္ျပဳ ပါတယ္။ သက္ဆုိင္ရာက႑ အလုိက္ အရည္အခ်င္းရွိတဲ့၀န္ထမ္းမ်ား ခန္႔အပ္မွသာ မိမိတုိ႔ရဲ႕လုပ္ငန္း ပုိင္းနဲ႔ပတ္သက္ၿပီး ေအာင္ျမင္တဲ့ရလဒ္ကုိ ေဖာ္ေဆာင္ႏုိင္မွာျဖစ္ပါတယ္။ “လြန္ခဲ့တဲ့ႏွစ္ေတြက MIT မွာ ပညာသင္ၾကားခဲ့တဲ့ သူငယ္ခ်င္းတစ္ဦးက သူ႔ရဲ႕ Robotic ကုမၸဏီတစ္ခုကုိ အလည္လာဖုိ႔ ဖိတ္ၾကားခဲ့ပါတယ္။ အဲဒီကေနတစ္ဆင့္ Amazon Fresh နဲ႔ပတ္သက္တဲ့ အဓိကေသာ့ခ်က္မ်ား ကုိ ရရွိခဲ့တာျဖစ္ပါတယ္”ဟု Jeff က ေျပာပါတယ္။ ေစ်းကြက္အ၀န္းအ၀ုိင္း ေပၚမူတည္ၿပီး ဆုံးျဖတ္ခ်က္ခ် ႏုိင္ဖုိ႔လည္း Jeff က ဆုိပါတယ္။ စားသုံးသူ ႏွစ္ရာခန္႔ရွိတဲ့ ေစ်းကြက္တစ္ခုနဲ႔ စားသုံးသူ ၆ ေယာက္ရွိတဲ့ ေစ်းကြက္တစ္ခု ကုိႏႈိင္းယွဥ္တဲ့အခါတြင္ ေရရွည္ရလဒ္အတြက္ပါ ထည့္သြင္းစဥ္းစားဖုိ႔ အေရးႀကီးၿပီး တစ္ခါတေလတြင္ ေစ်းကြက္အေသးေလး မ်ားဟာ အျမတ္ အစြန္းမ်ားကုိပုံမွန္ေပးႏုိင္ေၾကာင္း သူကေျပာပါတယ္။ မိမိတုိ႔ လုပ္ကုိင္ေန တဲ့ လုပ္ငန္းတစ္ခုနဲ႔ပတ္သက္ၿပီး ေနရာ တစ္ခုမွာ အေျခတက်နဲ႔ က်စ္က်စ္ လ်စ္လ်စ္မျဖစ္ခင္ အျခားေနရာမ်ားသို႔ ပ်ံ႕ႏွံ႔မႈမရွိေစဖို႔လည္း သတိျပဳဖုိ႔ လုိေၾကာင္း Jeff က ေျပာပါတယ္။ “ပထမ ေစ်းကြက္မွာမေအာင္ျမင္ဘဲ တျခားေစ်းကြက္တစ္ခုကုိျဖန္႔ၾကက္တာဟာ လုပ္ငန္းရဲ႕အရင္းအျမစ္မ်ားကုိ ျပန္႔က်ဲၿပီး အင္အားေလ်ာ့နည္းေစပါတယ္”လုိ႔ သူက မွတ္ခ်က္ျပဳပါတယ္။

Sony ကုိ ထူေထာင္ခဲ့တဲ့ Akio Morita ရဲ႕ ပထမဦးဆုံးတီထြင္ ဖန္တီးမႈ ကေတာ့ ထမင္းေပါင္းအုိးျဖစ္ၿပီး၊ ထုိေပါင္းအုိးကုိ Masaru Ibuka နဲ႔ ပူးေပါင္းဖန္တီးခဲ့တာျဖစ္ၿပီး၊ ဒါေပမယ့္ ထုိေပါင္းအုိးဟာ ေကာင္းမြန္တဲ့ အေနအထားကုိ မေရာက္ရွိခဲ့ပါဘူး။ ပထမဦးဆုံးဖန္တီးခဲ့တဲ့ ထုတ္ကုန္ဟာ စစခ်င္းမွာပင္ ေလာင္ကြၽမ္းမႈနဲ႔စတင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ အခုအခါမွာေတာ့ Sony ကုမၸဏီဟာ နာမည္ႀကီးကုမၸဏီတစ္ခုအျဖစ္ ရပ္တည္ေနႏုိင္ၿပီျဖစ္ပါတယ္။ Akio Morita ဟာ ပထမဦးဆုံးဖန္တီးတဲ့ လက္ရာ မွာတင္ အ႐ႈံးမေပးဘဲ တီထြင္ဖန္တီးမႈကုိ ေရွ႕ဆက္ခဲ့လို႔သာ ကက္ဆက္ေခြဖြင့္ႏုိင္တဲ့စက္ပစၥည္းမ်ား၊ Play Station မ်ားကုိ ေနာက္ပုိင္း တြင္ ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။ “သုံးစြဲသူေတြကုိ ထုတ္ကုန္သစ္ေတြနဲ႔ ဦးေဆာင္ႏုိင္ဖုိ႔ဟာ ကြၽန္ေတာ္တုိ႔ရဲ႕ အစီအစဥ္ျဖစ္ပါတယ္။ သူတုိ႔ေတြကုိ အၿမဲေမးပါတယ္။ ဘယ္ထုတ္ကုန္ျမင္ခ်င္လဲဆုိတာကုိေပါ့။ သုံးစြဲသူေတြ အေနနဲ႔ ဘယ္ထုတ္ကုန္ေတြ ဘယ္လုိျဖစ္မယ္ဆုိတာမသိေပမယ့္ ကြၽန္ေတာ္တုိ႔ကေတာ့ သိရွိေအာင္ ႀကိဳးစားပါတယ္”ဟု Akio Morita ကေျပာခဲ့ပါ တယ္။ သူဟာ Osaka Imperial University ကေန ဘြဲ႕ရခဲ့ တာျဖစ္ၿပီး၊ ၁၉၉၉ ခုႏွစ္တြင္ အဆုတ္ေရာင္ေရာဂါနဲ႔ ကြယ္လြန္ခဲ့ ပါတယ္။

ျမန္မာျပည္တြင္းေစ်းကြက္နဲ႔ပတ္သက္ၿပီး မၾကာမီအခ်ိန္မွာ ေစ်းကြက္ ပုိင္းဆုိင္ရာျဖန္႔ၾကက္လာႏုိင္တဲ့ Alibaba ရဲ႕ ေခါင္းေဆာင္ Jack Ma ဟာ အျခားထူးခြၽန္ထက္ျမက္တဲ့သူမ်ားတြင္ရွိတဲ့ အရည္အခ်င္းမ်ား သူ႔မွာမရွိ ေပမယ့္လည္း အခုအခါမွာ နာမည္ေက်ာ္တဲ့ပုဂၢဳိလ္ျဖစ္ေနပါၿပီ။ Jack Ma ဟာ ထူးခြၽန္ထက္ျမက္တဲ့ ေက်ာင္းသားတစ္ေယာက္ေတာ့မျဖစ္ခဲ့ပါဘူး။ အလယ္ တန္းအဆင့္ စာေမးပြဲမ်ားတြင္ ႐ႈံးနိမ့္မႈမ်ားရွိခဲ့သလုိ ေကာလိပ္ ၀င္ခြင့္စာေမးပြဲလည္း ႏွစ္ႀကိမ္႐ႈံးနိမ့္ခဲ့ပါတယ္။ Management ပုိင္းနဲ႔ Accounting ဆုိင္ရာ စာတမ္းေတြနဲ႔ပတ္သက္ၿပီးေတာ့လည္း သင္ယူ ေလ့လာဖတ္႐ႈတဲ့အပုိင္း၌ သူ႔မွာအားနည္းခ်က္ေတြ ရွိပါတယ္။ “ဘယ္ ေတာ့မွအ႐ႈံးမေပးပါနဲ႔၊ ဒီေန႔ဟာ ခက္ခဲၿပီး မနက္ျဖန္ဟာ ဆုိးရြားႏုိင္ေပမယ့္ ေနာက္ေန႔ေတြဟာ ေတာက္ပတဲ့ ေန႔ရက္ေတြျဖစ္ႏုိင္ပါတယ္”လုိ႔ Jack Ma က ေျပာပါတယ္။ Jack Ma ဟာ အလုပ္ေလွ်ာက္ရာတြင္လည္း ျငင္းပယ္မႈ ေတြႀကဳံရ ေပမယ့္ ထုိအလုပ္မခန္႔တာကပင္ သူ႔အတြက္ ကုိယ္ပုိင္လုပ္ငန္း တစ္ခုကို ထူေထာင္ျဖစ္ေစခဲ့တာျဖစ္ပါတယ္။ လုပ္ငန္းခြင္ တစ္ခုကုိ ၀င္ေရာက္ၿပီး ေရရွည္လုပ္ကုိင္ခဲ့ပါက ယေန႔ Jack Ma ဆုိတာ ရွိလာမွာ မဟုတ္ပါဘူး။ “သင့္မွာရွိဖုိ႔လုိအပ္တဲ့ အေရးႀကီးတဲ့အရာေတြထဲက တစ္ခုက စိတ္ရွည္သည္းခံဖို႔ျဖစ္ပါတယ္”လုိ႔ သူက ဆုိပါေသးတယ္။ အခ်ဳိ႕ကိစၥမ်ား ဟာ ခ်က္ခ်င္း မေအာင္ျမင္ႏုိင္ေပမယ့္ ေရရွည္မွာေကာင္းမြန္တဲ့ အသီး အပြင့္မ်ားကုိခံစားရမွာျဖစ္ပါတယ္။

