အောင်မြင်သူတိုင်း ကျင့်သုံးတဲ့… Law of Attraction (၁၀-ချက်)

အောင်မြင်သူတိုင်း ကျင့်သုံးတဲ့… Law of Attraction (၁၀-ချက်)
(ကမ္ဘာ့မှာ နာမည်ကြီးပြီး အောင်မြင်သူတိုင်း သုံးကြတဲ့ နည်းလမ်းဖြစ်လို့ - အချိန်ပေးဖတ်စေချင်ပါတယ်)

အောင်မြင်သူတွေဟာ ပိုမိုအောင်မြင်လာကြတယ်၊ ချမ်းသာသူတွေဟာ ချမ်းသာမှုပိုဖြစ်ကြတယ်၊ စိတ်ချမ်းသာသူတွေဟာ စိတ်ချမ်းသာမှုပိုရကြတယ်၊ ဒါဟာ Law of Attraction စင်္ကြာဝဌာထဲမှာ ရှိနေတဲ့ အရာတွေကို သင့်ဆီဆွဲငင်ယူခြင်းဖြစ်တယ်လို့ဆိုကြပါတယ်။

Thought အတွေးတွေဟာ… Become ဖြစ်ပေါ်လာမှုနဲ့... Things အရာတွေဖန်တီးလာတယ်။

ယုံယုံကြည်ကြည်နဲ့ ဘ၀မှာ ကျင့်သုံးသင့်တဲ့ Law of Attraction (၁၀-ချက်) ပါ၊

(၁) The Universe Can’t Stop Delivering To You - စင်္ကြာဝဌာထဲမှာ ရှိနေတဲ့ စွမ်းအားတွေဟာ သင့်ဆီအစဉ်အပြက် သက်ရောက်နေမှုရှိတယ်ဆိုတာ ယုံကြည်ပါ။

(၂) Don’t Worry About “HOW” Your Manifestation Will Happen - ဘယ်လိုဖြစ်လာမလဲဆိုတာ မစိုးရိမ်နေပါနဲ့ - သင့်ရဲ့ ရှင်းလင်းစွာပုံဖော်ထားသည့်အတိုင်း အမှန်တကယ် ဖြစ်လာတယ်လို့ ခံယူပါ။

(၃) Be Clear & Concise about What you Want - ကိုယ်ဘာလိုချင်သလဲဆိုတာ ရှင်းလင်းစွာသိဖို့ အဓိပ္ပါယ်ရှိစေဖို့ သေချာစွာဆုံးဖြတ်ပါ။

(၄) Write Dow What You “Want” with Detail - ကိုယ့်ဘ၀မှာ ဘာတွေ ဖြစ်ချင်သလဲ။ လိုအပ်သလဲဆိုတာ အသေးစိတ် ချရေးထားပြီး ဖြစ်လာဖို့ အာရုံပြုပါ။

(၅) Offer Gratitude - အရာရာကျေးဇူးပြုသည့်သဘောဖြင့် ကမ်းလှမ်းပါ၊ အဓိဌါန်ဖြင့် ဆုတောင်း ကြိုးစားပါ။

(၆) You Must Feel as Though It’s already Your’ - ကိုယ်တွေးခေါ်ထားတဲ့အရာတွေဟာ အမှန်တကယ် ရရှိနေသကဲ့သို့ ထင်မြင်ပြီး စိတ်ခံစားမှုကို ယုံကြည်မှုအပြည့်ထားပါ။

(၇) Feeling IS the Secret - တွေးခေါ်မှု - စိတ်ကူးယဉ်မှု ဟာ အဓိကလျို့ဝှက်ချက်ဖြစ်တယ်လို့ မြင်ယောင်ပါ။

(၈) Become a Good Receiver - အကောင်းဆုံး အရာတွေကိုပဲ လက်ခံရရှိဖို့ ဖြစ်လာလိမ့်မယ်လို့ ပြင်ဆင်ပါ။

(၉) Make your Action Match – What you Expect to Receive - ကိုယ်ဘာကို လိုချင် လက်ခံချင်သလဲဆိုတာနဲ့ ဆောင်ရွက်နေတဲ့အရာတွေနဲ့ ညှိယူပြီး ကြိုးစားအားထုတ်ပါ။

(၁၀) See the Abundance in Everything - အရာရာမှာ ပေါကြွယ်ဝမှုဖြစ်လာမယ်လို့ မြင်ယောင်ကြည့်ပါ၊ တကယ်ဖြစ်လာဖို့ မြင်ယောင်ပါ။

Comments