ဂျပန်တွေက ငါးဆို လတ်မှ စားတာတဲ့။
ဂျပန်မှာရှိတဲ့ ငါးတွေက ဘာငါးစားစား အရမ်းလတ်တယ်။ သူ့တို့ဒီလို ငါးကိုဖမ်းပြီးတဲ့ အချိန်မှာ လတ်ဆတ်အောင်ထားနိုင်တယ် ဆိုတာ လျှိုဝှက်ချက်ရှိတယ်။ အဲဒီလျှိုဝှက်ချက်ကလည်း အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။
အရင်တုန်းက ဂျပန်တွေလဲ ဒီလိုပေါ့ ငါးဖမ်းပြီးရင် ငါးကို ရေခဲရိုက်ပြီး ပြန်သယ်လာတယ်။ ဒါပေမဲ့ ရေခဲရိုက်ထားတဲ့ ငါးကို ဂျပန်အများစုက မစားတော့ ဈေးကောင်းမရဘူး။ အဲဒီတော့ ငါးဖမ်းသမားတွေလဲ တစ်မျိုးကြံကြတာပေါ့။
ငါးဖမ်းစက်လှေပေါ်မှာ ကန်တစ်ခုလုပ်ထားပြီး ဖမ်းလို့ရတဲ့ ငါးကို အဲဒီကန်ထဲ ထည့်ပြီး သယ်လာကြတယ်တဲ့။ ဒါပေ့မယ် ငါးဖမ်းရတဲ့ နေရာတွေက ဝေးတော့ ငါးက မသေပေမဲ့ ငါ့တို့တော့ သေမှာပဲလို့ စိတ်လျော့လိုက်လို့ လားတော့မသိဘူး ပင်လယ်ထဲက ဖမ်းပြီးပြီးချင်း ငါးလို မလတ်ဆတ် တော့ဘူးတဲ့။ အဲဒီနည်းကလည်း ဈေးကောင်းမရတော့ နောက်တစ်နည်း ကြံကြပြန်တယ်တဲ့။
ဒီနည်းကတော့ အရမ်းစိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒုတိယနည်းလိုပဲ ငါးကို ရေကန်ထဲထည့် သယ်တယ်။ ဒါပေမဲ့ ရေကန်ထဲကို ငါးမန်း သေးသေး တစ်ကောင် ထည့်လိုက်တယ်တဲ့။ ငါးမန်း ရေကန်ထဲရောက်တဲ့ အချိန်ကစပြီး ရေကန်ထဲမှာ ရှိတဲ့ ငါးတွေဟာ ငါးမန်းလက်ထဲက လွတ်ဖို့ ကြိုးစားကြရတော့တယ်တဲ့။
ငါးမန်းစား လို့ ငါးအချို့ ဆုံးရှုံးပေမယ့် ကျန်တဲ့ ငါးတွေအားလုံးဟာ ပင်လယ်ထဲက ငါးတွေလိုပဲ အရမ်းဖြတ်လတ်ပြီး လတ်ဆတ်နေတယ်တဲ့။ ဘာလို့လဲဆိုတော့ ရေကန်ထဲမှာ ငါးမန်းက စားမလို့ လိုက်တဲ့အချိန်မှာ ငါးမန်းလက်ကလွတ်အောင်ပြေးရတဲ့ အတွက်ပါတဲ့။
ဒီသင်ခန်းစာထဲက ဘာရလဲဆိုတော့ ဘဝမှာ တခါတလေ အရမ်းကိုသက်တောင့်သက်သာရှိနေတတ်ပါတယ်။ အဲဒီအချိန်တွေမှာ သက်တောင့်သက်သာရှိတဲ့ အတွက် အပျင်းကျပြီး တိုးတက်ဖို့မရှိတတ်ပါဘူး။ အဲဒါက ငါးမန်းမရှိတဲ့ ရေကန်ထဲကငါးတွေလို သက်တောင့်သက်သာကူးခပ်နေရပေမဲ့ အချိန်တန်တော့ ဘဝမှာ ဈေးကောင်းမရပါဘူးတဲ့။
တခါတလေတော့လည်း ငါးမန်းရှိတဲ့ ရေကန်ထဲက ငါးတွေလို အသေအကြေရုန်းကန်ကြရပါတယ်။ ဒါပေမဲ့ ကြုံခဲ့တဲ့အခက်အခဲက လွန်မြောက်တဲ့ အချိန်မှာ ပိုမိုသန်မာလာပြီး ယုံကြည်ချက်တွေပါတိုးလာနိုင်ပါတယ်။ အလျော့မပေးပဲ စိန်ခေါ်မှုတွေကိုလည်း ရဲရဲဝံဝံ ရင်ဆိုင်ရဲတဲ့အတွက် ဘဝမှာ ဈေးကောင်းရနိုင်ပါတယ်။
ဒါကြောင့် ဘဝမှာအရမ်းသက်တောင့်သက်သာဖြစ်နေပြီး comfort zone ထဲရောက်နေရင် ရုန်းထွက်ပါ။ စိန်ခေါ်မှုအသစ်တွေရှာပြီး ဒီထက်တိုးတက်အောင်လုပ်ပါတဲ့။ အကယ်၍ အခက်အခဲတွေ ကြုံနေရရင်လည်း စိတ်မပျက်ပါနဲ့တဲ့။ ငါးမန်းလက်ထဲက လွတ်မြောက်သွားတဲ့ ငါးတွေ ဥပမာယူပြီး ကြိုးစားပါတဲ့။
Credit to ရဲမင်း

Comments
Post a Comment