သိန်း (20)နဲ့ အိမ်တွင်း အသေးစား စာစီစာရိုက်၊ မိတ္တူ၊ ဖိတ်စာ၊ လိုင်စင်ပုံအမြန် ဆိုင်လေး တစ်ဆိုင် ဖွင့်ကြည့်ရအောင်။
*******************************
ကိုယ်နေတဲ့ နယ်ဘက်မှာ ရုံး (၂/၃)ရုံးလဲ ရှိမယ်၊ ဆိုင်လဲ မရှိသေးရင် ကိုယ်ပိုင် တစ်ပိုင်တစ်နိုင် မိတ္တူဆိုင် အသေးလေး တစ်ခု စတည်ဖို့ရာအတွက် (နောက်မှ ဆိုင်ကြီး ဗီနိုင်း၊ ဓါတ်ပုံစက်ကြီးတွေ တိုးချဲ့ပေါ့) အနည်းဆုံး အခြေခံလိုက်အပ်ချက် လေးတွေ ပြောပြချင်လို့ပါ။ မလိုအပ်တဲ့သူများ ကျော်သွားပေါ့။
(အောက်ပါ ဈေးနှုန်းများမှာ အတိအကျမဟုတ်ပါ၊ အကြမ်းဖျဉ်းဖြစ်ပါသည်၊ အတိုး/လျော့ ရှိနိုင်ပါသည်)
ကွန်ပျူတာ (စက်မြင့် တစ်လုံး)
Cpu-I3 or I5 , RAM- 4 G, VGA- 512 (Graphic card), ဒီဇိုင်း၊ ဓါတ်ပုံ၊ အထွေထွေသုံး၊ (5) နှင့် 6 သိန်းကြား
ကွန်ပျူတာ (စက်နှိမ့် တစ်လုံး)
second စက်နှိမ့် P4 or P5 (2 သိန်း ခွဲ ၀န်းကျင်) ၊ ရုံးစာစီ စာရိုက်အတွက်။
Printer (2 လုံး)
ကာလာ 6 ရောင် T60 အမျိုးအစား (3 သိန်း ၀န်းကျင်)
လေဆာ အဖြူအမဲ။ (1 သိန်း ခွဲ ၀န်းကျင်)
Scanner (1)လုံး
ဓါတ်ပုံဖတ်ရန် စက် (6 သောင်းကျော်ခန့်)
Copier (မိတ္တူ စက် ၁ လုံး)
IR-1600 or (2200) (6-7သိန်း ၀န်းကျင်)
မီးအားမြင့်စက် 5KV တစ်လုံး (2 သိန်းခွဲ ၀န်းကျင်ခန့်)
အခြားပစ္စည်းသေးများ
စာရွက်ဖြတ်စက် အသေး (16000 ကျပ်)၊ စတာပလာ ချုပ်စက် အကြီး၊ အသေး၊ ကပ်ကြီး၊ ဓါး နှင့် နောက်မှ လိုတာ ထပ်ဝယ်ပေါ့။
မင်္ဂလာဆောင်၊ အလှူဓါတ်ပုံ ရိုက်မယ်ဆိုရင်တော့ ကင်မရာ ကောင်း တစ်လုံးတော့ ၀ယ်ရမယ် (ဒါက ထားလိုက်ပါဦး၊ နောက်လုပ်ငန်းအောင်မြင်တော့ ထပ်တိုးကြတာပေါ့နော်)။
*************************************
ကဲ ပစ္စည်း စုံပြီဆို ဆိုင်စတည်ကြစို့ရယ်။
**************************************
စာစီစာရိုက် လုပ်ဖို့ , Pagemaker, Word, Excel, ကျွမ်းကျင်ဖို့လိုမယ်။ လက်ကွက် မြန်ရမယ်၊ ရုံးပုံစံတွေ ရိုက်တတ်ရပါမယ်။ ဆိုင်စဖွင့်ဖွင့်ခြင်း ရုံးပုံစံ မသိရင် မပူပါနဲ့ သူတို့ ကိုလိုအပ်သာ ကြည့်ခိုင်းလိုက်ပါ။ ဒါမှမဟုတ် ရိုက်ရမဲ့ ပုံစံ နမူနာ ယူကြည့်ပါ။ myanmar 3 font လဲ ရိုက်တတ်အောင် ကျင့်ထားပါ။ ပြီးရင် စိတ်တိုင်း မကျ မခြင်း စိတ်ရှည်ရှည်ထားပြီး လုပ်ပေးပါ။ စိတ်ရှည်ခြင်း ဖြင့် နာမည်ကောင်းယူပါ။ ဆိုင်ဖွင့်တာ မကြာသေးကြောင်းပွင့်ပွင့်လင်းလင်းပြောပြပါ မျက်နှာချိုပါစေ။
