၁. ညဘက်အိပ်ချိန် မှန်ပါစေ
အရင်ဆုံး သင် လိုအပ်တဲ့ အိပ်ချိန် ပမာဏကို ရဖို့ အိပ်ရာစောစောဝင်ရပါမယ်။ လူတော်တော်များများဟာ တစ်နေ့ကို အိပ်ချိန် ၈ နာရီ လိုပါတယ်။ အိပ်မပျော်သူတွေ အတွက်ကတော့ ညအိပ်ရာ မှန်မှန်ဝင်ပေးခြင်းဖြင့် အိပ်ပျော်စေနိုင်မှာ ဖြစ်ပါတယ်။ မီးမှိန်မှိန် ဖွင့်ထားတဲ့ အခန်းထဲမှာ ရေနွေးနွေးနဲ့ ရေချိုးတာမျိုး လုပ်ကြည့်ပါ။ နောက်နေ့တွေအတွက် အစီအစဉ် ချတာ၊ အိပ်ချင်တဲ့အထိ တရားထိုင်တာတွေကလဲ အထောက်အကူ ပြုပါတယ်။ အချိန်မှန်မှန် အိပ်ပျော်ဖို့ ရုံးပိတ်ရက်တွေမှာတောင် အချိန်မှန်မှန် ထပေးဖို့ အရေးကြီးပါတယ်။
၂. လျှပ်စစ်ပစ္စည်း အားလုံး ပိတ်ထားပါ
TV, ကွန်ပျူတာ၊ Laptop, Tablet, Phone အားလုံးကို အိပ်ရာမဝင်ခင် ၁ နာရီကနေ နာရီဝက်အလိုလောက်က စပြီး မသုံးသင့်တော့ပါဘူး။ အဲဒီပစ္စည်းတွေက ထွက်တဲ့ တောက်ပတဲ့ အလင်းရောင်တွေဟာ အိပ်ချင်စိတ်ကို လျော့နည်းသွားစေပါတယ်။ အိပ်ခန်းကို အိပ်ဖို့နဲ့ ချစ်ဖို့ပဲ သုံးပါ။
၃. Snooze ခလုတ်ကို တလွဲမသုံးပါနဲ့
သင် အိပ်ရေးဝရင် သင့် Alarm မပိတ်ခင် မိနစ် အနည်းငယ်လောက် မှိန်းနေချင်ပါလိမ့်မယ်။ Alarm မြည်လာတာနဲ့ Snooze တစ်ချက်နှိပ်ပြီး မီးဖွင့်ပြီး အိပ်ရာထဲမှာ ခြေလက် ဆန့်နေပါ။ နောက်တစ်ခေါက် မြည်တာနဲ့ အိပ်ရာ ထပါတော့။
၎. အပူချိန်ကို ဂရုစိုက်ပါ
သင့်မှာ Thermostat တစ်ခုရှိရင် သင်မနိုးခင် နာရီဝက်အလိုမှာ အခန်းအပူချိန်ကို ပိုနွေးလာအောင် Program လုပ်ပေးထားပါ။ ကျွန်တော်တို့ဟာ ကိုယ်အပူချိန် လျော့လာရင် အိပ်ချင်လာတတ်ပြီး ကိုယ်အပူချိန် များလာရင် နိုးထလာတတ်ပါတယ်။ ညဘက်မှာ ၆၅ ကနေ ၆၈ ဒီဂရီဟာ အကောင်းဆုံးဖြစ်ပြီး မနက်ဘက်မှာတော့ ၇၂ ဒီဂရီပါတ်ဝန်းကျင်ဟာ အကောင်းဆုံးပါ။
၅. အလင်းရောင် ဝင်ပါစေ
အိပ်ရာက ထရင် သင် တတ်နိုင်သလောက် အလင်းရောင်နဲ့ ထိတွေ့ပေးပါ။ နေထွက်ပြီဆို ခန်းဆီးတွေ မပြီး အလင်းရောင် ပေးဝင်လိုက်ပါ။ နေမထွက်သေးရင် မီးလင်းလင်း ဖွင့်ထားပါ။ တောက်ပတဲ့ အလင်းရောင်ဟာ သတိပိုရှိစေပြီး စိတ်ဓာတ် ပို တက်ကြွစေပါတယ်။
Comments
Post a Comment