ယခုေနာက္ဆုံးလူသိမ်ားခဲ့တဲ့ Facebook ရဲ႕ ျပႆနာကပင္ သင္ခန္းစာ မ်ားစြာကုိေပးစြမ္းပါတယ္။ လူသန္းေပါင္းမ်ားစြာ အသုံးျပဳေနတဲ့ ကြန္ရက္ တစ္ခုဟာ ခဏအတြင္းမွာပင္ ၿပိဳလဲမလုိျဖစ္ခဲ့ေပမယ့္ တာ၀န္ယူမႈ၊ ေျဖရွင္းမႈႏွင့္ ေကာင္းမြန္တဲ့အျခား လုပ္ေဆာင္ခ်က္မ်ားေၾကာင့္ ရွယ္ယာေစ်း မ်ား ျပန္လည္ျမင့္တက္ခဲ့ၿပီး၊ တည္ၿငိမ္တဲ့အေနအထားကို ေရာက္ရွိခဲ့ပါ တယ္။ က်႐ႈံးမႈမ်ားထဲတြင္ ေျခစုံျပန္ရပ္ဖုိ႔ခက္ခဲေနဆဲ လုပ္ငန္းတစ္ခုကေတာ့ Nokia ပါ။ Nokia ဟာ အေျပာင္းအလဲမ်ားျပဳလုပ္ခဲ့ေပမယ့္ ယခုအခ်ိန္ အထိေတာ့ စမတ္ဖုန္းေစ်းကြက္မွာ ေ၀စုအမ်ားအျပားမရရွိေသးပါဘူး။ ပညာ၊ ေငြေၾကးႏွင့္ အသုိင္းအ၀ုိင္းေကာင္းေတြ မရွိေပမယ့္ လူအခ်ဳိ႕ ကေတာ့ ထူးခြၽန္ထက္ျမက္ခဲ့ပါတယ္။ အေျခအေနအရ ပညာသင္ဖို႔ အခက္အခဲရွိေပမယ့္ သက္ဆုိင္ရာ ပညာမ်ား ၿပီးဆုံးေအာင္ သင္ယူထား တာဟာ မမွားပါဘူး။ သက္ဆုိင္ရာအစုိးရမ်ား၊ ဘဏ္ႏွင့္ အျခားအဖြဲ႕ အစည္းမ်ားရဲ႕ စီးပြားေရးဆုိင္ရာ မူ၀ါဒေကာင္းမ်ားဟာလည္း ေလွကားထစ္ မ်ားအျဖစ္ စီးပြားေရးလုပ္ငန္းရွင္မ်ားကုိ ေထာက္ပံ့ေပးႏုိင္ဖုိ႔ အေရးႀကီး ပါတယ္။ ေအာင္ျမင္ဖုိ႔အတြက္ အစဥ္အၿမဲႀကိဳးစားဖုိ႔လုိအပ္သလို ဆုံး႐ႈံးမႈနဲ႔ ႀကဳံတုိင္းမွာ ျပန္လည္တည့္မတ္ႏုိင္ဖုိ႔ ႀကိဳးစားရန္လည္းလုိအပ္ပါတယ္။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

*****************************************************************
*****************************************************************
(Unicode Version)

“ကျရှုံးမှုလှေကားထစ်ကို ဖြတ်ကျော်ခဲ့ကြသူများ”

အောင်မြင်သူတိုင်းဟာ ကျရှုံးမှုများ၊ အဆင်မပြေမှုများကို လှေကားထစ် သဖွယ်အသုံးပြုပြီး တိုးတက်တဲ့ရလဒ်ဆီကို တက်လှမ်းကြပါတယ်။ အဆင်မပြေမှုများ၊ အမှားများဟာ အသုံးချတတ်ပါက အောင်မြင်စေနိုင်တဲ့ အသီးအပွင့်ဖြစ်ပြီး၊ စိတ်ပျက် အားငယ်လက်လျှော့လိုက်ပါက ပျက်စီးဆုံးရှုံး ရတဲ့အခြေအနေကိုသာ ရရှိမှာဖြစ်ပါတယ်။ ကမ္ဘာ့ထိပ်တန်းအဆင့် ချမ်းသာ တဲ့ ပုဂ္ဂိုလ်များတွင်လည်း အဆင်မပြေမှုများ၊ ကျရှုံးမှုများရှိပြီး ထိုအရာများဟာ အခုအခြေအနေတွင် သူတို့အတွက်ပြောပလောက် စရာ အခြေအနေများ မဟုတ်တော့ပါဘူး။ ၂၀၁၈ ခုနှစ်ရဲ့ အချမ်းသာဆုံး အမျိုးသမီးများထဲက တစ်ဦးဖြစ်တဲ့ Zhou Qunfei ဟာ အသက် ၄၇ နှစ်အရွယ်ရှိပြီး၊ Lens Technology ကုမ္ပဏီရဲ့ Founder ဖြစ်ပါတယ်။ ထိုကုမ္ပဏီဟာ iPhone အတွက် Glass Screen တွေကိုထုတ်လုပ်ပေးနေတာဖြစ်ပြီး၊ သူမရဲ့ ပိုင်ဆိုင်မှုတန်ဖိုးဟာ ဒေါ်လာ ၉.