ဖိနပ်တစ်သောင်းတန်ပတ်လည်ကလွဲရင်
ငါးသောင်းတန်မငေးဘူး ။
ဟင်းတစ်ပွဲ လေးငါးထောင်တန်တခါတလေ
စားပေမယ့်သောင်းကျော်တန်မကြည့်ဘူး ။
Skin care တစ်သိန်းတန်လောက်သုံးနိုင်ရင်
လေးငါးသိန်းတန်မလိမ်းဘူး ။
ဒူးရင်းသီး ငါးထောင်တန်ပဲစားနိုင်ရင်
နှစ်သောင်းတန်သရေမကျဘူး ။
ကိုယ်ဘယ်အဆင့်ဆိုတာကောင်းကောင်းသိတယ် ။
တချို့အရာတွေက ကိုယ့်အတွက်မဟုတ်တာ
နားလည်တယ် ။ ကျိတ်မှိတ်ဖြစ်ညှစ်သုံးရင်တော့လည်း ရတာပေါ့ ။ မတန်မရာနည်းနည်းချင်းက ကိုယ့်ဝင်ငွေ ကိုယ့်အခြေအနေကို ရေရှည်မှာ ပုံပန်းပျက်စေတယ် ။
သဒ္ဒါကြည်လင်လို့ လှူတိုင်းမှာ ဝတ်ထားတဲ့ လက်ဝတ်ရတနာ ယတိပြတ် ချွတ်လှူပေမယ့် ဒါလေးတောင်မသုံးနိုင်ဘူးလားဆိုတဲ့ အကြည့်တွေကိုတော့ လစ်လျူရှုပါတယ် ။
ကိုယ်ဘာလဲဆိုတာ ကိုယ့်ဘာသာသိဖို့လိုတယ် ။
ဘယ်မသွားဖူးလို့ ဘာမစားဖူးလို့
လူဖြစ်ကျိုးမနပ်ဘူးလို့ တခါမှ မခံစားရပါဘူး ။
သူတပါးတွေ သူ့အဆင့်နဲ့သူ
သုံးနိုင်ဖြုန်းနိုင်တာကိုလည်း
မနာလိုမရှိသလို အားမကျပါဘူး ။
ကိုယ့်အဆင့်နဲ့ကိုယ်ပဲနေပါတယ် ။
#credit
Comments
Post a Comment