လိုင်စင်ဓါတ်ပုံ၊ မွေးနေ့ဖိတ်စာ၊ မင်္ဂလာဆောင် ဖိတ်စာ၊ မင်္ဂလာဆောင် နောက်ခံ စာလုံးဖောက် လုပ်လို့ရပါတယ်။
စက်နှစ်လုံး ကို LAN ချိတ်တွဲပြီး Printer, Scanner sharing ယူထားပြီး ပေါင်းသုံးပါ။
အလှူ၊ မင်္ဂလာဆောင်၊ အလှဓါတ်ပုံလက်ခံရင်တော့ ကိုယ့်ဆိုင်မှာ မထုတ်ပါနဲ့ (နီးစပ်ရာမြို့ က စက်ကြီးမှာ သွားထုတ်ပါ။ (ဓါတ်ပုံ ကွာလတီနဲ့ ရေရှည်ခံဖို့ ရွေးချယ်ပါ)။
*********************
မိတ္တူကနေ စပြောကြရအောင် နယ်ဘက်ပေါ့နော် ( မြို့ကြီး တစ်ရွက် 10 ၊ 15 ကျပ် နေရာ မပြောပါဘူး) A4 တစ်မျက်နှာ 25 ကျပ်၊ Legal 35 ကျပ် (တစ်ရွက်ခြင်းဈေး) အများဈေး 5 ကျပ် လျော့၊ မှတ်ပုံတင် ကျောကပ် 50 ကျပ်။
စာစီ - A4 တစ်ရွက် 350 ကျပ် (စာနည်း)၊ 500 ကျပ် (စာအပြည့်ရိုက်)၊ ဇယားကွက် တစ်ရွက် (500) ကျပ်၊ Legal (600) ကျပ်။ ပထမ တစ်ကြိမ် အကြမ်းထုတ်ပေးပါ၊ လိုအပ်တာကြည့်၊ စာလုံးပေါင်းစစ်ခိုင်းပါ။ လိုအပ်သာ ပြန်ပြင်ပြီး နောက်တစ်ကြိမ် အချော ထုတ်ပေးပါ။ ထပ်ပြင် ချင်တယ်ဆိုရင်တော့ ထပ်ထုတ်က 200 လောက်ယူပါ။ ဆိုင်အမှားဆိုရင် ထပ်မယူနဲ့ပေါ့။ သူတို့ မှားတာ (သို့မဟုတ်) စာပိုဒ် ထပ်ဖြည့်ချင်တာဆိုရင်တော့ ယူပါ။
လိုင်စင် 5 ပုံ - 1 ထောင်ကျပ်၊ မွေးနေ့ အသေး ဓါတ်ပုံ A4 ဆိုဒ် စာအိတ်အပါ 100-120 ကျပ် စောင်ရေများရင် 100 ထားပေါ့။ စောင်ရည် 150 ကနေ့ 350-500 စောင်ရေထိ ရိုက်တတ်ပါတယ်။
အလှူ။ မင်္ဂလာဆောင် ဖိတ်စာကတော့ အကြီးအသေး၊ နှစ်ချိုး၊ ၃ ချိုး၊ ရွှေစာလုံး၊ အပေါ်မူတည်လို့ အသေးစိတ် ဖော်ပြဖို့ခက်ပါတယ်။
မင်္ဂလာဆောင် နောက်ခံ စာလုံးဖောက်တာကတော့ 2 သောင်း လောက်ယူပေါ့။ စတစ်ကာနဲ့ ထုတ်ပြီး တစ်ခါတည်းကပ်လို့ စီသွားရင် မဏ္ဍပ်မှာ ကပ်တော့ လွယ်ကူပါတယ်။
(ဈေနှုန်း သတ်မှတ်ချက် နယ်မြေဒေသ အလိုက် ကွဲနိုင်ပါသည်။)
***********************
ဆိုင်စစဖွင့်ချင်း အလုပ်မဖြစ်လို့ စိတ်အားမငယ်ပါနဲ့ အနည်း ဆုံး (၁)နှစ်လောက်တော့ စောင့်ကြည့်ပါ။
***********************
(ကျွန်တော် ဆိုင်စဖွင့်တော့ အဆင်မပြေလို့၊ မိတ္တူစက် (၁)လုံး၊ ကွန်ပျူတာ (၁)လုံး၊ Printer (1)လုံး နဲ့ဘဲ စဖြစ်ခဲ့ပါတယ် နောက်မှ scanner လေးဝယ်၊ ဟိုဟာဝယ်နဲ့ ဒီလိုဘဲ လိုတာလေးတွေ ထပ်ဝယ်ပြီးဖြည့်ခဲ့ဖြစ်ပါတယ်)
စိုးသူ
(3.4.2017)
ဗန်းမော်မြို့။

Comments
Post a Comment