၂ ဘီလီယံဝန်းကျင် ဖြစ်ပါတယ်။ သူမဟာ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ လယ်တောဘက်မှာ မွေးဖွားကြီးပြင်းလာခဲ့ တာဖြစ်ပြီး၊ ဆယ်ကျော်သက်အရွယ်မှာလည်း အထက် တန်းကျောင်းကို ပြီးဆုံးအောင်မတက်ခဲ့ရပါဘူး။ Watch Lens ကုမ္ပဏီမှာ အလုပ်လုပ်ရင်းနဲ့ ညနေပိုင်းသင်တန်းကျောင်းများကို တက်ရောက် သင်ကြားခဲ့ပါတယ်။ “ကျွန်မဟာ ဆိုးရွားတဲ့အခြေအနေတွေရှိပေမယ့်လည်း သင်ယူလေ့လာမှု များကို လုပ်ဆောင်ခဲ့ ပါတယ်။ တခြားလူတွေနဲ့မတူတာကတော့ သူတို့တွေ ဟာ မြို့တွင်းဧရိယာတွေမှာ နေထိုင်နိုင်ကြပြီး ပိုက်ဆံရှိကြပါတယ်။ ကျွန်မကတော့ ကိုယ့်အားကိုယ်ကိုးပြီးတော့ ကျွန်မရည်မှန်းချက်တွေကို အကောင်အထည်ဖော်တာပါ”ဟု Zhou Qunfei က ပြောပါတယ်။ သူမဟာ အသက် ၂၂ နှစ်အရွယ်တွင် ဒေါ်လာ ထောင်ဂဏန်းဝန်းကျင်နဲ့ Watch Lenses ပြုလုပ်တဲ့ကုမ္ပဏီကို တည်ထောင်ခဲ့ပါတယ်။ “တရုတ်ရဲ့ အလျင်အမြန်ကြီးထွားလာတဲ့ စီးပွားရေးအခြေအနေဟာ စွန့်ဦးတီထွင်သူ များအတွက် အခွင့်အရေးတွေဖြစ်လာစေပါတယ်။ ဒီအခွင့်အရေးရတဲ့ သူများထဲမှာလည်း အမျိုးသမီးတွေပါဝင်ပါတယ်”ဟု Zhou က Aus-tralian Financial Review ကို ပြောပါတယ်။

အခုလူသုံးများနေတဲ့ Go Pro ကင်မရာများကိုထုတ်လုပ်တဲ့ ကုမ္ပဏီ ပိုင်ရှင်ဖြစ်သူ Nick Woodman ဟာလည်း ကောလိပ်ကျောင်းမှာ ထူးချွန်ထက်မြက်တဲ့ ကျောင်းသားတစ်ဦးမဟုတ်ခဲ့သလို သူဌေးသား တစ်ဦးအဖြစ် မွေးဖွားလာခဲ့သူလည်း မဟုတ်ပါဘူး။ Nick ဟာ EmpowerAll.com ကို ဖန်တီးခဲ့ပြီး ဈေးသက်သာတဲ့ electronic ပစ္စည်း များရောင်းချပေးခဲ့ပေမယ့် ရေရှည်မှာ ပိတ်သိမ်းခဲ့ရပါတယ်။ ဒါကြောင့် ၁၉၉၉ ခုနှစ်မှာ FunBug ဆိုတဲ့ Online Marketing ကုမ္ပဏီကို တည်ထောင် ခဲ့ပါတယ်။ ထိုလုပ်ငန်းကနေ ဒေါ်လာများစွာရရှိခဲ့ပေမယ့် အရှုံးများရှိခဲ့ပါတယ်။ “ဘယ်သူမှတော့ အရှုံးနဲ့ ရင်မဆိုင်ချင်ကြပါဘူး။ အထူးသဖြင့် လူတွေရဲ့ယုံကြည်မှုကို ဆုံးရှုံးသွားပါက ပိုဆိုးပါတယ်။ ဒါကြောင့် မေးခွန်းတွေအဆက်မပြတ်မေးနေဖို့တော့ လိုပါတယ်။ ကိုယ့်ရဲ့ အကြံဉာဏ်ကောင်း၊ မကောင်းဆိုတာကိုပေါ့”ဟု Nick က ပြောပါတယ်။ ဒုတိယကုမ္ပဏီကိုဆုံးရှုံးပြီးနောက် မှာတော့ သူဟာ ခရီးတစ်ခုထွက်ခဲ့ပြီး၊ အကြံဉာဏ်သစ်တွေရရှိအောင် အားမွေးခဲ့ပါတယ်။ ထိုအကြံဉာဏ်ကတော့ အခုမြင်တွေ့ နေရတဲ့ Go Pro ကင်မရာများဖြစ်ပါတယ်။ “Go Pro ကို ဖန်တီးတဲ့အခါမှာလည်း ကျွန်တော့်မှာ ကြောက်ရွံ့မှုတွေရှိခဲ့ပါတယ်။ ရှေ့ပိုင်းကလို နစ်နာဆုံးရှုံးမှုတွေထပ်ကြုံတွေ့ ရမလားဆိုပြီးတော့ပါ”ဟု သူက ပြောပါသေးတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ Nick ကံကောင်း ပါတယ်။ Go Pro ဟာ သူ့ကိုဝင်ငွေများစွာ ဖန်တီးပေးနေပြီး ကမ္ဘာ့ အချမ်းသာဆုံးလူတစ်ဦးအဆင့်ကို ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပါ တယ်။

နာမည်ကျော် Virgin ကုမ္ပဏီရဲ့ ပဲ့ကိုင်ရှင် Richard Branson ဟာလည်း ကျရှုံးမှုများရှိခဲ့ပါတယ်။ Richard ဟာ စာဖတ်အားနည်းပြီး သင်္ချာဘာသာရပ် မှာလည်း ညံ့ကာ ပညာရေးပိုင်းမှာလည်း အားနည်းချက်ရှိခဲ့ပါတယ်။ ငယ်ရွယ်စဉ်လုပ်ခဲ့တဲ့ အလုပ်များဟာ အခက်အခဲများရှိခဲ့ပြီး၊ အချို့အလုပ် များဟာ ဥပဒေနဲ့ရင်ဆိုင်ရနိုင်တဲ့ အနေအထားများရှိပါတယ်။ “ကျရှုံးမှုကနေ သင်ယူပါ။ ကိုယ်က စွန့်ဦးတီထွင်သမားဆိုရင် ပထမဦးဆုံးလှမ်းတဲ့ခြေလှမ်း များဟာ အခက်အခဲများရှိမှာဖြစ်ပါတယ်”ဟု Richard က ပြောပါတယ်။ LinkedIn ရဲ့ Co-founder တစ်ဦးဖြစ်သူ Reid Hoffman ဟာ စွန့်ဦး တီထွင်လုပ်ငန်းတစ်ခုအဖြစ် Online Dating နှင့် Social Networking Site တစ်ခုကိုဖန်တီးခဲ့ပေမယ့် အဲဒါဟာ အရှုံးရလဒ်ကိုသာ ပေးစွမ်းခဲ့ပါ တယ်။ “ကျွန်တော်ရလိုက်တဲ့သင်ခန်းစာတွေထဲမှာ အချို့အရာတွေက အသေးစိတ်သေသေချာချာ ကျကျနနလေ့လာပြီးမှ ထုတ်ဖော် ပြသဖို့ လိုအပ်ပေမယ့် အချို့အရာတွေကတော့ မိမိရဲ့စိတ်ကူးပေါ်မူတည်ပြီး ချက်ချင်းအကောင်အထည်ဖော်ဖို့လိုအပ်ပါတယ်။ နောက်ပိုင်းမှသာ ပြင်ဆင်မှုတွေ၊ အဆင့်မြှင့်တင်မှုတွေကို ပြုလုပ်သင့်ပါတယ်”ဟု Hoffman က Business Insider ကို ပြောပါတယ်။ Twitter ရဲ့ Co-founder ဖြစ်သူ Evan Williams ဟာလည်း စွန့်ဦးတီထွင်လုပ်ငန်းတစ်ခုတွင် ကျရှုံး ခဲ့ကြောင်း Small Business Trends Website က ဖော်ပြပါတယ်။ တရားဥပဒေနဲ့ ရင်ဆိုင်ရတာပဲဖြစ်ဖြစ်၊ အလုပ်ကနေထုတ်ခံရ တာပဲဖြစ်ဖြစ် စွန့်ဦးတီထွင်လုပ်ငန်းနဲ့ပတ်သက်ပြီး အိပ်မက်များဟာ အဓိကကျကြောင်း၊ ကျရှုံးမှုဟာ လုပ်ငန်းတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း Small Business Trends Website မှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုပါတယ်။

အွန်လိုင်းအရောင်းအဝယ်လုပ်ငန်းတိုင်းဟာ နာမည်ကျော်ကြားပြီး ရေရှည်ရပ်တည်နိုင်တာတော့ မဟုတ်ပါဘူး။ Webvan လုပ်ငန်းဟာ ၁၉၉၀-၂၀၀၀ ခုနှစ်ဝန်းကျင်များက အောင်မြင်ကျော်ကြားဝင်ငွေများ ခဲ့ပေမယ့် ၂၀၀၁ ခုနှစ်မှာတော့ ဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ အွန်လိုင်းအရောင်းအဝယ်လုပ်ငန်းတချို့ဟာ မြေပြင်ဈေးကွက်ကိုပါ သိမ်းပိုက်နိုင်စွမ်းရှိနေကြပါတယ်။ အွန်လိုင်း လုပ်ငန်းနဲ့ပတ်သက်ပြီး လူသုံးများတဲ့ Amazon ဟာ Webvan ကို အကောင်းဆုံး ဥပမာအဖြစ် နမူနာယူထားပါတယ်။ Amazon ရဲ့ CEO ဖြစ်သူ Jeff Bezos က ဆုံးရှုံးမှုများထဲကနေ ပြန်ပြီး သင်ယူ လေ့လာတဲ့ အပိုင်းတွင် ကျွမ်းကျင်တဲ့ဝန်ထမ်းများ ခန့်အပ်ဖို့ဟာလည်း အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်ကြောင်း မှတ်ချက်ပြု ပါတယ်။ သက်ဆိုင်ရာကဏ္ဍ အလိုက် အရည်အချင်းရှိတဲ့ဝန်ထမ်းများ ခန့်အပ်မှသာ မိမိတို့ရဲ့လုပ်ငန်း ပိုင်းနဲ့ပတ်သက်ပြီး အောင်မြင်တဲ့ရလဒ်ကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ “လွန်ခဲ့တဲ့နှစ်တွေက MIT မှာ ပညာသင်ကြားခဲ့တဲ့ သူငယ်ချင်းတစ်ဦးက သူ့ရဲ့ Robotic ကုမ္ပဏီတစ်ခုကို အလည်လာဖို့ ဖိတ်ကြားခဲ့ပါတယ်။ အဲဒီကနေတစ်ဆင့် Amazon Fresh နဲ့ပတ်သက်တဲ့ အဓိကသော့ချက်များ ကို ရရှိခဲ့တာဖြစ်ပါတယ်”ဟု Jeff က ပြောပါတယ်။ ဈေးကွက်အဝန်းအဝိုင်း ပေါ်မူတည်ပြီး ဆုံးဖြတ်ချက်ချ နိုင်ဖို့လည်း Jeff က ဆိုပါတယ်။ စားသုံးသူ နှစ်ရာခန့်ရှိတဲ့ ဈေးကွက်တစ်ခုနဲ့ စားသုံးသူ ၆ ယောက်ရှိတဲ့ ဈေးကွက်တစ်ခု ကိုနှိုင်းယှဉ်တဲ့အခါတွင် ရေရှည်ရလဒ်အတွက်ပါ ထည့်သွင်းစဉ်းစားဖို့ အရေးကြီးပြီး တစ်ခါတလေတွင် ဈေးကွက်အသေးလေး များဟာ အမြတ် အစွန်းများကိုပုံမှန်ပေးနိုင်ကြောင်း သူကပြောပါတယ်။ မိမိတို့ လုပ်ကိုင်နေ တဲ့ လုပ်ငန်းတစ်ခုနဲ့ပတ်သက်ပြီး နေရာ တစ်ခုမှာ အခြေတကျနဲ့ ကျစ်ကျစ် လျစ်လျစ်မဖြစ်ခင် အခြားနေရာများသို့ ပျံ့နှံ့မှုမရှိစေဖို့လည်း သတိပြုဖို့ လိုကြောင်း Jeff က ပြောပါတယ်။ “ပထမ ဈေးကွက်မှာမအောင်မြင်ဘဲ တခြားဈေးကွက်တစ်ခုကိုဖြန့်ကြက်တာဟာ လုပ်ငန်းရဲ့အရင်းအမြစ်များကို ပြန့်ကျဲပြီး အင်အားလျော့နည်းစေပါတယ်”လို့ သူက မှတ်ချက်ပြုပါတယ်။

Sony ကို ထူထောင်ခဲ့တဲ့ Akio Morita ရဲ့ ပထမဦးဆုံးတီထွင် ဖန်တီးမှု ကတော့ ထမင်းပေါင်းအိုးဖြစ်ပြီး၊ ထိုပေါင်းအိုးကို Masaru Ibuka နဲ့ ပူးပေါင်းဖန်တီးခဲ့တာဖြစ်ပြီး၊ ဒါပေမယ့် ထိုပေါင်းအိုးဟာ ကောင်းမွန်တဲ့ အနေအထားကို မရောက်ရှိခဲ့ပါဘူး။ ပထမဦးဆုံးဖန်တီးခဲ့တဲ့ ထုတ်ကုန်ဟာ စစချင်းမှာပင် လောင်ကျွမ်းမှုနဲ့စတင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ Sony ကုမ္ပဏီဟာ နာမည်ကြီးကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်နေနိုင်ပြီဖြစ်ပါတယ်။ Akio Morita ဟာ ပထမဦးဆုံးဖန်တီးတဲ့ လက်ရာ မှာတင် အရှုံးမပေးဘဲ တီထွင်ဖန်တီးမှုကို ရှေ့ဆက်ခဲ့လို့သာ ကက်ဆက်ခွေဖွင့်နိုင်တဲ့စက်ပစ္စည်းများ၊ Play Station များကို နောက်ပိုင်း တွင် မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ “သုံးစွဲသူတွေကို ထုတ်ကုန်သစ်တွေနဲ့ ဦးဆောင်နိုင်ဖို့ဟာ ကျွန်တော်တို့ရဲ့ အစီအစဉ်ဖြစ်ပါတယ်။ သူတို့တွေကို အမြဲမေးပါတယ်။ ဘယ်ထုတ်ကုန်မြင်ချင်လဲဆိုတာကိုပေါ့။ သုံးစွဲသူတွေ အနေနဲ့ ဘယ်ထုတ်ကုန်တွေ ဘယ်လိုဖြစ်မယ်ဆိုတာမသိပေမယ့် ကျွန်တော်တို့ကတော့ သိရှိအောင် ကြိုးစားပါတယ်”ဟု Akio Morita ကပြောခဲ့ပါ တယ်။ သူဟာ Osaka Imperial University ကနေ ဘွဲ့ရခဲ့ တာဖြစ်ပြီး၊ ၁၉၉၉ ခုနှစ်တွင် အဆုတ်ရောင်ရောဂါနဲ့ ကွယ်လွန်ခဲ့ ပါတယ်။

မြန်မာပြည်တွင်းဈေးကွက်နဲ့ပတ်သက်ပြီး မကြာမီအချိန်မှာ ဈေးကွက် ပိုင်းဆိုင်ရာဖြန့်ကြက်လာနိုင်တဲ့ Alibaba ရဲ့ ခေါင်းဆောင် Jack Ma ဟာ အခြားထူးချွန်ထက်မြက်တဲ့သူများတွင်ရှိတဲ့ အရည်အချင်းများ သူ့မှာမရှိ ပေမယ့်လည်း အခုအခါမှာ နာမည်ကျော်တဲ့ပုဂ္ဂိုလ်ဖြစ်နေပါပြီ။ Jack Ma ဟာ ထူးချွန်ထက်မြက်တဲ့ ကျောင်းသားတစ်ယောက်တော့မဖြစ်ခဲ့ပါဘူး။ အလယ် တန်းအဆင့် စာမေးပွဲများတွင် ရှုံးနိမ့်မှုများရှိခဲ့သလို ကောလိပ် ဝင်ခွင့်စာမေးပွဲလည်း နှစ်ကြိမ်ရှုံးနိမ့်ခဲ့ပါတယ်။ Management ပိုင်းနဲ့ Accounting ဆိုင်ရာ စာတမ်းတွေနဲ့ပတ်သက်ပြီးတော့လည်း သင်ယူ လေ့လာဖတ်ရှုတဲ့အပိုင်း၌ သူ့မှာအားနည်းချက်တွေ ရှိပါတယ်။ “ဘယ် တော့မှအရှုံးမပေးပါနဲ့၊ ဒီနေ့ဟာ ခက်ခဲပြီး မနက်ဖြန်ဟာ ဆိုးရွားနိုင်ပေမယ့် နောက်နေ့တွေဟာ တောက်ပတဲ့ နေ့ရက်တွေဖြစ်နိုင်ပါတယ်”လို့ Jack Ma က ပြောပါတယ်။ Jack Ma ဟာ အလုပ်လျှောက်ရာတွင်လည်း ငြင်းပယ်မှု တွေကြုံရ ပေမယ့် ထိုအလုပ်မခန့်တာကပင် သူ့အတွက် ကိုယ်ပိုင်လုပ်ငန်း တစ်ခုကို ထူထောင်ဖြစ်စေခဲ့တာဖြစ်ပါတယ်။ လုပ်ငန်းခွင် တစ်ခုကို ဝင်ရောက်ပြီး ရေရှည်လုပ်ကိုင်ခဲ့ပါက ယနေ့ Jack Ma ဆိုတာ ရှိလာမှာ မဟုတ်ပါဘူး။ “သင့်မှာရှိဖို့လိုအပ်တဲ့ အရေးကြီးတဲ့အရာတွေထဲက တစ်ခုက စိတ်ရှည်သည်းခံဖို့ဖြစ်ပါတယ်”လို့ သူက ဆိုပါသေးတယ်။ အချို့ကိစ္စများ ဟာ ချက်ချင်း မအောင်မြင်နိုင်ပေမယ့် ရေရှည်မှာကောင်းမွန်တဲ့ အသီး အပွင့်များကိုခံစားရမှာဖြစ်ပါတယ်။

ယခုနောက်ဆုံးလူသိများခဲ့တဲ့ Facebook ရဲ့ ပြဿနာကပင် သင်ခန်းစာ များစွာကိုပေးစွမ်းပါတယ်။ လူသန်းပေါင်းများစွာ အသုံးပြုနေတဲ့ ကွန်ရက် တစ်ခုဟာ ခဏအတွင်းမှာပင် ပြိုလဲမလိုဖြစ်ခဲ့ပေမယ့် တာဝန်ယူမှု၊ ဖြေရှင်းမှုနှင့် ကောင်းမွန်တဲ့အခြား လုပ်ဆောင်ချက်များကြောင့် ရှယ်ယာဈေး များ ပြန်လည်မြင့်တက်ခဲ့ပြီး၊ တည်ငြိမ်တဲ့အနေအထားကို ရောက်ရှိခဲ့ပါ တယ်။ ကျရှုံးမှုများထဲတွင် ခြေစုံပြန်ရပ်ဖို့ခက်ခဲနေဆဲ လုပ်ငန်းတစ်ခုကတော့ Nokia ပါ။ Nokia ဟာ အပြောင်းအလဲများပြုလုပ်ခဲ့ပေမယ့် ယခုအချိန် အထိတော့ စမတ်ဖုန်းဈေးကွက်မှာ ဝေစုအများအပြားမရရှိသေးပါဘူး။ ပညာ၊ ငွေကြေးနှင့် အသိုင်းအဝိုင်းကောင်းတွေ မရှိပေမယ့် လူအချို့ ကတော့ ထူးချွန်ထက်မြက်ခဲ့ပါတယ်။ အခြေအနေအရ ပညာသင်ဖို့ အခက်အခဲရှိပေမယ့် သက်ဆိုင်ရာ ပညာများ ပြီးဆုံးအောင် သင်ယူထား တာဟာ မမှားပါဘူး။ သက်ဆိုင်ရာအစိုးရများ၊ ဘဏ်နှင့် အခြားအဖွဲ့ အစည်းများရဲ့ စီးပွားရေးဆိုင်ရာ မူဝါဒကောင်းများဟာလည်း လှေကားထစ် များအဖြစ် စီးပွားရေးလုပ်ငန်းရှင်များကို ထောက်ပံ့ပေးနိုင်ဖို့ အရေးကြီး ပါတယ်။ အောင်မြင်ဖို့အတွက် အစဉ်အမြဲကြိုးစားဖို့လိုအပ်သလို ဆုံးရှုံးမှုနဲ့ ကြုံတိုင်းမှာ ပြန်လည်တည့်မတ်နိုင်ဖို့ ကြိုးစားရန်လည်းလိုအပ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

Comments